Neoamiyu® (amino acids)သည် အသည်းခြောက်သော အသည်းရောင်သော လူနာများတွင် အသည်းကြောင့် ကယောင်ကတမ်းဖြစ်ခြင်းကို ကုသရာတွင် သုံးသောဆေး ဖြစ်ပါသည်။
ထိုဆေးသည် သွေးပြန်ကြောမှတဆင့် အစာသွင်းနေရသူများ၊ အမိုင်နိုအက်ဆစ်ထိုးဆေးများကို မခံနိုင်သူများနှင့် အသည်းကြောင့် မေ့မြောနေသူများတွင် သုံးသောဆေးဖြစ်ပါသည်။
ယခုဆေးသည် ဆရာဝန်ကိုယ်တိုင် လူနာ၏သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းရသောဆေး ဖြစ်ပါသည်။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Neoamiyu® (amino acids) ကို အခန်းအပူချိန် ၃၀ မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Neoamiyu® (amino acids)ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Neoamiyu® (amino acids)ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Neoamiyu® (amino acids)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Neoamiyu® (amino acids)ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
ဆေးအရည်ကို ပုံမှန်ပြင်းအားအတိုင်း အသုံးမပြုလျှင် ခန္ဓါကိုယ်ထဲသို့ ဓါတ်ဆားဓါတ်များ ထပ်ထဲ့ပေးရန်လိုအပ်ပါသည်။
အလွန်သိပ်သည်းဆများသော အာဟာရအရည်များကို လည်ပင်းရှိသွေးပြန်ကြောမှတဆင့် ကိုယ်ထဲသို့ သွင်းပေးရပါသည်။ အထူးသဖြင့် ဆီးချိုလူနာများနှင့် ဆီးချိုဖြစ်နိုင်သော လူနာများတွင် ဆေးသွင်းနေစဉ် ဂရုတစိုက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။
သွေးတွင် အချိုဓါတ်လွန်ကဲခြင်းများ မဖြစ်အောင် အင်ဆူလင်ထိုးဆေးများကို ဆောင်ထားရမည်ဖြစ်ပါသည်။
ဆေးကို ပုံမှန်သွေးပြန်ကြောများမှ သွင်းလျှင် ဆေးကို ကျဲအောင်ဖျော်ရန် လိုအပ်ပြီး လုံလောက်သော ကယ်လိုရီကို ကျွေးရန်လည်း လိုအပ်ပါသည်။
ဆေးသွင်းရာတွင် ဆေးသွင်းပိုက်ကို သွေးကြောထဲသို့တည်တည့် ဝင်ရန် သတိပြုပါ။
ဆေးသွင်းနေသော သွေးကြောပေါက်သွားခဲ့လျှင် ဆေးရည်များ ဘေးအသားနေရာများသို့ ပြန့်သွားခြင်းရှိမရှိ ဂရုပြုစောင့်ကြည့်ရပါမည်။ သွေးပြန်ကြောများ ရောင်ခြင်း၊ သွေးခဲပိတ်ခြင်းများ ဖြစ်လာလျှင် ဆေးသွင်းပြွန်ကို အခြားနေရာသို့ ပြောင်းရွှေ့ရပါမည်။
အထူးသဖြင့် နှလုံးရောဂါရှိသူများတွင် သွေးလည်ပတ်မှု ပမာဏမလွန်ကဲစေရန် သတိပြုရပါမည်။
နှလုံးပုပ်ဖူးသော လူနာများတွင် အမိုင်နိုအက်ဆစ်အရည်ကို သွင်းပြီးလျှင် သကြားရည် (Dextrose) ကိုသွင်းရပါမည်။ အဘယ်ကြောင့် ဆိုသော် နှလုံးပုပ်ခြင်းကြောင့် နှလုံးကြွက်သားများ အောက်ဆီဂျင်မရသည့်အခါ အဆီဓါတ်များကို စွမ်းအင်အဖြစ်မသုံးစွဲနိုင်ခြင်းကြောင့် သကြားရည်မှ ရသော စွမ်းအင်များကို သုံးစွဲရခြင်းဖြစ်ပါသည်။
ယခုဆေးရည်ကို အသည်းကျွမ်းနေပြီးသော လူနာများတွင် သွင်းလည်း အကျိုးမထူးပါ။ အသည်းကျွမ်းနေသူများတွင် အမိုင်နိုအက်ဆစ်ဓါတ်များသည် မူမမှန်ဖြစ်သွားသောကြောင့် အသည်းမကျွမ်းခင်အဆင့် အသည်းရောဂါ နာတာရှည်လူနာများလောက် အကျိုးမထူးတော့ခြင်းဖြစ်ပါသည်။
နှာခေါင်းပိုက်မှ အစာများကို စုပ်ထုတ်နေရခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဂရင်ဂျီနာဖြစ်ခြင်းတို့တွင် ခန္ဓါကိုယ်ထဲမှ ဓါတ်ဆားများဆုံးရှုံးမှု ဖြစ်စေပါသည်။
ထို့ပြင် သကြားဓါတ်များကို ခန္ဓါကိုယ်မှ သုံးစွဲနိုင်သည်ထက်ပိုပြီး သွင်းမိပါက သွေးတွင်းသကြားဓါတ်များလွန်ကဲခြင်း၊ သတိလစ်ခြင်း၊ သေဆုံးခြင်းတို့အထိဖြစ်နိုင်ပါသည်။
ကိုယ်ထဲတွင် အက်ဆစ်ဓါတ်များခြင်းကို အမဓါတ်များစေသော အစီတိတ်ဆားများသွင်းပေးခြင်းဖြင့် မျှတစေနိုင်ပြီး ကလိုရိုက်ဓါတ်များခြင်းကိုကာကွယ်ရန် အင်ဖျူစိတ်ဆေးကို အနိမ့်ဆုံးကလိုရိုက် ပမာဏဖြင့် သွင်းနိုင်ပါသည်။
ဆေးအရည်များကို ရောစပ်သည့်အခါ ဓါတ်မတည့်မှု၊ ကိုယ်ခန္ဓါနှင့် သဟဇာတ မဖြစ်မှုများကို လျော့နည်းစေရန် အင်ဖျူစိတ်ဆေးရည်ကို မသွင်းမီ ဆေးအရည်နောက်နေခြင်း၊ အနည်ထိုင်ခြင်းများ ရှိမရှိစစ်ဆေးခြင်း၊ ဆေးသွင်းနေစဉ်တွင်လည်း သေချာစွာ ကြည့်ရှုစောင့်ရှောက်ခြင်းများ ပြုလုပ်သင့်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။
ထို့ပြင် ဆေးရည်ကို သွင်းခြင်းကြောင့် ခန္ဓါကိုယ်ထဲတွင် ဓါတ်ပြုမှုများဖြစ်ခြင်းကြောင့် ဖျားခြင်း၊ ထိုးဆေးထိုးသည့်နေရာတွင် ပိုးဝင်ခြင်း ၊ သွေးပြန်ကြောများ ရောင်ခြင်း၊ ပေါက်ထွက်ခြင်း၊ ရေဓါတ်နည်းခြင်း တို့ဖြစ်နိုင်ပါသည်။
ဆေးရည်ထဲတွင် ပါဝင်သော အိုင်းယွန်း အနည်းအများအပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုးများ ကွာခြားနိုင်ပါသည်။ ထို့ကြောင့် ဆေးထိုးနေစဉ်ကာလများတွင် သွေးတွင်း ဓါတ်ဆားများကို ဂရုစိုက် စစ်ဆေးသင့်ပါသည်။
ဆေးနှင့် ဓါတ်မတည့်မှုများဖြစ်လာခဲ့လျှင် သွင်းနေသောဆေးကို ရပ်လိုက်ပါ။ လူနာကို စစ်ဆေးပြီး ဖြေဆေးပေးပါ။ ဆေးဘူးတွင် ကျန်နေသောဆေးအရည်ကိုလိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
Neoamiyu® (amino acids)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
Neoamiyu® (amino acids)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Neoamiyu® (amino acids)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
သတ်မှတ်ထားသော ပမာဏမှာ အမိုင်နိုအက်ဆစ် 0.5 g/kg သို့မဟုတ် တနေ့လျှင်500 mL ဖြစ်ပါသည်။
သတ်မှတ်ထားသော ပမာဏမှာ အမိုင်နိုအက်ဆစ် 1g/kg သို့မဟုတ် တနေ့လျှင် 1000 mL ဖြစ်ပါသည်။
အများဆုံးပမာဏမှာ အမိုင်နိုအက်ဆစ် 1.5g/kg သို့မဟုတ် တနေ့လျှင် 1500 mL ဖြစ်ပါသည်။
ဆေးသွင်းရမည့်နှုန်း မှာ တစ်မိနစ်လျှင် အစက် ၂၀ အောက်ဖြစ်ပါသည်။
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Neoamiyu® (amino acids)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Neoamiyu® (amino acids) 200 ml ထိုးဆေး
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Neoamiyu® (amino acids) ကို ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။