Generic Name: Neupogen (ညူပိုဂျန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Neupogen (ညူပိုဂျန်) ကို ဘာအတွက်အသုံးပြုကြသလဲ

ကင်ဆာ၊ရိုးတွင်းချဉ်ဆီ အစားထိုးထားခြင်း၊ကင်ဆာဆေး သွင်းနေရခြင်း သို့မဟုတ် အခြားသော အခြေအနေများကြောင့် သွေးဖြူဥနည်းပါးခြင်းကို ကုသရန်အတွက် Neupogen® ကို အများဆုံးအသုံးပြုကြပါသည်။အခြားသော သင့်တော်သည့် အခြေအနေများတွင်လည်း Neupogen® ကို သုံးစွဲနိုင်ပါသည်။

ထပ်မံ၍အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် မေးမြန်းဆွေးနွေးပါ။

Neupogen (ညူပိုဂျန်) ဘယ်လိုသောက်သုံးသင့်သလဲ

ကင်ဆာဆေးမသွင်းမီ တရက်အလို သို့မဟုတ် ဆေးသွင်းပြီး နောက်တရက်တွင် Neupogen® ကို အသုံးမပြုသင့်ပါ။Neupogen®ကို အကြောသွင်းဆေး သို့မဟုတ် အရေပြားအောက်သွင်းဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ဆေးသွင်းပုံသွင်းနည်း နှင့် ဆေးသွင်းရန် အဆင်အပြေဆုံးနေရာကို သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူက သင်ကြားပြသပေးမည် ဖြစ်ပါသည်။

ဆေးမည်သို့သွင်းရမည် သို့မဟုတ် အသုံးပြုပြီးသား ဆေးပုလင်းများ၊အပ်များအား မည်သို့စွန့်ပစ်ရမည်ကို သေချာစွာ မသိလျှင် မိမိဖာသာ ဆေးသွင်းခြင်း မပြုလုပ်သင့်ပါ။ဆေးညွှန်းကို အတိအကျလိုက်နာရမည် ဖြစ်ပြီး သတ်မှတ်ထားသော ပမာဏထက် ပို၍ သို့မဟုတ် လျှော့၍ အသုံးပြုခြင်း သို့မဟုတ် သတ်မှတ်ထားသော ကာလထက် ပို၍ကြာရှည်စွာ အသုံးပြုခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။

Neupogen® ဆေးပုလင်းများနှင့် Neupogen®ဆေးရည်အသင့်ပါဝင်ပြီးသား ဆေးထိုးအပ်များတွင် ပါဝင်သော ဆေးပမာဏ အပြင်းအပျော့မှာ တူညီခြင်းမရှိပါ။ထို့ကြောင့် သင့်အနေဖြင့် ဆေးရည်ပမာဏကို တိကျစွာ တိုင်းတာတတ်ခြင်းမရှိလျှင် မိမိဖာသာ ဆေးထိုးခြင်းကို မပြုလုပ်သင့်ပါ။ဆေးပုလင်းကို လှုပ်ခါခြင်း မပြုရပါ။ဆေးထိုးခါနီး အချိန်မှသာ ဆေးကို ဖျော်ရပါမည်။ဆေးအရောင်ပြောင်းသွားခြင်း သို့မဟုတ် ဆေးထဲတွင် အမှုန်များရှိနေခြင်းတို့ကို တွေ့ရှိပါက ဆေးကို အသုံးမပြုသင့်ပါ။ဆေးတခါထိုးတိုင်း မတူညီသည့် နေရာကို ထိုးရမည်ဖြစ်ပြီး တနေရာတည်းကို နှစ်ကြိမ်ဆက်တိုက်မထိုးရပါ။Neupogen® ဆေးပုလင်းများနှင့် Neupogen®ဆေးရည်အသင့်ပါဝင်ပြီးသား ဆေးထိုးအပ်များသည် တခါသုံးဖြစ်သည့်အတွက် တကြိမ်အသုံးပြုပြီးသည်နှင့် (ဆေးအနည်းငယ်ကျန်ရှိနေသည့်တိုင်) လွှင့်ပစ်ရပါမည်။

ဆေးရက်လွန်နေပါကလည်း အသုံးမပြုသင့်ပါ။ဆေးအသုံးပြုခြင်းနှင့် စပ်လျဉ်းပြီး မေးမြန်းလိုသည်များရှိပါက ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။

Neupogen (ညူပိုဂျန်) ဘယ်လိုသိမ်းဆည်းရမလဲ

Neupogen® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Neupogen® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Neupogen® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို

မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Neupogen® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Neupogen® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neupogen (ညူပိုဂျန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိနေပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန်တွင် ဆရာဝန်ညွှန်ကြားသော ဆေးများကိုသာ သုံးစွဲသင့်၍ ဖြစ်ပါသည်။
  • အခြားသော ဆေးများသုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမလိုဘဲ သုံးစွဲနိုင်သော ဆေးများ၊သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ၊တိုင်းရင်းဆေးများ အားလုံးပါဝင်သည်)။
  • Neupogen® သို့မဟုတ် အခြားသော ဆေးများနှင့် ဓာတ်မတည့်လျှင်။
  • ကင်ဆာဆေးသွင်းနေလျှင် သို့မဟုတ် ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရလျှင်။

အစားအစာ၊ဓာတုဆိုးဆေး၊တာရှည်ခံအောင် အသုံးပြုသည့် ဓာတုဗေဒပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neupogen (ညူပိုဂျန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

•         N=အခြေအနေကို မသိရသေးပါ။

ကလေးနို့တိုက်နေလျှင်

မိခင်နို့ထဲတွင် ဆေးပါဝင်လာမှု ရှိမရှိ မသိရသဖြင့် သတိနှင့်ယှဉ်၍ အသုံးပြုပါ။ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့်

ကလေးနို့တိုက်နေလျှင်

မိခင်နို့ထဲတွင် ဆေးပါဝင်လာမှု ရှိမရှိ မသိရသဖြင့် သတိနှင့်ယှဉ်၍ အသုံးပြုပါ။ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Neupogen (ညူပိုဂျန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

  • ဓာတ်မတည့်ဝေဒနာများ (အင်ပျဉ်များထွက်ခြင်း၊ချွေးထွက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်း ရောင်ရမ်းခြင်း)။
  • ဖျားခြင်း။
  • ချောင်းဆိုးခြင်း။
  • အသက်ရှုရခက်ခြင်း။
  • နှာခေါင်းသွေးလျှံခြင်း။
  • အရိုး၊ကြွက်သား သို့မဟုတ် အဆစ်အမြစ်များ နာကျင်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ထုံကျဉ်ခြင်း။
  • အနီစက်များထွက်ခြင်း၊အမွှေးအမျှင်များ ပါးခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Neupogen (ညူပိုဂျန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Neupogen® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Neupogen (ညူပိုဂျန်) နဲ့ ဓာတ်ပြုနိုင်သလား

Neupogen® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Neupogen (ညူပိုဂျန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Neupogen® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ဥပမာ

  • သွေးနှင့်ပတ်သက်သော မူမမှန်မှုများ၊ရောဂါများ (ဥပမာ သွေးအားနည်းရောဂါ)။
  • ကျောက်ကပ်ရောဂါ။
  • (အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်စေနိုင်သော) ဘေလုံးကွဲခြင်း။အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆိုးရွားပြင်းထန်သော ပြဿနာတမျိုး (Acute respiratory distress syndrome (ARDS))။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Neupogen (ညူပိုဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Neupogen® ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

acute myeloid leukemia ဟုခေါ်သော သွေးကင်ဆာတမျိုးကြောင့် ဆေးကုသမှု ခံယူနေရသူများအတွက် :

သတ်မှတ်ထားသော ကနဦး ဆေးပမာဏ မှာ 5 mcg/kg/day ကို အရေပြားအောက်ထိုးဆေး၊အချိန်တိုအတွင်း ဖြည်းညင်းစွာထိုးရသည့် အကြောထိုးဆေး (၁၅ – ၃၀ မိနစ်အတွင်း)၊ဆက်တိုက်ပေးထားရသော အကြောသွင်းဆေး စသဖြင့် ပုံစံအမျိုးမျိုးနှင့် ပေးနိုင်သည်။

ရိုးတွင်းချဉ်ဆီအစားထိုးကုသမှု ခံယူထားသော ကင်ဆာဝေဒနာရှင်များ အတွက် :

10mcg/kg/day ကို ၂၄နာရီထက် ပိုမကြာသော အကြောသွင်းဆေးအဖြစ် ပေးနိုင်သည်။

autologous peripheral blood progenitor cell collection ဟုခေါ်သော သွေးကင်ဆာကုသမှုတမျိုးကို ခံယူနေရသူများအတွက် :

10 mcg/kg/day ကို အရေပြားအောက် ထိုးဆေးအဖြစ် ပေးနိုင်သည်။ပထမဆုံးအကြိမ် ကုသမှုမစမီ အနည်းဆုံးလေးရက်ကြိုတင်၍ ပေးထားရမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ကုသမှုပြီးသည်ထိ ပေးရမည်ဖြစ်သည်။

မွေးရာပါ သွေးဖြုဥအရေအတွက် နည်းပါးသူများအတွက် :

သတ်မှတ်ထားသော ကနဦးဆေးပမာဏမှာ 6 mcg/kg ကို

အရေပြားအောက်ထိုးဆေးအဖြစ် တနေ့လျှင် နှစ်ကြိမ်ထိုးရမည် ဖြစ်ပါသည်။

အကြောင်းရင်းမသိရသော သွေးဖြူဥနည်းပါးခြင်းအတွက် :

သတ်မှတ်ထားသော ကနဦးဆေးပမာဏမှာ 5 mcg/kg ကို အရေပြားအောက်ထိုးဆေးအဖြစ် တနေ့လျှင် တကြိမ်ထိုးရမည် ဖြစ်ပါသည်။

ဓာတ်ရောင်ခြည်ကုသမှုကို လတ်တလော ခံယူထားသော လူနာများအတွက်

10mcg/kg/day ကို အရေပြားအောက်ထိုးဆေးအဖြစ် ပေးရမည်။

ကလေးတွေအတွက် Neupogen (ညူပိုဂျန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Peripheral blood progenitor cell collection ကုသမှုအတွက် :

အရွယ်ရောက်ပြီးသူများနည်းတူ 10 mcg/kg/day ပမာဏကို အရေပြားအောက်ထိုးဆေးအဖြစ်ပေးရမည် ဖြစ်ပါသည်။ပထမဆုံးအကြိမ် ကုသမှုမစမီ အနည်းဆုံးလေးရက်ကြိုတင်၍ ပေးထားရမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ကုသမှုပြီးသည်ထိ ပေးရမည်ဖြစ်သည်။

သွေးကင်ဆာကြောင့် ကင်ဆာဆေးသွင်းနေရသူများအတွက် :

5-10 mcg/kg qDay ပမာဏကို အကြောသွင်းဆေး သို့မဟုတ် အရေပြားအောက်သွင်းဆေးအဖြစ် နှစ်ပတ်တိတိကြာအောင် ပေးရမည်။

သွေးဖြုဥတမျိုးဖြစ်သော neutrophil ပမာဏ : 10,000/mm³ ကျော်သည်အထိ ပေးရမည်။

မွေးရာပါ သွေးဖြူဥနည်းပါးခြင်းအတွက်

အရွယ်ရောက်ပြီးသူများနည်းတူ 6 mcg/kg ပမာဏကို အရေပြားအောက်ထိုးဆေးအဖြစ် ၁၂နာရီခြားတခါ ပေးရမည်။

ဆေးပမာဏ အတိုင်းအတာမှာ 3-15 mcg/kg/day ကို အသားထိုးဆေးအဖြစ် တနေ့တကြိမ် သို့မဟုတ် ၁၂နာရီခြားတခါ ခွဲပြီးပေးနိုင်သည်။

Neupogen (ညူပိုဂျန်) ကိုဘယ်လိုရရှိနိုင်သလဲ

Neupogen® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးရည်ပုလင်း :

  • ထိုးဆေး : 300 mcg/ml (တခါထိုးစာပမာဏ)။
  • ထိုးဆေး : 480 mcg/1.6 ml (တခါထိုးစာပမာဏ)။

ဆေးရည်အသင့်ဖြည့်ပြီးသား ဆေးထိုးအပ် :

  • ထိုးဆေး : 300 mcg/0.5ml (တခါထိုးစာပမာဏ)။

ထိုးဆေး : 480 mcg/0.8 ml (တခါထိုးစာပမာဏ )။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Neupogen® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ