Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

oxymetazoline hydrochloride ကို အများအားဖြင့် အောက်ပါအကြောင်းအရာများအတွက် အများဆုံး အသုံးပြုပါသည်။

  • အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ရာသီဥတု အပြောင်းအလဲတွင် ဓာတ်မတည့်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်ခြင်းများ
  • မျက်လုံးနီရဲခြင်းများ
  • နားကို လေဖိအားပြင်းပြင်းဖြင့် ထိခိုက်မိခြင်းများတွင် ကုသရန် အသုံးပြုပါသည်။

oxymetazoline hydrochloride ကို Schistosoma mansoni သန်ကောင်ကြောင့်ဖြစ်သော သန်ရောဂါများကို ကုရန်အများဆုံး အသုံးပြုပါသည်။ ထိုရောဂါသည် အာဖရိကတိုက်တွင် ရေတွင်းရေကန်များမှ ကူးစက်သော ရှားပါးသည့်ရောဂါဖြစ်ပါသည်။

ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

  • နှာခေါင်းတွင်းသို့ ဆေးထည့်ခြင်း

ဆေးကို နှာခေါင်းတွင်းသို့ ဖြန်းခြင်း သို့မဟုတ် ဆေးရည်ထဲ့ခြင်းဖြင့် အသုံးပြုပါသည်။

ထိုအရာများကို အသုံးမပြုမီ ပြင်ပလေထုတွင် အကြိမ်ကြိမ်ဖိနှိပ်ပါ။

ဖြန်းဆေး သို့မဟုတ် ဆေးရည်ကို နှာခေါင်းတပေါက်စီအတွင်းသို့ ဖြန်းပါ။ ခေါင်းကိုမော့ပြီး ဖြန်းပါ။

  • မျက်စဉ်းခတ်ခြင်း

ဆေးကို မျက်သားလွှာပေါ်သို့ အစက်ချပြီး ထည့်ပါ။

မျက်သားလွှာနှင့် အစက်ချဆေး၏ ထိပ်ဝကို မထိပါစေနှင့်။

ဆေးစက်မချမီ မျက်ကပ်မှန်များကို ချွတ်ထားပါ။

မျက်စဉ်းဆေးသည် အရောင်နောက်နေခြင်း၊ အရောင်ပြောင်းနေခြင်းများရှိပါက အသုံးမပြုပါနှင့်။

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

oxymetazoline hydrochloride ကို အခန်းအပူချိန်မှာသိမ်းပါ။တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ oxymetazoline hydrochloride ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ oxymetazoline hydrochloride ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

oxymetazoline hydrochloride ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

oxymetazoline hydrochloride ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • oxymetazoline hydrochloride ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်

သင့်ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးကို ၃ ရက်ထက်ပိုသုံးခြင်းမျိုး မပြုလုပ်ရပါ။ ထိုဆေးကို မကြာခဏ အသုံးပြုခြင်း၊ ရေရှည် စွဲသုံးခြင်းတို့ပြုလုပ်ပါက နှာခေါင်းပိတ်ခြင်းများ မကြာခဏ ပြန်ဖြစ်ခြင်း၊ ပိုဆိုးလာခြင်းများဖြစ်တတ်ပါသည်။

ယခုဆေးကို အခြားသူများနှင့် ဝေမျှသုံးစွဲခြင်းမပြုပါနှင့်။ ရောဂါ ကူးစက်နိုင်သောကြောင့် ဖြစ်ပါသည်။

ယခုဆေးသည် ဆီးချိုသမားများတွင် သွေးတွင်းသကြားဓာတ်ကို များစေသောကြောင့် oxymetazoline hydrochloride  ကို အသုံးပြုနေစဉ်တွင် ဆီးချိုဆေးများကို ဆရာဝန်က ညှိပေးရန်လိုအပ်ပါသည်။

ယခုဆေးဝါးကို အသက် ၆ နှစ်အောက် ကလေးများတွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်   C           ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။

  • ဆေးသုံးကာစတွင် ခဏတာ ပူခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • နှာချေခြင်း
  • နှာရည်များ ပိုထွက်လာခြင်း
  • နှာခေါင်းအတွင်းပိုင်းခြောက်ကပ်ခြင်း တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

oxymetazoline hydrochloride ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် နှင့် ဓာတ်ပြုနိုင်သောဆေးများ ဖြစ်ပါသည်။

  • Tricyclic antidepressants (e.g., amitriptyline) စိတ်ကျရောဂါ သောက်ဆေးများသည် ၏အာနိသင်ကို လျော့သွားစေပါသည်။
  • Cocaine, furazolidone, MAO inhibitors (e.g., phenelzine), tricyclic antidepressants (e.g., amitriptyline) စသည့်ဆေးများသည် oxymetazoline hydrochloride ၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ သွေးပေါင်တက်ခြင်းတို့ကို ပိုဆိုးသွားစေနိုင်ပါသည်။
  • Bromocriptine , cocaine တို့သည်လည်း oxymetazoline hydrochloride ၏ဆေးအာနိသင်များနှင့် ဘေးထွက်ဆိုးကျိုးများ ကို ပိုဆိုးသွားစေနိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလား

oxymetazoline hydrochloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) နဲ့ ဓာတ်ပြုနိုင်သလဲ

oxymetazoline hydrochloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်

  • သွေးပေါင်ချိန်တက်ခြင်း
  • ဆီးကြိတ်ကြီးခြင်း
  • ဆီးချိုရောဂါဖြစ်ခြင်း
  • သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု လွန်ကဲခြင်း
  • နှလုံးရောဂါ စသည်တို့ရှိလျှင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • နှာခေါင်းပိတ်သူများတွင် နှာခေါင်းအတွင်းသို့ ဖြန်းရန်

သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride  0.05%နှာခေါင်းဖြန်းဆေး ကို နှာခေါင်း တပေါက်စီအတွင်းသို့ ၂ ချက် ၃ ချက် ဖြန်းပါ။ ၁၀- ၁၂ နာရီခြား တနေ့လျှင် ၂ ကြိမ်အထိ ဖြန်းနိုင်ပါသည်။

 

  • မျက်သားလွှာရောင်သူများတွင် မျက်စဉ်းဆေးအနေနှင့်

သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride  0.05%မျက်စဉ်းဆေးကို ဖြစ်သော မျက်လုံးတွင် သို့ ၆ နာရီခြားတစ်ခါမှ လိုအပ်သလို ခတ်နိုင်ပါသည်။

ကလေးတွေအတွက် Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • နှာခေါင်းပိတ်သူများတွင် နှာခေါင်းအတွင်းသို့ ဖြန်းရန်

အသက် ၆နှစ်နှင့် အထက်ကလေးများတွင် သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride  0.05%နှာခေါင်းဖြန်းဆေး ကို နှာခေါင်း တပေါက်စီအတွင်းသို့ ၂ ချက် ၃ ချက် ဖြန်းပါ။ ၁၀- ၁၂ နာရီခြား တနေ့လျှင် ၂ ကြိမ်အထိ ဖြန်းနိုင်ပါသည်။

 

  • မျက်သားလွှာရောင်သူများတွင် မျက်စဉ်းဆေးအနေနှင့်

အသက် ၆နှစ်နှင့် အထက်ကလေးများတွင် သတ်မှတ်ထားသော ပမာဏမှာ oxymetazoline hydrochloride  0.025%မျက်စဉ်းဆေးကို ဖြစ်သော မျက်လုံးတွင် သို့ ၆ နာရီခြားတစ်ခါမှ လိုအပ်သလို ခတ်နိုင်ပါသည်။

Oxymetazoline Hydrochloride (အောက်ဆီမီတာဇိုလင်း ဟိုက်ဒြိုကလိုရိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

oxymetazoline hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • oxymetazoline hydrochloride 05%နှာခေါင်းဖြန်းဆေး
  • oxymetazoline hydrochloride 05%မျက်စဉ်းဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

oxymetazoline hydrochloride ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ