မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Neurontin®ကို အတက်ရောဂါကုသဆေးအနေနဲ့ သုံးပါတယ်။ Gabapentin ဟာ တက်ခြင်း၊ နာကျင်ခြင်းကိုဖြစ်စေတဲ့ ကိုယ်ခန္ဓါထဲက ဓါတ်ပစ္စည်းအချို့ကို ထိန်းချုပ်နိုင်ပါတယ်။
Neurontin®ကို ရေယုန်ကြောင့် အာရုံကြောနာကျင်ခြင်းကို ကုသရာမှာလည်း အသုံးပြုပါတယ်။
လူကြီးတွေရော အနည်းဆုံးအသက် ၃နှစ်ရှိတဲ့ ကလေးတွေမှာ အတက်ရောဂါကုသဖို့ သုံးပါတယ်။
ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေးပါ။ ဆေးညွှန်းစာမှာပါတဲ့ ညွှန်ကြားချက်အားလုံးကို လိုက်နာပါ။ ညွှန်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း၊ ပိုပြီးကြာကြာ သောက်ခြင်း မပြုပါနဲ့။
အစာနဲ့ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်နိုင်ပါတယ်။
Neurontin® ဆေးပြားကို ခြမ်းသောက်မယ်ဆိုရင် တခြမ်းသောက်ပြီးချိန်မှာ နောက်တခြမ်းကို နောက်တကြိမ်မှာပဲ သောက်ပါ။ ခြမ်းထားတဲ့ဆေးတွေကို တတ်နိုင်သမျှ မြန်မြန်သောက်သုံးပေးရပါတယ်။
ဆေးရည်သောက်မယ်ဆိုရင် ဆေးရည်ချိန်တဲ့ပြွန်၊ ဇွန်း၊ ခွက် စတာတွေကို အသုံးပြုပါ။ ဆေးရည်ချိန်တဲ့ ကိရိယာမရှိရင် ဆေးဝါးကျွမ်းကျင်သူဆီမှာ တောင်းယူပါ။
သက်သာလာတယ်ထင်ရင်တောင် ဆေးကိုမရပ်ပါနဲ့။ ဆေးကို ရုတ်တရက်ရပ်ခြင်းဟာ အတက်ရောဂါကို ပိုဖြစ်စေပါတယ်။ ဆေးကို ဘယ်လိုလျှော့ချသွားရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ Neurontin® ဟာ ဆီးထဲက ပရိုတိန်းစစ်ရာမှာ အဖြေမှားစေနိုင်ပါတယ်။ ဆီးစစ်မယ်ဆိုရင် Neurontin® သောက်နေကြောင်း ဓါတ်ခွဲခန်းဝန်ထမ်းတွေကို ကြိုပြောပြထားပါ။
Neurontin®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Neurontin®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။
Neurontin®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပါ။
ဒီဆေးသုံးနေစဉ်မှာ လူတချို့ဟာ သေကြောင်းကြံစည်လိုစိတ်တွေ ပေါ်လာတတ်ပါတယ်။ Neurontin® သောက်သုံးနေချိန်မှာ ဆရာဝန်နဲ့ ပုံမှန်ပြဖို့ လိုပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို မိသားစုဝင်တွေ၊ ပြုစုကုသသူတွေ သိရအောင် ဖွင့်ပြောထားသင့်ပါတယ်။
Neurontin®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
Neurontin®ဆေးဟာ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေအဆင့် C ရှိတယ်လို့ သတ်မှတ်ထားပါတယ်။)အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ရဲ့ ကိုယ်ဝန်ဆောင်များမှာ ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
ဘေးထွက်ဆိုးကျိုးတချို့ကတော့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ Neurontin® သုံးစွဲနေရတဲ့ ကလေးတွေမှာ အောက်ပါလက္ခဏာတွေတွေ့ရရင် ဆရာဝန်နဲ့ ပြသပါ။
အောက်ပါလက္ခဏာတွေကြုံရရင် ဆရာဝန်ချက်ချင်းပြပါ။
အရေပြားမှာအကွက်များထပြီး ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ဆီးမည်းခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဂလင်းများရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ပုံမှန်မဟုတ်ဘဲ သွေးခြေဥခြင်း၊ သွေးထွက်ခြင်း၊ ကြွက်သားများနာခြင်း၊ အသားနှင့်မျက်လုံးဝါခြင်း စတာတွေ ကြုံရရင် ဆေးဝါးကုသမှု ချက်ချင်း ခံယူပါ။
ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အင်ပြင်ထခြင်း၊အသက်ရှူရခက်ခြင်း ယားယံခြင်း၊ မျက်နှာ လျှာ လည်ချောင်းရောင်ရမ်းခြင်း စတဲ့လက္ခဏာတွေကြုံရရင် အရေးပေါ်ဆေးဝါးကုသမှု ခံယူပါ။
ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Neurontin®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။
Neurontin®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။
Neurontin®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အောက်ပါရောဂါတွေမှာ ဓါတ်ပြုပြောင်းလဲနိုင်ခြေ ရှိပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ရေယုန်ဖြစ်ပြီးချိန် အာရုံကြောများနာခြင်း
ပထမနေ့မှာ ၃၀၀ မီလီဂရမ်ကို တကြိမ်၊ ဒုတိယနေ့မှာ ၆၀၀ မီလီဂရမ် (၃၀၀ မီလီဂရမ်စီ နှစ်ကြိမ်ခွဲသောက်ပြီး)၊ တတိယနေ့မှာ ၉၀၀ မီလီဂရမ် (၃၀၀ မီလီဂရမ်ကို တနေ့၃ကြိမ်) သုံးစွဲသွားဖို့ ဖြစ်ပါတယ်။ လူနာရဲ့ နာကျင်မှုကို သက်သာစေတဲ့အထိ တနေ့ကို ၁၈၀၀ မီလီဂရမ် (၆၀၀ မီလီဂရမ် ၃ကြိမ်) ထိ လိုအပ်သလို ပေးနိုင်ပါတယ်။
ဦးနှောက်တခုလုံးမဟုတ်ဘဲ တစိတ်တပိုင်းသက်ရောက်သော တက်ခြင်း
အသက် ၁၂နှစ်နှင့်အထက်
အသက် ၃နှစ်မှ ၁၁နှစ်ထိ
ကလေးတွေမှာ သုံးစွဲရမယ့် ပမာဏကို မသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာ ဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။
Neurontin®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။
Neurontin®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။