Generic Name: Operoxolid (အိုပီရိုဇိုလစ်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Operoxolid (အိုပီရိုဇိုလစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Operoxolid ကို နား၊ နှာခေါင်း၊ လည်ချောင်းပိုးဝင်ရောဂါများ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊အရေပြားပိုးဝင်ခြင်းနှင့် လိင်အင်္ဂါပိုးဝင်ခြင်းများကို ကုသရန် အများဆုံး အသုံးပြုပါသည်။

Operoxolid (အိုပီရိုဇိုလစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို ရေတဖန်ခွက်ဖြင့် မြိုချပါ။

တရက်နှင့် တရက် ဆေးသောက်ချိန်တူလျှင် အာနိသင်အကောင်းဆုံးရရှိစေပါသည်။

ဆေးကို အစာမစားမီ ၁၅ မိနစ်အလို သို့မဟုတ် အစာမရှိဘဲသောက်သင့်ပါသည်။ (အစာ စားပြီးလျှင် ၃ နာရီကျော်ကြာမှ သောက်ပါ။) အစာမရှိဘဲသောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။

ဆရာဝန် သောက်ခိုင်းသည့်အချိန်အထိ ဆက်သောက်ပါ။

ရောဂါပိုးဝင်ခြင်းများအတွက် ဆေးကို ၅ရက်မှ ၁၀ရက်အထိသောက်ရပါသည်။ သို့သော် ဆရာဝန်က ပိုသောက်ခိုင်းသည်များလည်း ရှိပါသည်။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Operoxolid (အိုပီရိုဇိုလစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Operoxolid (သောက်ဆေး)ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Operoxolid ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Operoxolid ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Operoxolid ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Operoxolid ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Operoxolid (အိုပီရိုဇိုလစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • Operoxolid ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ခွဲစိတ်ကုသမှုများ ခံယူရန်၊ မေ့ဆေးပေးရန်၊ သွားနှင့် ခံတွင်းကုသမှုများခံယူရန် အစီအစဉ်ရှိလျှင်

roxithromycin နှင့် macrolide ဆေးအနွယ်ဝင်များဖြစ်သော azithromycin, clarithromycin , erythromycin စသည့်ဆေးများနှင့် ဓာတ်မတည့်ခြင်း ဖြစ်ဖူးလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Operoxolid (အိုပီရိုဇိုလစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Operoxolid (အိုပီရိုဇိုလစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန်အား ပြောပါ။

  • ပါးစပ်ထဲတွင် အဖြူဖတ်များဖြစ်ခြင်း၊ လျှာနှင့် ပါးစပ်များ နာကျင်ခြင်း
  • မိန်းမကိုယ်တွင် အဖြူဖတ်များဖြစ်ခြင်း၊ နာကျင်ခြင်း၊ ယားခြင်း၊ အရည်များ ထွက်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ဗိုက်နာခြင်း
  • ၀မ်းလျှောခြင်း
  • လေပွခြင်း
  • စားချဥ့်ပြန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အရေပြား နီရဲခြင်း၊ ယားယံခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • နားမကြားခြင်း၊ နားအူခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း
  • စိတ်အာရုံရှုပ်ထွေးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အရသာခံအာရုံများ ပြောင်းလဲခြင်း
  • အနီကွက်များ ထခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှုကျပ်ခြင်း
  • အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း
  • မျက်နှာ၊ နှုတ်ခမ်းနှင့် လျှာများဖောရောင်ခြင်း
  • အရေပြားယားယံခြင်း၊ အင်ပြင်များထခြင်း
  • မူးဝေခြင်း
  • ရာသီဥတု အပြောင်းအလဲတွင် ဓာတ်မတည့်မှုများ ဖြစ်ခြင်း တို့ဖြစ်ပါသည်။

ဆေးရပ်လိုက်ပြီး ရက်သတ္တပတ်များ အတွင်းအောက်ပါ လက္ခဏာများ ဖြစ်လာပါက ဆရာဝန်အား ပြောပါ။

  • မခံမရပ်နိုင်အောင် ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း
  • ရေကဲ့သို့ ၀မ်းသွားခြင်း၊ သွေးဝမ်းသွားခြင်း
  • ဖျားခြင်း
  • အထက်ပါတို့ တပြိုင်နက်တည်းဖြစ်ခြင်း တို့ဖြစ်ပါသည်။

အောက်ပါ ပြင်းထန်သောဆိုးကျိုးများ ကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။

  • ဗိုက်အပေါ်ပိုင်းတွင် ပြင်းထန်စွာ နာကျင်ပြီး ကျောဘက်အထိ နာကျင်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း (မုန့်ချိုအိတ်ရောင်ခြင်း၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။)
  • ပြင်းထန်စွာ အဆက်မပြတ် ၀မ်းလျှောခြင်း
  • အရေပြားများ နီရဲလာကာ အရည်ကြည်ဖုများဖြစ်ခြင်း၊ (အထူးသဖြင့် မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ်နှင့် မိန်းမကိုယ်များတွင်) တို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Operoxolid (အိုပီရိုဇိုလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Operoxolid ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ operoxolid (roxithromycin)နှင့် ဓာတ်ပြုနိုင်သော ဆေးများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • Theophylline
  • Ergot alkaloids
  • Disopyramide
  • Terfenadine
  • Astemizole
  • Warfarin
  • Digoxin
  • Midazolam
  • Cyclosporin
  • Cisapride
  • Pimozide
  • Rifabutin and bromocriptine (which use the CYP3A liver enzyme)

အစားအသောက်တွေနဲ့ အရက်က Operoxolid (အိုပီရိုဇိုလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Operoxolid က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Operoxolid (အိုပီရိုဇိုလစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Operoxolid ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါများ၊ အသည်းရောဂါများ (အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ ရေဖျင်းစွဲခြင်းများ ရှိလျှင်) သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Operoxolid (အိုပီရိုဇိုလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တနေ့တာအတွက် သတ်မှတ်ထားသော ပမာဏမှာ

  • 300 mg ဆေးတပြား တနေ့တကြိမ်
  • 150 mg ဆေးတပြား တနေ့ ၂ ကြိမ်
  • 150 mg ဆေး၂ပြား တနေ့တကြိမ်

သင်ဖြစ်နေသော ရောဂါအခြေအနေအပေါ် မူတည်ပြီး ဆေးပမာဏကွာခြားပါသည်။

ကလေးတွေအတွက် Operoxolid (အိုပီရိုဇိုလစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကိုယ်အလေးချိန် ၄၀ ကီလိုလေးသော ကလေးတစ်ယောက်အတွက် တနေ့တာအတွက် သတ်မှတ်ထားသော ပမာဏမှာ

  • 300 mg (မနက်တွင် 150 mg ညတွင် 150 mg)ဖြစ်ပါသည်။

ကိုယ်အလေးချိန် ၄၀ ကီလို အောက်ကလေးများအတွက် သတ်မှတ်ထားသော ဆေးပမာဏမရှိပါ။

(ယေဘူယျအသိပေးချက် – အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Operoxolid (အိုပီရိုဇိုလစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Operoxolid ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Operoxolid ၁၅၀ မီလီဂရမ် ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Operoxolid ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ