Generic Name: Nifedipine (နစ်ဖီဒပင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Nifedipine (နစ်ဖီဒပင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Nifedipine ကို အချို့သော ရင်ဘတ်အောင့်ခြင်းများကို ကာကွယ်ရန် အသုံးပြုပါသည်။၎င်းသည် သင်အချိန်ကြာကြာပို၍ ကိုယ်လက်လှုပ်ရှားမှု လုပ်နိုင်ရန် အားပေးကူညီပေးသည့်အပြင် ရင်ဘတ်အောင့်ခြင်း အကြိမ်ရေနည်းသွားအောင်လည်း ပြုလုပ်ပေးသည်။Nifedipine သည် Calcium Channel Blocker တမျိုးဖြစ်သည်။ ၄င်းသည် သွေးကြောများကို ဖြေလျှော့စေခြင်းအားဖြင့် သွေးအသွားအလာကောင်းစေကာ သွေးပေါင်ကို ကျစေသည်။ Nifedipine သည် ရင်ဘတ်အောင့်ပါမှ ထသောက်ရသည့် ဆေးမျိုးမဟုတ်ချေ။ရုတ်တရက် ရင်ဘတ်အောင့်ခြင်းကို သက်သာစေရန် သင့်ဆရာဝန် ညွှန်ကြားသည့် အတိုင်း အခြားဆေးဝါးများ (ဥပမာ။      ။လျှာအောက်တွင် ငုံရသော nitroglycerin ဆေးပြား) ကို အသုံးပြုရန် လိုအပ်သည်။အသေးစိတ်သိရှိရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်နှင့် တိုင်ပင်ပါ။

အသက်ကြီးသူများတွင် ဆေး၏ ကောင်းကျိုးဆိုးပြစ်တို့ကို သေချာစွာချိန်ဆနိုင်ရန်နှင့် ပိုမိုစိတ်ချရသည့် Nifedipine ပုံစံများ (ဥပမာ။    ။ကြာရှည်အာနိသင်ပြသော ဆေးပြားများ)ကို ရွေးချယ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အခြားအသုံးပြုမှုများ။   ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Nifedipine ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

-သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာ တမျိုးဖြစ်သည့် Raynaud’s Syndrome ကို ကုသရာတွင်လည်း Nifedipine ကို အသုံးပြုနိုင်သည်။

Nifedipine (နစ်ဖီဒပင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Nifedipine ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တနေ့လျင် ၃ကြိမ်  သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ဆေးပြားကို မခြမ်းပါနှင့်၊ဝါးမစားပါနှင့်၊ချေမပစ်ပါနှင့်။ဆေးတစ်လုံး လုံးကို ရေတစ်ဖန်ခွက်အပြည့်ဖြင့် သောက်ချပါ။ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။သင့်ဆရာဝန်သည် ဆေးပမာဏကို လိုအပ်သလို ဖြည်းဖြည်းချင်း တိုးမြှင့်သွားပါလိမ့်မည်။ဆရာဝန်၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပါ။ဂရိတ်ဖရုသီးသည် သွေးအတွင်းရှိ အချို့သောဆေးများ၏ ပမာဏကို များပြားစေသဖြင့် ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်း မရှိလျှင် ဤဆေးသုံးစွဲနေစဉ်ကာလတလျှောက် ဂရိတ်ဖရုသီးစားခြင်း သို့မဟုတ် ဂရိတ်ဖရုဖျော်ရည်သောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။အသေးစိတ်သိရှိလိုသည်များကို ဆရာဝန်အား မေးမြန်းနိုင်ပါသည်။ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ (ဥပမာ။     ။ ရင်ဘတ်အောင့်သည့် အကြိမ်ရေ စိတ်လာခြင်း သို့မဟုတ် ပိုဆိုးလာခြင်း) ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။

Nifedipine (နစ်ဖီဒပင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Nifedipine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nifedipine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Nifedipine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Nifedipine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Nifedipine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nifedipine (နစ်ဖီဒပင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nifedipine ကို အသုံးမပြုမီ

-Nifedipine သို့မဟုတ် အခြားသော ဆေးဝါးများ သို့မဟုတ် Nifedipine တွင်ပါဝင်သောပစ္စည်းများ တခုခုနှင့် ဓာတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။Nifedipine ၏ ပါဝင်ပစ္စည်းများကို သိရှိနိုင်စေရန် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်အား မေးမြန်းပါ။

-သင်လက်ရှိသောက်သုံးနေသော သို့မဟုတ် သောက်သုံးရန်အစီအစဉ်ရှိသော ဆေးများအားလုံး  (ဆရာဝန်ညွှန်ကြားသောဆေး၊မိမိဖာသာ သောက်သုံးသောဆေး၊ဗီတာမင်အားဆေးများ၊ဖြည့်စွက်စာများအားလုံးပါဝင်သည်)ကို ဆရာဝန်အား အသိပေးပါ။အောက်ပါဆေးများ သုံးစွဲနေပါက ဆရာဝန်အား မမေ့မလျော့ပြောပြပါ။

acarbose (Prandase, Precose);

anticoagulants ('blood thinners') such as warfarin (Coumadin, Jantoven);

antifungals such as fluconazole (Diflucan), itraconazole (Sporanox), and

ketoconazole (Nizoral); beta blockers such as atenolol (Tenormin), labetalol

(Trandate), metoprolol (Lopressor, Toprol XL), nadolol (Corgard),

propranolol (Inderal), and timolol (Blocadren); carbamazepine (Carbatrol,

Epitol, Tegretol); cimetidine (Tagamet); digoxin (Lanoxin, Lanoxicaps);

diltiazem (Cardizem); doxazosin (Cardura); erythromycin (E.E.S., E-Mycin,

Erythrocin); fentanyl (Actiq, Duragesic, Fentora, Sublimaze); flecainide

(Tambocor); HIV protease inhibitors including amprenavir (Agenerase),

atazanavir (Reyataz), delavirdine (Rescriptor), fosamprenavir (Lexiva),

indinavir (Crixivan), nelfinavir (Viracept), and ritonavir (Norvir, in Kaletra);

metformin (Glucophage); nefazodone; phenobarbital (Luminal); phenytoin

(Dilantin, Diphenylan Sodium); quinidine (Quinidex); quinupristin and

dalfopristin (Synercid); rifampin (Rifadin, in Rifamate, in Rifater, Rimactane);

rifapentine (Priftin); tacrolimus (Prograf); valproic acid (Depakene,

Depakote); and verapamil (Calan, Covera, Isoptin, Verelan).

သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများ ပြုလုပ်ရပါမည်။

-သင့်အနေဖြင့် သဘာဝဆေးဖက်ဝင်ပစ္စည်းများ (အထူးသဖြင့် St.John’s wort)ကို အသုံးပြုနေပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။

-သင့်အစာခြေလမ်းကြောင်း ကျဉ်းခြင်း သို့မဟုတ် ပိတ်ခြင်းများဖြစ်ဖူးပါက သို့မဟုတ် သင့်အစာခြေလမ်းကြောင်းအတွင်း အစာများ ရွေ့လျားမှု နှေးကွေးစေမည့် အခြေအနေတခုခုရှိပါက သို့မဟုတ် နှလုံး၊ကျောက်ကပ် ၊အသည်းရောဂါ တခုခုရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။

-ကိုယ်ဝန်ရှိနေလျှင် ၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုတင်ပြောပြပါ။

-အကယ်၍သင့်အသက်သည် ၆၅နှစ်အထက်ရှိပြီဆိုပါက Nifedipine ဆေးတောင့်ကို သောက်သုံးရန် စိတ်ချရမှုရှိမရှိ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အခြားသော အာနိသင်တူသည့် ဆေးများကဲ့သို့ လုံခြုံစိတ်ချရမှု မရှိသဖြင့် Nifedipineဆေးတောင့်များကို အသက်ကြီးသူများတွင် မသုံးစွဲသင့်ပါ။

-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက Olanzapine သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

-အရက်သောက်ခြင်းသည် ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုဆိုးရွားစေသဖြင့်  သင်အရက်သောက်တတ်ပါက ဆရာဝန်ကို ကြိုပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nifedipine (နစ်ဖီဒပင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Nifedipine (နစ်ဖီဒပင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Nifedipine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ရင်ဘတ်အောင့်ဝေဒနာ ပိုဆိုးလာခြင်း။

-ဝမ်းအလွန်ချုပ်ခြင်း၊ဗိုက်ရစ်နာခြင်း၊ဗိုက်အလွန်အောင့်/နာခြင်း၊ရင်ပူခြင်း၊ချောင်းဆိုးသွေးပါခြင်း။

-မေ့လဲသွားတော့မည်ဟု ခံစားရခြင်း။

-အသက်ရှုမဝခြင်း၊ခြေလက်တို့ ဖောယောင်ခြင်း။

-နှလုံးခုန်မြန်ခြင်း သို့မဟုတ် တဒိုင်းဒိုင်းခုန်နေခြင်း။

-ထုံနာကျဉ်နာဖြစ်ခြင်း။

-မျက်စိ သို့မဟုတ် အသားဝါခြင်း။

-ရင်ဘတ်အောင့်ခြင်း၊ ၎င်းသည် လက်မောင်း သို့မဟုတ် ပုခုံးသို့ ပျံ့နှံ့သွားခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ချွေးပျံခြင်း၊နေရထိုင်ရ မကောင်းခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း။

-မူးဝေထိုင်းမှိုင်းငိုက်မျဉ်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

-ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း၊ အနည်းငယ်ဝမ်းချုပ်ခြင်း သို့မဟုတ် ဗိုက်နာခြင်း။

-အိပ်မပျော်ခြင်း။

-အဆစ်အမြစ်များနာခြင်း၊ခြေထောက်ကြွက်သားများ နာခြင်း။

-ပူနွေးလာခြင်း၊ယားယံခြင်း၊နီရဲလာခြင်း သို့မဟုတ်  အရေပြားအောက်တွင် ပုရွတ်ဆိတ်များပြေးနေသယောင် ရွစိရွစိ ဖြစ်လာခြင်း။

-ပုံမှန်ထက် ဆီးအသွားများခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Nifedipine (နစ်ဖီဒပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Nifedipine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

သင်လက်ရှိသောက်သုံးနေသော သို့မဟုတ် သောက်သုံးရန်အစီအစဉ်ရှိသော ဆေးများအားလုံး  (ဆရာဝန်ညွှန်ကြားသောဆေး၊မိမိဖာသာ သောက်သုံးသောဆေး၊ဗီတာမင်အားဆေးများ၊ဖြည့်စွက်စာများအားလုံးပါဝင်သည်)ကို ဆရာဝန်အား အသိပေးပါ။ အထူးသဖြင့် phenytoin ,quinidine, tacrolimus

အချို့ဆေးများသည် ခန္တာကိုယ်မှ Nifedipine ကိုစွန့်ပစ်ခြင်းအား နှောင့်ယှက်ခြင်းဖြင့် Nifedipine ၏ အာနိသင်အပေါ် အကျိုးသက်ရောက်မှုရှိစေသည်။ဥပမာ။  cimetidine, azole antifungals (asitraconazole), macrolide antibiotics (erythromycin), rifamycins (asrifabutin), St. John’s wort, အတက်ရောဂါတွင် အသုံးပြုသော ဆေးများ (carbamazepine),

သင်အသုံးပြုသော ဆေးများအားလုံး (အထူးသဖြင့် နှာစေးချောင်းဆိုးပျောက်ဆေးများ၊အဟာရဖြည့်စွက်အားဆေးများ)၏ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။အဘယ့်ကြောင့်ဆိုသော် အဆိုပါဆေးများတွင် နှလုံးခုန်နှုန်းကို မြန်စေပြီး ရင်ဘတ်အောင့်ခြင်းကို ပိုဆိုးစေမည့် ပါဝင်ပစ္စည်းများ ပါဝင်လာနိုင်သောကြောင့်ဖြစ်ပါသည်။အဆိုပါ ဆေးများကို စိတ်ချစွာ သုံးစွဲနိုင်စေရေးအတွက် ဆရာဝန်ကို မေးမြန်းပါ။

အစာအိမ်တွင်း အက်ဆစ်ဓာတ်များခြင်းအတွက် အသုံးပြုသော cimetidine သည် Nifedipine နှင့် ဓာတ်ပြုနိုင်သဖြင့် ထိုဆေးကို မသုံးစွဲဘဲ အခြားဆေးများကို သုံးစွဲရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

အစားအသောက်တွေနဲ့ အရက်က Nifedipine (နစ်ဖီဒပင်း) နဲ့ ဓာတ်ပြုနိုင်သလား

Nifedipine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nifedipine (နစ်ဖီဒပင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Nifedipine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-နှလုံးအဆို့ရှင်တခု ကျဉ်းခြင်း။

-ပြင်းထန်သော အူပတ်ခြင်း။

-နှလုံးအလုပ်မလုပ်တော့ခြင်း။

-နှလုံးသွေးကြောရောဂါ။

-ရုတ်တရပ် နှလုံးရပ်ခြင်း။

-သွေးပေါင်ကျခြင်း ——-> ဘေးထွက်ဆိုးကျိုးများကို ပိုလာနိုင်စေသဖြင့် သတိထားသုံးပါ။

-နှလုံးကြောင့် ရှော့ခ်ရခြင်း ——–> ဤ အခြေအနေတွင် Nifedipine ကို မသုံးသင့်ပါ။

-ရှားပါးသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်သည့် Galactose intolerance ရောဂါ။

-ရှားပါးသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်သည့် Glucose-galactose malabsorption ရောဂါ။

-ရှားပါးသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်သည့် Lapp lactase deficiency ရောဂါ  ——> ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြားများတွင် lactose (နို့မှရသော သကြားဓာတ်)ပါဝင်သဖြင့် ဤရောဂါရှိသော လူနာများတွင် Nifedipine ကို မသုံးသင့်ပါ။

-ကျောက်ကပ်ရောဂါ

-အသည်းရောဂါ(အသည်းခြောက်ခြင်း အပါအဝင်) ———> သတိဖြင့်အသုံးပြုပါ။ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nifedipine (နစ်ဖီဒပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Nifedipine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးတိုးရောဂါအတွက်

– ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြားများ : ၃၀ – ၆၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

တစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါ ဆေးပမာဏကို တိုးနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကြိုတင်ကာကွယ်ရန်

– ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြားများ : ၃၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

-ချက်ချင်းအာနိသင်သက်ရောက်သည့် ဆေးပြားများ : ၁၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်သောက်ရမည်။

ရင်ဘတ်အောင့်ခြင်းကို ကြိုတင်ကာကွယ်ရန်

ကနဦးဆေးပမာဏ :

– ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြားများ : ၃၀ – ၆၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

-ချက်ချင်းအာနိသင်သက်ရောက်သည့် ဆေးပြားများ : ၁၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်သောက်ရမည်။

ဆက်လက်သောက်သုံးရန် ပမာဏ :

-ချက်ချင်းအာနိသင်သက်ရောက်သည့် ဆေးပြားများ : ၁၀ – ၃၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ် မှ လေးကြိမ်သောက်ရမည်။

Congestive heart failure အတွက် :

ကနဦးဆေးပမာဏ :

-Procardia XL (R) : ၃၀ – ၆၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

-Adalat (R) CC : ၃၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်သောက်ရမည်။

လမစေ့ဘဲ မီးဖွားခြင်းကို ကာကွယ်ရန်အတွက် :

အချို့သော လေ့လာမှုများအရ Nifedipine တွင် သားအိမ်ညှစ်ခြင်းကို လျော့နည်းစေသော ဂုဏ်သတ္တိရှိကြောင်း သိရှိရပါသည်။အဆိုပါ လေ့လာမှုများတွင် ကနဦးဆေးပမာဏအဖြစ်  ၁၀ – ၄၀ မီလီဂရမ်ကို တကြိမ်အသုံးပြုပါသည်။ထို့နောက် လိုအပ်လျှင် လိုအပ်သလို (ဆေးဒါဏ်ခံနိုင်သလောက်) ၁၀ – ၂၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြားတခါ တိုးပေးပါသည်။

ကလေးတွေအတွက် Nifedipine (နစ်ဖီဒပင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

 

သွေးပေါင်ချိန် အလွန်မြင့်တက်ခြင်းအတွက်

-ချက်ချင်းအာနိသင်သက်ရောက်သည့် ဆေးပြားများ : 0.25 – 0.5 mg/kg/dose ( အများဆုံး 10mg/dose အထိပေးနိုင်သည်)။လိုအပ်လျှင်  ၄နာရီခြား သို့မဟုတ် ၆နာရီခြားတခါ ထပ်ပေးနိုင်သည်။

-အများဆုံးပေးနိုင်သော ပမာဏ ——> 1 – 2 mg/kg/day

 

သွေးတိုးရောဂါအတွက်

– ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြားများ : 0.25 – 5mg/kg/day ကို တကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲပေးနိုင်သည်။ဆေးအာနိသင်ပြမှုအပေါ် မူတည်ပြီး ဆေးပမာဏကို ချိန်ဆနိုင်သည်။

-အများဆုံးပေးနိုင်သော ပမာဏ : 3mg/kg/day ကို တနေ့လျှင် ၁၂၀မီလီဂရမ် ပမာဏရောက်သည်အထိ ပေးနိုင်သည်။ (အချို့က ၁၈၀မီလီဂရမ် အထိ ပေးနိုင်သည် ဟုဆိုသည်)

Hypertrophic Cardiomyopathy ဟုခေါ်သော နှလုံးကြွက်သား ရောဂါတမျိုးအတွက်

– 0.6 – 0.9 mg/kg/24 hours ကို ၃ကြိမ် သို့မဟုတ် ၄ကြိမ် ခွဲပေးနိုင်သည်။

Nifedipine (နစ်ဖီဒပင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Nifedipine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ကြာရှည်အာနိသင်သက်ရောက်သည့် ဆေးပြား : ၃၀၊ ၆၀၊ ၉၀ မီလီဂရမ်။

သောက်ဆေးတောင့် : ၁၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးလွန်ခြင်း၏ လက္ခဏာများမှာ

-မူးဝေထိုင်းမှိုင်းခြင်း။

-နှလုံးခုန်မြန်ခြင်း။

-တစ်ကိုယ်လုံးပူနွေးခြင်း။

-ဂဏှာမငြိမ်ဖြစ်ခြင်း။

-ပျို့အန်မအီမသာဖြစ်ခြင်း။

-ခြေလက်တို့ ဖောယောင်ခြင်း။

-အမြင်အာရုံဝေဝါးခြင်း။

-သတိလစ်ခြင်း။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nifedipine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ