backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nevramin (နီဗရာမင်း)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nevramin (နီဗရာမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Nevramin® ကို အာရုံကြောတစ်လျှောက် နာကျင်ခြင်း ကို ကုသရန် အသုံးပြုပါသည်။ ဥပမာ- trigeminal neuralgia, intercostal neuralgia, ischialgia, polyneuritis, toxic neuritis, neural paresis, diabetic neural disturbance, rheumatism, chronic articular rheumatism, paresthesia, lumbago, myelitis, herpes zoster, pernicious anemia, parasitic anemia, nutritional anemia, surgical anemia နှင့် other anemic conditions များတွင် အသုံးပြုသည်။

Nevramin (နီဗရာမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအတွက် သင်သည် အောက်ပါတို့ ပြုလုပ် သင့်သည်။

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးအချိုးအစား နှင့် ဆေးသောက်ချိန်ကို ဂရုပြု၍ ပါးစပ်မှ သောက်ပါ။
  • အစာဖြင့် သောက်ပါ။

ဆေးတံဆိပ်တွင် နားမလည်သော အချက်များပါပါက ဆရာဝန်အား တိုင်ပင်ပါ။

Nevramin (နီဗရာမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Nevramin® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Nevramin® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။

Nevramin® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Nevramin® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nevramin (နီဗရာမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nevramin® ကို မသုံးမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်ကို ပြောပြပါ။

  • Nevramin® ပါသော အရာများကို ဓါတ်မတည့်ခြင်း
  • အခြားဆေးများ၊ အစားအစာများ၊ ဆိုးဆေးများ၊ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း
  • အခြား ကျန်းမာရေး အခြေအနေများရှိခြင်း၊ Nevramin® နှင့် ဓါတ်ပြုနိုင်သော ဆေးများ သုံးခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nevramin (နီဗရာမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Nevramin® သုံးခြင်းသည် ဘေးကင်း သလား သေချာ မသိရှိပါ။ Nevramin® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Nevramin (နီဗရာမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nevramin® သုံးနေစဉ် ဖြစ်ပေါ်နိုင်သော ဘေးထွက် ဆိုးကျိုးအချို့မှာ-

  • တုံ့ပြန်မှု လွန်ကဲခြင်း ( အဖုများထွက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက် ဖောင်းကား ခြင်း၊ ဝမ်းလျှောခြင်း၊ ယားယံခြင်း၊ အစာအိမ် အောင့် ခြင်း၊ ပါးစပ်ခြောက်ခြင်း)
  • နှလုံးနှင့် သွေးလှည့်စနစ် ( အဖြစ်နည်းပါသည်- နှလုံး အောင့်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း)
  • ဓါတ်မတည့်သည့် တုံ့ပြန်မှုများ ( အဖြစ်နည်းပါ သည်- ယားယံခြင်း)

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nevramin (နီဗရာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Nevramin® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။

ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ထုတ်ကုန်များမှာ-

  • ဟော်မုန်း ကိုယ်ဝန်တားဆေး
  • အတက်ကျဆေး
  • Neomycin
  • Aminosalicylic acid
  • Colchicine
  • Cimetidine
  • Ranitidine
  • ပိုတက်စီယမ်
  • Cyanocobalam
  • Chloramphenicol

အစားအသောက်တွေနဲ့ အရက်က Nevramin (နီဗရာမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Nevramin® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nevramin (နီဗရာမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Nevramin® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nevramin (နီဗရာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစားအစာ ဖြည့်စွက်မှု အနေဖြင့် ဆေးပြား တစ်ပြား နေ့စဉ် သောက်ပါ။

ကလေးတွေအတွက် Nevramin (နီဗရာမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Nevramin (နီဗရာမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Nevramin® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။

  • ဆေးပြား။ သကြားဖုံးထားသော သောက်ဆေး။ Fursultiamine ၅၀ မီလီဂရမ် : ဗီတာမင် ဘီ ၁၂ ( Cyanocobalamin) ဝ.၂၅ မီလီဂရမ် : ဗီတာမင် ဘီ ၆ ( Pyridoxine Hydrochloride) ၂၅၀ မီလီဂရမ်
  • ဆေးပြား။ သကြားဖုံးထားသော သောက်ဆေး။ Fursultiamine ၅၀ မီလီဂရမ် : ဗီတာမင် ဘီ ၁၂ ( Cyanocobalamin) ဝ.၅ မီလီဂရမ် : ဗီတာမင် ဘီ ၆ ( Pyridoxine Hydrochloride) ၁၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nevramin® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement