Generic Name: Olanzapine (အိုလန်ဇပင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Olanzapine (အိုလန်ဇပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Olanzapine ကို (စိတ်ကစဥ့်ကလျားဖြစ်ခြင်း နှင့် စိတ်အတက်အကျမြန်ရောဂါတို့ကဲ့သို့သော) စိတ်ရောဂါများကို ကုသရန် အသုံးပြုသည်။အခြားသော ဆေးများနှင့် ပူးတွဲပြီး စိတ်ကျရောဂါတွင်လည်း သုံးနိုင်သည်။ဤဆေးသည် ထင်ယောင်ထင်မှားဖြစ်ခြင်းများကို လျော့နည်းစေသည့်အပြင် အတွေးအမြင်များကို ရှင်းလင်းစေကာ အကောင်းမြင်စိတ်များကို ပိုမိုလာစေသည်။ ရန်လိုစိတ်များနည်းပါးပြီး နေ့စဉ်လှုပ်ရှားသွားလာမှုများတွင်လည်း ပိုမိုတက်ကြွစွာ ပါဝင်လာစေသည်။

Olanzapine သည် atypical antipsychotics ဟုခေါ်သော ဆေးအုပ်စုအမျိုးအစားတွင် ပါဝင်သည်။ ၎င်းသည် ဦးနှောက်အတွင်းရှိ သဘာဝပစ္စည်းများ၏ အတိုင်းအဆ ပမာဏကို ပြန်လည်၍သင့်တင့်မျှတမှု ရှိစေရန် ဆောင်ရွက်ပေးသည်။Olanzapine ၏ ကောင်းကျိုးဆိုးပြစ်များနှင့် ပတ်သက်၍ ဆရာဝန်နှင့် အသေးစိတ်ဆွေးနွေးပါ (အထူးသဖြင့် လူငယ်များတွင် အသုံးပြုလျှင်)။

အခြားအသုံးပြုမှုများ။   ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Olanzapine ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

ကင်ဆာဆေးများကြောင့်ဖြစ်သော ပျို့အန်ခြင်းကို ကာကွယ်ရန်အတွက်လည်း Olanzapine ကို အသုံးပြုနိုင်သည်။

Olanzapine (အိုလန်ဇပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Olanzapine ကိုအစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း (အများအားဖြင့် တနေ့လျင် တစ်ကြိမ်)ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ၊ ဆေးကို တုန့်ပြန်မှု နှင့်  အခြားသောက်သုံးနေသော ဆေးဝါးများအပေါ် မူတည်သည်။  ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းစေရန်အတွက် ဆေးပမာဏ အနည်းငယ်မှစသောက်ပြီး တဖြည်းဖြည်းချင်း လိုအပ်သလို ပမာဏတိုးသားရန် ဆရာဝန်က ညွှန်ကြားလိမ့်မည်။ ဆရာဝန် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ရောဂါအနည်းငယ်သက်သာသွားသည့်တိုင် ဆေးကို ဆရာဝန်ညွှန်ကြားထားသည့် ကာလအတိုင်း ဆက်လက်သောက်ရန် လိုအပ်ပါသည်။ဆရာဝန်ထံမှ ညွန်ကြားချက်မပါဘဲ  ဆေးသောက်ခြင်းကို မိမိသဘောနှင့် ရပ်မပစ်ရပါ။

ရောဂါမသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

Olanzapine (အိုလန်ဇပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်]

Olanzapine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Olanzapine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Olanzapine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

 

Olanzapine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Olanzapine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Olanzapine (အိုလန်ဇပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Olanzapine ကို မသောက်မီ အောက်ပါအချက်များရှိနေပါက ဆရာဝန်ကို ပြောပြပါ။

-Olanzapine သို့မဟုတ် အခြားဆေးများနှင့် ဓာတ်မတည့်ခြင်း။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

စိတ်ငြိမ်ဆေးများ; antihistamines; carbamazepine (Tegretol); dopamine

 

agonists —> bromocriptine (Parlodel), cabergoline (Dostinex), levodopa

 

(Dopar, Larodopa), pergolide (Permax), and ropinirole (Requip);

 

fluoroquinolone antibiotics including ciprofloxacin (Cipro), gatifloxacin

 

(Tequin) , levofloxacin (Levaquin),

 

norfloxacin (Noroxin), ofloxacin (Floxin), others; fluvoxamine (Luvox);

 

ipratropium (Atrovent); စိုးရိမ်ပူပန်မှုအတွက် ဆေးများ, သွေးကျဆေးများ ;

 

irritable bowel disease, စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေများ , ကားမူးခြင်း, ပါကင်ဆန်ရောဂါ ,

တက်ခြင်း၊အနာများ၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ ; omeprazole (Prilosec); rifampin

 

(Rifadin); အိပ်ဆေးများ; ticlopidine (Ticlid); နှင့် စိတ်ငြိမ်ဆေးများ။

သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများ ပြုလုပ်ရပါမည်။

-ဆေးစွဲဖူးလျှင် သို့မဟုတ် ဆရာဝန်ညွှန်ကြားသော ဆေးများကို လိုအပ်သော ပမာဏထက်များစွာ ပိုသုံးဖူးလျှင်။လေဖြတ်ဖူး၊ လေဖြန်းဖူးလျှင်၊ နှလုံးရောဂါရှိလျှင်၊ heart attack ရဖူးလျှင်၊နှလုံးခုန်မမှန်လျှင်၊အတက်ရောဂါရှိလျှင်၊ရင်သားကင်ဆာရှိလျှင်၊အစာ သို့မဟုတ် ရေ မြိုချရခက်သော ပြဿနာများ ရှိလျှင်၊သွေးပေါင်ချိန် တက် သို့မဟုတ် ကျလျှင်၊သွေးတွင်း အဆီဓာတ်များလျှင်၊သွေးဖြူဥပမာဏနည်းလျှင်၊အသည်းရောဂါ သို့မဟုတ် ဆီးကြိတ်ရောဂါရှိလျှင်၊အူ မလှုပ်သည့် ရောဂါရှိလျှင်၊ရေတိမ်ရှိလျှင်၊သွေးတွင်း သကြားဓာတ်များလျှင်၊သင် သို့မဟုတ် သင့်မိသားစုဝင်တယောက်ယောက်တွင် ဆီးချိုရောဂါရှိခြင်း။

-ပြင်းထန်စွာ အန်ခြင်း၊ဝမ်းလျှောခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများရှိခြင်း စသည်တို့ကို လက်ရှိခံစားနေရလျှင် သို့ မဟုတ် ဆေးကုသမှုခံယူရင်း အဆိုပါ လက္ခဏာများပေါ်လာခဲ့လျှင် ဆရာဝန်ကို အကြောင်းကြားပါ။ထို့အပြင် သင့်အနေဖြင့် စိတ်ရောဂါကုဆေးဝါး တမျိုးမျိုးကို သုံးစွဲဖူးပြီး ဘေးထွက်ဆိုးကျိုးများကို မခံနိုင်ခြင်း ကြောင့် ဆေးသောက်ရပ်လိုက်ရသည်များရှိဖူးလျှင်လည်း ဆရာဝန်ကို ကြိုတင်အသိပေးပါ။

-ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင်။ ကိုယ်ဝန်လရင့်သည့် အချိန်တွင် Olanzapine ကို သုံးစွဲပါက မွေးကင်းစကလေးငယ်လေးများတွင် ဆိုးရွားသော ပြဿနာများကို ဖြစ်စေပါလိမ့်မည်။

-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက Olanzapine သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

-Olanzapine သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။ထို့အပြင် အရက်သည် အဆိုပါ ငိုက်မျဉ်းမှုကို ပို၍ ဆိုးစေသဖြင့် Olanzapine သုံးစွဲနေချိန်တွင် အရက်မသောက်ပါနှင့်။

-ဆေးလိပ်သောက်ခြင်းသည် ဆေး၏အာနိသင်ကို လျော့ကျစေသဖြင့်  သင်ဆေးလိပ်သောက်တတ်ပါက ဆရာဝန်ကို ကြိုပြောပါ။

-သင့်တွင်မူလက ဆီးချိုမရှိလျှင်ပင် Olanzapine ကိုသုံးစွဲနေစဉ်ကာလအတွင်း သွေးတွင်းသကြားဓာတ်များပြားခြင်းကို ခံစားရနိုင်ပါသည်။သင့်တွင် စိတ်ကစဥ့်ကလျား ရောဂါရှိပါက အဆိုပါ ရောဂါမရှိသူများထက် ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများပါသည်။Olanzapine သို့မဟုတ် အလားတူဆေးများ သုံးစွဲပါက ထိုသို့ဆီးချိုဖြစ်နိုင်ချေကို ထပ်ဆင့်များစေပါသည်။

-Olanzapine ကို သောက်သုံးနေစဉ် ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာလျှင် ဆရာဝန်ကို အမြန်အကြောင်းကြားပါ  :  အလွန်အမင်းရေငတ်ခြင်း၊ ဆီးခဏခဏ သွားခြင်း၊ အလွန်အမင်း ဗိုက်ဆာခြင်း၊အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် အားနည်းခြင်း။သွေးတွင်း သကြားဓာတ်များပြားခြင်းသည် ketoacidosis ဟုခေါ်သော အလွန်ဆိုးရွားသည့် အခြေအနေကို ဖြစ်ပေါ်စေသောကြောင့် အဆိုပါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်ကို အမြန်အကြောင်းကြားပါ။ စောစီးစွာ မကုသပါက ketoacidosis သည် အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။ ketoacidosis ၏ လက္ခဏာများမှာ : အာခြောက်ခြင်း၊ပျို့အန်ခြင်း၊အသက်ရှုမဝခြင်း၊ပါးစပ်မှ ချဉ်စူးစူး အနံ့ထွက်ခြင်း၊သတိလစ်ခြင်း စသည်တို့ဖြစ်ကြပါသည်။

-Olanzapine သည် နှလုံးခုန်နှေးခြင်း၊မြန်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊မေ့လဲတော့မယောင်ဖြစ်ခြင်း၊အိပ်နေရာမှ ရုတ်တရက်ထလိုက်လျှင် သတိလစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။အဆိုပါ ပြဿနာများကို ရှောင်ရှားနိုင်ရန် အိပ်ယာမှရုတ်တရက် မထဘဲ ဖြည်းဖြည်းထခြင်း၊မတ်တပ်မရပ်မီ ကြမ်းပြင်ပေါ် မိနစ်အနည်းငယ် ခြေချထားခြင်း စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ပါသည်။

-Olanzapine ကို သုံးစွဲနေစဉ် အလွန်ပူသောအခါ ခန္တာကိုယ် အပူချိန်ပြန်လည် ကျဆင်းရန် ပိုမိုခက်ခဲမည်ဖြစ်ပါသည်။ထို့ကြောင့် သင့်အနေဖြင့် အားကစားပြင်းပြင်းထန်ထန်လုပ်ရန်ရှိလျှင် သို့မဟုတ် ရာသီဥတုပူပြင်းသော နေရာဒေသများသို့ သွားရောက်ရန်ရှိလျှင် ဆရာဝန်ကို အကြောင်းကြားပါ။

-အကယ်၍ သင့်ထံတွင် phenylketouria ရောဂါရှိပါက (၎င်းသည် ဉာဏ်ရည်ချို့တဲ့မှုမဖြစ်စေရန် အထူးစီမံထားသည့် အစားအသောက်များကိုသာ စားရသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်သည်) လျှာပေါ်တွင် ပျော်ဝင်သောဆေးပြားများသည်  phenylalanine ဖြစ်စေသော aspartame ပါဝင်ကြောင်းသိထားသင့်သည်။

-Olanzapine ကို ဆယ်ကျော်သက်များတွင် အသုံးပြုပါက ကုသမှုအစီအစဉ်တွင် ဆေးသောက်ခြင်းအပြင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ပညာရေး အထောက်အပံ့ပေးခြင်းတို့ပါ ပါဝင်ရမည်ဖြစ်ပါသည်။ကလေးအနေဖြင့် ဆရာဝန်၏ လမ်းညွှန်ချက်ကို အတိအကျလိုက်နာပါစေ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Olanzapine (အိုလန်ဇပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Olanzapine (အိုလန်ဇပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Olanzapine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ကြွက်သားများ အလွန်မာတောင့်ခြင်း၊အဖျားကြီးခြင်း၊ခြေလက်များ ကတုန်ကယင်ဖြစ်ခြင်း၊ချွေးထွက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန် မြန်ခြင်း၊နှေးခြင်း သို့မဟုတ် မမှန်ခြင်း၊မေ့လဲသွားတော့မယောင်ခံစားရခြင်း။

-ခြေလက်များ၊မျက်လုံး၊နှုတ်ခမ်း၊လျှာ၊မျက်နှာတို့ ကို မထိန်းချုပ်နိုင်ဘဲ တုန်ခါခြင်း၊

-စကားပြောရခက်ခြင်း၊အစာ/ရေမြိုရခက်ခြင်း။

-အာခြောက်ခြင်း၊ရေအလွန်ငတ်ခြင်း၊အလွန်ပူခြင်း(ချွေးထွက်ချင်မှထွက်မည်)၊ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝမသွားတော့ခြင်း။

-သွေးတွင်းသကြားဓာတ်များခြင်း (ရေငတ်ခြင်း၊အစားအသောက်ပျက်ခြင်း၊ပါးစပ်မှ ခပ်စူးစူးအနံ့ထွက်ခြင်း၊ဆီးအသွားများခြင်း၊မူးဝေထိုင်းမှိုင်းလေးလံခြင်း၊အသားအရေခြောက်ကပ်ခြင်း၊ပျို့အန်ခြင်း၊မအီမသာဖြစ်ခြင်း)။

-ရုတ်တရက်ဆိုသလို ထုံကျဉ်ခြင်း၊အားနည်းခြင်း၊စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အမြင်အာရုံ၊စကားပြောခြင်း နှင့် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿနာများ ခံစားရခြင်း။

-ချမ်းတုန်ဖျားခြင်း၊လည်ချောင်းနာခြင်း၊တုပ်ကွေးလက္ခဏာများ ခံစားရခြင်း၊တကိုယ်လုံးနာကျင် ကိုက်ခဲခြင်း။

-ခြေလက်များ ဖောယောင်ခြင်း။

-စိတ်နေစိတ်ထားများ ပြောင်းလဲခြင်း၊မူမမှန်သောအတွေးအကြံများ၊အပြုအမူများပေါ်လာခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း၊မိမိကိုယ်ကို နာကျင်အောင်ပြုလုပ်လိုသော အတွေးများ ပေါ်လာခြင်း။

-ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။

သာမန် ဘေးထွက်လက္ခဏာများမှာ

-ကိုယ်အလေးချိန်တက်ခြင်း(ဆယ်ကျော်သက်များတွင် အဖြစ်များသည်)၊ခံတွင်းပိုလိုက်ခြင်း။

-ခေါင်းကိုက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်း၊ဂဏှာမငြိမ်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

-မေ့တတ်ခြင်း။

-ဗိုက်နာ/အောင့်ခြင်း၊ဝမ်းချုပ်ခြင်း၊ဆီးမထိန်းနိုင်ခြင်း။

-နောက်ကျောနာခြင်း၊ခြေလက်တို့ နာကျင်ခြင်း။

-ထုံနာကျဉ်နာ ဖြစ်ခြင်း။

-ရင်သားတွင်အကြိတ်ဖြစ်ခြင်း၊နို့သီးခေါင်းမှ အရည်များထွက်ခြင်း (အမျိုးသမီးများသာမက အမျိုးသားများတွင်လည်း ဖြစ်နိုင်သည်)။

-ရာသီထိန်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Olanzapine (အိုလန်ဇပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Olanzapine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)။ အထူးသဖြင့်

-Tramadol

-Alpha blockers (eg: Doxazosin),diazepam

-Anticholinergics (eg :scopolamine) ,benzodiazepines (eg, lorazepam), or

Fluvoxamine  —-> olanzapine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။

-Carbamazepine, HIV protease inhibitors (eg, ritonavir), omeprazole, or rifampin —-> olanzapine ၏ အကျိုးအာနိသင်ကို လျော့ကျစေမည်။

-Dopamine receptor agonists (eg, pramipexole) or levodopa ——> olanzapine သည် အဆိုပါ ဆေးများ၏ အာနိသင်ကို လျော့ကျစေမည်။

အစားအသောက်တွေနဲ့ အရက်က Olanzapine (အိုလန်ဇပင်း) နဲ့ ဓာတ်ပြုနိုင်သလား

Olanzapine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။အထူးသဖြင့် ဂရိတ်ဖရု သီးဖျော်ရည်

ဘယ်ရောဂါအခြေအနေတွေက Olanzapine (အိုလန်ဇပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Olanzapine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-သွေးကြောဆိုင်ရာ ရောဂါများ သို့မဟုတ် သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ။။

-ရေဓာတ်ခမ်းခြောက်ခြင်း။

-လေဖြတ်ဖူးခြင်း၊ heart attack ရဖူးခြင်း။

-နှလုံးရောဂါရှိခြင်း သို့မဟုတ် နှလုံး အလုပ်မလုပ်တော့ခြင်း။

-နှလုံးခုန်စည်းချက် မမှန်သည့် ပြဿနာများ။

-သွေးပေါင်ကျခြင်း။

-သွေးပမာဏနည်းခြင်း —–> ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေမည်။

-prolactin ဟော်မုန်းအပေါ်မှီခိုသော ရင်သားကင်ဆာ။

-ရေတိမ်။

-သွေးတွင်း အဆီဓာတ်များခြင်း။

-သွေးတွင်း prolactin ဓာတ်များခြင်း။

-အသည်းရောဂါ။

-Parlytic ileus ဟုခေါ်သော ဆိုးရွားပြင်းထန်သည့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတမျိုး။

-ဆီးကြိတ်ကြီးခြင်း။

-အတက်ရောဂါရှိခြင်း —–> အခြေအနေကို ပိုဆိုးစေနိုင်သဖြင့် သတိနှင့် အသုံးပြုပါ။

-ဆီးချိုရှိခြင်း။

-သွေးတွင်း သကြားဓာတ်များခြင်း —–> သတိထားအသုံးပြုပါ။ဤဆေးသည် သွေးတွင်း သကြားဓာတ်ကို တက်စေသည်။

-Phenylketouria ရောဂါရှိလျှင် ————> လျှာပေါ်တွင် ပျော်ဝင်သော ဆေးပြားများသည်  phenylalanine ဖြစ်စေသော aspartame ပါဝင်ကြောင်းသိထားသင့်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Olanzapine (အိုလန်ဇပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်အတက်အကျမြန်ရောဂါ (Bipolar disorder) အတွက်

သောက်ဆေး (ဆေးတမျိုးတည်း အသုံးပြုခြင်း)

-ကနဦးဆေးပမာဏ —–> ၁၀ – ၁၅ မီလီဂရမ်ကို တနေ့လျှင် တကြိမ်

သောက်ဆေး ( lithium နှင့် valproate တို့ကိုပါ တွဲဖက်အသုံးပြုခြင်း)

-ကနဦးဆေးပမာဏ —–> ၁၀  မီလီဂရမ်ကို တနေ့လျှင် တကြိမ်

ထိုးဆေး

-ကနဦးဆေးပမာဏ —–> ၁၀  မီလီဂရမ်ကို  တကြိမ် အသားထိုးဆေးအဖြစ် ထိုးရမည်။

စိတ်ကစဥ့်ကလျားရောဂါအတွက်

သောက်ဆေး

-၅ – ၁၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်

ကာလတိုသာ အာနိသင်သက်ရောက်သော ထိုးဆေး

-ကနဦးဆေးပမာဏ —–> ၁၀  မီလီဂရမ်ကို  တကြိမ် အသားထိုးဆေးအဖြစ် ထိုးရမည်။

ကလေးတွေအတွက် Olanzapine (အိုလန်ဇပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကစဥ့်ကလျားရောဂါအတွက်

၈နှစ် မှ ၁၂ နှစ်အထိ

-ကနဦးဆေးပမာဏ —–> ၂.၅ – ၅ မီလီဂရမ် ကိုနေ့စဉ် တနေ့လျှင် တကြိမ်။၁၀မီလီဂရမ် တနေ့လျှင် တကြိမ်ရောက်သည်အထိ ဆေးပမာဏကို တပတ်လျှင် ၂.၅မီလီဂရမ် သို့မဟုတ် ၅မီလီဂရမ် တိုးပေးပါ။ အများဆုံး သောက်နိုင်သော ဆေးပမာဏ မှာ တနေ့လျှင် ၂၀မီလီဂရမ် ဖြစ်သည်။

၁၃နှစ် မှ ၁၇နှစ် အထိ

-ကနဦးဆေးပမာဏ —–> ၂.၅ – ၅ မီလီဂရမ် ကိုနေ့စဉ် တနေ့လျှင် တကြိမ်။

 

စိတ်အတက်အကျမြန်သည့် စိတ်ရောဂါအတွက်

၎နှစ် မှ ၅နှစ်အထိ

-ကနဦးဆေးပမာဏ —–> ၁.၂၅ မီလီဂရမ် ကိုနေ့စဉ် တနေ့လျှင် တကြိမ်။၁၀မီလီဂရမ် တနေ့လျှင် တကြိမ်ရောက်သည်အထိ (ဆေးကိုတုန့်ပြန်မှုနှင့် ဆေးဒါဏ်ခံနိုင်ရည်ရှိမှုတို့အပေါ် မူတည်ပြီး) အပတ်စဉ် ဆေးပမာဏကို တိုးပေးပါ။

၆နှစ် မှ ၁၂နှစ်အထိ

-ကနဦးဆေးပမာဏ —–> ၂.၅ မီလီဂရမ် ကိုနေ့စဉ် တနေ့လျှင် တကြိမ်။၁၀မီလီဂရမ် တနေ့လျှင် တကြိမ်ရောက်သည်အထိ ဆေးပမာဏကို တပတ်လျှင် ၂.၅မီလီဂရမ် သို့မဟုတ် ၅မီလီဂရမ် တိုးပေးပါ။ အများဆုံး သောက်နိုင်သော ဆေးပမာဏ မှာ တနေ့လျှင် ၂၀မီလီဂရမ် ဖြစ်သည်။

၁၃နှစ် မှ ၁၇နှစ် အထိ

-ကနဦးဆေးပမာဏ —–> ၂.၅ – ၅ မီလီဂရမ် ကိုနေ့စဉ် တနေ့လျှင် တကြိမ်။

 

ဝမှာကြောက်သည့် စိတ္တဇကြောင့် အစာလုံးဝမစားသည့် စိတ်ရောဂါအတွက်

၉နှစ်နှင့် အထက်

-၁.၂၅ – ၂.၅ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ခြင်းအားဖြင့် အချို့သော လူနာများတွင် BMI(ကိုယ်အလေးချိန်ညွှန်းကိန်း)ကို တက်စေသည့် အပြင် ရောဂါနှင့် ဆက်စပ်သည့် လက္ခဏာများဖြစ်သော  အစားအသောက်စားသောက်သည့် ပုံစံ၊စိုးရိမ်ပူပန်ခြင်း စသည်တို့ကို သက်သာစေသည် ဟု လေ့လာစမ်းသပ်မှုတခုက ဆိုသည်။ အခြားသော စမ်းသပ်မှုတခုတွင်မူ ၂.၅ မီလီဂရမ်တနေ့တကြိမ်မှ စတင်ပေးပြီး အများဆုံးပမာဏကို ၅မီလီဂရမ်မှ ၁၀မီလီဂရမ် အထိ အသုံးပြုပါသည်။

သုတေသနပြုချက်များအရ ယေဘုယျအားဖြင့် ပေးနိုင်သော ဆေးပမာဏ အတိုင်းအဆ :တနေ့လျှင် ၁.၂၅ – ၁၂.၅ မီလီဂရမ်။

သို့သော် များပြားသော ဆေးပမာဏ (၂.၅ မီလီဂရမ်ကို တနေ့လျင် တကြိမ်ထက် များလျှင်)အသုံးပြုခြင်းသည် ဆေးအာနိသင်ကို ပိုမိုအစွမ်းထက်စေခြင်း မရှိဟု ဆိုပါသည်။လေ့လာသုတေသနပြုမှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုပါသည်။

Tourette’s Syndrome အတွက်

အသက် ၇နှစ်နှင့် အထက်

-ကိုယ်အလေးချိန် ၄၀ကီလိုထက်နည်းသော ကလေးများ  :

ကနဦးဆေးပမာဏ  ၂.၅ မီလီဂရမ်ကို ၃ရက်သောက်ရမည်။ နောက်ထပ် လေးရက်၌ တရက်လျှင် ၂.၅ မီလီဂရမ်စီ သောက်ပါ။ အကယ်၍ လိုအပ်ပါက နောက်တပတ်တွင် တရက်လျှင် ၅မီလီဂရမ်ပမာဏ သောက်ပါ။ထို့နောက် ဆေးဒါဏ်ခံနိုင်ရည် ရှိလျှင် ရှိသလို တပတ်လျှင် ၅မီလီဂရမ်စီ တိုးသွားပါ။အများဆုံးသုံးစွဲနိုင်သော ပမာဏမှာ တနေ့လျှင် ၂၀မီလီဂရမ်ဖြစ်သည်။

-ကိုယ်အလေးချိန် ၄၀ကီလိုထက်များသော ကလေးများ  : ကနဦးဆေးပမာဏ  ၂.၅ မီလီဂရမ်ကို တနေ့တကြိမ်ဖြင့် ၃ရက်သောက်ရမည်။လိုအပ်လျှင် နောက်ထပ် လေးရက်၌ တရက်လျှင် ၅မီလီဂရမ် အထိ တိုးပေးနိုင်သည်။ထို့နောက် ဆေးဒါဏ်ခံနိုင်ရည် ရှိလျှင် ရှိသလို တပတ်လျှင် ၅မီလီဂရမ်စီ တိုးသွားပါ။အများဆုံးသုံးစွဲနိုင်သော ပမာဏမှာ တနေ့လျှင် ၂၀မီလီဂရမ်ဖြစ်သည်။

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Olanzapine (အိုလန်ဇပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Olanzapine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

အသားထိုးဆေးထိုးရန်အတွက် ဆေးမှုန့် : 10mg/2ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

 

ဆေးလွန်ခြင်း၏ လက္ခဏာများမှာ

-ငိုက်မျဉ်းခြင်း။

-စကားမပီသခြင်း။

-စိတ်တိုစိတ်ဆတ်ခြင်း။

-နှလုံးခုန်မြန်ခြင်း။

-ရုတ်တရက် အကြောဆွဲခြင်းများ။

-ကိုမာဝင်ခြင်း (အချိန်ကြာမြင့်စွာ သတိလစ်မေ့မျောခြင်း)။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Olanzapine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ