Generic Name: Otipax (အိုတီပက်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Otipax (အိုတီပက်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Otipax ဆိုသည်မှာ phenazone 4 gm နှင့် lidocaine hydrochloride 1 gm ပါဝင်သော နားထဲသို့အစက်ချ၍ထည့်ရသည့်ဆေးရည်တစ်မျိုးပဲဖြစ်ပါတယ် ။ နားစည်ကိုထိ၍ နားရောင်ခြင်းများကို နာကျင်မှုသက်သာစေရန် အသုံးပြုကြပါသည် ။

Otipax (အိုတီပက်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

– ပုလင်းရဲ့အဖုံးကိုမလှည့်ရပါဘူး ။

– အစက်ချရန်လုပ်ထားသည့်ပြွန်ကိုသာ လှည့်ရပါမယ်။

– ပြွန်ရဲ့အဖုံးကို ဖယ်ရပါမယ် ။

– ဆေးပုလင်းကို မှောက်လိုက်၍ အစက် ၁ စက်ကျတဲ့အထိ ပြွန်ကို ဖျစ်ရပါမယ်။

– အစက် ၄ စက်ရသည့်တိုင်အောင် ဆက်ပြီးညှစ်ရပါမယ်။

– ထို့နောက်အဖုံးကိုပြန်ပိတ်ရပါမယ် ။

Otipax (အိုတီပက်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Otipax လိမ်းဆေးကို အလင်းရောင်နှင့် စိုစွတ်မှုများကင်းဝေးသော အခန်းအပူချိန်မှာထားတာဟာ အကောင်းဆုံးပါ။ဆေးတွေကိုမပျက်ဆီးစေရန် ရေချိုးခန်း နှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းမျိုးရှောင်ကျဉ်ရပါမည်။ဆေးအမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

သိမ်းဆည်းရာတွင်ဆေးတွင်ပါဝင်သောအညွှန်းကို သေချာဖတ်ရင်အရေးကြီးပါသည်။ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ ဆေးဝါးတွေကိုလည်း ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီမရောက်စေရန် သိမ်းဆည်းထားရန်အရေးကြီးပါသည်။

ဆေးကို အိမ်သာတွေ ရေမြာင်းတွေထဲမှာ ညွှန်ကြားမထားပဲ သွန်ပစ်ခြင်းမျိုးကိုမလုပ်ရပါဘူး။ ဆေးကိုမလိုတော့တဲ့အခါ သို့ ဒိတ်ကုန်သွားတဲ့အခါသေသေချာချာစွန့်ပစ်ဖို့အရေးကြီးပါသည်။သင့်ရဲဆေးကိုဘယ်လိုသေသေချာချာစွန့်ပစ်သင့်သလဲဆိုတာ ဆရာဝန်ဆီမှာမေးမြန်းတိုင်ပ်သင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Otipax (အိုတီပက်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

– Otipax ပါဝင်တဲ့ဆေးများနှင့်ဓာတ်မတည့်ခြင်း ။

– ဆေးဝါးများ ၊ဆိုးဆေးများ ၊ တိရိစ္ဆာန်များ နှင့် ဓာတ်မတည့်ခြင်း ။

– otipax နှင့်ဓာတ်ပြုနိုင်သော ဆေးဝါးများ ၊ ကျန်းမားရေးအခြေအနေများရှိနေခြင်း။

-သင့်တွင်နားဖောက်ထားခြင်း ။

သင့်မှာဒါတွေရှိနေရင်တော့ ဆေးမသုံးစွဲခင်ဆရာဝန်ကိုပြောပြရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Otipax (အိုတီပက်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်စဉ်မှာဆေးကိုလိုအပ်လျှင်သုံးစွဲနိုင်ပါတယ် ။အကောင်းဆုံးကတော့ ဆေးမသုံးစွဲခင်ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းရပါမယ် ။

ဘေးထွက်ဆိုးကျိုးများ

Otipax (အိုတီပက်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားဆေးတွေလိုပဲ otipax ဆေးဟာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ် ။အများစုကတော့ ဖြစ်ခဲပြီးတော့ အပိုထပ်ကုသရန် မလိုအပ်ပါဘူးဘ။ဒါပေမယ့် ဆေးသုံးစွဲပြီးတဲ့အခါမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင်တော့ ဆရာဝန်ကို ပြောပြရပါမယ် ။ ဘေးထွက်ဆိုးကျိုးအချို့ကတော့နားတွင် ယားယံခြင်း ၊ အနီကွက်များဖြစ်ခြင်းနဲ့ဓာတ်မတည့်ခြင်းတို့ပဲဖြစ်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Otipax (အိုတီပက်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Otipax ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓာတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့ သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။

သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က Otipax (အိုတီပက်စ်) နဲ့ ဓာတ်ပြုနိုင်သလား

Otipax ဟာ အစားအစာတွေ အရက်တွေနဲ့ဓာတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ဒါကြောင့်ဆေးမသုံးစွဲမီ ဓာတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Otipax (အိုတီပက်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

PasteTextHere

Calcrem ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လ်ုပုံ သို့ ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Otipax (အိုတီပက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Otipax ပမာဏအတွက်ဆရာဝန်ကိုမေးမြန်းသင့်ပါတယ်။

သတ်မှတ်ထားတဲ့ပမာဏတွေကတော့ နာကျင်နေသောနားထဲသို့ အစက် ၄ စက် ၁ ရက်ကို ၂ ကြိမ်မှ ၃ ကြိမ်ထည့်ပေးရပါမယ် ။

ဆေးကို ၁၀ ရက်ထက်ပို၍မသုံးစွဲရပါဘူးည။ရောဂါမသက်သာသေးရင်တော့ဘဆရာဝန်ကို ပြသသင့်ပါတယ် ။

ကလေးတွေအတွက် Otipax (အိုတီပက်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သုံးစွဲရမည့်ပမာဏကိုဖော်ပြထားခြင်းမရှိပါဘူး။ ဆေးဟာ ကလေးကို အန္တရာယ်ရှိနိုင်ပါတယ်။ဆေးမသုံးစွဲခင် ဆေးဟာဘယ်လောက်ထိစိတ်ချရလဲဆိုတာသေချာသိထားဖို့လိုပါတယ်။

အသေးစိတ်သိရဖို့အတွက်တော့ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ဆက်လက်မေးမြန်းသင့်ပါတယ်။

Otipax (အိုတီပက်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Otipax ဆေးကို အောက်ဖော်ပြပါဆေးပမာဏနဲ့ပြင်းအားများအတိုင်းရနိုင်ပါတယ်။

အစက်ချရန်လုပ်ထားသည့် 16 gm ဆေးအရည်တွင် phenazone 4 gm နှင့် lidocaine hydrochloride 1 gm ပါဝင်သည့်ဆေးအရည်ဟူ၍ ရနိုင်ပါသည် ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အနီးစပ်ဆုံးအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခြင်း သို့ အနီးစပ်ဆုံးအရေးပေါ်အခန်းကိုသွားရောက်ခြင်းများ ပြုလုပ်ရပါမယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးအသုံးပြုရန်ရန်မေ့လျော့ခဲ့ပါက သတိရရခြင်းလိမ်းသင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးသုံးရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်သုံးသင့်ပါတယ်။ ၂ ဆအသုံးပြုခြင်းမျိုးတော့မပြုလုပ်ရပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ