Morphine ကို သာမန်နာကျင်ခြင်းမှ ပြင်းထန်သောနာကျင်ခြင်းများအထိ သက်သာစေရန် အသုံးပြုသည်။ Tramadol သည် narcotic အမျိုးအစား အကိုက်အခဲပျောက်ဆေးဖြစ်သည်။၎င်းသည် သင်၏ခန္ဓါကိုယ်မှ နာကျင် မှုဝေဒနာကို ခံစားခြင်း နှင့် ပြန်လည်တုန့်ပြန်ခြင်းဖြစ်စဉ်တို့အား ပြောင်းလဲစေရန် ဦးနှောက်ကို ခိုင်းစေခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။
Morphine ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရသည်။Morphine ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သောက်နိုင်သည်။ အကယ်၍ ဆေးသောက်ပြီး ပျို့ခြင်း၊၊အန်ခြင်း၊မအီမသာဖြစ်ခြင်းများရှိပါက နောက်တကြိမ်သောက်သည့်အခါ အစာရှိသည့် အချိန်တွင် သောက်နိုင်ပါသည်။ ပျို့ခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေမည့် အခြားသော နည်းလမ်းများ (ဥပမာ။ ။ ခေါင်းကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ ၁နာရီ၊၂နာရီခန့်
လှဲလျောင်းနေခြင်းစသည်)ကို ဆရာဝန်အား မေးမြန်းနိုင်သည်။
အကယ်၍ သင်သည် Morphine သောက်ဆေးအရည်အား အသုံးပြုပါက ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။ ဆေးနှင့်အတူပါရှိသည့် ချင်တွယ်သည့်ပစ္စည်းဖြင့် ဆေးပမာဏကို တိကျစွာ တိုင်းတာချင်တွယ်ပါ။ ဆေးပမာဏ မှားယွင်းနိုင်သဖြင့် အိမ်တွင်ပုံမှန်အသုံးပြုသော ဇွန်းစသည်တို့ကိုမသုံးပါနှင့်။ ဆေးပမာဏ မည်သို့တိုင်းတာရမည်ကို မသိလျှင် သင့်ဆရာဝန်ကို မေးမြန်းနိုင်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဆေးပမာဏကို လိုသည်ထက်ပိုသောက်ခြင်း၊အကြိမ်ရေ ပိုသောက်ခြင်း သို့မဟုတ် ညွှန်ကြားသည့် ကာလထက် အချိန်ပိုသောက်ခြင်းများ မပြုလုပ်ရပါ။ ဆေးသောက်ရပ်ရန် ညွှန်ကြားသည့်အခါ လုံးဝရပ်လိုက်ပါ။ အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်သည်။ ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ပါသည်။ အကယ်၍ သင်သည်နာတာရှည်ရောဂါကြောင့် နာကျင်ခြင်း (ဥပမာ။ ။ ကင်ဆာ) ဖြစ်ပါက အချိန်ကြာမြင့်စွာ အာနိသင်ပြသော narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲရန်သင့်ဆရာဝန်က ညွှန်ကြားကောင်းညွှန်ကြားပါလိမ့်မည်။ဤ အခြေအနေတွင် Morphine ကို ရုတ်တရက် နာကျင်ခြင်းများအတွက် လိုအပ်သည့် အချိန်မှသာ အသုံးပြုပေလိမ့်မည်။ အခြားသော narcotic မဟုတ်သည့် အကိုက်အခဲပျောက်ဆေးများ (acetaminophen, ibuprofen စသည်)ကိုလည်း သုံးစွဲရန် လိုအပ်ပါလိမ့်မည်။ မရှင်းလင်းသည်များ ရှိပါက သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။ဤဆေးသည် ဆေးဖြတ်ခြင်း လက္ခဏာများကို ဖြစ်စေပါသည် (အထူးသဖြင့် အချိန်ကြာမြင့်စွာ ပုံမှန်သုံးစွဲလျှင်၊ပမာဏများပြားစွာ သုံးစွဲလျှင်)။ သင့်အနေဖြင့် အဆိုပါအခြေအနေမျိုးတွင် ဆေးကို ရုတ်တရက် ဖြတ်လိုက်ပါက ဆေးဖြတ်ဝေဒနာများဖြစ်သည့် ဂဏှာမငြိမ်ဖြစ်ခြင်း၊မျက်ရည်များ အလွန်အကျွံကျခြင်း၊နှာရည်ယိုခြင်း၊ပျို့ခြင်း၊မအီမသာဖြစ်ခြင်း၊ချွေးထွက်များခြင်း၊ကြွက်သားများ နာကျင်ခြင်း တို့ကို ခံစားရပါလိမ့်မည်။၎င်းဝေဒနာများကို ကာကွယ်ရန် သင့်ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးပါလိမ့်မည်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ ဆေးသောက်ရင်း အဆိုပါ လက္ခဏာများ
ပေါ်ပေါက်လာပါကလည်း ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ။Morphine ကို အချိန်ကြာရှည်စွာ သုံးစွဲပါက ဆေးမတိုးတော့ခြင်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် သင့်ဆရာဝန်ကို အသိပေးပါ။Morphine သည် ရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အကယ်၍ သင်သည် အရက် သို့မဟုတ် ဆေးစွဲဖူးသူဖြစ်ပါက Morphine ကို စွဲရန် အခွင့်အလမ်း ပိုများပါသည်။ ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာပါ။
အကယ်၍ နာကျင်ခြင်း မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာခဲ့လျှင် ဆရာဝန်ကို အကြောင်းကြားပါ။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Morphine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Morphine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Morphine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ်
ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Morphine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ်
သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Morphine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
Morphine ကို မသောက်သုံးမီ
သင်သည် Morphine သို့မဟုတ် အခြားဆေးဝါးများ သို့မဟုတ် Morphine တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းများ ရှိပါက ဆရာဝန်ကို
antihistamines (အအေးမိ နှာစေးပျောက်ဆေးများ); buprenorphine
(Butrans, in Suboxone); butorphanol (Stadol); ဆီးဆေးများ ;
nalbuphine (Nubain); pentazocine (Talwin, in Talacen); quinidine (in
Nuedexta). အောက်ပါဆေးများကို သုံးစွဲနေလျှင် သို့မဟုတ် လွန်ခဲ့သည့် ၂ပတ်အတွင်း ကမှ သုံးစွဲခြင်းကို ရပ်ဆိုင်းခဲ့လျှင်လည်း ဆရာဝန်ကို ပြောပြပါ။
monoamine oxidase (MAO) inhibitors, isocarboxazid (Marplan),
phenelzine (Nardil), selegiline (Eldepryl, Emsam, Zelapar),
tranylcypromine (Parnate).
သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါသည်။
အကယ်၍ သင်သည် အစာအိမ် သို့မဟုတ် အူထဲတွင် ပိတ်ဆို့ခြင်း၊တက်ခြင်း၊မြိုချရ ခက်ခဲခြင်း၊ဆီးကြိတ်ကြီးခြင်း၊ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိခြင်း၊သွေးပေါင်ကျခြင်း၊ Addison’s disease (Adrenal ဂလင်းမှ ဟော်မုန်းများ ပုံမှန်ကဲ့သို့မထုတ်နိုင်သော ရောဂါ) သို့မဟုတ် နှလုံးရောဂါ၊ကျောက်ကပ်ရောဂါ သို့မဟုတ် အသည်းရောဂါ၊သိုင်းရွိုက်ရောဂါ၊ပန်ကရိယရောဂါ သို့မဟုတ်
Morphine သည် ငိုက်မျဉ်းစေသဖြင့်
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက Morphine သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
သာမန်ဘေးထွက်လက္ခဏာများမှာ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Morphine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အိပ်ငိုက်စေသော ဆေးများ သို့မဟုတ် အသက်ရှုနှေးစေသော ဆေးများနှင့် Morphine တို့ကို အတူတကွ သုံးစွဲပါက အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားရစေနိုင်ပါသည်။ ထို့ကြောင့် အိပ်ဆေး၊အခြားသော narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးများ၊ကြွက်သားများကို ပြေလျော့စေသည့်ဆေးများ သို့မဟုတ် စိတ်ကျရောဂါ၊စိုးရိမ်ပူပန်မှုတို့အတွက် သုံးသော ဆေးများ နှင့် အတက်ကျဆေးတို့ကို Morphine နှင့် အတူတကွ အသုံးမပြုမီ ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးပါ။
Morphine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Morphine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
သည်းခြေအိတ်ရောဂါများ သို့မဟုတ် သည်းခြေကျောက်တည်ခြင်း။
အသည်းရောဂါ ——-> သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အကိုက်အခဲ၊နာကျင်ခြင်းအတွက်
အလျင်အမြန်အာနိသင်ပြသော ဆေးပြား :
ဆေးရည် :
အရေပြားအောက်ထိုးဆေး သို့မဟုတ် အသားထိုးဆေး :
ပေးနိုင်သော ဆေးပမာဏအတိုင်းအတာ : ၅- ၂၀ မီလီဂရမ် ကို(လိုအပ်သလို) ၄နာရီခြား တခါအထိ နိုင်သည်။
အကြောသွင်းဆေး :
အနာသက်သာစေရန်နှင့် မေ့ဆေးမပေးမီ :
ပေးနိုင်သော ဆေးပမာဏအတိုင်းအတာ : ၅- ၁၅ မီလီဂရမ်
တနေ့တာအတွက် ပေးနိုင်သော ဆေးပမာဏအတိုင်းအတာ : ၁၂ – ၁၂၀ မီလီဂရမ်။
(သို့မဟုတ်) 2 – 10mg/70kg ဖြင့် ပေးနိုင်သည်။
Acute myocardial infarction (နှလုံးကြွက်သားထိခိုက်ခြင်း) အတွက်
နှလုံးခွဲစိတ်ခြင်းအတွက်
အခြေအနေအလွန်ဆိုးရွားသော ကင်ဆာဝေဒနာရှင်များတွင် ကာလကြာရှည် ပြင်းထန်စွာ နာကျင်ခြင်းအတွက်
ဆက်တိုက်အကြောသွင်းဆေး : ဆက်တိုက်အကြောသွင်းဆေး မပေးမီအနာသက်သာစေရန်အတွက် morphine sulfate ၁၅မီလီဂရမ်နှင့် အထက်ကို အရင်ပေးရမည်။
ခါးရိုးထဲထိုးဆေးများ
Epidural
ကနဦးဆေးပမာဏ : ကျောရိုးထဲသို့ ၅မီလီဂရမ် ထိုးခြင်းဖြင့် ၂၄နာရီခန့်အထိ သိသာစွာ အနာသက်သာစေမည်။ အကယ်၍ ၁နာရီအတွင်း သိသာလုံလောက်စွာ အနာမသက်သာပါက ၁ – ၂ မီလီဂရမ်ခန့်ကို သင့်တော်သော အချိန်အပိုင်းအခြားအတွင်း သတိကြီးစွာ တိုး ပေးနိုင်သည်။ အများဆုံးပေးနိုင်သော ပမာဏမှာ ၂၄နာရီအတွင်း ၁၀မီလီဂရမ် ဖြစ်သည်။
Intrathecal
ဆေးပမာဏမှာ epidural ပေးရာတွင်သုံးသော ပမာဏ၏ ဆယ်ပုံတပုံခန့်သာလိုအပ်သည်။
ကနဦးဆေးပမာဏ : ဝ.၂ – ၁ မီလီဂရမ် ပမာဏသည် ၂၄နာရီခန့်အထိ သိသာစွာ အနာသက်သာစေမည်။ Intrathecal ထိုးခြင်းကို နောက်တကြိမ် ထပ်မံမပြုလုပ်သင့်ပါ။
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့
ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
အရေပြားအောက်ထိုးဆေး : 0.1 – 0.2 mg/kg ကို လိုအပ်သလို ထိုးပေးရမည်။ တခါထိုးလျှင် ၁၅မီလီဂရမ်ထက် မပိုစေရပါ။
အကြောထိုးဆေး : 50 – 100mcg/kg ကို ဖြည်းညင်းစွာထိုးရမည်။ တခါထိုးလျှင် ၁၀ မီလီဂရမ်ထက် မပိုစေရပါ။
Morphine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Epidural ထိုးဆေး : 10mg/ml ; 15mg/ml
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။