Netromycin (နီထရို မိုင်စင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Netromycin (နီထရို မိုင်စင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Netromycin (နီထရို မိုင်စင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Netromycin® (netilmicin sulfate) သည် ကူးစက်ရောဂါ ဖြစ်စေသော ဘက်တီးရီးယားပိုးများကို သေစေသော aminoglycoside ပိုးသတ်ဆေး အမျိုးအစား ဖြစ်ပါသည်။

Netromycin (နီထရို မိုင်စင်) ကိုဘယ်လို သုံးသင့်ပါသလဲ။

Netromycin® (netilmicin sulfate) သည် အသားထဲ သို့မဟုတ် သွေးပြန်ကြောထဲ ထိုးသွင်းရသော ဆေးအမျိုးအစား ဖြစ်ပါသည်။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်က ထိုးပေးပါသည်။

Netromycin (နီထရို မိုင်စင်) ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Netromycin® (netilmicin sulfate) ကို အခန်းအပူချိန် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Netromycin® (netilmicin sulfate) ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Netromycin® (netilmicin sulfate) ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Netromycin® (netilmicin sulfate) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Netromycin® (netilmicin sulfate) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Netromycin (နီထရို မိုင်စင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Netromycin® (netilmicin sulfate) ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကလေးငယ်များတွင် ထိုဆေးကို ၂ ပတ်ထက် ပိုပြီး ထိုးလျှင် အထူးသတိပြုသင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာသောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Netromycin (နီထရို မိုင်စင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။

  • ခေါင်းကိုက်ခြင်း
  • နုံးချိခြင်း
  • မျက်စိ အမြင် အာရုံများ မကောင်းခြင်း
  • ဂယောင်ချောက်ချားဖြစ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • သွေးပေါင်ကျခြင်း
  • ရင်တုန်ခြင်း
  • ပုံမှန်မဟုတ်သော သွေးမွှားဥများခြင်း
  • ထုံကျဉ်ခြင်း
  • အနီကွက်များ ဖြစ်ခြင်း
  • ချမ်းတုန်ခြင်း
  • ဖျားခြင်း
  • အရည်များ စုနေခြင်း
  • မူးဝေခြင်း
  • ထိုင်းမှိုင်းခြင်း
  • ဗိုက်နာခြင်း
  • ခံတွင်းပျက်ခြင်း
  • အန်ခြင်း
  • သွေးတွင် သကြားဓါတ်များခြင်း
  • သွေးတွင် အယ်ကာလီ ဖော့စဖိတ်များခြင်း
  • အဝါဓါတ်များခြင်း
  • ပိုတက်ဆီယမ်ဓါတ်များခြင်း
  • အသည်းအင်ဇိုင်းများ မူမမှန်ခြင်း
  • သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥများ နည်းခြင်း
  • သွေးထဲတွင် အီယိုစီနိုဖီးလ်များခြင်း
  • သွေးအားနည်းခြင်း
  • သွေးခဲစေသော ဓါတ်များခြင်း

တို့ဖြစ်ပါသည်။

ထို့ပြင် သေစေလောက်သော ဘေးထွက်ဆိုးကျိုးများမှာ ကျောက်ကပ်အဆိပ်သင့်ခြင်း၊ နား အဆိပ်သင့်ခြင်းနှင့် ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)ဖြစ်ပါသည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Netromycin (နီထရို မိုင်စင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Netromycin® (netilmicin sulfate) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။) အောက်ပါတို့သည် Netromycin နှင့် ဓါတ်ပြုနိုင်သောဆေးများ ဖြစ်ပါသည်။

  • Daflon (ဗီတာမင်အားဆေး)
  • Iron Sulfate (သံဓါတ်အားဆေး)
  • Keppra (levetiracetam)
  • Merrem (meropenem)
  • Metoprolol Succinate ER (metoprolol)
  • Paracetamol (acetaminophen)
  • Pulmicort Turbuhaler (budesonide)
  • Tempra (acetaminophen)
  • Valproate Sodium (valproic acid)
  • Vigamox (moxifloxacin ophthalmic)
  • ဗီတာမင် B Complex 100 (ဗီတာမင်အားဆေး)
  • ဗီတာမင် C (ascorbic acid)
  • ဗီတာမင် K (phytonadione)

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေကNetromycin (နီထရို မိုင်စင်)နဲ့ ဓါတ်ပြုနိုင်ပါသလား။

Netromycin® (netilmicin sulfate) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေကNetromycin (နီထရို မိုင်စင်)နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Netromycin® (netilmicin sulfate) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကြွက်သားများ အားနည်းခြင်း၊ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများဖြစ်ခင်းတို့ရှိလျှင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Netromycin (နီထရို မိုင်စင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားသော ပမာဏမှာ 4–6 mg/kg နေ့စဉ် တကြိမ် သို့မဟုတ် ၈ နာရီမှ ၁၂ နာရီခြား ဖြစ်ပါသည်။

ပြင်းထန်သော ရောဂါများတွင် 7.5 mg/kg နေ့စဉ် ၈ နာရီခြား ဖြစ်ပါသည်။ (သက်သာလာလျှင် ၄၈ နာရီအတွင်း ဆေးပမာဏ လျှော့နိုင်ပါသည်။)

ကလေးငယ်တွေမှာNetromycin (နီထရို မိုင်စင်)အချိုးအစားကဘယ်လောက်လဲ။

လမစေ့သော ကလေးများနှင့် ၁ ပတ်သားများအထိ

သတ်မှတ်ထားသော ပမာဏမှာ 3 mg/kg နေ့စဉ် ှ ၁၂ နာရီခြား ဖြစ်ပါသည်။

၁ ပတ်ကျော်မှ ၁ နှစ်သားများအတွက်

သတ်မှတ်ထားသော ပမာဏမှာ 2.5–3 mg /kg နေ့စဉ် ှ ၈ နာရီခြား ဖြစ်ပါသည်။

၁ နှစ်အထက် ကလေးများအတွက်

သတ်မှတ်ထားသော ပမာဏမှာ 2–2.5 mg /kg နေ့စဉ် ှ ၈ နာရီခြား ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Netromycin (နီထရို မိုင်စင်)ကိုဘယ်လိုပုံစံမျိုးအချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Netromycin® (netilmicin sulfate) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Netromycin® (netilmicin sulfate) ၁၀၀ မီလီဂရမ် အသားထိုးဆေး၊ အကြောထိုးဆေး

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Netromycin® (netilmicin sulfate) ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ် ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုး တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 28, 2018