backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Neosporin (နီရိုစပိုရင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Neosporin (နီရိုစပိုရင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Neosporin®ကို ပြတ်ရှခြင်း၊ ပွန်းခြစ်မိခြင်း၊ အပူလောင်ခြင်းစတဲ့ အရေပြားပေါ်မှဖြစ်တတ်တဲ့ ဒဏ်ရာငယ်များမှာ ရောဂါပိုးဝင်ခြင်းမဖြစ်စေဖို့ ကာကွယ်ကုသပါတယ်။

Bacitracin, neomycin နဲ့polymyxin Bလိမ်းဆေးစတာတွေကိုဒီလမ်းညွှန်ထဲမှာမပါတဲ့တခြားအသုံးပြုနည်းတွေအတွက်ပါ သုံးကြပါတယ်။

Neosporin (နီရိုစပိုရင်) ဘယ်လိုသောက်သုံးသင့်သလဲ

အညွှန်းစာမှာရေးထားတဲ့အတိုင်း၊ ဆရာဝန်ညွှန်တဲ့အတိုင်း သုံးစွဲပါ။ ညွှန်ထားတဲ့ ပမာဏထက် ပိုသုံးခြင်း၊လျှော့သုံးခြင်း၊ကြာကြာသုံးခြင်းမပြုပါနဲ့။

ဆေးကိုမလိမ်းခင်မှာ အရေပြားကို ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးပါ။ ပြီးရင် ခြောက်သွေ့အောင်ထားပါ။

ဆေးကိုအရေပြားပေါ်မှာ ပြန့်နေအောင် လိုက်မလိမ်းပါနဲ့။ နက်သော ပြတ်ရှဒဏ်ရာ၊ တိရစ္ဆာန်ကိုက်ခြင်း၊ ဆိုးရွားစွာအပူလောင်ခြင်းစတာတွေအတွက် မသုံးပါနဲ့။ ပိုမိုဆိုးရွားတဲ့ အရေပြားပျက်စီးခြင်းတွေမှာဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဆေးကို တနေ့၃ကြိမ် (သို့) အညွှန်းစာမှာပါတဲ့အတိုင်းသုံးစွဲနိုင်ပါတယ်။ ဆန္ဒရှိရင် အနာကိုပတ်တီးစည်းထားနိုင်ပါတယ်။ ဆေးတခါလိမ်းတိုင်းမှာအနာကိုသန့်ရှင်းရေးလုပ်ပြီးပတ်တီးအသစ်သုံးပါ။

ဒဏ်ရာသက်သာလာရင်တောင် ဆရာဝန်ညွှန်တဲ့ကာလပြည့်အောင် သုံးစွဲပါ။ ရောဂါပုးဝင်ခြင်းကိုအပြည့်အ၀ မကာကွယ်နိုင်ခင် ဒစ်ရာဟာသက်သာလာတတ်ပါတယ်။

၇ရက်နေလို့မှ မသက်သာရင်၊ bacitracin, neomycin, နဲ့polymyxin Bလိမ်းဆေးများကြောင့် ပိုဆိုးလာရင် ဆရာဝန်ပြသပါ။

Neosporin (နီရိုစပိုရင်) ဘယ်လိုသိမ်းဆည်းရမလဲ

Neosporin® ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Neosporin® ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Neosporin®ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neosporin (နီရိုစပိုရင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသုံးစွဲနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Neosporin® တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း
  • bacitracin, neomycin, နဲ့polymyxin Bလိမ်းဆေးများဟာသန္ဓေသားကိုထိခိုက်နိုင်ခြင်းရှိမရှိမသိရပါဘူး။ ဒီဆေးသုံးနေချိန်မှာ ကိုယ်ဝန်ရှိနေရင်၊ ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    bacitracin, neomycin, နဲ့polymyxin Bလိမ်းဆေးများဟာမိခင်နို့ထဲ ဖြတ်သန်းနိုင်ပြီးကလေးကိုဒုက္ခပေးနိုင်ခြင်းရှိမရှိမသိရပါဘူး။ ကလေးနို့တိုက်နေရင် ဆရာဝန်ကို ဖွင့်ပြောပါ။ bacitracin, neomycin, နဲ့polymyxin Bလိမ်းဆေးများကို ဆရာဝန်အကြံဉာဏ်မပါရင် အသက်၂နှစ်အောက် ကလေးတွေမှာမသုံးစွဲသင့်ပါဘူး။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neosporin (နီရိုစပိုရင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Neosporin® ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာအသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Neosporin (နီရိုစပိုရင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊မျက်နှာ လျှာ လည်ချောင်းရောင်ရမ်းခြင်းစတဲ့ ဓါတ်မတည့်ခြင်းလက္ခဏာတွေကြုံရရင် ဆေးဝါးကုသမှု ခံယူပါ။

    ရှားပါးပြီးဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတခုကတော့ အကြားအာရုံချို့ယွင်းခြင်းပဲ ဖြစ်ပါတယ်။ neomycin တခြားပုံစံတွေအသုံးပြုရင် ဖြစ်တတ်ပါတယ်။ ဒီဆိုးကျိုးကို ဖြစ်စေနိုင်လောက်တဲ့ ဆေးပမာဏဟာအရေပြားကတဆင့်ဝင်ရောက်သွားဖို့ရာ သိပ်မဖြစ်နိုင်ပါဘူး။ အကြားအာရုံမှာတခုခုချို့ယွင်းတယ်ထင်ရင် ဆရာဝန်ချက်ချင်းပြသပါ။

    ဆိုးရွားတဲ့ နီရဲယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ အရည်များစီးထွက်ခြင်းနဲ့ တခြားပိုးဝင်တဲ့ လက္ခဏာတွေရှိရင် ဆရာဝန်ချက်ချင်းပြပါ။

    တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • အတန်အသင့် ယားယံခြင်း၊ အရေပြားပေါ် အကွက်ဖြစ်ခြင်း
    • အရေပြားယားနာဖြစ်ခြင်း

    ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Neosporin (နီရိုစပိုရင်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Neosporin®ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

    အစားအသောက်တွေနဲ့ အရက်က Neosporin (နီရိုစပိုရင်) နဲ့ ဓါတ်ပြုနိုင်သလား

    Neosporin® ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Neosporin (နီရိုစပိုရင်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Neosporin® ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

    လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

    ဒီဆေးနဲ့ ပေါင်းစပ်ဓါတ်ပြုနိုင်ခြေရှိတဲ့ ရောဂါတွေကတော့

    • နာတာရှည် နားပိုးဝင်ခြင်း
    • နားစည်ပေါက်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Neosporin (နီရိုစပိုရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ကလေးတွေအတွက် Neosporin (နီရိုစပိုရင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးတွေမှာသုံးစွဲရမယ့် ပမာဏကိုမသတ်မှတ်ထားသေးပါဘူး။ ကလေးတွေသောက်ဖို့ စိတ်မချရပါဘူး။ ဆေးဝါးတခုကို မသုံးစွဲခင်မှာဘေးကင်းမှုဘယ်လောက်ရှိတယ်ဆိုတာသိနိုင်ဖို့ လိုပါတယ်။ ပိုသိရအောင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများနဲ့ တိုင်ပင်ပါ။

    Neosporin (နီရိုစပိုရင်) ကိုဘယ်လိုရရှိနိုင်သလဲ

    Neosporin® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

    • လိမ်းဆေး

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Neosporin® ဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement