Noscapine (နိုစ်ကပင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Noscapine (နိုစ်ကပင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Noscapine (နိုစ်ကပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Noscapine ကို ချောင်းခြောက်ဆိုးခြင်း၊ဆီးကျိတ်ကင်ဆာ၊လေဖြတ်ခြင်း နဲ့ အခြားသော အခြေအနေတွေကို ကုသဖို့ အများဆုံး အသုံးပြုလေ့ရှိပါတယ်။Noscapine ဟာ ဦးနှောက်ပေါ်တိုက်ရိုက်အာနိသင် သက်ရောက်ခြင်းအားဖြင့် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

Noscapine (နိုစ်ကပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးပုံစံအဖြစ် သုံးစွဲမယ်ဆိုရင်

  • noscapine ကို ဆရာဝန်ညွှန်ကြားတဲ့ ပမာဏ၊အကြိမ်ရေအတိုင်း တိကျစွာ လိုက်နာသောက်သုံးရပါမယ်။
  • ဆေးကို မသုံးစွဲမီ ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။

မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို မေးမြန်းပါ။

Noscapine (နိုစ်ကပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Noscapine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ noscapine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ noscapine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Noscapine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Noscapine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Noscapine (နိုစ်ကပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Noscapine ကိုမသောက်သုံးခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။

  • noscapine ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း။
  • အခြားသော ဆေးများ၊အစားအစာများ၊ဆိုးဆေးများ၊တာရှည်ခံအောင် အသုံးပြုရသော ဓါတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း။

အခြားသော ကျန်းမာရေးပြဿနာများကြောင့် noscapine နဲ့ ဓါတ်ပြုနိုင်မယ့် ဆေးဝါးတွေကို သုံးစွဲနေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Noscapine (နိုစ်ကပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Noscapine (နိုစ်ကပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးတွေလိုပဲ Noscapine ဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေဟာ ဖြစ်ခဲပြီး အထူးတလည်ကုသမှုပေးဖို့လည်း လိုအပ်လေ့ မရှိပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီးလို့ ပြဿနာတစုံတရာ ပေါ်ပေါက်လာတာနဲ့ ဆရာဝန်ကို အမြန်အသိပေးဖို့ လိုအပ်ပါတယ်။ အချို့သော ဘေးထွက်ဆိုးကျိုးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • ခေါင်းကိုက်ခြင်း။
  • ခန္ဓါကိုယ်အစိတ်အပိုင်းများနဲ့ ဦးနှောက်အာရုံကြောစနစ်တို့အကြား အတူတကွ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စွမ်း ပျက်ယွင်းခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • နှလုံးခုန်နှုန်းမြန်ခြင်း။
  • ထင်ယောင်ထင်မှားများ ဖြစ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Noscapine (နိုစ်ကပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Noscapine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အဆိုပါဆေးတွေကတော့

  • အိပ်ဆေးများ။
  • Monoamine oxidase inhibitors အမျိုးအစား ဆေးများ။
  • Warfarin ကဲ့သို့သော သွေးကျဲဆေးများ ဖြစ်ကြပါတယ်။

အစားအသောက်တွေနဲ့ အရက်က Noscapine (နိုစ်ကပင်း) နဲ့ ဓါတ်ပြုနိုင်သလား

Noscapine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Noscapine (နိုစ်ကပင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Noscapine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Noscapine (နိုစ်ကပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်သုံးရမယ့် ဆေးပမာဏကို အတိအကျ သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။

အရွယ်ရောက်ပြီးသူတွေအတွက် သတ်မှတ်ထားတဲ့ ပမာဏက တနေ့ကို ၁၅ – ၃၀ မီလီဂရမ် ဖြစ်ပါတယ်။

ကလေးတွေအတွက် Noscapine (နိုစ်ကပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်သုံးရမယ့် ဆေးပမာဏကို အတိအကျ သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။

အချို့သော အခြေအနေတွေမှာ သုံးစွဲရမယ့် ကလေးတွေအတွက် သတ်မှတ်ထားတဲ့ ပမာဏက တနေ့ကို ၇.၅ မီလီဂရမ် ဖြစ်ပါတယ်။

Noscapine (နိုစ်ကပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

noscapine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား ၁၅မီလီဂရမ်၊ ၂၅ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Noscapine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 11, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။