Generic Name: Oxycodone (အောက်ဆီကိုဒုန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Oxycodone (အောက်ဆီကိုဒုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Oxycodone ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Oxycodone ကို သာမန်နာကျင်ခြင်း နှင့်  ပြင်းထန်စွာနာကျင်ခြင်းတို့ကို သက်သာစေရန် အသုံးပြုပါသည်။oxycodone သည်  narcotic အမျိုးအစား အကိုက်အခဲပျောက်ဆေး ဖြစ်ပါသည်။ ၎င်းသည် သင်၏ခန္တာကိုယ်မှ နာကျင်မှုဝေဒနာကို ခံစားခြင်း နှင့် ပြန်လည်တုန့်ပြန်ခြင်းဖြစ်စဉ်တို့အား ပြောင်းလဲစေရန် ဦးနှောက်ကို ခိုင်းစေခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။

Oxycodone (အောက်ဆီကိုဒုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

အကယ်၍ သင်သည် oxycodone သောက်ဆေးအရည်အား အသုံးပြုပါက ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။oxycodone ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရမည်။oxycodone ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်သည်။အကယ်၍ ဆေးသောက်ပြီး ပျို့ခြင်း၊၊အန်ခြင်း၊မအီမသာဖြစ်ခြင်းများရှိပါက နောက်တကြိမ်သောက်သည့်အခါ အစာရှိသည့် အချိန်တွင် သောက်နိုင်ပါသည်။ပျို့ခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေမည့် အခြားသော နည်းလမ်းများ (ဥပမာ။    ။ ခေါင်းကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ ၁နာရီ၊၂နာရီခန့် လှဲလျောင်းနေခြင်းစသည်)ကို ဆရာဝန်အား မေးမြန်းနိုင်သည်။oxycodone ဆေးရည်ကို အသုံးပြုပါက ဆေးနှင့်အတူပါရှိသည့် ချင်တွယ်သည့်ပစ္စည်းဖြင့် ဆေးပမာဏကို တိကျစွာ တိုင်းတာချင်တွယ်ပါ။ဆေးပမာဏ မှားယွင်းနိုင်သဖြင့် အိမ်တွင်ပုံမှန်အသုံးပြုသော ဇွန်းစသည်တို့ကို မသုံးပါနှင့်။ ဆေးပမာဏ မည်သို့တိုင်းတာရမည်ကို မသိလျှင် သင့်ဆရာဝန်ကို မေးမြန်းနိုင်သည်။ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ဆေးပမာဏကို လိုသည်ထက်ပိုသောက်ခြင်း၊အကြိမ်ရေ ပိုသောက်ခြင်း သို့မဟုတ် ညွှန်ကြားသည့် ကာလထက် အချိန်ပိုသောက်ခြင်းများ မပြုလုပ်ရပါ။ဆေးသောက်ရပ်ရန် ညွှန်ကြားသည့်အခါ လုံးဝရပ်လိုက်ပါ။အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်သည်။ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ပါသည်။အကယ်၍ သင်သည် နာတာရှည်ရောဂါကြောင့် နာကျင်ခြင်း (ဥပမာ။    ။ကင်ဆာ) ဖြစ်ပါက အချိန်ကြာမြင့်စွာ အာနိသင်ပြသော narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲရန်သင့်ဆရာဝန်က ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မည်။ဤ အခြေအနေတွင် oxycodone ကို ရုတ်တရက် နာကျင်ခြင်းများအတွက် လိုအပ်သည့် အချိန်မှသာ အသုံးပြုပေလိမ့်မည်။ အခြားသော narcotic မဟုတ်သည့် အကိုက်အခဲပျောက်ဆေးများ (acetaminophen, ibuprofen စသည်)ကိုလည်း သုံးစွဲရန် လိုအပ်ပါလိမ့်မည်။ မရှင်းလင်းသည်များ ရှိပါက သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။ဤဆေးသည် ဆေးဖြတ်ခြင်း လက္ခဏာများကို ဖြစ်စေပါသည် (အထူးသဖြင့် အချိန်ကြာမြင့်စွာ ပုံမှန်သုံးစွဲလျှင်၊ပမာဏများပြားစွာ သုံးစွဲလျှင်)။ သင့်အနေဖြင့် အဆိုပါအခြေအနေမျိုးတွင် ဆေးကို ရုတ်တရက် ဖြတ်လိုက်ပါက ဆေးဖြတ်ဝေဒနာများဖြစ်သည့် ဂဏှာမငြိမ်ဖြစ်ခြင်း၊မျက်ရည်များ အလွန်အကျွံကျခြင်း၊နှာရည်ယိုခြင်း၊ပျို့ခြင်း၊မအီမသာဖြစ်ခြင်း၊ချွေးထွက်များခြင်း၊ကြွက်သားများ နာကျင်ခြင်း တို့ကို ခံစားရပါလိမ့်မည်။၎င်းဝေဒနာများကို ကာကွယ်ရန် သင့်ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးပါလိမ့်မည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ဆေးသောက်ရင်း အဆိုပါ လက္ခဏာများ ပေါ်ပေါက်လာပါကလည်း ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ။

oxycodone ကို အချိန်ကြာရှည်စွာ သုံးစွဲပါက ဆေးမတိုးတော့ခြင်း ဖြစ်နိုင်ပါသည်။ထိုသို့ဖြစ်လျှင် သင့်ဆရာဝန်ကို အသိပေးပါ။oxycodone သည် ရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။အကယ်၍ သင်သည် အရက် သို့မဟုတ် ဆေးစွဲဖူးသူဖြစ်ပါက oxycodone ကို စွဲရန် အခွင့်အလမ်း ပိုများပါသည်။ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာပါ။

အကယ်၍ နာကျင်ခြင်း မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာခဲ့လျှင် ဆရာဝန်ကို အကြောင်းကြားပါ။

Oxycodone (အောက်ဆီကိုဒုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Oxycodone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Oxycodone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Oxycodone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Oxycodone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Oxycodone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Oxycodone (အောက်ဆီကိုဒုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ oxycodone  ဆေးသောက်သုံးမည်ဆိုလျင် အောက်ပါအခြေအနေများကို သတိထားသင့်သည်။

—>ဓာတ်မတည့်ခြင်း

oxycodone  ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ(ဆေးသာမက အစားအသောက်၊ဆိုးဆေး၊အစားအစာများကို တာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများပါ အကျုံးဝင်သည်)။ဆရာဝန် ညွှန်ကြားသည့်ဆေးမဟုတ်ပါက ဆေးညွှန်းကို သေချာစွာဖတ်ပါ။

—>ကလေးသူငယ်များ

ကလေးငယ်များတွင် oxycodone ၏ အကျိုးသက်ရောက်မှုကို လုံလောက်စွာ သုတေသနပြုလုပ်ထားခြင်း မရှိသေးပါ။ထို့ကြောင့် ဆေး၏ အကျိုးအာနိသင်ထိရောက်မှု သို့မဟုတ် လုံခြုံစိတ်ချရမှုကို မသိရှိနိုင်ပါ။

—>သက်ကြီးရွယ်အိုများ

လေ့လာစမ်းသပ်ချက်များအရ သက်ကြီးရွယ်အိုများတွင် oxycodone ၏ အသုံးဝင်မှု ဆေးစွမ်းကို ကန့်သတ်စေမည့် ပြဿနာမရှိသေးပါ။သို့သော် အသက်ကြီးသူများတွင် ဘေးထွက်ဆိုးကျိုးများ (ဝမ်းချုပ်ခြင်း၊မေ့လဲတော့မယောင် ခံစားရခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊အားနည်းခြင်း စသည်)တို့ကို ခံစားရနိုင်ချေများပြီး အသက်အရွယ်ကြောင့်ဖြစ်သည့် နှလုံးရောဂါများ၊ အ သည်းရောဂါ၊ကျောက်ကပ်ပြဿနာ စသည်တို့ရှိနေနိုင်သဖြင့် မလိုလားအပ်သော ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်စေရန် အတွက် oxycodone  ဆေး၏ ဆေးပမာဏကို ဂရုတစိုက်ချိန်ဆရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Oxycodone (အောက်ဆီကိုဒုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

(ယေဘူယျအသိပေးချက် ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Oxycodone (အောက်ဆီကိုဒုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက oxycodone  သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-အသက်ရှုအားနည်းခြင်း၊နှလုံးခုန်နှေးခြင်း၊ခြေလက်များ အေးစက်ခြင်း။

-တက်ခြင်း။

-စိတ်ရှုပ်ထွေးခြင်း၊ အလွန်မူးဝေထိုင်းမှိုင်းခြင်း။

-မေ့လဲသွားတော့မယောင် ခံစားရခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-အနည်းငယ် မူးဝေထိုင်းမှိုင်းခြင်း၊ခေါင်းကိုက်ခြင်း၊အိပ်ငိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

-ဗိုက်နာ/အောင့်ခြင်း၊ပျို့အန်ခြင်း၊ဝမ်းချုပ်ခြင်း၊အစားအသောက်ပျက်ခြင်း။

-အာခြောက်ခြင်း။

-အနည်းငယ် ယားယံခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Oxycodone (အောက်ဆီကိုဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Oxycodone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

 

အောက်ဖော်ပြပါဆေးတွေကိုသုံးစွဲနေတယ်ဆိုရင် oxycodone ကိုအသုံးမပြုသင့်ပါဘူး။သင့်ဆရာဝန် အနေနဲ့ oxycodone ကို အသုံးမပြုတော့တာဘဲဖြစ်ဖြစ် သင်သုံးစွဲနေတဲ့ အခြားဆေးတွေကို ပြောင်းလိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

—-> Naltrexone

 

အောက်ဖော်ပြပါဆေးများကို ယေဘုယျအားဖြင့် oxycodone နဲ့ တွဲဖက်အသုံးပြုလေ့မရှိပါဘူး။ သို့သော် အချို့သော အခြေအနေများတွင်မူ သုံးစွဲကောင်းသုံးစွဲပါလိမ့်မည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Abiraterone Acetate

 Acepromazine

 Alfentanil

 Alprazolam

 Alvimopan

 Amiodarone

 Amisulpride

 Amprenavir

 Anileridine

 Aprepitant

 Aripiprazole

 Asenapine

 Atazanavir

 Baclofen

 Benperidol

 Boceprevir

 Brofaromine

 Bromazepam

 Buprenorphine

 Buspirone

 Butorphanol

 Carisoprodol

 Carphenazine

 Ceritinib

 Chloral Hydrate

 Chlordiazepoxide

 Chlorpromazine

 Chlorzoxazone

 Clarithromycin

 Clobazam

 Clonazepam

 Clorazepate

 Clorgyline

 Clozapine

 Cobicistat

 Codeine

 Conivaptan

 Crizotinib

 Cyclobenzaprine

 Dabrafenib

 Darunavir

 Delavirdine

 Dexmedetomidine

 Dezocine

 Diacetylmorphine

 Diazepam

 Dichloralphenazone

 Difenoxin

 Dihydrocodeine

 Diphenhydramine

 Diphenoxylate

 Doxylamine

 Droperidol

 Enflurane

 Erythromycin

 Escitalopram

 Eslicarbazepine Acetate

 Estazolam

 Eszopiclone

 Ethchlorvynol

 Ethopropazine

 Ethylmorphine

 Etomidate

 Fentanyl

 Flunitrazepam

 Fluphenazine

 Flurazepam

 Fluspirilene

 Fluvoxamine

 Fosaprepitant

 Fospropofol

 Furazolidone

 Halazepam

 Haloperidol

 Halothane

 Hexobarbital

 Hydrocodone

 Hydromorphone

 Hydroxyzine

 Idelalisib

 Imatinib

 Indinavir

 Iproniazid

 Isocarboxazid

 Isoflurane

 Itraconazole

 Ketamine

 Ketazolam

 Ketobemidone

 Ketoconazole

 Lazabemide

 Levorphanol

 Linezolid

 Lomitapide

 Loprazolam

 Lorazepam

 Lormetazepam

 Meclizine

 Medazepam

 Melperone

 Meperidine

 Meptazinol

 Mesoridazine

 Metaxalone

 Methadone

 Methdilazine

 Methocarbamol

 Methohexital

 Methotrimeprazine

 Methylene Blue

 Methylnaltrexone

 Midazolam

 Mifepristone

 Mitotane

 Moclobemide

 Molindone

 Moricizine

 Morphine

 Morphine Sulfate Liposome

 Nalbuphine

 Nalmefene

 Nalorphine

 Naloxegol

 Naloxone

 Nefazodone

 Nelfinavir

 Nialamide

 Nicomorphine

 Nilotinib

 Nitrazepam

 Nitrous Oxide

 Olanzapine

 Opium

 Orphenadrine

 Oxazepam

 Oxycodone

 Oxymorphone

 Papaveretum

 Paregoric

 Pargyline

 Pentazocine

 Perazine

 Periciazine

 Perphenazine

 Phenelzine

 Pimozide

 Piperacetazine

 Piperaquine

 Pipotiazine

 Piritramide

 Posaconazole

 Prazepam

 Procarbazine

 Prochlorperazine

 Promazine

 Promethazine

 Propofol

 Propoxyphene

 Quazepam

 Quetiapine

 Ramelteon

 Rasagiline

 Regorafenib

 Remifentanil

 Remoxipride

 Ritonavir

 Samidorphan

 Saquinavir

 Selegiline

 Sertindole

 Sertraline

 Siltuximab

 Sodium Oxybate

 Sufentanil

 Sulpiride

 Suvorexant

 Tapentadol

 Telaprevir

 Telithromycin

 Temazepam

 Thiopropazate

 Thioridazine

 Ticagrelor

 Tilidine

 Tizanidine

 Tolonium Chloride

 Toloxatone

 Topiramate

 Tramadol

 Tranylcypromine

 Triazolam

 Trifluoperazine

 Trifluperidol

 Triflupromazine

 Trimeprazine

 Zaleplon

 Zolpidem

 Zopiclone

 Zotepine

အောက်ဖော်ပြပါ ဆေးများသည် oxycodone ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ဆိုးကောင်းဆိုးစေနိုင်သည်။သို့သော် အတူတကွ သုံးစွဲခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလာဒ်ကိုလည်း ရစေနိုင်သည်။ အကယ်၍ ဆေးနှစ်မျိုးလုံးကို သောက်သုံးရန် လိုအပ်ပါက သင့်ဆရာဝန်အနေဖြင့် ဆေးတမျိုး သို့မဟုတ် နှစ်မျိုးလုံး၏ ပမာဏကို ပြန်လည်ချိန်ဆခြင်း သို့မဟုတ် ဆေးသောက်ရမည့် အကြိမ်ရေကို ပြောင်းလဲခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

 Miconazole

 Perampanel

 Rifampin

 St John's Wort

 Voriconazole

အစားအသောက်တွေနဲ့ အရက်က Oxycodone (အောက်ဆီကိုဒုန်း) နဲ့ ဓာတ်ပြုနိုင်သလား

Oxycodone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Oxycodone (အောက်ဆီကိုဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Oxycodone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အထူးသဖြင့်

-Addison’s disease (adrenal gland ပြဿနာတမျိုး)

-အရက်စွဲခြင်း။

-ဦးနှောက်အကြိတ်ဖြစ်ခြင်း။

-အသက်ရှုခြင်းနှင့် ဆိုင်သည့် ပြဿနာများ (ဥပမာ။      ။သွေးတွင်း အောက်ဆီဂျင် ပမာဏ နည်းပါးခြင်း)

-အစာရေမြို သို့မဟုတ် အူမကြီး ကင်ဆာ။

-ဦးနှောက်နှင့် အာရုံကြော ထိုင်းမှိုင်းခြင်း။

-နာတာရှည် အဆုတ်ရောဂါတမျိုး (COPD – Chronic Obstructive Pulmonary Disease)

-Cor pulmonale ဟုခေါ်သော ပြင်းထန်သည့် နှလုံးရောဂါတမျိုး။

-ဆေးစွဲခြင်း (အထူးသဖြင့် narcotic ဆေးများနှင့်)။

-ဆီးကြိတ်ကြီးခြင်း။

-သည်းခြေအိတ်ရောဂါများ သို့မဟုတ် သည်းခြေကျောက်တည်ခြင်း။

-ခေါင်းထိခိုက်ဖူးခြင်း။

-သိုင်းရွိုက်ဂလင်း အလုပ်ကောင်းစွာ မလုပ်ခြင်း။

-သွေးပမာဏ နည်းပါးခြင်း။

-Kyphoscoliosis ဟုခေါ်သော ကျောရိုးပုံမမှန်သည့် ရောဂါတမျိုး။(အသက်ရှုခြင်းနှင့် ဆိုင်သည့် ပြဿနာများ ရင်ဆိုင်ရမည်)

-ဆီးပြဿနာများ။

-စိတ်ဝေဒနာများ။

-မြိုချရန်ခက်ခြင်း။

-ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း ——> သတိထားသုံးပါ။ဘေးထွက်ဆိုးကျိုးများ ပိုဆိုးလာစေနိုင်သည်။

-ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါ။

-သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် များခြင်း။

-အူပိတ်ခြင်း။

-အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ။

-အစာအိမ် သို့မဟုတ် အူပိတ်ခြင်း ——-> အသုံးမပြုသင့်ပါ။

-သွေးပေါင်ကျခြင်း။

-ပန်ကရိယ ရောင်ခြင်း။

-အတက်ရောဂါရှိခြင်း ——> သတိထားသုံးပါ။ အခြေအနေကို ပိုဆိုးစေသည်။

-ပြင်းထန်သော ကျောက်ကပ်ရောဂါ။

-အသည်းရောဂါ ——-> သတိဖြင့်အသုံးပြုပါ။ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Oxycodone (အောက်ဆီကိုဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အောက်ဖော်ပြပါ ဆေးပမာဏများသည် ခန့်မှန်းခြေ အသုံးပြုရန်သာဖြစ်သည်။လူနာတဦးချင်းစီ၏ နာကျင်ခြင်းပြဿနာများအပေါ် မူတည်ပြီး ဆေးပမာဏကို အချိန်နှင့် အမျှ ချိန်ဆနေရမည်။

ကနဦးဆေးပမာဏ —–>

-ချက်ချင်းအကျိုးသက်ရောက်သော ပုံစံ ——> ၅ – ၁၅ မီလီဂရမ် ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ သောက်ရမည်။

-ကြာရှည်စွာ အာနိသင် ပြနိုင်သော ပုံစံ ——> ၁၀မီလီဂရမ်ကို ၁၂နာရီခြား တခါ သောက်ရမည်။

-အရည် 5 mg/5ml —–> ၅ – ၁၅ မီလီဂရမ် ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ သောက်ရမည်။

-ပိုပြင်းသော အရည်ပုံစံ 100mg/5ml  (20mg/ml) :oxycodone ပမာဏအနည်းငယ်ဖြင့် အနာသက်သာအောင် ထိန်းချုပ်ထားနိုင်သော လူနာများနှင့် အရည်ပုံစံ အနည်းငယ်သောက်ရုံဖြင့် အာနိသင်ရသူများ တွင် သုံးနိုင်သည်။

ကလေးတွေအတွက် Oxycodone (အောက်ဆီကိုဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Oxycodone (အောက်ဆီကိုဒုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Oxycodone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးတောင့် ——> ၅ မီလီဂရမ်

ဆေးရည် ——-> 5mg/5ml (5ml, 15ml ,500ml)

ဆေးပြား ——> ၅၊ ၁၅၊ ၃၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

 

ဆေးလွန်သော လက္ခ္ခဏာများမှာ

-အသက်ရှုရခက်ခြင်း။

-အသက်ရှု နှေးခြင်း၊ ရပ်သွားခြင်း။

-အလွန်အမင်း လေးလံထိုင်းမှိုင်းခြင်း။

-သတိလစ်ခြင်း။

-ကြွက်သားများ အားနည်းခြင်း။

-သူငယ်အိမ်ကျဉ်းခြင်း။

-အသားအရေအေးစက်ခြင်း။

-နှလုံးခုန် နှေးခြင်း သို့မဟုတ် ရပ်သွားခြင်း။

-အရေပြား၊လက်သည်းခွံ၊နှုတ်ခမ်း သို့မဟုတ် ပါးစပ်နားတဝိုက်တွင် ပြာနေခြင်း။

-ကိုမာဝင်ခြင်း (ကာလကြာရှည် သတိလစ်မေ့မြောခြင်း)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Oxycodone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ