Generic Name: Oculotect (အော်ကူလိုတက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Oculotect (အော်ကူလိုတက်) ကို ဘာအတွက်အသုံးပြုကြသလဲ

မျက်စိခြောက်ခြင်း၊မျက်ခမ်းခြောက်ခြင်း၊မျက်စိပိုးဝင်ခြင်း၊ဖုန်အမှုန်၊မီးခိုး၊အလင်းစူးစူးတို့ကြောင့် မျက်စိထိခိုက်ခြင်း၊အပူ သို့မဟုတ် လေဒါဏ်တို့ကြောင့် မျက်ကြည်လွှာ ခြောက်ခြင်း တို့ကို ကုသရန်နှင့် မျက်ဖြူသားနီရဲ ရောင်ရမ်းခြင်းကို ကာကွယ်ရန်အတွက် Oculotect® ကို အများဆုံးအသုံးပြုကြသည်။

Oculotect (အော်ကူလိုတက်) ဘယ်လိုသောက်သုံးသင့်သလဲ

မျက်စိခြောက်ခြင်း၊မျက်ခမ်းခြောက်ခြင်း၊မျက်စိပိုးဝင်ခြင်း၊ဖုန်အမှုန်၊မီးခိုး၊အလင်းစူးစူးတို့ကြောင့် မျက်စိထိခိုက်ခြင်း၊အပူ သို့မဟုတ် လေဒါဏ်တို့ကြောင့် မျက်ကြည်လွှာ ခြောက်ခြင်း တို့ကို ကုသရန်နှင့် မျက်ဖြူသားနီရဲ ရောင်ရမ်းခြင်းကို ကာကွယ်ရန်အတွက် Oculotect® ကို အများဆုံးအသုံးပြုကြသည်။

Oculotect (အော်ကူလိုတက်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးဗူးကို ဖောက်ထားခြင်းမရှိသေးလျှင် Oculotect® မျက်စဉ်းဗူးတွင်ပါဝင်သော ဆေးရည်များသည် ပိုးသတ်သန့်စင်ပြီးသား ဖြစ်ပါသည်။မျက်စဉ်းဗူး၏ထိပ်ဖျားကို သင့်မျက်စိအပါအဝင် မည်သည့်မျက်နှာပြင်၊မည်သည့်အရာနှင့်မှ မထိသင့်ပါ။ထိုသို့ထိမိပါက သင့်မျက်စိကို ထိခိုက်အနာတရ ဖြစ်စေနိုင်သည့်အပြင် ဆေးရည်ကိုလည်း ပျက်စီးစေသောကြောင့် ဖြစ်ပါသည်။မျက်စဉ်းဆေးရည်ကို အသုံးပြုရန်အတွက် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရပါမည်။

  • ဦးစွာ လက်ကို စင်ကြယ်စွာ ဆေးပါ။
  • တခါသုံး ဆေးရည်ဗူးလေးတဗူးကို ဆေးကဒ်မှ ခွါထုတ်ယူပါ။
  • ကျန်သော ဆေးရည်ဗူးများကို စက္ကူပုံးထဲ ပြန်ထည့်ပါ။

ဆေးဗူးအဖုံးလေးကို လိမ်ချိုးပြီး ဖွင့်ပါ။ထိုသို့

  • ဖွင့်ပြီးသည်နှင့် ဆေးဗူးထိပ်ကို မည်သည့်အရာနှင့်မှ မထိစေရ။
  • သင့်ခေါင်းကို အနောက်သို့လှန်ပါ။
  • သင့်အောက်မျက်ခမ်းကို လက်တဖက်ဖြင့် အောက်ဆွဲချပြီး မျက်စဉ်းဗူးကို နောက်လက်တဖက်တွင် ကိုင်ထားပါ။ဆေးဗူးကို အသာအယာညှစ်ပြီး မျက်လုံးထဲသို့ မျက်စဉ်းရည်လေးတစက် ခပ်လိုက်ပါ။
  • ထို့နောက် သင့်မျက်စိကို မှိတ်ထားပြီး မျက်စိအတွင်းထောင့်နေရာကို လက်တချောင်းဖြင့် တမိနစ်နှစ်မိနစ်ခန့် ဖိထားပါ။သို့မှသာ မျက်ရည်ပြွန်မှတဆင့် လည်ချောင်းထဲသို့ မျက်စဉ်းရည်များ ကျသွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး မျက်စဉ်းဆေးရည်များအနေဖြင့် မျက်လုံးထဲတွင်သာ ရှိနေမည် ဖြစ်သည်။အကယ်၍ လိုအပ်လျှင် အခြားမျက်စိတဖက်ကိုလည်း အထက်ပါနည်းလမ်းအတိုင်း မျက်စဉ်းခပ်ပေးပါ။

အသုံးပြုပြီးနောက် တခါသုံးမျက်စဉ်းဗူးကို လွှင့်ပစ်ပါ။

မျက်စဉ်းအသုံးပြုခြင်းနှင့် စပ်လျဉ်းပြီး မေးမြန်းလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဆိုင်မှ ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်ကို မေးမြန်းပါ။

Oculotect® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Oculotect® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့

ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Oculotect® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Oculotect® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Oculotect® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Oculotect (အော်ကူလိုတက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ အောက်ပါအချက်များကို သိထားသင့်ပါသည်။

  • အကယ်၍ သင်ခံစားနေရသော မျက်စိဝေဒနာ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆေးအသုံးပြုခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသရပါမည်။

Oculotect® တွင်ပါဝင်သော ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်

  • ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဤဆေးကို အသုံးမပြုရပါ။
  • အကယ်၍ သင့်အနေဖြင့် Oculotect® အပြင် အခြားသော မျက်စဉ်းဆေးများကိုပါ အသုံးပြုရမည်ဆိုလျှင် မျက်စဉ်းဆေးတခုနှင့် တခုအကြား အနည်းဆုံး ငါးမိနစ်ခန့် ခြားရမည်ဖြစ်ပြီး Oculotect® ကို နောက်ဆုံးမှ ခပ်ရမည်ဖြစ်ပါသည်။

လက်ရှိသုံးစွဲနေသောဆေးများ သို့မဟုတ် မကြာသေးမီက သုံးစွဲခဲ့သော ဆေးဝါးများအကြောင်းကို ဆရာဝန်အား သေချာစွာ ပြောပြပါ (ဆရာဝန်ဆေးစာမပါဘဲ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော ဆေးများလည်း ပါဝင်ပါသည်)။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Oculotect (အော်ကူလိုတက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Oculotect (အော်ကူလိုတက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးဝါးများနည်းတူ Oculotect® သည်လည်း ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သော်လည်း အဆိုပါ ဘေးထွက်ဆိုးကျိုးများကို လူတိုင်းခံစားရမည် မဟုတ်ပါ။

အောက်ပါဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။

မျက်စိထဲတွင် အနည်းငယ် (ယာယီ) ပူစပ်ပူလောင်ဖြစ်ခြင်း၊ကပ်စေးစေး ခံစားရခြင်း။

မျက်စိနီရဲ ရောင်ရမ်းခြင်း။

ဓာတ်မတည့်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Oculotect (အော်ကူလိုတက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Oculotect® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Oculotect (အော်ကူလိုတက်) နဲ့ ဓာတ်ပြုနိုင်သလား

Oculotect® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Oculotect (အော်ကူလိုတက်) နဲ့ ဓာတ်ပြုနိုင်သလဲ

Oculotect® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Oculotect (အော်ကူလိုတက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Oculotect® ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သုံးစွဲရန် သတ်မှတ်အကြံပြုထားသော ပမာဏမှာ မျက်စဉ်းတခါခပ်လျှင် တစက်နှုန်းဖြင့် တနေ့လျှင် လေးကြိမ် ဖြစ်ပါသည်။သို့မဟုတ် ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ခပ်နိုင်သည်။တခါသုံးဆေးရည်ဗူးထဲတွင်ပါဝင်သော မျက်စဉ်းဆေးရည်ပမာဏသည် မြက်စိနှစ်ဖက်လုံးတွင် အသုံးပြုရန် လုံလောက်သော ပမာဏဖြစ်ပါသည်။အသုံးပြု၍ကျန်သော မျက်စဉ်းဆေးရည်များကို သိမ်းမထားဘဲ လွှင့်ပစ်ရမည် ဖြစ်ပါသည်။

ကလေးတွေအတွက် Oculotect (အော်ကူလိုတက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သုံးစွဲရန် သတ်မှတ်အကြံပြုထားသော ပမာဏမှာ မျက်စဉ်းတခါခပ်လျှင် တစက်နှုန်းဖြင့် တနေ့လျှင် လေးကြိမ် ဖြစ်ပါသည်။သို့မဟုတ် လိုအပ်သလို ခပ်နိုင်ပါသည်။

Oculotect (အော်ကူလိုတက်) ကိုဘယ်လိုရရှိနိုင်သလဲ

Oculotect® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

မျက်စဉ်းဆေးရည် :Povidone K 25 5%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Oculotect® ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးစွဲပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးစွဲရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သုံးစွဲလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးအသုံးပြုတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ