Generic Name: Nizoral Cream® (နီဇိုရယ် ခရင်မ်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Nizoral cream 2% ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Nizoral cream 2% တွင် ketoconazole ဟုခေါ်သော မှိုသတ်ဆေးပါဝင်ပြီး အများဆုံးအသုံးပြုကြသည်မှာ အရေပြားမှိုသတ်ဆေးအနေဖြင့် သဲဝဲစားခြင်း၊ ပွေး နှင့် seborrhea မည်သော အသားခြောက်၍ ကွာကျသောရောဂါ တွင်အသုံးပြုကြသည်။

 

Nizoral cream 2% ကို ဘယ်လိုအသုံးပြုသင့်ပါသလဲ။

• ဆရာဝန်ညွှန်ကြားသည့်အချိုးအစားနှင့် အချိန်အတိုင်း လိမ်းရပါမည်။
• ဆရာဝန်မပြဘဲ ketoconazole ကိုမိမိသဘော နှင့်အရေပြားရောဂါတိုင်းတွင် ကုသခြင်းမပြုပါနှင့်။
• Nizoral cream ကို မသုံးခင်နှင့် သုံးပြီးတွင်လက်ဆေးပါ။
• အရေပြားရောဂါဖြစ်သောနေရာကို သန့်စင်ပြီးခြောက် သွေ့အောင်ထားပါ။ ညွှန်ကြားထားသည့်အတိုင်း အရေပြားပေါ်တွင် ပါးပါးလေးလိမ်းပါ။ ၂ပတ် မှ ၄ပတ်အထိ အသုံးပြုနိုင်ပါ သည်။
• nizoral cream ကိုလိမ်းပြီး အနည်းဆုံး မိနစ် ၂၀ နေမှ အလှကုန် (သို့) နေလောင်ခံခရင်မ်လိမ်းပါ။ ဆေးလိမ်းပြီး ၃နာရီအတွင်း အရေပြားကို ရေနှင့်မဆေးပါနှင့်။
• ဆရာဝန်မညွှန်ကြားဘဲနှင့် ဆေးလိမ်းထားသောနေရာကို စည်းခြင်း အ၀တ်ဖြင့်အုပ်ခြင်း မလုပ်ပါနှင့်။
• မျက်လုံး၊ နှာခေါင်း၊ ခံတွင်း နှင့် နှုတ်ခမ်း များတွင် လိမ်းခြင်း ကို ရှောင်ကြဉ်ပါ။ ထိုနေရာများကို ထိမိပါက ရေနှင့်ချက်ချင်းဆေးပါ။
• ဆေးမလိမ်းမီ အညွှန်းစာကိုသေချာစွာဖတ်ပါ။
• သင်မရှင်းတာရှိသော်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါ သည်။

သိမ်းဆည်းနည်း

Nizoral cream 2% ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။

Nizoral cream 2% ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်း ဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nizoral cream 2% ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်း ဆည်းတာတွေမပြုလုပ်ပါနဲ့။ Nizoral cream 2% ဆေးအမျိုးအ စားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်း ဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံ မှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေး တာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲ လုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေး တွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Nizoral cream 2% ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက် တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါ တွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေး ၀ါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Nizoral cream 2% ကို အသုံးမပြုခင်မှာ ဘယ်အချက်အလက် တွေကို သိထားသင့်သလဲ။

သင့်တွင်အောက်ပါအခြေအနေများရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပါ။
• Nizoral cream 2% တွင်ပါဝင်သောပစ္စည်းများနှင့် ဓာတ် မတည့်သောသူ
• အခြားဆေးဝါး၊ အစားအစာ၊ ဆိုးဆေး နှင့် တိရစ္ဆာန် အမွှေးအမျှင်များနှင့် ဓာတ်မတည့်သောသူ
• ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ
• တချို့သောကျန်းမာရေး အခြေအနေ များသည် Nizoral cream 2% ဆေးနှင့် ဓာတ်ပြုနိုင်သောကြောင့် ဆရာဝန်ကို ပြောပြပါ။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ အသုံးပြုဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန် တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက် သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ် ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင် များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ

Nizoral cream 2% က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Nizoral cream 2%ကို လိမ်းပါက ဆိုးကျိုးများ ရှိနိုင်သော်လည်း အများစုမှာ ကုသမှုမလိုအပ်ပါ။ သို့သော်လည်း သင့်တွင်ပြဿနာတစုံတရာ ရှိလာလျှင် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါသည်။ ဖြစ်နိုင်သော ဆိုးကျိုးအချို့ကို အောက်တွင် ဖော်ပြထားပါသည်။

• ဆေးလိမ်းသောနေရာတွင် ယားယံခြင်း၊ လောင်ခြင်း၊ နီခြင်း၊ နာခြင်း
• ဦးရေပြား အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ် ခြင်း
• မျက်စိနီခြင်း၊ ရောင်ရမ်းခြင်း
• အရေပြားခြောက်သွေ့ခြင်း
• ခေါင်းကိုက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ် ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုး ကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင် ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင် ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Nizoral cream 2% နဲ့ ဓာတ်ပြုမှုတွေဖြစ် နိုင်သလဲ။

Nizoral cream 2% ဟာ သင်အခုလောလောဆယ်သောက်သုံး နေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါး တွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာ နိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါး ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အ ခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံး နေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါ တယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြ ပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

  အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Nizoral cream 2% နဲ့ ဓာတ်ပြုနိုင်ပါသလား။

Nizoral cream 2% က အစားအသောက် ဒါမှမဟုတ် အရက်သေ စာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါ တယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစား အသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်း တိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Nizoral cream 2% နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Nizoral cream 2% ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေ များနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာ ရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက် ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးကိုအ သုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူ နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
 အရွယ်ရောက်ပြီးသူတွေမှာ Nizoral cream 2% ကို အသုံးပြုရမယ့်အချိုးအစားက ဘယ်လောက်လဲ။

လိမ်းရန်ဆေးအချိုးအစားကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွှေးပါ။

သတ်မှတ်ထားသောဆေးအချိုးအစားများကို အောက်တွင်ဖော်ပြ ထားပါသည်။

Tinea pedis (ပွေး) ။ ဆေးကိုရောဂါ ဖြစ်သောနေရာတွင် တစ်ရက် ၂ ကြိမ်ကို တစ်ပတ်လိမ်းပါ။ ပို၍ဆိုးသော အခြေအနေများတွင် နောက် တစ်ခါမဖြစ်အောင် လက္ခဏာပျောက်ပြီး ရက်အနည်းငယ်ထိ လိမ်းရန် လိုအပ်ပါသည်။

ပွေး မဟုတ်သောအခြား အရေပြားရောဂါများတွင် ဆေးကို တစ်ရက် လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် ကို လက္ခဏာပျောက်ပြီး ရက်အနည်းငယ် ကြာသည်အထိလိမ်းသင့်ပါသည်။

ညှင်းအရေပြားရောဂါတွင် ၂ ပတ် မှ ၃ ပတ် ထိလိမ်းရပါသည်။ ၄ပတ်လိမ်း၍မှ မသက်သာလျှင် အခြားအရေပြားရောဂါများက စဉ်းစားသင့်ပါသည်။ အရေပြားရောဂါကူးစက်ခြင်းကို ကာကွယ်ရန် တစ်ကိုယ်ရည်သန့်ရှင်း ရေးကို ဂရုစိုက်လုပ်သင့်ပါသည်။

Seborrhoeic dermatitis ဟူသော အရေပြားကွာကျသောရောဂါ သည် ရက်ကြာရှည်တတ်ပြီး ပျောက်ပြီးပြန်ဖြစ်နှုန်းလည်းများ ပါသည်။

ကလေးငယ်တွေမှာ Nizoral cream 2% ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

သင့်ကလေးငယ်အတွက် အသုံးပြုရန် စိတ်ချရမှု ရှိချင်မှရှိနိုင်ပါလိမ့် မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှု အနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အ လက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nizoral cream 2% ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ ရရှိနိုင်မလဲ။

Nizoral cream 2% ကို cream 2 % ၃၀ ဂရမ် ညှစ်ဆေးဘူးပုံစံ များနှင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏ လွန်သွားတဲ့အခြေအနေ တွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ မှုခံယူပါ။

 ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Nizoral cream 2% ကို အသုံးပြုဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့သော်လည်း နောက်တစ် ကြိမ်လိမ်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ လိမ်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း
ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း