Nystatin (နစ်စ်တက်တင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Nystatin (နစ်စ်တက်တင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Nystatin (နစ်စ်တက်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nystatin ကို ပါးစပ်ထဲတွင်ပေါက်သော fungus မှိုစွဲခြင်းအား ကုသရန် အသုံးပြူသည်။Nystatin သည် fungus မှိုများပေါက်ခြင်းကို တားဆီးပေးသည်။Nystatin ဆေးရည်ကို သွေးတွင်း fungus ပိုးဝင်ခြင်းအတွက် အသုံးမပြုရပါ။

Nystatin (နစ်စ်တက်တင်) ဘယ်လိုသောက်သုံးသင့်သလဲ

အသုံးမပြုမီ ဆေးပုလင်းကို ကောင်းစွာ လှုပ်ပါ။ ဆေးရည်ပမာဏကို တိုင်းတာရန် ဆေးနှင့်အတူပါလာသော အစက်ချပစ္စည်းလေးကို အသုံးပြုပါ။ သင့် ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်းမျိုးမရှိလျှင် အောက်ပါအတိုင်း အသုံးပြုပါ။ အသုံးပြုရမည့် ဆေးပမာဏ၏ တဝက်ကို ပါးစောင်တဖက်တွင်ငုံပါ။ ထို့နောက် ပါးစပ်ထဲနှံ့အောင် အာလုပ်ကျင်းပြီး (ညွှန်ကြားထားသည့်အတိုင်း) ထွေးထုတ် သို့မဟုတ် မြိုချပါ။ ဆေးရည်ကို ပါးစပ်ထဲတွင် တတ်နိုင်သမျှကြာကြာထားပါ။ ကျန်ရှိသော ဆေးတဝက်ကို လည်း အခြားပါးစောင်တဖက်တွင် ငုံပြီး အထက်ပါအတိုင်း ထပ်မံပြုလုပ်ပါ။ ထိုသို့ပြုလုပ်ပြီး ၅မိနစ် မှ ၁၀မိနစ်အတွင်း အစာမစားပါနှင့်။

ဤဆေးကို တနေ့လျှင် ၄ကြိမ်သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့် အတိုင်း အသုံးပြုပါ။ လုံးဝအရှင်းပျောက်ကင်းစေရန် ရက်အနည်းငယ်မှ လ အနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် အသုံးပြုပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ရောဂါအနည်းငယ်သက်သာသွားသည့်တိုင် ဆေးကို ဆရာဝန်ညွှန်ကြားထားသည့် ကာလအတိုင်း ဆက်လက်အသုံးပြုရန် လိုအပ်ပါသည်။ ဆရာဝန်ထံမှ ညွန်ကြားချက်မပါဘဲ ဆေးကို မိမိသဘောနှင့် ရပ်မပစ်ရပါ။ ဆေးကို သတ်မှတ်ချိန်မတိုင်မီ စောစီးစွာ ရပ်လိုက်ခြင်းဖြင့် ပိုးကူးစက်မှု ဆက်လက်ရှိနေမည်ဖြစ်ပြီး တဖန်ပြန်လည်ဖြစ်ပွားလာနိုင်သည်။

ရက်အတော်ကြာ ဆေးသုံးစွဲပြီးချိန်အထိ မသက်သာလျှင် သို့မဟုတ် (မည်သည့် အချိန်တွင်မဆို) ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

Nystatin (နစ်စ်တက်တင်) ဘယ်လိုသိမ်းဆည်းရမလဲ

အသုံးမပြုမီ ဆေးပုလင်းကို ကောင်းစွာ လှုပ်ပါ။ ဆေးရည်ပမာဏကို တိုင်းတာရန် ဆေးနှင့်အတူပါလာသော အစက်ချပစ္စည်းလေးကို အသုံးပြုပါ။ သင့် ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်းမျိုးမရှိလျှင် အောက်ပါအတိုင်း အသုံးပြုပါ။ အသုံးပြုရမည့် ဆေးပမာဏ၏ တဝက်ကို ပါးစောင်တဖက်တွင်ငုံပါ။ ထို့နောက် ပါးစပ်ထဲနှံ့အောင် အာလုပ်ကျင်းပြီး (ညွှန်ကြားထားသည့်အတိုင်း) ထွေးထုတ် သို့မဟုတ် မြိုချပါ။ ဆေးရည်ကို ပါးစပ်ထဲတွင် တတ်နိုင်သမျှကြာကြာထားပါ။ ကျန်ရှိသော ဆေးတဝက်ကို လည်း အခြားပါးစောင်တဖက်တွင် ငုံပြီး အထက်ပါအတိုင်း ထပ်မံပြုလုပ်ပါ။ ထိုသို့ပြုလုပ်ပြီး ၅မိနစ် မှ ၁၀မိနစ်အတွင်း အစာမစားပါနှင့်။

ဤဆေးကို တနေ့လျှင် ၄ကြိမ်သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့် အတိုင်း အသုံးပြုပါ။ လုံးဝအရှင်းပျောက်ကင်းစေရန် ရက်အနည်းငယ်မှ လ အနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် အသုံးပြုပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် အသုံးပြုပါက အကောင်းဆုံးဖြစ်သည်။ ရောဂါအနည်းငယ်သက်သာသွားသည့်တိုင် ဆေးကို ဆရာဝန်ညွှန်ကြားထားသည့် ကာလအတိုင်း ဆက်လက်အသုံးပြုရန် လိုအပ်ပါသည်။ ဆရာဝန်ထံမှ ညွန်ကြားချက်မပါဘဲ ဆေးကို မိမိသဘောနှင့် ရပ်မပစ်ရပါ။ ဆေးကို သတ်မှတ်ချိန်မတိုင်မီ စောစီးစွာ ရပ်လိုက်ခြင်းဖြင့် ပိုးကူးစက်မှု ဆက်လက်ရှိနေမည်ဖြစ်ပြီး တဖန်ပြန်လည်ဖြစ်ပွားလာနိုင်သည်။

ရက်အတော်ကြာ ဆေးသုံးစွဲပြီးချိန်အထိ မသက်သာလျှင် သို့မဟုတ် (မည်သည့် အချိန်တွင်မဆို) ပိုဆိုးလာလျှင် ဆရာဝန်ကို အသိပေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nystatin (နစ်စ်တက်တင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nystatin ဆေးနှင့် သို့မဟုတ် အခြားသောဆေးများနှင့် ဓါတ်မတည့်သည့် လက္ခဏာများ ခံစားရဖူးပါက ဆရာဝန်ကို သေချာစွာအသိပေးပါ။ ဗီတာမင်ဆေးများအပါအဝင် သင်လက်ရှိသုံးစွဲနေသော ဆေးများအားလုံး (ဆရာဝန်ညွှန်ကြားသည့်ဆေး၊မိမိသဘောနှင့် သုံးစွဲသည့်ဆေးအားလုံး)ကို ဆရာဝန်အား ပြောပြပါ။ ကိုယ်ဝန်ရှိနေလျှင်၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို အသိပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nystatin (နစ်စ်တက်တင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Nystatin (နစ်စ်တက်တင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး အရေးပေါ်ကုသမှုကို ခံယူရပါမည်။Nystatin ကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်ခြင်းမှာ ရှားပါးပါသည်။ အကယ်၍ အောက်ပါလက္ခဏာများပေါ်ပေါက်လာပါက ဆေးသုံးစွဲခြင်းကို ရပ်ရန် မလိုသော်လည်း ဆရာဝန်ကို အသိပေးပါ။

-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာ/အောင့်ခြင်း။

-ဝမ်းလျှောခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nystatin (နစ်စ်တက်တင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Nystatin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Nystatin (နစ်စ်တက်တင်) နဲ့ ဓါတ်ပြုနိုင်သလား

Nystatin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nystatin (နစ်စ်တက်တင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Nystatin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ }

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nystatin (နစ်စ်တက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Nystatin ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အာခံတွင်းအတွင်း အဖြူရောင်အကွက်များဖြစ်ခြင်း (မှိုစွဲခြင်းအတွက်)

=ငုံဆေးပြား တပြားမှ နှစ်ပြား (၂၀၀၀၀၀ – ၄၀၀၀၀၀ ယူနစ်) ကို တနေ့လျှင် ၄- ၅ ကြိမ်ငုံရန်။ သို့မဟုတ် ဆေးရည် ၅၀၀၀၀၀ – ၁၀၀၀၀၀၀ ယူနစ်ပမာဏကို တနေ့လျင် ၄ကြိမ် အသုံးပြုပါ။

အူအတွင်း မှိုစွဲခြင်း (Intestinal Candidiasis)အတွက်

= ဆေးရည် ၅၀၀၀၀၀ – ၁၀၀၀၀၀၀ ယူနစ်ပမာဏကို တနေ့လျင် ၃ကြိမ် အသုံးပြုပါ။

ကလေးတွေအတွက် Nystatin (နစ်စ်တက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

အာခံတွင်းအတွင်း အဖြူရောင်အကွက်များဖြစ်ခြင်း (မှိုစွဲခြင်းအတွက်)

မွေးကင်းစကလေးများ : ဆေးရည် ၁၀၀၀၀၀ယူနစ်ကို တနေ့လျှင် ၄ကြိမ်။

အသက် ၁လ – ၁၂လ : ဆေးရည် ၂၀၀၀၀၀ယူနစ်ကို တနေ့လျှင် ၄ကြိမ်။

အသက် ၁နှစ် – ၁၈နှစ် : ငုံဆေးပြား တပြားမှ နှစ်ပြား (၂၀၀၀၀၀ – ၄၀၀၀၀၀ ယူနစ်) ကို တနေ့လျှင် ၄- ၅ ကြိမ်ငုံရန်။ သို့မဟုတ် ဆေးရည် ၅၀၀၀၀၀ – ၁၀၀၀၀၀၀ ယူနစ်ပမာဏကို တနေ့လျင် ၄ကြိမ် အသုံးပြုပါ။

Nystatin (နစ်စ်တက်တင်) ကိုဘယ်လိုရရှိနိုင်သလဲ

Nystatin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ငုံရန်ဆေးရည် : 100000[USP” U]/15ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nystatin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 15, 2017