backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Nafarelin


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Nafarelin ကို ဘာအတွက်အသုံးပြုကြသလဲ

Nafarelin ကို အများဆုံးအသုံးပြုကြသည်မှာ အမျိုးသမီး ရောဂါများအတွက် ဖြစ်ပါသည်။ Endometriosis ရောဂါနှင့် ယင်း၏ လက္ခဏာများဖြစ်သော တင်ပဆုံ အရိုးကွင်းအတွင်း နာကျင်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း၊ လိင်ဆက်ဆံစဉ်နှင့် ဆက်ဆံပြီးနောက် နာကျင်ခြင်းတို့တွင်လည်း သုံးစွဲနိုင်ပါသည်။ ထို့ပြင် အမျိုးသမီး ငယ်လေး များတွင် (central precocious puberty နှင့် gonadotropin-dependent တို့ကြောင့်) ရာသီစောပေါ်ခြင်း အတွက်လည်း သုံးစွဲနိုင်ပါသည်။ ထိုနည်းတူပင် ဤဆေးသည် အရိုးရင့်ရော်ခြင်းနှင့် အရပ်ထွက်ခြင်းကို ပုံမှန်နီးပါးဖြစ်စေရန် လျော့ချပေးနိုင်ပါသည်။ ထိုနည်းတူ အရွယ်မတိုင်ခင် အပျို၊ လူပျိုဖြစ်ခြင်းကိုလည်း ကုသနိုင်ပါသည်။

Nafarelin သည် ခန္ဓါကိုယ်အတွင်းမှ သဘာဝအတိုင်း ထုတ်လုပ်ပေးသော gonadotropin-releasing hormone-GnRH ဟော်မုန်းနှင့် တူညီပါသည်။ ယင်းသည် ယောကျားလေးများတွင် testosterone ဟော်မုန်းထွက်ခြင်းနှင့် မိန်းကလေးများတွင် estrogen ဟော်မုန်းထွက်ခြင်းကို လျော့ ကျစေပါသည်။

Nafarelin ဘယ်လိုသောက်သုံးသင့်သလဲ

စပရေးဖျန်းဆေး အနေဖြင့် သုံးစွဲရပါမည်။ ပထဆုံးအကြိမ် သုံးစွဲမည့်သူဖြစ်ပါက စမ်းသပ်ဖျန်းခြင်းကို ညွန်ကြားချက် အတိုင်း လုပ်ဆောင်ပါ။ သေးငယ်သော မြူလေးများသဖွယ် ထွက်လာခြင်းသည် ဖျန်းဆေးဘူးကောင်းစွာ အလုပ်လုပ် ခြင်းကို ဖော်ပြပါသည်။ ဆေးဘူးကို အသုံးမပြုမီ နှခေါင်းတွင်း မှလေကို မှုတ်ထုတ်ထားပါ။ ကလေးငယ်များ အတွက်မူ ဘောလုံးနှင့် လေစုတ်ထုတ်ထားပါ။ (နှာခေါင်းတွင်း ရှင်းစေရန်)

ဤဆေးကို ဆရာဝန်ညွန်ကြားသည့် အတိုင်းသာ သုံးစွဲပါ။ အများအားဖြင့် တစ်နေ့ ၂ကြိမ် (၁၂နာရီခြား) ဖြစ်ပါသည်။ အကယ်၍ တစ်ကြိမ်လျင် တစ်ခါထက်ပို၍ ဖျန်းရပါက စက္ကန့် ၃၀ ခြားပေးပါ။ မျက်စိကို တိုက်ရိုက်မဖျန်းရပါ။ ဆေးဖျန်းနေ စဉ်နှင့် ဖျန်းပြီးခါစတွင် နှာမချေပါနှင့်၊ သို့မဟုတ်ပါက ဆေး အာနိသင် ရရှိမှု့ နည်းစေပါမည်။ ဖျန်းဆေးဘူးခေါင်းကို သန့် ရှင်းရန် ညွန်ကြားချက်ကို လိုက်နာပါ။ အသုံးပြုပြီးတိုင်း တွင် ပြန်သန့်ရှင်းရန် အရေးကြီးပါသည်။

ဆေးပမာဏနှင့် ကုသရန်ကြာချိန်သည် သင်၏ရောဂါ အခြေ အနေနှင့် ကုသမှု့ကို တုန့်ပြန်မှု့ပေါ် မူတည်ပါသည်။ အရေး ကြီးသည်မှာ ဆေးကို ဆရာဝန်ညွန်ကြားချက်အတိုင်း စဉ် ဆက်မပြတ် သုံးစွဲရန် အရေးကြီးပါသည်။ ဆေးချိန်မမေ့စေရန် ဂရုပြုပါ။ မမေ့ရန် နေ့စဉ်တစ်ချိန်တည်းသာ သုံးစွဲပါ။

ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်ကို ဆေးပု လင်းကို ဖွင့်ပြီး အချိန်မည်မျှအထိ သုံးစွဲနိုင်သည်ကို မေးမြန်း ထားပါ။ ဆေးပုလင်းကို ဖောက်ပြီးပါက ကာလကြာစွာ မသုံးသင့်ပါ။ ဆေးအာနိသင် နည်းပါးသွားတတ်ပါသည်။ ဆေး ကို မပြတ်စေရန် မကုန်ခင် ဝယ်ထားရန် အကြံပြုလိုပါသည်။

ဆေးပမာဏ သို့မဟုတ် ကြာချိန်ကို ညွန်ကြားထားသည် ထက် ပို၍မသုံးစွဲပါနှင့်။ ထိုသို့ သုံးစွဲပါက ဘေးထွက်ဆိုးကျိုး များလည်း ပို၍ဆိုးလာတတ်ပါသည်။

ရင်ကျပ်ပျောက်ဆေးများနှင့် တွဲဖက်၍ သုံးစွဲရပါက ဖျန်းဆေး သုံးပြီး ၂ နာရီကြမှသာ သုံးစွဲရပါမည်။

ဤဆေးကို ပထမဆုံးအကြိမ် စတင်သုံးစွဲပါက ရောဂါ လက္ခဏာများ ပိုမိုဆိုးလာတတ်ပါသည်။ (ဥပမာ။ endometriosis အတွက် ကုသနေစဉ် မိန်းမကိုယ်သွေးဆင်း ခြင်း ပိုဆိုးလာခြင်း သို့မဟုတ် ကလေးများတွင် အရွယ် မတိုင်မီ အပျိုဖော်၊ လူပျိုဖော် ဝင်ခြင်းကို ကုသခြင်းတွင် ရာသီသွေးဆင်းမှု့ များလာခြင်း၊ ရင်သား ပိုမိုကြီးမားလာ ခြင်း၊ ဆီးခုံမွေးပိုများလားခြင်း၊ အဆီပြန်ခြင်းနှင့် ကိုယ်နံ ပိုထွက်လာခြင်း) သို့သော် ယင်းသို့ပိုဆိုးလာခြင်းသည် ဆေးစ တင် သုံးစွဲပြီး တစ်လအတွင်းတွင် ပိုကောင်းလာရပါမည်။ ကုသမှု့ စတင်ပြီး ၂ လကြာသည့်အထိ မထူးခြားပါက ဆရာ ဝန်နှင့် ပြန်လည် ဆွေးနွေးပါ။

Nafarelin ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန် တွင် သိုလှောင်ထားနိုင်ပါတယ်။

Nafarelinကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nafarelin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Nafarelin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Nafarelin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ် သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nafarelin အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Nafarelin ကို မသုံးစွဲခင်မှာ သင့်တွင် GnRH သို့မဟုတ် GnRH နှင့် ပုံစံတူသော ဟော်မုန်းများ (ဥပမာ။ leuprolide) နှင့် ဓါတ်မတည့်ခြင်း ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ကျွမ်းကျင် ပညာရှင်ကို ပြောပြပါ။ ဤဆေးတွင် ဓါတ်မ တည့်ခြင်းနှင့် အခြား ပြဿနာများကို ဖြစ်စေသော ပါဝင်ပစ္စည်းများ ပါရှိနိုင်ပါသည်။ သင်၏ ဆေးဝါးကျွမ်းကျင် ပညာရှင်နှင့် အသေးစိတ်ဆွေးနွေးပါ။

ဤဆေးကို မသုံးစွဲခင်မှာ သင့်အနေဖြင့် အောက်ပါကျန်း မာရေးအခြေအနေများ ရှိပါက ပြောပြရန်လိုအပ်ပါသည်။ ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းနေခြင်း၊ ဆေးလိပ်သောက် ခြင်း၊ နေ့စဉ်အရက်သောက်ခြင်း၊ အရိုးပွခြင်း၊ ဒါမှဟုတ် မျိုးရိုးတွင် အရိုးပွခြင်း၊ သားအိမ်ရေအိပ်တည်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ အတက်ရောဂါနှင့် စိတ်ဓါတ်ကျခြင်း ကဲ့သို့သော စိတ်ရောဂါများ စသည့်။

ခွဲစိတ်ကုသမှု့ ခံယူရန်ရှိပါက သင်၏ ဆရာဝန်/ သွားဆရာဝန် ကို သင်ဆေးအနေဖြင့် လက်ရှိ သုံးစွဲနေသော အရာများ အားလုံးကို ပြောပြပါ။

ဤဆေးကို ကိုယ်ဝန်ဆောင်ချိန်တွင် မသုံးရပါ။ ဗိုက်ထဲရှိ ကလေးကို ထိခိုက်စေနိုင်ပါသည်။ စတင်သုံးစွဲမည် ဆိုလျင် ရာသီစတင်သည့်ရက် ၂ရက်မှ ၄ရက်အတွင်း စရမည် ဖြစ်ပါ သည်။ ဤဆေးသည် မျိုးဥကြွေခြင်းကို တားဆီးနိုင်သော အာနိသင် ရှိသော်လည်း သန္ဓေတားခြင်းအတွက် စိတ်မချရပါ ထို့ကြောင့် ဤဆေးသောက်ချိန်တွင် ဟော်မုန်းမပါသော (ကွန်ဒုံကဲ့သို့သော) သားဆက်ခြား နည်းများကို သုံးစွဲပါ။ သုံး စွဲနေစဉ်တွင် ကိုယ်ဝန်ရှိလာပါက/ ရှိလာပါက သင်၏ ဆရာဝန်ကို ချက်ခြင်း ပြောကြားပါ။

ဤဆေးသည် မိခင်နို့မှတစ်ဆင့် ကလေးဆီသို့ ဖြတ်သန်း ရောက်ရှိခြင်း ရှိမရှိ မသေချာပါ။ သို့သော် လသားကလေး တွင် ဘေးဖြစ်စေနိုင်သဖြင့် နို့တိုက်မိခင်များ မသုံးစွဲရပါ။ ထို့ ကြောင့် ကလေးနို့တိုက်ရန် ရှိပါက ဆရာဝန်နှင့် သေချာတိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nafarelin ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင် ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် x ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Nafarelin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦး နှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးသုံးစွဲစဉ် နှာခေါင်းတွင်း နေမထိထိုင်မသာ ဖြစ်ခြင်း၊ အသားပူပြီး နီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လိင်ကိစ္စ စိတ်ဝင်စားမှု့ နည်းပါးလားခြင်း၊ ကြွက်သားနာကျင်ခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ရင်သားသေးလာခြင်း တို့ ဖြစ်စေနိုင်ပါသည်။ ဤဘေးထွက်ဆိုးကျိုးများ ကြာရှည်ခြင်း/ ပိုဆိုးလာခြင်းများ ရှိပါက ဆရာဝန်/ ဆေးဝါးကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ပါ။ ဆရာဝန်မှ ဆေးတစ်ခုခုကို ညွန်ကြား ခြင်းမှာ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများသောကြောင့် ဖြစ် ပါသည်။ လူများစွာလည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုး ကင်းစွာ သုံးစွဲနေကြပါသည်။

စိတ်ပြောင်းလဲခြင်း ( စိတ်ကျခြင်း၊ ခံစားချက် အတက်အကျ မြန်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် သတ်သေချင်စိတ်များ ဖြစ်လာ ခြင်းတို့အတွက် ဆရာဝန်နှင့် ချက်ခြင်း ပြန်တိုင်ပင်ပါ။

အတက်ရောဂါဖြစ်ပါက ချက်ခြင်းဆေးကုသမှု့ ခံယူပါ။

စတင်သောက်သုံးသော ပထမနာရီမှ စတင်ပြီး ၂ပတ် အတွင်းတွင် (ဖြစ်ခဲသော်လည်း) Pituitary apoplexy ဟုခေါ်သော pituitary ဂလင်း ပြဿနာရှိ လာနိုင်ပါသည်။ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ရုတ်တရက် ပြင်းထန်သောစိတ်ခံစားချက် ပြောင်းလဲခြင်း၊ အမြင်အာရုံ ပြောင်း လဲခြင်း၊ အော့အန်ခြင်းများသည် pituitary apoplexy ၏ လက္ခဏာများ ဖြစ်နိုင်ပါသည်။

ဤဆေးသုံးစွဲနေသော အမျိုးသမီးများတွင် အောက်ပါ ပြင်း ထန်သော လက္ခဏာများ ရှိလာပါက ဆရာဝန်ကို ချက်ခြင်း ပြန်ပြပါ။ ဗိုက်အောင့်ခြင်း၊ ခါးနောက်ပိုင်း နာခြင်း၊ အရိုးနာ ခြင်း၊ နှလုံးခုန် မြန်ခြင်း၊ လက်မောင်းနှင့် ခြေထောက်များ ထုံကျင်ခြင်း၊ မျက်လုံးကိုက်ခြင်း။

ဤဆေးကို အလွန်ပြင်းထန်သော ဓါတ်မတည့်ခြင်းများ ဖြစ် ခဲပါသည်။ သို့သော်လည်း ဓါတ်မတည့်ခြင်း လက္ခဏာများ ဖြစ်သော အင်ပြင်ထခြင်း၊ မျက်နှာ၊ လျာ၊ လည်ချောင်းတွင် ယားယံခြင်းနှင့် ယောင်ရမ်းခြင်း၊ ခေါင်းမူခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည်တို့ ဖြစ်လာပါက ဆရာဝန်ဆီ ချက်ခြင်း ပြန်သွားပါ။

လူတိုင်း ဤဘေးထွက်ဆိုးကျိုးများကို ခံစားရမည် မဟုတ် သကဲ့သို့ ဖော်ပြပါ လက္ခဏာများတွင် မပါသော အခြား လက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ ထို့ကြောင့် ဘေး ထွက်ဆိုးကျိုးများနှင့် ပက်သက်ပြီး စိုးရိမ်မှု့ ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်ကို တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nafarelin နဲ့ ဓါတ်ပြုနိုင်သလဲ

Nafarelin သည် အချို့သော ဓါတ်ခွဲစစ်ဆေးမှု့ အဖြေများကို မှားယွင်းစေနိုင်ပါသည်။ (ဥပမာ။ pituitary gonadotropic and gonadal functions စစ်ဆေးမှု့) ထို့ကြောင့် Nafarelin သောက်သုံးနေပါက ဆရာဝန်နှင့် ဓါတ်ခွဲခန်းကို အကြောင်း ကြားပါ။

Nafarelin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန် ညွန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Nafarelin နဲ့ ဓါတ်ပြုနိုင်သလား

Nafarelinက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာရန် အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nafarelin နဲ့ ဓါတ်ပြုနိုင်သလဲ

Nafarelin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက် ရောက်မှု့ ပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nafarelin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Endometriosis အတွက် လူကြီးတစ်ဦး သုံးစွဲရမည့် ပမာဏ

200 mcg နှခေါင်းပေါက် တစ်ဖက်ကိုသာ တခါဖျန်း၊ တစ်နေ့ ၂ကြိမ်။ အများဆုံး 800 mcg အထိ (နှခေါင်းပေါက် တစ်ဖ က်လျင် တစ်ကြိမ်၊ တနေ့၂ကြိမ်) ။

ကုသချိန်။ ၆လ

မှတ်ချက်။

ဆေးစတင်ပြီး ၂ လအတွင်း ရာသီပေါ်ပါက ဆေးပ မာဏကို ၂ဆ တိုးရန်။

ဆေးကို ရာသီစတင်ပြီး ၂ရက်မှ ၄ ရက်အတွင်း စသုံးရန်။

စတင်သုံးစွဲပါက နှခေါင်းပေါက် တစ်ဖက်စီကို အလှည်ကျ ဖျန်းပါ။ ဥပမာ။ မနက်တွင် တစ်ဖက် ညနေတွင် တစ်ဖက်။

အညွန်း။

Endometriosis ရောဂါတွင် ဖြစ်တတ်သော နာကျင်ခြင်းနှင့် ရောဂါကြောင့် ဖြစ်သော သားအိမ်အသားတက်ခြင်းကို လျော့နည်းစေပါသည်။

အခြားမှတ်ချက်များ။

သုံးစွဲနည်းလမ်းညွန်။ ။ ဆေးကို နှခေါင်းပေါက်တွင်း မဖျန်းမီ ခေါင်းကို နောက်သို့ အနည်းငယ် လန်ထားပါ။

နှခေါင်းပေါက် တစ်ဖက်လျင် တစ်ကြိမ်ထက် ပိုဖျန်းရပါက စက္ကန့် ၃၀ခန့် ခြားပေးပါ။

ဆေးဖျန်းနေစဉ်နှင့် ဖျန်းပြီးခါစတွင် နှာချေပါက ဆေးကို နောက်တစ်ကြိမ် ပြန်ဖျန်းပါ။

သိမ်းဆည်းရန် အညွန်း။အလင်းရောင်တိုက်ရိုက်ထိသော နေရာနှင့် ရေခဲသေတ္တာ ထဲတွင် မထားရပါ။ ဆေးပုလင်းကို ထောင်လျက်သားသိမ်း ဆည်းပါ။

အထွေထွေသိရန်။

Endometriosis ရောဂါကို ကုသရန် သုံးစွဲပါက ဤဆေးသည် ရာသီသွေးဆုံးသော လက္ခဏာများကို ဖြစ်စေပါသည်။

မျိုးဥကြွေခြင်းကို ထိန်းချုပ်ပြုပြင်ခြင်းကို သားဖွားမီးယပ် အ ထူးကုမှ ဆောင်ရွက်ပေးသင့်ပါသည်။

လူပျို/အပျိုဖော် စောဝင်ခြင်းအတွက် ကုသမှု့ ပေးမည်ဆိုပါ က မပေးမီတွင် အခြားဖြစ်နိုင်သော အကြောင်းရင်းများကို ရှာဖွေအတည်ပြုပါ။ ဥပမာ။ hypothalamic/pituitary/testicular tumors, increased intracranial pressure, congenital adrenal hyperplasia, testotoxicosis, autonomous feminizing/masculinizing disorders

စောင့်ကြည့်စစ်ဆေးခြင်း။

ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်းကို ဆေးကုသမှု့ မစတင်ခင်နှင့် ဆေးသုံးစွဲနေစဉ် ဆေးပြတ်သွားခြင်းများတွင် စစ်ဆေးပါ။

၂ကြိမ်ထက်ပိုပြီး ဆေးပတ်လည်အောင် သောက်ရမည့် သူများနှင့် အရိုးပွသော မျိုးရိုးရှိသူများတွင် အရိုးသိပ်သည်းဆကို စစ်ဆေးပါ။

Estradiol နှင့် progesterone ပမာဏကို (အထူးသဖြင့် သား ဥကြွေခြင်း ထိန်ူချုပ်ပြုပြင်မှု့ကို တွဲဖက်ကုသမှု့ ယူနေရသူများ နှင့် အရွယ်မတိုင်မီ အပျို/လူပျိုဖော် ဝင်ခြင်းကို ကုသမှု့ ခံယူ နေရသူများတွင်) စစ်ဆေးပါ။

Luteinizing hormone ကို အရွယ်မတိုင်မီ အပျို/လူပျိုဖော် ဝင်ခြင်းကို ကုသမှု့ ခံယူ နေရသူများတွင်စစ်ဆေးပါ။ အရိုးကြီးထွားမှု့နှုန်းကို အရွယ်မတိုင်မီ အပျို/လူပျိုဖော်ဝင်ခြင်းကို ကုသမှု့ ခံယူနေရသူများတွင် စစ်ဆေးပါ။

စိတ်ကျန်းမာရေးနှင့် ပက်သက်သော လက္ခဏာများကိုလည်း အမြဲစစ်ေဆေးပါ။

လူနာအတွက် အကြံပြုချက်။

ဆေးသုံးစွဲနေစဉ် ကိုယ်ဝန်ရှိလာခြင်း၊ ကလးယူရန် အစီအစဉ် ရှိခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းများကို ဆရာဝန်ထံ အသိပေးပါ။ ဤဆေးကို သုံးစွဲနေစဉ် ဟော်မုန်းမပါသော

သားဆက်ခြား နည်းလမ်းများကို သုံးပါ။

လူနာနှင့် လူနာစောင့်များသည် ဆေးပုံမှန် သုံးစွဲရန်/ ဆေး မ ပြတ်စေရန် အရေးကြီးပုံကို သိရှိစေရန် လိုအပ်ပါသည်။

အသိပညာပေး လက်ကမ်းစာဆောင်များ ဖတ်ရှုသင့်ပါသည်။

ဆေးမပျက်ဘဲ ရာသီပြန်ပေါ်လာခြင်း၊ ဆေးပျက်ခြင်းများ ရှိပါက ဆရာဝန်နှင့် ပြန်ပြရန်လိုအပ်ပါသည်။

ဆေးသုံးစွဲနေစဉ် နှာခေါင်းယောင်ယမ်းခြင်း၊ နှာရည်ယိုခြင်း/ နှာပိတ်ခြင်းများ ဖြစ်လာပါက လိုအပ်သော ကုသမှု့အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ ရင်ကျပ်ပျောက်ဆေး (ရှူဆေးများ) နှင့် တွဲသုံးရန် လိုအပ်ပါက အနည်းဆုံး မိနစ် ၃၀ ခြားပါ။

ကလေးတွေအတွက် Nafarelin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်မတိုင်မီ အပျို/လူပျိုဖော် စောဝင်ခြင်းအတွက်

800 mcg နှခေါင်းပေါက် တစ်ဖက်လျင် ဖျန်းဆေး ၂ချက်နှင့် တရက်လျင် ၂ကြိမ်မှ အများဆုံး 1800 mcg အထိ (တစ်ဖက် လျင် ဖျန်းဆေး ၃ကြိမ်နှင့် တစ်ဖက်ခြား တနေ့ ၃ကြိမ်)

မှတ်ချက်။

အကယ်၍ ဆေးစသုံးပြီး ပထမ ၂လ အတွင်းတွင် ရောဂါ လက္ခဏာများ မသက်သာပါက ဆေးချိန်မှန်မမှန်နှင့် gonadotropin independent sexual precocity ဖြစ်နေခြင်း ဟုတ်မဟုတ် ပြန်လည် စမ်းစစ်ပါ။ ထို့နောက် ဆေးပမာဏကို 1800 mcg/day အထိတိုးပါ။

အပျို/လူပျိုဖော် ဝင်သည့် လက္ခဏာများကို ဆေးစသုံးစတွင် တွေ့ရဦးမည် ဖြစ်သော်လည်း တလအတွင်း ပျောက်သွားရ မည် ဖြစ်ပါသည်။

ဆေးကို ပုံမှန် ရာသီပေါ်ရမည့် အသက်အရွယ်အထိ ဆက်လ က်သုံးစွဲနေရမည် ဖြစ်ပါသည်။

အသုံးပြုခြင်း။central/gonadotropin-dependent precocious puberty ကို ကုသရာတွင် သုံးစွဲပါသည်။

သတိပြုရန် အချက်များ။

Endometriosis ရောဂါအတွက် ကုသရာတွင်မူ အသက် ၁ ၈ နှစ်အောက် မိန်းကလေးများအတွက် စိတ်ချရမှု့နှင့် ထိရောက်မှု့မှာ မသေချာပါ။

Nafarelin ကိုဘယ်လိုရရှိနိုင်သလဲ

Nafarelin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • နှာခေါင်းထဲတည့် ဆေးရည်
  • နှာခေါင်းထဲ ဖျန်းဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nafarelin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement