Neopeptine (နီရိုပတ်တိုင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Neopeptine (နီရိုပတ်တိုင်း) Brand Name(s): Neopeptine (နီရိုပတ်တိုင်း).

အသုံးပြုပုံများ

Neopeptine (နီရိုပတ်တိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Neopeptine®ကို အောက်ပါအခြေအနေများမှာ ကုသဖို့အတွက် အသုံးပြုပါတယ်။

  • လေချဉ်တက်ခြင်း
  • အစားပျက်ခြင်း
  • အစာမကြေခြင်း
  • အစာမကြေရင်ပူခြင်း
  • အစာချေနိုင်စွမ်းနည်းခြင်း
  • အစာစားပြီး ဗိုက်ကယ်ခြင်း
  • ကလေးများဝမ်းပျက်ခြင်း
  • ကလေးများ အာဟာရမဖြစ်ခြင်း
  • နို့စို့ကလေးများ အန်ခြင်း

Neopeptine (နီရိုပတ်တိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

အစာစားပြီးချိန်၊ နို့တိုက်ပြီးချိန်မှာ သုံးစွဲရပါတယ်။ သောက်ဆေးသပ်သပ်ဖြစ်စေ၊ မိခင်နို့၊ အစာ၊ ရေစတာတွေနဲ့ဖျော်စပ်ပြီးဖြစ်စေ သုံးစွဲနိုင်ပါတယ်။

Neopeptine (နီရိုပတ်တိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Neopeptine®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Neopeptine®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Neopeptine®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Neopeptine (နီရိုပတ်တိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ သဘာဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သောဆေးများ၊ အားဖြည့်စာများလည်း ပါဝင်ပါတယ်။
  • Neopeptine®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

အလွန်အကျွံသောက်မိရင် ပျို့တက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ၀မ်းပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆေးပမာဏ အလွန်အကျွံများသွားခြင်းဟာ ဆီးထဲနဲ့သွေးထဲမှာ ယူရစ်အက်ဆစ်များခြင်းနဲ့ ဆက်စပ်နေပါတယ်။

Neopeptine®ဆေးတောင့်နဲ့ ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများဟာ မလိုလားအပ်တဲ့ အခြေအနေ ဖြစ်မလာအောင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Neopeptine (နီရိုပတ်တိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Neopeptine®ကို ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ အသုံးပြုရင် ဆိုးကျိုးတွေ ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ လေ့လာ စမ်းသပ်ချက်တွေ မရှိပါဘူး။ ဆေးမသောက်သုံးခင်မှာ ဖြစ်နိုင်ခြေ ကောင်းကျိုးများနဲ့ ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Neopeptine (နီရိုပတ်တိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးအချို့ကတော့

  • ဓာတ်မတည့်ခြင်း
  • အစာအိမ်အူလမ်းကြောင်း ပြသနာဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Neopeptine (နီရိုပတ်တိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Neopeptine®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Neopeptine (နီရိုပတ်တိုင်း) နဲ့ ဓာတ်ပြုနိုင်သလား

Neopeptine®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Neopeptine (နီရိုပတ်တိုင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Neopeptine®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရောဂါများရှိရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အောက်ပါရောဂါတွေနဲ့ ဓာတ်ပြုပြောင်းလဲနိုင်ခြေ ရှိပါတယ်။

  • ရုတ်တရက် မုန့်ချိုအိတ်ရောင်ခြင်း
  • နာတာရှည်မုန့်ချိုအိတ်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Neopeptine (နီရိုပတ်တိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးရည်။ ၅မီလီလီတာကို တနေ့၂ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။

ကလေးတွေအတွက် Neopeptine (နီရိုပတ်တိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးတောင့်။ အစာစားပြီးချိန်တိုင်း ဆေးတတောင့်နှုန်းနဲ့ တနေ့၂ကြိမ် သော်ကဖို့ ဖြစ်ပါတယ်။

ဆေးရည်။

အသက်၁နှစ်အထက်။ ၅မီလီမီတာကို တနေ့၂ကြိမ် ခွဲသောက်ဖို့ ဖြစ်ပါတယ်။

အသက်၁နှစ်အောက်။ ၀.၅မီလီမီတာ (၁၂စက်ခန့်)ကို တနေ့၁ကြိမ် (သို့) ၂ကြိမ်စီခွဲပြီး သောက်သုံးဖို့ ဖြစ်ပါတယ်။

ဆေးရည်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အစာစားပြီးချိန်မှာ သောက်သုံးနိုင်ပါတယ်။

ဆေးစက်ချခြင်း။

အသက်၁နှစ်အထက်။ ၀.၅မီလီမီတာ (၁၂စက်ခန့်)ကို တနေ့၂-၃ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။

အသက်၁နှစ်အောက်။ ၀.၅မီလီမီတာ (၁၂စက်ခန့်)ကို တနေ့၁ကြိမ် (သို့) ၂ကြိမ်စီခွဲပြီး သောက်သုံးဖို့ ဖြစ်ပါတယ်။

Neopeptine (နီရိုပတ်တိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Neopeptine®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများနဲ့ရရှိနိုင်ပါတယ်

  • Neopeptine® ဆေးတောင့်
  • Neopeptine® ဆေးရည် 60 mL, 100 Ml
  • Neopeptine® ဆေးစက် (၁၅ မီလီလီတာ)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Neopeptine®ဆေးကို သုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မေ 26, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 26, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။