Opeazitro (အိုပီရာဇီထရို ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Opeazitro (အိုပီရာဇီထရို ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Opeazitro (အိုပီရာဇီထရို ) ကို ဘာအတွက်အသုံးပြုကြသလဲ

Opeazitro® (azithromycin) ကို ဘက်တီးရီးယားပိုးများကြောင့် ဖြစ်သော ကူးစက်ရောဂါများကို ကုသရန် အသုံးပြုပါသည်။ ယင်းတို့မှာ

  • အသက်ရှုလမ်းကြောင်းအောက်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- နမိုးနီးယား အဆုတ်ရောင်ရောဂါ။ အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း)
  • အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများ (ဥပမာ- လည်ချောင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ မျက်နှာဘေးရှိ ရိုးတွင်းအိတ်ငယ်များ ရောင်ခြင်း၊ နားတွင်းပိုင်းရောင်ခြင်း )
  • အရေပြားနှင့် ပျော့သော တစ်သျူးများ ရောင်ခြင်း
  • Chlamydia trachomatis
  • အကောင်ကြောင့် ဖြစ်သော နောက်ဆက်တွဲ ဆိုးကျိုးမရှိသော လိင်အင်္ဂါရောင်ရမ်းခြင်း တို့ကို ကုသရန် အသုံးပြုကြပါသည်။

Opeazitro (အိုပီရာဇီထရို ) ဘယ်လိုသောက်သုံးသင့်သလဲ

Opeazitro® (azithromycin) ကို အများအားဖြင့် ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့် အသုံးပြုကြပါသည်။ ဆေးအရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။ ထို့ပြင် ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။

သင့်အရေပြားကို ဆေးနှင့် ထိမိလျှင် ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးရပါမည်။ အကယ်၍ နှုတ်ခမ်း၊ လျှာ နှင့် နှာခေါင်းပေါက်များနှင့် ထိမိပါက သေချာစွာ ပလုတ်ကျင်းရမည်ဖြစ်သည်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Opeazitro (အိုပီရာဇီထရို ) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Opeazitro® (azithromycin) ကို အခန်းအပူချိန် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Opeazitro® (azithromycin) ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Opeazitro® (azithromycin) ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Opeazitro® (azithromycin) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Opeazitro (အိုပီရာဇီထရို ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Opeazitro® (azithromycin) ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

ထိုဆေးသည် ဘက်တီးရီးယားပိုးအတော်များများကို သေစေနိုင်သောကြောင့် ဆေးသုံးနေစဉ်တွင် အခြားသော ကူးစက်ပိုးများဝင်လာခြင်း၊ အူရောင်ခြင်းတို့ဖြစ်နိုင်ချေရှိကြောင်း သိထားသင့်ပါသည်။

azithromycin နှင့် အခြား macrolide အမျိုးအစားဆေးများကြောင့် ပြင်းထန်စွာ ဓါတ်မတည့်ခြင်း၊ ရောင်ရမ်းခြင်းများဖြစ်ခဲပါသည်။

ကျောက်ကပ်မကောင်းသူများတွင် :

ဆီးအဆိပ်ဖယ်နှုန်း 40 mL/min အထက်ရှိသူများတွင် ဆေးပမာဏကို ညှိရန် မလိုပါ။

သို့သော် ပိုဆိုးသော ကျောက်ကပ်ဝေဒနာရှင်များတွင် ဆေးကိုသုံးရမည့် ပမာဏကို တိကျစွာ ဖော်ပြထာခြင်းမရှိသည့်အတွက် သတိနှင့် အသုံးပြုသင့်ပါသည်။

အသည်းမကောင်းသူများတွင် :

အသည်းနှင့် သည်းခြေလမ်းကြောင်းသည် ဆေးကို အဓိကစွန့်ထုတ်သော လမ်းကြောင်းဖြစ်သည့်အတွက် အသည်းမကောင်းသူများတွင် azithromycin ကို မသုံးသင့်ပါ။

ထိုဆေး၏အာနိသင်တုန့်ပြန်မှုကို မသိပါဘဲနှင့် ကားမောင်းခြင်း၊ အရေးကြီးသော တာဝန်များထမ်းဆောင်ခြင်းတို့ကို မပြုလုပ်ရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Opeazitro (အိုပီရာဇီထရို ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Opeazitro (အိုပီရာဇီထရို ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။

  • ပျု့ိခြင်း
  • အန်ခြင်း
  • လေပွခြင်း
  • ဝမ်းလျှောခြင်း
  • အရေပြားတွင် အနီကွက်များဖြစ်ခြင်း
  • ယားယံခြင်းတို့ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Opeazitro (အိုပီရာဇီထရို ) နဲ့ ဓါတ်ပြုနိုင်သလဲ

Opeazitro® (azithromycin) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် Opeazitro® (azithromycin) နဲ့ဓါတ်ပြုနိုင်သောဆေးများ ဖြစ်ပါသည်။

  • အစာအိမ် အက်ဆစ်ဓါတ်နည်းစေသောဆေးများသည် azithromycin ၏ စုပ်ယူမှုကို နည်းစေသောကြောင့် azithromycin နှင့် ၂ နာရီခြားပြီးမှသောက်သင့်ပါသည်။
  • cyclosporin, cyclosporin စသည့်ကင်ဆာဆေးများနှင့် တွဲပေးလျှင် ဆေး၏ဘေးထွက်ဆိုးကျိုးများကို သေချာအောင် စောင့်ကြည့်သင့်ပါသည်။
  • အချို့သော macrolide ဆေးအမျိုးအစားများသည် digoxin ၏ဆေးအာနိသင်ကို လျော့နည်းစေပါသည်။ တိကျသော လေ့လာမှုများ မရှိသေးသော်လည်း ထိုဆေးနှစ်မျိုးကို တွဲပေးသည့်အခါမျိုးတွင် ဆေး၏ ဓါတ်ပြုမှုနှင့် ဘေးထွက်ဆိုးကျိုးများကို သေချာအောင် စောင့်ကြည့်သင့်ပါသည်။
  • Azithromycin အပါအဝင် macrolide ဆေးအမျိုးအစားများကို အမျိုးနွယ်ဝင်ဆေးများနှင့် တွဲပေးခြင်းကိုလည်း ရှောင်ကျဉ်ပါ။

အစားအသောက်တွေနဲ့ အရက်က Opeazitro (အိုပီရာဇီထရို ) နဲ့ ဓါတ်ပြုနိုင်သလား

Opeazitro® (azithromycin) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Opeazitro (အိုပီရာဇီထရို ) နဲ့ ဓါတ်ပြုနိုင်သလဲ

Opeazitro® (azithromycin) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Opeazitro (အိုပီရာဇီထရို ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နာတာရှည် အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်းရောဂါများ ကြွလာခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

သို့မဟုတ့် 500 mg တနေ့ တကြိမ် ၃ ရက်ဖြစ်ပါသည်။

နားအတွင်းပိုင်းရောင်ရမ်းခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

မျိုးပွားအင်္ဂါတွင် အနာဖြစ်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 1000 mg တကြိမ် ဖြစ်ပါသည်။

ဘက်တီးရီးယားကြောင့် မျက်နှာဘေးရိုးရှိလေအိတ်များ ရောင်ရမ်းခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တနေ့ တကြိမ် ၃ ရက်ဖြစ်ပါသည်။ သို့မဟုတ် 2000 mg တကြိမ် ဖြစ်ပါသည်။

နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

သို့မဟုတ် 2000 mg တကြိမ် ဖြစ်ပါသည်။

အကြောထိုးဆေး အနေဖြင့် သတ်မှတ်ထားသော ပမာဏမှာတနေ့လျှင် 500 mg အနည်းဆုံး ၂ ရက်ဖြစ်ပါသည်။

ထို့နောက် သောက်ဆေး 500 mg တနေ့ တကြိမ် ၇ရက်မှ ၁၀ရက် ဖြစ်ပါသည်။

လည်ချောင်းရောင်ခြင်း၊ အာသီးရောင်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

သို့မဟုတ် သတ်မှတ်ထားသော ပမာဏမှာ12 mg/kg ဖြစ်ပါသည်။ ( တနေ့လျှင် အများဆုံး 500mg ထက် မကျော်ရပါ။ ) ထို့နောက် နောက် ၂ ရက်မှ ၅ ရက်အထိ ဆေးပမာဏ အများဆုံး တနေ့လျှင် 250 mg ပေးရပါမည်။

နောက်ဆက်တွဲ ဆိုးကျိုးမရှိသော အရေပြားပိုးဝင်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

ကြောင်ကုတ်ခံရခြင်းကြောင့် ဖြစ်သောရောဂါ

ကိုယ်အလေးချိန် ၄၅.၅ kg ထက်လေးသော သူများတွင် သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

ကြက်ညှာချောင်းဆိုးရောဂါ

သတ်မှတ်ထားသော ပမာဏမှာ 500 mg တကြိမ်၊ ထို့နောက် 250 mg တနေ့ တကြိမ် ၄ ရက်ဖြစ်ပါသည်။

ခါးအောက်ပိုင်း အရိုးကွင်းအတွင်းရောင်ရမ်းသောရောဂါ

အကြောထိုးဆေး အနေဖြင့် သတ်မှတ်ထားသော ပမာဏမှာတနေ့လျှင် 500 mg အနည်းဆုံး ၂ ရက်ဖြစ်ပါသည်။

ထို့နောက်သောက်ဆေး 250 mg တနေ့ တကြိမ် ၅ရက်မှ ၇ရက် ဖြစ်ပါသည်။

နောက်ဆက်တွဲဆိုးကျိုးမရှိသော ဂနိုရောဂါ

လည်ချောင်း ၊ သားအိမ်ခေါင်း၊ ဆီးလမ်းကြောင်း၊ စအို ပိုးဝင်ခြင်းများတွင် Ceftriaxone 250 mg အသားထိုးဆေး နှင့် azithromycin 1 g သောက်ဆေးကို တကြိမ်ပေးရပါသည်။

သို့မဟုတ် doxycycline 100 mg ကို တနေ့ ၂ ကြိမ် ၇ရက် သောက်ရပါသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် ကူးစက်သောရောဂါများ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းကြောင့် ကူစက်သော ရောဂါများ (ဥပမာ- ဂနိုရောဂါ)ကို ကာကွယ်ရန် အတွက် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန မှ ထုတ်ပြန်ထားသော ကုသနည်း ၃ မျိုးရှိပါသည်။

  • Ceftriaxone သတ်မှတ်ထားသော ပမာဏမှာ 250 mg အသားထိုးဆေး ဖြစ်ပါသည်။
  • azithromycin သတ်မှတ်ထားသော ပမာဏမှာ 1 g သောက်ဆေး တကြိမ် ဖြစ်ပါသည်။
  • Metronidazole or tinidazole သတ်မှတ်ထားသော ပမာဏမှာ 2 g သောက်ဆေး တကြိမ် ဖြစ်ပါသည်။

အရက် သို့မဟုတ် အရေးပေါ် သန္ဓေတားဆေးများကို သောက်ထားပါက ဆေး၏ဓါတ်ပြုမှုများကို စောင့်ကြည့်ရန် metronidazole or tinidazole ကို ဆရာဝန်ရှေ့မှာသောက်ခြင်းက အိမ်တွင် မိမိဘာသာသောက်ခြင်းထက် စိတ်ချရပါသည်။

Mycobacterium Avium Complex ပိုးကြောင့် ဖြစ်သောရောဂါ

ကာကွယ်ခြင်း

  • ပထမအဆင့် ကာကွယ်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ 1.2 g တပတ်တကြိမ် သို့မဟုတ် 600 mg တပတ်၂ ကြိမ် (rifabutin 300 mg တနေ့တကြိမ်နှင့် တွဲပြီး ဖြစ်စေ မတွဲပြီးဖြစ်စေသောက်နိုင်ပါသည်။)

  • ဒုတိယအဆင့် ကာကွယ်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ500-600 mg ကို ethambutol နှင့်တွဲပြီး သောက်ရမည်ဖြစ်ပါသည်။

ကုသခြင်း

  • သတ်မှတ်ထားသော ပမာဏမှာ 250 mg ကို ethambutol 15 mg/kg/day သို့မဟုတ် rifabutin 300 mg/dayနှင့်တွဲပြီး သောက်ရမည်ဖြစ်ပါသည်။
  • သို့မဟုတ် သတ်မှတ်ထားသော ပမာဏမှာ 500 mg တပတ် ၃ကြိမ်ကို ethambutol 15 mg/kg/day သို့မဟုတ် rifabutin 300 mg/dayနှင့်တွဲပြီး သောက်ရမည်ဖြစ်ပါသည်။

နှလုံးအတွင်းပိုင်းရောင်ရမ်းခြင်းကို ကာကွယ်ခြင်း

သတ်မှတ်ထားသော ပမာဏမှာ လုပ်ငန်းများ မလုပ်ဆောင်မီ မိနစ် ၃၀မှ ၆၀ အတွင်း 500 mg သောက်ရမည်ဖြစ်ပါသည်။

ကလေးတွေအတွက် Opeazitro (အိုပီရာဇီထရို ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၃ရက်စာဆေးအညွှန်း

သတ်မှတ်ထားသော ပမာဏမှာ 10 mg/kg နှုန်းနှင့် တနေ့တကြိမ် ၃ရက် (စုစုပေါင်း 30mg/kgဖြစ်ပါသည်။ )

ဆရာဝန်များက ကိုယ်အလေးချိန်နှင့် အသက်အရွယ်အပေါ်မူတည်ပြီး အောက်ပါအတိုင်းခွဲထားပါသည်။

  • ၆ လမှ ၃ နှစ်ထိ ကလေးများ / 8 – 15kg:သတ်မှတ်ထားသော ပမာဏမှာ 10 mg/kg နှုန်းနှင့် တနေ့တကြိမ်
  • ၃နှစ်မှ ၇ နှစ်ထိ/15 – 25kg: သတ်မှတ်ထားသော ပမာဏမှာ တနေ့လျှင် 200 mg
  • ၈နှစ်မှ ၁၁ နှစ်အထိ /26 – 35kg: သတ်မှတ်ထားသော ပမာဏမှာ တနေ့လျှင် 300 mg
  • ၁၂ နှစ်မှ ၁၄ နှစ်အထိ/ 36 – 45kg: သတ်မှတ်ထားသော ပမာဏမှာ တနေ့လျှင် 400 mg

အသက် ၆ လအောက်ကလေးများတွင် ဆေး၏ စိတ်ချရမှုကို မသိရသေးပါ။ ထို့ကြောင့် ထိုဆေးများတွင် ဆေးကို အသုံးပြုရန် ဆရာဝန်ထောက်ခံချက်များ မရှိပါ။

၅ရက်စာဆေးအညွှန်း

သတ်မှတ်ထားသော ပမာဏမှာ ပထမရက်တွင် 10 mg/kg တကြိမ်တိုက်ပြီး နောက် ၂ရက်မှ ၅ ရက်အထိ 5 mg/kg တိုက်ပါ။

Opeazitro (အိုပီရာဇီထရို ) ကိုဘယ်လိုရရှိနိုင်သလဲ

Opeazitro® (azithromycin) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • သောက်ဆေးမှုန့် 5 g ၆ ထုပ်ပါ ဗူး
  • သောက်ဆေးမှုန့် 5 g ၃ ထုပ်ပါ ဗူး
  • ဆေးလုံး ၆ လုံးပါဆေးကပ်
  • ဆေးလုံး ၃ လုံးပါဆေးကပ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Opeazitro® (azithromycin) ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 12, 2018