Naftifine ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Naftifine Brand Name(s): Naftifine.

အသုံးပြုပုံများ

Naftifine ကို ဘာအတွက်အသုံးပြုကြသလဲ

Naftifineကို သဲဝဲရောဂါ (athlete’s foot) ခေါ် မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးကိုကုသရာမှာအဓိကအသုံးပြုပါတယ်။ ဒီဆေးဝါးဟာ ကပ်ပါးမှိုပေါက်ပွားမှုကိုကာကွယ်တားဆီးပေးပြီးအရေပြားနီရဲခြင်း၊ ယားယံခြင်းနဲ့ အကြေးခွံသဏ္ဍာန် အဖတ်များထခြင်းတို့ကိုသက်သာပျောက်ကင်းစေပါတယ်။

Naftifine ဘယ်လိုသောက်သုံးသင့်သလဲ

Naftifineကိုအရေပြားလိမ်းဆေးအဖြစ်သာအသုံးပြုပါ။ ဆေးလိမ်းမယ့်နေရာကိုအရင်ဦးဆုံးသန့်ရှင်းခြောက်သွေ့အောင် ထားပါ။ မှိုရောဂါဖြစ်နေတဲ့နေရာတ၀ိုက် ဆေးခပ်ပါးပါးတင်ပြီးညင်သာစွာပွတ်လိမ်းပေးပါ။ ဒီဆေးဝါးကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာအသုံးပြုပါ။ (ပုံမှန်အားဖြင့် တစ်နေ့၁ကြိမ်၊ ရက်သတ္တပတ် ၂ပတ်ဆက်တိုက် လိမ်းဖို့လိုအပ်ပါတယ်။) ဆေးလိမ်းပြီးတိုင်းလက်ဆေးပါ။ ဆေးလိမ်းထားတဲ့နေရာကို ဆရာဝန်မညွှန်ကြားဘဲကျပ်စည်းခြင်း၊ ဖုံးအုပ်ခြင်း၊ ပတ်တီးစီးခြင်းမပြုလုပ်သင့်ပါ။

ဒီဆေးဝါးကို မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ မိန်းမကိုယ်အတွင်းပိုင်းတို့မှာ လုံးဝမလိမ်းသင့်ပါဘူး။

မတော်တဆထိမိခဲ့ရင်လည်းရေများများနဲ့ ဆေးပစ်ပါ။

Natifineကို ဆရာဝန်ညွှန်ကြားထားတဲ့ အကြိမ်ရေ၊ အချိန်ကာလထက်ကျော်ပြီးအသုံးမပြုသင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရနိုင်ချေ ပိုများလာမှာဖြစ်ပါတယ်။

ဆေးအာနိသင်အပြည့်အ၀ရရှိစေဖို့ Natifineကိုနေ့စဉ်ပုံမှန်လိမ်းပါ။ ဆေးလိမ်းဖို့မမေ့အောင် အချိန် တိတိကျကျသတ်မှတ်ပြီးမပျက်မကွက်လိမ်းပေးပါ။

ဆေးလိမ်းပြီးရက်အနည်းငယ်အတွင်းရောဂါလက္ခဏာတွေ သက်သာသွားခဲ့ရင်တောင် သတ်မှတ်ထားတဲ့အချိန်ပြည့်သည်အထိဆက်လက်အသုံးပြုပါ။ ရက်မပြည့်ခင် ဆေးရပ်လိုက်ခြင်းအားဖြင့် မှိုရောဂါတစ်ကျော့ပြန် ဖြစ်လာနိုင်ပါတယ်။

ဆေးပုံမှန်လိမ်းနေလျက်နဲ့ ရောဂါမသက်သာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာခဲ့ရင် သင့်ဆရာဝန်ကို အသိသင့်ပါတယ်။

Naftifine ဘယ်လိုသိမ်းဆည်းရမလဲ

Naftifineကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Naftifineကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Naftifineဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Naftifineကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Naftifine အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင်ဟာnaftifineသို့မဟုတ် အခြားမှိုသတ်ဆေးတစ်မျိုးမျိုး (ဥပမာ terbinafine)သို့မဟုတ် အခြားအရာတစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဒီဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးပါ။ ဒီဆေးဝါးမှာ ဓာတ်မတည့်တုန့်ပြန်မှုအပြင် အခြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါကသင့်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒီဆေးဝါးကို အသုံးမပြုခင် သင့်ကျန်းမာရေးရာဇ၀င်အကြောင်း သင့်ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်သိအောင် ပြောပြထားပါ။

ခွဲစိတ်ကုသမှု၊ သွားဘက်ဆိုင်ရာကုသမှု မခံယူခင် သက်ဆိုင်ရာဆရာဝန်ကို (ဆရာဝန်ညွှန်ကြားတဲ့ဆေး၊ မညွှန်ကြားတဲ့ဆေးနဲ့ သဘာဝဆေးဘက်ဝင်တွေအပါအ၀င်)

သင်အသုံးပြုနေသမျှ ဆေးဝါးအားလုံးအကြောင်း ကြိုတင်ပြောပြထားပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ naftifineကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုသင့်ပါတယ်။ ဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးအားလုံးကိုချိန်ဆနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဝါးဟာ မိခင်နို့ရည်ထဲ ၀င်ရောက်နိုင်ခြင်းရှိမရှိမသိရသေးပေမယ့် ကလေးနို့စို့မယ့်နေရာတ၀ိုက်မှာတော့ မလိမ်းသင့်ပါဘူး။ ဒါ့အပြင် naftifineအသုံးပြုနေသူမိခင်အားလုံးမိမိရင်သွေးကို နို့မတိုက်ခင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Naftifine ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Naftifine ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Naftifineလိမ်းထားတဲ့နေရာမှာအရေပြားအနည်းငယ်ကျိန်းစပ်ခြင်းကိုခံစားရတတ်ပါတယ်။ အကယ်၍ အချိန်ကြာတဲ့အထိဒီလက္ခဏာမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးပါ။

ဒီဆေးကြောင့်ရလာနိုင်တဲ့ ကောင်းကျိုးရလဒ်တွေကဘေးထွက်ဆိုးကျိုးထက် ပိုအလေးသာတဲ့အတွက်ကြောင့်သာသင့်ဆရာဝန်က ညွှန်းပေးထားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုအမြဲသတိပြုပါ။ ဒီဆေးလိမ်းသူအများစုဟာ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရလေ့မရှိပါဘူး။

Naftifineကြောင့်ပြင်းထန်တဲ့ဓာတ်မတည့်တုန့်ပြန်မှု ဖြစ်ခဲပေမယ့် ဆေးလိမ်းပြီးအဖုအပိမ့်အနီကွက်များထွက်ခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဆိုးဆိုးရွားရွား မူးဝေခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့လက္ခဏာတစ်စုံတစ်ရာပေါ်လာခဲ့ရင် အရေးပေါ်ဆေးကုမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Naftifine နဲ့ ဓာတ်ပြုနိုင်သလဲ

Naftifineဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Naftifine နဲ့ ဓာတ်ပြုနိုင်သလား

Naftifineက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Naftifine နဲ့ ဓာတ်ပြုနိုင်သလဲ

Naftifineဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Naftifine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Tinea Corporis မှိုရောဂါအတွက်

၁% ခရင်မ် – လုံလောက်တဲ့ဆေးပမာဏကိုမှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြားထဲစိမ့်ဝင်အောင် တစ်နေ့တစ်ကြိမ် ညင်ညင်သာသာလိမ်းပေးပါ။

၁% ဂျယ်လ် – လုံလောက်တဲ့ဆေးပမာဏကိုမှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြားထဲစိမ့်ဝင်အောင် တစ်နေ့လျှင် နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ညင်ညင်သာသာလိမ်းပေးပါ။

၂% ခရင်မ် – မှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြား လက်မ၀က်ခန့်ပေါ် ဆေးခပ်ပါးပါးတင်ပြီးတစ်နေ့တစ်ကြိမ် ရက်သတ္တပတ်၂ပတ် ပြည့်အောင်လိမ်းပါ။

အသုံးပြုပုံ

၁% ခရင်မ် – T rubrum, T mentagrophytes, Epidermophyton floccosumတို့ကြောင့်ဖြစ်သည့် Tinea cruris နှင့် Tinea corporis မှိုရောဂါများအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၁% ဂျယ်လ် – T rubrum, T mentagrophytes, Epidermophyton floccosumတို့ကြောင့်ဖြစ်သည့် Tinea cruris နှင့် Tinea corporis မှိုရောဂါများအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၂% ခရင်မ် – Trichophyton rubrum ကြောင့်ဖြစ်သည့် Tinea cruris နှင့် Tinea corporis မှိုရောဂါများအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

Tinea Cruris မှိုရောဂါအတွက်

Tinea Pedis မှိုရောဂါအတွက်

၂% ဂျယ်လ် – မှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြား လက်မ၀က်ခန့်ပေါ် ဆေးခပ်ပါးပါးတင်ပြီးတစ်နေ့တစ်ကြိမ် ရက်သတ္တပတ်၂ပတ် ပြည့်အောင်လိမ်းပါ။

အသုံးပြုပုံ

၁% ခရင်မ် – T rubrum, T mentagrophytes, Epidermophyton floccosumတို့ကြောင့်ဖြစ်သည့် Tinea cruris နှင့် Tinea corporis မှိုရောဂါများအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၁% ဂျယ်လ် – T rubrum, T mentagrophytes, Epidermophyton floccosumတို့ကြောင့်ဖြစ်သည့် Tinea cruris နှင့် Tinea corporis မှိုရောဂါများအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၂% ခရင်မ် – T rubrum ကြောင့်ခြေချောင်းလက်ချောင်းကြားတွင်ဖြစ်သည့် tinea pedis မှိုရောဂါအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၂% ဂျယ်လ် – T rubrum, T mentagrophytes, E floccosumတို့ကြောင့် ခြေချောင်းလက်ချောင်းကြားတွင်ဖြစ်သည့် tinea pedis မှိုရောဂါအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

မှတ်ချက်

ဆေးမလိမ်းမီလက်သေချာဆေးပါ

Naftifineကိုအရေပြားလိမ်းဆေးအဖြစ်သာအသုံးပြုပါ။ မျက်လုံး၊ ပါးစပ်၊ မိန်းမကိုယ်အတွင်းပိုင်းတွေမှာမလိမ်းပါနဲ့။

မှိုရောဂါဟုတ်မဟုတ် အဏုကြည့်မှန်ပြောင်းဖြင့် တိုက်ရိုက်ကြည့်ရှုစစ်ဆေးပြီးဒါမှမဟုတ်ပိုးမွေးစစ်ဆေးပြီးရောဂါရှာဖွေအတည်ပြုဖို့ လိုအပ်ပါတယ်။

၁% လိမ်းဆေးတစ်ခုခုကိုရက်သတ္တပတ် ၄ပတ်အသုံးပြုပြီးလို့မှ တိုးတက်မှုရှိမလာရင် လူနာအခြေအနေကို ပြန်လည်စစ်ဆေးသင့်ပါတယ်။

လူနာများအတွက်အကြံပြုချက်

Naftifineကိုမျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ အခြားအချွဲအမှေးများနှင့် မထိတွေ့ပါစေနှင့်

ဆေးလိမ်းပြီးအရေပြားထိခိုက်မှုတစ်စုံတစ်ရာရှိလာခဲ့ရင် ဆရာဝန်ဆီ သွားရောက်ပြသပါ။

ကလေးတွေအတွက် Naftifine ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Tinea Cruris မှိုရောဂါအတွက်

အသက် ၁၂နှစ်နှင့်အထက်ကလေးများ

၂% ခရင်မ် – မှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြား လက်မ၀က်ခန့်ပေါ် ဆေးခပ်ပါးပါးတင်ပြီးတစ်နေ့တစ်ကြိမ် ရက်သတ္တပတ်၂ပတ် ပြည့်အောင်လိမ်းပါ။

အသုံးပြုပုံ – T rubrum ကြောင့်ဖြစ်သည့် Tinea cruris မှိုရောဂါအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

Tinea Pedis မှိုရောဂါအတွက်

အသက် ၁၂နှစ်နှင့်အထက်ကလေးများ

၂% ခရင်မ် – မှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြား လက်မ၀က်ခန့်ပေါ် ဆေးခပ်ပါးပါးတင်ပြီးတစ်နေ့တစ်ကြိမ် ရက်သတ္တပတ်၂ပတ် ပြည့်အောင်လိမ်းပါ။

၂%ဂျယ်လ် – မှိုရောဂါဖြစ်နေတဲ့နေရာနဲ့ ပတ်ပတ်လည်အရေပြား လက်မ၀က်ခန့်ပေါ် ဆေးခပ်ပါးပါးတင်ပြီးတစ်နေ့တစ်ကြိမ် ရက်သတ္တပတ်၂ပတ် ပြည့်အောင်လိမ်းပါ။

အသုံးပြုပုံ

၂% ခရင်မ် – T rubrum ကြောင့် ခြေချောင်းလက်ချောင်းကြားတွင်ဖြစ်သည့် tinea pedis မှိုရောဂါအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

၂% ဂျယ်လ် – T rubrum, T mentagrophytes, E floccosumတို့ကြောင့် ခြေချောင်းလက်ချောင်းကြားတွင်ဖြစ်သည့် tinea pedis မှိုရောဂါအတွက် အရေပြားလိမ်းဆေးအဖြစ် အသုံးပြုရန်

သတိပြုရမည်အချက်များ

၁% ဖော်မြူလာနဲ့ထုတ်လုပ်ထားတဲ့ naftifineလိမ်းဆေးတွေကိုအသက် ၁၈နှစ်အောက်ကလေးတွေမှာ၊ ၂% ဖော်မြူလာနဲ့ထုတ်လုပ်ထားတဲ့ naftifineလိမ်းဆေးတွေကိုအသက် ၁၂နှစ်အောက်ကလေးတွေမှာအသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ၊ အာနိသင်ထိရောက်မှုရှိမရှိတိတိကျကျ မသိရသေးပါဘူး။

Naftifine ကိုဘယ်လိုရရှိနိုင်သလဲ

Naftifineကိုလိမ်းဆေးခရင်မ်၊ လိမ်းဆေးဂျယ်လ် ပုံစံများဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Naftifineကိုလိမ်းဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးလိမ်းပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးလိမ်းရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲလိမ်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးလိမ်းတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 1, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။