backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nexplanon (နတ်စ်ပလာနွန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nexplanon (နတ်စ်ပလာနွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Nexplanon®ကိုသန္ဓေတားဖို့ အသုံးပြုပါတယ်။ Nexplanon®မှာ ပါဝင်တဲ့ Etonogestrelဟာ ဓမ္မတာစက်ဝန်းကာလရဲ့ မျိုးဥကြွေခြင်းကိုတားဆီးပေးပါတယ်။ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကိုလည်းပိုမိုထူပျစ်စေပြီးသုတ်ပိုးတွေကို မျိုးဥဆီရောက်ခြင်းကနေကာကွယ်ပေးပါတယ်။ သားအိမ်ရဲ့နံရံမှာလည်းပြောင်းလဲမှုတွေဖြစ်စေပြီး မျိုးအောင်လာတဲ့ မျိုးဥကိုမကပ်တွယ်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒီပစ္စည်းမှာestrogenဟော်မုန်း မပါဝင်ပါဘူး။

Nexplanon®ကိရိယာကိုသေးငယ်ပါးလျားတဲ့ ပလတ်စတစ်ချောင်းလေးနဲ့ ပြုလုပ်ထားပြီးအရေပြားအောက်ကိုထည့်သွင်းကာ ကိုယ်ဝန်ကို တားဆီးနိုင်ပါတယ်။ အဲဒီပလတ်စတစ်ချောင်းလေးမှာပါတဲ့ Etonogestrelဟာကိုယ်ခန္ဓါအတွင်းကိုတဖြည်းဖြည်းရောက်ရှိသွားစေပါတယ်။ ၃နှစ်လောက်ထိ ကြာအောင် သုံးနိုင်ပါတယ်။

Nexplanon®ကိရိယာဟာကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေမှာအာနိသင်မပြပါဘူး။

Nexplanon (နတ်စ်ပလာနွန်) ဘယ်လိုသောက်သုံးသင့်သလဲ

Nexplanon®ကိုနားလည်တတ်ကျွမ်းသူတွေကပဲအရေပြားအောက်ကိုထည့်သွင်းပေးပါလိမ့်မယ်။

Nexplanon (နတ်စ်ပလာနွန်) ဘယ်လိုသိမ်းဆည်းရမလဲ

Nexplanon®ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Nexplanon®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Nexplanon®ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nexplanon (နတ်စ်ပလာနွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Nexplanon®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • ဆိုးရွားသောကျောက်ကပ်ရောဂါဖြစ်ခြင်း၊ ကျောက်ကပ်ဆေးနေရခြင်း

etonogestrelကိုမသုံးစွဲသင့်တဲ့ အခြေအနေတွေကတော့ ပုံမှန်မဟုတ်ဘဲမိန်းမကိုယ်မှ သွေးဆင်းခြင်း၊ အသည်းရောဂါ၊ အသည်းကင်ဆာ၊ ရင်သားကင်ဆာသားအိမ်ကင်ဆာဖြစ်ဖူးခြင်း၊ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲခြင်း ဖြစ်ဖူးခြင်းစတာတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ထားရင်၊ မကြာသေးမီကမှ ကလေးမွေးထားရင် အသုံးမပြုပါနဲ့။

အသက်၄ပတ်အောက်ငယ်တဲ့ ကလေးကို နို့တိုက်နေရင် မသုံးပါနဲ့။

Etonogestrelကိုအရေပြားထဲထည့်သွင်းခြင်းဟာသွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းစတာတွေကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များရင် ဆေးလိပ်သောက်ရင် ပိုဖြစ်တတ်ပါတယ်။

ဘယ်အချိန်အရေပြားအောက် ထည့်သွင်းမလဲဆိုတာကတော့ အရင်က ကိုယ်ဝန်တားနည်း တမျိုးမျိုးကိုသုံးဖူးသလားဆိုတာပေါ် မူတည်ပါတယ်။

Etonogestrelကိုထုံဆေးသုံးပြိးချိန်မှာအပ်ကနေတဆင့် လက်မောင်းအတွင်းပိုင်းအောက် အရေပြားထဲထည့်သွင်းပါတယ်။ ထည့်သွင်းပြီးချိန်မှာလက်မောင်းကို ပတ်တီး၂ထပ် စည်းထားရပါတယ်။ ပထမတလွှာကို ၂၄နာရီကြာပြီးချိန်မှာ ဖယ်ရှားနိုင်ပါတယ်။ ပတ်တီးအသေးကိုတော့ ၃-၅ရက်လောက် ထားရပါတယ်။ အဲဒီနေရာကိုသန့်ရှင်းခြောက်သွေ့အောင် ထားရပါတယ်။

အဲ့ဒီလိုပစ္စည်းထည့်သွင်းထားတာကိုသိမြင်ခံစားမှု ရှိနေသင့်ပါတယ်။ ပစ္စည်းရှိနောကာင်းမသိတော့ရင် ဆရာဝန်ကို ဖွင့်ပြောပါ။ Etonogestrelဟာထည့်သွင်းထားတဲ့နေရာမှာသုံးနှစ်အထိရှိနေနိုင်ပါတယ်။ မှန်ကန်စွာထည့်သွင်းနိုင်ရင် တခြားသန္ဓေတားစနစ်တွေ ထပ်မံအသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။

Etonogestrelကိုထည့်သွင်းထားချိန်မှာဓမ္မတာပုံမှန်မဟုတ်ခြင်းနဲ့ ကြုံနိုင်ပါတယ်။ ဓမ္မတာများများလာနေရင်၊ အချိန်ကြာနေရင်၊ ဓမ္မတာထိန်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ခွဲစိတ်မှု၊ ရောဂါစမ်းသပ်စစ်ဆေးမှုလုပ်မယ်ဆိုရင်၊ အိပ်ရာပေါ်မှာပဲအနားယူနေရမယ်ဆိုရင် etonogestrelကိုခဏလောက် ဖယ်ထုတ်ထားဖို့ လိုအပ်ပါတယ်။ etonogestrelကိုအရေပြားအောက် ထည့်သွင်းထားတယ်ဆိုရင် မိမိကိုကုသနေတဲ့ ဆရာဝန်တိုင်းကို ပြောပြပါ။

Etonogestrelကိုထည့်ထားပြီး ၃နှစ်ပြည့်ချိန်မှာ ပြန်ထုတ်နိုင်ပါတယ်။ ပစ္စည်းအသစ်ကိုထပ်မံထည့်သွင်းနိုင်ပါတယ်။ ပစ္စည်းကိုဖယ်ထုတ်ပြီးချိန်မှာ ကိုယ်ဝန်ဆောင်နိုင်စွမ်းဟာ မူလအခြေအနေကို မြန်မြန်ပဲ ပြန်ရောက်သွားပါတယ်။ ပစ္စည်းအသစ်မထည့်သွင်းရသေးချိန် ကိုယ်ဝန်မရချင်တဲ့အခါ တခြားကိုယ်ဝန်တားနည်း တမျိုးမျိုးကိုအသုံးပြုနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nexplanon (နတ်စ်ပလာနွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Nexplanon®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Nexplanon®ဆေးဟာအမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် Xရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nexplanon (နတ်စ်ပလာနွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဓမ္မတာမမှန်ခြင်း
  • ဓမ္မတာနည်းခြင်း
  • အစာအိမ်အောင့်ခြင်း
  • ရင်သားများနာကျင်ခြင်း
  • ဝက်ခြံထွက်ခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • မိန်းမကိုယ်ယားယံခြင်း၊ အရည်ဆင်းခြင်း
  • မျက်ကပ်မှန်များဖြင့် ပြသနာဖြစ်ခြင်း

အောက်ပါလက္ခဏာတွေ ကြုံရရင် ဆရာဝန်ချက်ချင်းပြပါ။

  • ပစ္စည်းထည့်ထားသောနေရာတွင် ပူနွေးခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရည်များစီးထွက်ခြင်း
  • ဆီးခုံနေရာတွင် ဆိုးရွားစွာနာကျင်ခြင်း၊ အောင့်ခြင်း
  • ကိုယ်ခန္ဓါတဖက်ခြမ်းတွင် ရုတ်တရက် ထုံပြီးအားနည်းခြင်း၊ ရုတ်တရက် ဆိုးရွားစွာခေါင်းကိုက်ခြင်း၊ စကားမပီခြင်း၊ အမြင်အာရုံ ပြသနာဖြစ်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း
  • ရုတ်တရက် ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း
  • ခြေထောက်တဖက်ဖက် (သို့) ခြေထောက်နှစ်ဖက်စလုံးတွင် နာကျင် ရောင်ရမ်းခြင်း၊ ပူနွေးခြင်း၊ နီရဲခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ကြပ်ခြင်း၊ မေးရိုး (သို့) ပခုံးသို့ နာကျင်မှု ပျံ့နှံ့သွားခြင်း၊ ပျို့တက်ခြင်း၊ ချွေးထွက်ခြင်း၊ နေမကောင်းသလိုခံစားရခြင်း
  • လက်၊ ခြေကျင်းဝတ်၊ ခြေထောက် ရောင်ခြင်း
  • အသားဝါခြင်း၊ မျက်လုံးဝါခြင်း
  • ရင်သားအကျိတ်ဖြစ်ခြင်း
  • စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း

ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်းလျှာ လည်ချောင်းရောင်ရမ်းခြင်းစတာတွေကြုံရရင် အရေးပေါ် ဆေးဝါးကုသမှု ခံယူပါ။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nexplanon (နတ်စ်ပလာနွန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Nexplanon®ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

ဆေးဝါးတချို့ဟာဟော်မုန်းအသုံးပြုတဲ့ ကိုယ်ဝန်တားခြင်း နည်းစနစ်များကိုအာနိသင်လျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်တားနည်းများ အသုံးပြုတဲ့ကြားက ကိုယ်ဝန်ရသွားနိုင်ပါတယ်။ တားဆေးအာနိသင်ကိုလျော့ကျစေတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Griseofulvin
  • Modafinil
  • Rifamycins: rifampin, rifabutin
  • John’s wort
  • အတက်ရောဂါကုဆေးများ။ barbiturates, carbamazepine, felbamate, phenytoin, primidone, topiramate
  • HIV ဆေးဝါးမျာ။nelfinavir, nevirapine, ritonavir

အစားအသောက်တွေနဲ့ အရက်က Nexplanon (နတ်စ်ပလာနွန်) နဲ့ ဓါတ်ပြုနိုင်သလား

Nexplanon®ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nexplanon (နတ်စ်ပလာနွန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Nexplanon®ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

အောက်ပါရောဂါအခြေအနေများဟာNexplanon®နဲ့ ဓါတ်ပြုပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။

  • ပုံမှန်မဟုတ်ဘဲမိန်းမကိုယ်မှ သွေးဆင်းခြင်း
  • အသည်းကင်ဆာ
  • ရင်သားကင်ဆာ
  • အသည်းရောဂါ
  • သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ခြင်း
  • စိတ်ကျခြင်း
  • အရည်ဓါတ်များ စုဝေးခြင်း
  • မျက်စိသွေးကြောပိတ်ခြင်း
  • သည်းခြေအိတ်ပြသနာ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nexplanon (နတ်စ်ပလာနွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Nexplanon®ကိုနေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်းစသဖြင့် အသုံးပြုသွားစရာမလိုပါဘူး။ စနစ်တကျ သင်ကြားလေ့ကျင့်ထားတဲ့ကျန်းမာရေးဝန်ထမ်းများဟာ Nexplanon®ကိုအရေပြားအောက် ထည့်သွင်းပေးခြင်း၊ ဖယ်ထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးပါလိမ့်မယ်။

ကလေးတွေအတွက် Nexplanon (နတ်စ်ပလာနွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၈နှစ်အောက် မိန်းကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသုံးစွဲဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

Nexplanon (နတ်စ်ပလာနွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Nexplanon®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • အရေပြားအောက်ထည့်သောetonogestrel ၆၈ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

မှန်ကန်စွာထည့်သွင်းထားရင် စိုးရိမ်စရာမလိုပါဘူး။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ကျန်းမာရေးဝန်ထမ်းတွေကပဲ ထည့်သွင်းပေးတာမို့ ဒိကိစ္စကိုစိုးရိမ်စရာမလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement