Nimotop (နီမိုတော့ပ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Nimotop (နီမိုတော့ပ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Nimotop (နီမိုတော့ပ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nimotop မှာ Nimodipime လို့ခေါ်တဲ့ ပါဝင်ပစ္စည်းပါဝင်ပြီး အပေါ်ကနေ ဆေးနဲ့အုပ်ထားတဲ့ ဆေးပြားတစ်မျိုးဖြစ်တယ်။ Nimodipime က ကယ်ဆီရမ်လမ်းကြောင်းကို ပိတ်တဲ့ဆေးဖြစ်ပြီး ဦးနှောက်အပြင်ဘက်တွင် သွေးယိုစိမ့်မှုဖြစ်ပြီးနောက် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေပြောင်းလဲတာကို ကာကွယ်ဖို့ သုံးနိုင်တယ်။

Nimotop (နီမိုတော့ပ်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်ကသောက်သုံးနိုင်တဲ့ ဆေးပြားပုံစံနှင့် ရနိုင်ပါတယ်။

  • ဆေးပြားကို ရေအနည်းငယ်နဲ့ မြိုချနိုင်ပြီး သောက်ရမယ့် ပမာဏနှင့် အချိန်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။
  • ဆေးမသောက်မီ အညွှန်းကိုသေချာဖတ်ပါ။
  • ဆေးအညွှန်းနဲ့ ပတ်သတ်ပြီး သေချာနားမလည်ပါက ပြည့်စုံသော သတင်းအချက်အလက်ရရန် ဆရာဝန်နှင့် မေးမြန်းပါ။

Nimotop (နီမိုတော့ပ်) ဘယ်လိုသိမ်းဆည်းရမလဲ

Nimotop ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။

သိမ်းရမယ့်နေရာတွေမတူတဲ့ Nimotop ဆေးအမျိုးပေါင်းများစွ ာရှိနေနိုင်ပါတယ်။ သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။

ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nimotop (နီမိုတော့ပ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nimotop ဆေးကိုမသုံးမီ ဒီအခြေနေတွေရှိပါက ဆရာဝန်ကို ပြောထားသင့်ပါတယ်။

  • အရင်က Nimotop ပါသောဆေးသုံးထားပြီး Nimotop နဲ့ဓါတ်မတည့်ခြင်း။ ဒီအချက်ကို လက်ကမ်းစာစောင်မှာ အသေးစိတ်ရေးထားပါတယ်။
  • တခြားဆေးများ၊ အစားအသောက်များ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ နှင့် တိရစ္ဆာန်များ။
  • ကလေးများ
  • သက်ကြီးရွယ်အိုများ
  • တခြားကျန်းမာရေးပြဿနာများနှင့် Nimotop နဲ့ဓါတ်ပြုတဲ့ အောက်ပါဆေးဝါးများ

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nimotop (နီမိုတော့ပ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်မှာ Nimotopဆေးသောက်တာနဲ့ ပတ်သတ်ပြီး လုပ်ထားတဲ့ လုံလောက်တဲ့လေ့လာမှုမရှိပါဘူး။ သင်ဟာ ကိုယ်ဝန်ဆောင်နေလျှင် သို့မဟုတ် ကလေးယူရန်အစီစဉ်ရှိလျှင် ဆေးမသောက်ခင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။

ဆေးမသောက်ခင် ဆေးရဲ့ ကောင်းကျိုးနဲ့ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကို ယှဉ်ကြည့်ရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ ဆရာဝန်ညွှန်ကြားချက်ကို အတိအကျလိုက်နာပါ။ Nimotop ဆေးသောက်နေချိန် နို့မတိုက်ဖို့ အရေးကြီးပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Nimotop (နီမိုတော့ပ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ Nimotop ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။

တချို့သောဘေးထွက်ဆိုးကျိုးများကို ဖော်ပြထားပါတယ်။

  • ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာများ-ဥပမာ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း ယောင်ယမ်းခြင်း၊ အသက်ရှူရခက်ခြင်း၊ အင်ပြင်ထခြင်း၊ ယားယံခြင်း၊ ပျို့အန်ခြင်း။
  • သွေးပေါင်ကျခြင်း (မူးဝေခြင်းဖြစ်စေနိုင်)
  • နှလုံးခုန်နှေးခြင်း
  • သွေးဥမွှားများနည်းသွားသည့်အတွက် အလွယ်တကူ သွေးခြေဥလွယ်ခြင်း နှင့် သွေးထွက်လွယ်ခြင်း။
  • အနီစက်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်နှာနီခြင်း၊ ချွေးထွက်ခြင်း၊ ပူနွေးလာသလို ခံစားရခြင်း၊ နေလို့မကောင်းခြင်း(အော်ကလီဆန်ခြင်း)
  • ဝမ်းချုပ်ခြင်း( အူများလှုပ်ရှားမှုမရှိခြင်း) နှင့် အသည်းရှိအင်ဇိုင်များ တက်လာနေခြင်း( သွေးစစ်ခြင်းဖြင့် သိနိုင်)

ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းမခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ အချက်တွေလည်း ရှိနေနိုင်သေးတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nimotop (နီမိုတော့ပ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Feldene ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။

သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။

  • သွေးပေါင်ကျဆေးများ( Nifedipine, diltiazem, verapamil, alpha-methyldopa, alpha- blockers or beta-blockers)
  • အနာကျက်ဆေးများ (cimetidineor ananti-epilepsydrug calledsodium valproate)
  • စိတ်ကျရောဂါပျောက်ဆေးများ (fluoxetine or nefazodone)
  • HIV အတွက်သောက်သောဆေး(zidovudine(AZT);)
  • HIV အတွက်သောက်သောဆေး(indinavir, ritonavir, nelfinavir or saquinavir;)
  • ပိုးသတ်ဆေး (erythromycin) သို့မဟုတ် မှိုသတ်ဆေး(ketoconazole, itraconazole or fluconazole; erythromycin)
  • ပိုးသတ်ဆေး (quinupristin / dalfopristin)

အစားအသောက်တွေနဲ့ အရက်က Nimotop (နီမိုတော့ပ်) နဲ့ ဓါတ်ပြုနိုင်သလား

Nimotop ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။

  • ဂရိတ်ဖရုသီး

ဘယ်ရောဂါအခြေအနေတွေက Nimotop (နီမိုတော့ပ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Nimotop ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာ( အထူးသဖြင့် အသည်းရောဂါ၊ နှလုံးရောဂါ( ဥပမာ- နှလုံးခုန်နှေးခြင်း)၊ သွေးပေါက်ကျခြင်း၊ အဆုတ်အတွင်း အရည်များရှိခြင်း၊ နှလုံးတိုက်ခိုက်ခံရဖူးခြင်း) ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nimotop (နီမိုတော့ပ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးသောက်ဖို့ လိုတဲ့ပမာဏကိုသိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

သောက်နိုင်တဲ့ ပမာဏမှာ တချို့ရောဂါများတွင် တခါသောက် ဆေးပြား၂ပြားကို ၄နာရီခြားတစ်ခါသောက်သင့်ပါတယ်။ တနေ့ကို ၁၂ပြား ( ၃၆၀မီလီဂရမ်)ထက်မပိုရပါဘူး။ ဆေးကို ၂၁ရက်ကြာတဲ့အထိ သောက်သင့်ပါတယ်။

ကလေးတွေအတွက် Nimotop (နီမိုတော့ပ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေသုံးနိုင်တဲ့ ပမာဏကို ဖော်ပြထားတာမရှိပါဘူး။ ကလေးတွေသုံးဖို့ စိတ်မချရပါဘူး။ ဆေးကို မသုံးခင် ဘေးကင်းဖို့ကို သေချာ သတိထားရပါမယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

Nimotop (နီမိုတော့ပ်) ကိုဘယ်လိုရရှိနိုင်သလဲ

Nimotopကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။

  • သောက်ဆေးပြား, ၃၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂လုံးဆက် မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 28, 2017