Namenda ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Namenda Brand Name(s): Namenda.

အသုံးပြုပုံများ

Namenda ကို ဘာအတွက်အသုံးပြုကြသလဲ

Namenda ဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်စေတဲ့ ဦးနှောက်ထဲကဓာတုပစ္စည်းတွေရဲ့ အစွမ်းအာနိသင်ကို လျော့ချနိုင်ပါတယ်။

ဒီဆေးဝါးကို အယ်လ်ဇိုင်းမားရောဂါကြောင့်ဖြစ်တဲ့ အလတ်စားနဲ့အပြင်းစား မှတ်ဉာဏ်ချို့ယွင်းမှုကို ကုသရာမှာ  အဓိကအသုံးပြုပါတယ်။

ဒီဆောင်းပါးမှာမဖော်ပြထားတဲ့ အခြားရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

Namenda ဘယ်လိုသောက်သုံးသင့်သလဲ

Namenda ကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာသောက်သုံးပါ။ ဆေးအညွှန်းမှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်အားလုံးကို တိတိကျကျလိုက်နာပါ။ သင့်ဆရာဝန်အနေနဲ့ သင့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အကောင်းဆုံးရလဒ်ရရှိအောင် သောက်သုံးရမယ့် ဆေးပမာဏကို ရံဖန်ရံခါပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ ဆေးစွဲသောက်ခြင်း မပြုလုပ်သင့်ပါ။

ဒီဆေးဝါးကို အစာနဲ့တွဲပြီးဖြစ်စေ၊ ခြားပြီးဖြစ်စေ သောက်သုံးပါ။

ဆေးအာနိသင်အချိန်ကြာကြာရရှိအောင် ပြုလုပ်ထားတဲ့ ဆေးတောင့်တွေကို ချိုးချေခြင်း၊ ၀ါးစားခြင်း မပြုလုပ်ပဲ အတောင့်လိုက် ရေနဲ့မျှောချသောက်သုံးပါ။

ဆေးသောက်ရပိုမိုလွယ်ကူအောင် ဆေးတောင့်ကိုဖွင့်ပြီး ပါဝင်တဲ့ဆေးမှုန်တွေကို ပန်းသီးဆော့စ်နဲ့ရောပြီး သောက်သုံးနိုင်ပါတယ်။ ဖျော်ပြီးသားဆေးရည်ကို နောက်တစ်ကြိမ်ထပ်သုံးဖို့ မချန်ထားပါနဲ့။

ဆေးရည်သောက်သုံးမယ်ဆိုရင်လည်း ဆေးပမာဏအတိအကျရရှိအောင် ဆေးပုလင်းမှာပါတဲ့ ခြင်တွယ်ကိရိယာ သို့မဟုတ် ဆေးခွက်ကိုသာ အသုံးပြုပါ။ ခြင်တွယ်ကိရိယာမပါရင် သင့်ဆေးဝါးကျွမ်းကျင်ပညာရှင်ထံမှာ တောင်းယူပါ။

Namenda ဆေးရည်ကို အခြားဆေးရည်တွေနဲ့ မရောပစ်ပါနဲ့။ ဆေးကုန်သွားခဲ့ရင် ဆေးခြင်တွယ်တဲ့ကိရိယာနဲ့ ဆေးခွက်တွေကို ရေသန့်သန့်နဲ့ပြီး လေသလပ်ခံပါ။

ဆေးအာနိသင်အပြည့်အ၀ရရှိစေဖို့ Namenda ကို နေ့စဉ်ပုံမှန်သောက်သုံးပါ။ ဆေးကုန်တဲ့အထိမစောင့်ဘဲ ကြိုကြိုတင်တင်ဝယ်ယူထားပါ။ ဆေးသောက်သုံးနေစဉ်ကာလတလျှောက် သင့်အခြေအနေတိုးတက်မှုကို သင့်ဆရာဝန်က စစ်ဆေးအကဲဖြတ်သွားမှာဖြစ်ပါတယ်။

Namenda ဘယ်လိုသိမ်းဆည်းရမလဲ

Namendaကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Namenda ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Namenda ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Namendaကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Namenda အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအ၀င် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Namendaသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

အကယ်၍သင့်မှာ အောက်ဖော်ပြပါရောဂါတစ်ခုခု ရှိနေရင် Namenda မသောက်သုံးခင် သင့်ဆရာဝန်ကို မဖြစ်မနေအသိပေးပါ။

  • အတက်ရောဂါ
  • အသည်းရောဂါ
  • ကျောက်ကပ်ရောဂါ
  • ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ
  • ဆီးအိမ် သို့မဟုတ် ကျောက်ကပ်ပိုးဝင်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Namenda ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Namenda ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Namenda သောက်သုံးပြီး အင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာနှင့် လည်ချောင်းတို့ရောင်ရမ်းခြင်း စတဲ့ ဓာတ်မတည့်တုန့်ပြန်မှုလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာခဲ့ရင်လည်းသင့်ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ လည်ပင်း သို့မဟုတ် နားထဲ တဒုံးဒုံးမြည်ခြင်း
  • အတက်ရောဂါ
  • စိတ်အခြေအနေ သို့မဟုတ် အပြုအမူပြောင်းလဲခြင်း

ဒီဆေးဝါးကြောင့်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ၀မ်းလျှောခြင်း
  • မူးဝေခြင်း
  • ခေါင်းကိုက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Namenda နဲ့ ဓာတ်ပြုနိုင်သလဲ

Namendaဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Namenda နဲ့ သက်ရောက်ဓာတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့

  • Amantadine
  • Zonisamide
  • Dextromethorphan ပါဝင်သည့် ချောင်းဆိုးပျောက်ဆေးများ (Delsym, Robitussin Maximum Strength, Vicks 44)
  • ဆီးကို အယ်ကာလီဓာတ်ပြောင်းစေသည့် ဆေးဝါးများ – urine sodium bicarbonate, potassium citrate (K-Lyte, Urocit-K), sodium citrate, citric acid (Bicitra, Oracit), or sodium citrate, potassium (Citrolith, Polycitra)
  • မျက်စိရေတိမ်ရောဂါနှင့် မျက်လုံးတွင်းဖိအားမြင့်တက်မှုကို ကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ – acetazolamide, methazolamide

အစားအသောက်တွေနဲ့ အရက်က Namenda နဲ့ ဓာတ်ပြုနိုင်သလား

Namendaက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Namenda နဲ့ ဓာတ်ပြုနိုင်သလဲ

Namendaဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Namenda ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

– ကနဦးသောက်သုံးရမည့်ပမာဏ – ၅မီလီဂရမ် တစ်နေ့၁ကြိမ်

– နောက်ပိုင်းတွင် တစ်နေ့ ၁၀မီလီဂရမ် (၅မီလီဂရမ် တစ်နေ့၂ကြိမ်)၊ ၁၅မီလီဂရမ် (၅မီလီဂရမ် နှင့် ၁၀မီလီဂရမ်စီ ခွဲသောက်ရန်)၊ ၂၀မီလီဂရမ် (၁၀မီလီဂရမ် တစ်နေ့၂ကြိမ်) ရောက်သည်အထိ တစ်ကြိမ်တိုးလျှင် ၅မီလီဂရမ်စီ တိုးသွားရန်

– တစ်ကြိမ်နှင့်တစ်ကြိမ် အနည်းဆုံး ရက်သတ္တပတ်၁ပတ်ခြားပြီး ဆေးပမာဏတိုးရန်

– သုတေသနပြု စမ်းသပ်လေ့လာမှုတွေအရ တစ်နေ့ကို ၂၀မီလီဂရမ်နှုန်းနဲ့ သောက်သုံးရင် အာနိသင်ထိရောက်မှုရှိတယ်လို့ သိရှိရပါတယ်။

Namenda ကို အစာနဲ့တွဲပြီးဖြစ်စေ ခြားပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။ ဆေးသောက်ဖို့မေ့သွားခဲ့ရင် (လွတ်သွားခဲ့ရင်) နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှာပဲ ပုံမှန်အတိုင်းသောက်လိုက်ပါ။ ဆေးပမာဏ နှစ်ဆတိုးသောက်တာမျိုး မလုပ်ပါနဲ့။

ဆေးသောက်ဖို့ ရက်နဲ့ချီပြီးပျက်ကွက်ခဲ့မယ်ဆိုရင်တော့ သောက်သုံးရမယ့်ဆေးပမာဏကို လျော့ချပြီး အထက်မှာပြောခဲ့တဲ့အတိုင်း လိုသလိုပြန်လည်ချိန်ညှိရမှာ ဖြစ်ပါတယ်။

ကလေးတွေအတွက် Namenda ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Namenda ကိုဘယ်လိုရရှိနိုင်သလဲ

Namenda ကို memantine hydrochloride ၅ မီလီဂရမ်ပါဝင်တဲ့ ဆေးပြား၊ ဆေးရည်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Namenda ကို သောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇှနျ 1, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 1, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။