Generic Name: Mucolator (ချွဲပျော်ဆေး) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Mucolator (ချွဲပျော်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Mucolator ချွဲပျော်ဆေး  ကိုအောက်ပါ အကြောင်းအရာများအတွက် အများဆုံးအသုံးပြုကြပါသည်။

  • အမျိုးမျိုးသော အဆုတ်ပြသနာများ(နာတာ၇ှည် အဆုတ်ပွခြင်း၊ လေပြွန်ရောင်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းကြောင့် လေပြွန်ရောင်ခြင်း၊ နီမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ ခွဲစိတ်ကုသမှုများနှင့် အဆုတ်နှင့် ဆိုင်သော စမ်းသပ် စစ်ဆေးမှုများ)ကြောင့် ချွဲများထွက်ခြင်း ကိုကုသရန်
  • Paracetamol အဆိပ်သင့်ခြင်း အတွက်ဖြေဆေးအနေနှင့် အသုံးပြုခြင်း

Mucolator (ချွဲပျော်ဆေး) ဘယ်လိုသောက်သုံးသင့်သလဲ

Mucolator ကိုဆရာဝန် ညွှန်ကြားသည့် အတိုင်း သို့မဟုတ် ဆေးပေါ်တွင် ရေးထားသော စာအတိုင်းသောက်ပါ။

  • Acetylcysteine အရည်ကို ရှုစက်ဖြင့် အဆုတ်ထဲသို့သွင်းရပါမည်။ ထိုသို့ရှုသွင်းရန် နည်းလမ်းများကို တိကျစါာသိရှိရမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားမှသာ ထိုနည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။
  • အရည်ကို မျက်နှာဖုံးဖြင့် ရှုပါက မျက်နှာပေါ်တွင် ချွဲများကပ်နေနိုင်ပါသည်။ထိုချွဲများကို ရေဖြင့် ဆေးချလိုက်ပါ။
  • Mucolator ကို မေ့သွားခဲ့ပါက သိသိချင်းရှု/သောက်ပါ။ အကယ်၍ ဆေးနောက်တကြိမ်နှင့် နီးသွားခဲ့လျှင် နှစ်ခါထပ်မသောက်ဘဲ ပုံမှန်အတိုင်း ပြန်ရှု/သောက်ပါ။ ဆေး၂ကြိမ်စာကို တပြိုင်နက်ရှု/ သောက်ခြင်းမျိုးမလုပ်ရ။

သင်သိလိုသည်များရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

Mucolator (ချွဲပျော်ဆေး) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Mucolator ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Mucolator ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Mucolator ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Mucolator ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

 

Mucolator ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mucolator (ချွဲပျော်ဆေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိလျှင် acetylcysteine အရည်ကို မသုံးပါနှင့်။

  • သင်သည် acetylcysteine ထဲတွင်ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်လျှင် ဟုတ် အလားတူဆေးများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်

အောက်ပါ အခြေအနေများရှိလျှင် ဆရာဝန်ကို ဆေးမသောက်မီ ဆက်သွယ်ရမည်ဖြစ်ပါသည်။

ဆေးသည် အခြားသော ကျန်းမာရေးပြသနာများနှင့် ဓာတ်မတည့်ခြင်းများဖြစ်နိုင်သည့်အတွက် အောက်ပါတို့ဖြစ်ပါက သင့်ဆရာဝန်အားပြောရမည်ဖြစ်ပါသည်။

  • သင်သည် ကိုယ်ဝန်ရှိနေလျှင်၊ နို့တိုက်နေလျှင်၊ ကလေးယူရန်စီစဉ်ထားလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ဓာတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ ခံစားရလျှင်

(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mucolator (ချွဲပျော်ဆေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုမည်ဆိုလျှင်ဆေး၏ ကောင်းကျိုး ဆိုးကျိုးများကို ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်သည်။

acetylcysteine သည် မိခင်နို့ရည်ထဲတွင် ပါဝင်မှုရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ထို့ကြောင့် ဆေးမသောက်သုံးမီတွင် သင့်ကလေးအတွက် ဖြစ်နိုင်ချေများကို သိရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

ဘေးထွက်ဆိုးကျိုးများ

Mucolator (ချွဲပျော်ဆေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ၇ှိသော်လည်း အချို့သူများသည် ဘေးထွက်ဆိုးကျိုးများကို မခံစားရသူများလည်းရှိသည်။အောက်ပါတို့သည် Mucolator ၏အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့ကြာရှည်စွာဖြစ်ခြင်း၊ ယင်းတို့ကြောင့် သင်နေထိုင်မကောင်းလွန်စွာဖြစ်ခြင်းများရှိလာပါက ဆရာဝန်အားချက်ချင်း ဆက်သွယ်ပါ။

  • အရေပြားများ အေးစက်ခြင်း၊ မူးဝေခြင်း၊ ဖျားခြင်း၊ ပါးစပ်နှင့် လျှာများရောင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နှာစေးခြင်း၊။

အောက်ပါတို့သည် ဆိုးရွားသော ဆိုးကျိုးများဖြစ်သောကြောင့် ဆရာဝန်အားချက်ချင်းဆက်သွယ်ရန် လိုအပ်ပါသည်။

  • ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

 (ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Mucolator (ချွဲပျော်ဆေး) နဲ့ ဓာတ်ပြုနိုင်သလဲ

Mucolator ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Mucolator (ချွဲပျော်ဆေး) နဲ့ ဓာတ်ပြုနိုင်သလား

Mucolator က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Mucolator (ချွဲပျော်ဆေး) နဲ့ ဓာတ်ပြုနိုင်သလဲ

Mucolator ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။

သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mucolator (ချွဲပျော်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ရုတ်တရက်ဖြစ်ခြင်းနှင့် နာတာရှည်ဖြစ်သော အသက်ရှုလမ်းကြောင်းရောဂါများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများအတွက် 200 m တနေ့လျှင် သုံးကြိမ် သောက်နိုင်သည်။
  • Paracetamol အဆိပ်သင့်သူများအတွက် ပထမရက်တွင် 140 mg/kg သောက်ပြီးနောက် နောက်ရက်များတွင် တနေ့လျှင် 70 mg/kgသောက်နိုင်သည်။

ကလေးတွေအတွက် Mucolator (ချွဲပျော်ဆေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် နှစ်မှ နှစ်အထိ သတ်မှတ်ထားသော ပမာဏမှာ 200mg တနေ့ နှစ် ကြိမ်။

Mucolator (ချွဲပျော်ဆေး) ကိုဘယ်လိုရရှိနိုင်သလဲ

Mucolator ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။

  • အရည်ဖြစ်အောင်ဖျော်သော ဆေးမှုန့် 200 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Mucolator ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ
ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ