backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Morihepamin (မော်ရီဟက်ပါမင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Morihepamin (မော်ရီဟက်ပါမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Morihepamin ကို အများဆုံးအသုံးပြုကြသည်မှာ နာတာရှည်အသည်းရောဂါလူနာနေတွမှာ ဖြစ်တဲ့ hepatic encephalopathy ကို ကူညီကုသပေးဖို့ ဖြစ်ပါတယ်။

Morihepamin (မော်ရီဟက်ပါမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Morihepamin ကို သွေးပြန်ကြောအတွင်း ဖြည်းညင်းစွာ ထိုးသွင်းသင့်ပါတယ်။ Central venous line ကနေ သွင်းမယ်ဆိုရင် Morihepamin 50 ml ကို carbohydrate ပါဝင်တဲ့အရည်နဲ့ ရောမွှေပြီး central vein အတွင်း ၂၄ နာရီကြာအောင် သွင်းသင့်ပါတယ်။

အရည်က လုံးဝ မကြည်ဘူးဆိုရင် အသုံးမပြုသင့်ပါဘူး။

Morihepamin (မော်ရီဟက်ပါမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Morihepamin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Morihepamin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Morihepamin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Morihepamin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Morihepamin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Morihepamin (မော်ရီဟက်ပါမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Morihepamin ကို air vent အပ်ကို အသုံးမပြုပဲ ထိုးနိုင်ပါတယ်။

အရည်အရောင်မပြောင်းသွားရအောင် မသုံးမချင်း အပြင်က အခွံကို မဖေါက်သင့်ပါဘူး။

အရည် အရောင်ပြောင်းနေရင် (သို့) ယိုစိမ့်ခြင်း ရှိနေရင် (သို့) အရည်စက်တွေဟာ အပြင်ခွံအတွင်းဘက်မှာ ရှိနေရင် Morihepamin ကို အသုံးမပြုသင့်ပါဘူး။

ပလပ်စတစ်အိတ်ကို ကာထားတဲ့ ရော်ဘာ အဖုံး ဟာ ဖွင့်ပြီးသား ဖြစ်နေမယ်ဆိုရင် ဆေးကို အသုံးမပြုသင့်ပါဘူး။

အပ်ကို ရော်ဘာအဖုံး အပေါ်ကို အပ်ကို တည့်မတ်စွာ ထိုးသွင်းသင့်ပါတယ်။ တကယ်လို့ စောင်းပြီး ထည့်မယ်ဆိုရင် ပလပ်စတစ်အိတ်ကို အပ်က ထိုးမိနိုင်ပြီး အရည်တွေ ယိုကျနိုင်ပါတယ်။

အပြင်အခွံကို မပျက်စီးစေဖို့ ဂရုစိုက်သင့်ပါတယ်။ အပြင်ခွံပျက်စီးသွားမယ်ဆိုရင် အရည်ဟာ အရောင်ပြောင်းသွားပါလိမ့်မယ်။

ပလပ်စတစ်အိတ်ပေါ်မှာ ပါဝင်တဲ့ စကေးဟာ လမ်းညွှန်အနေနဲ့သာ အသုံးပြုသင့်ပါတယ်။

Morihepamin ကို U ပုံသဏ္ဍာန် ရှိတဲ့ ပြွန်ကို အသုံးပြုပြီး tandem စနစ်ကတစ်ဆင့် ထိုးသွင်းခြင်း မပြုနိုင်ပါဘူး။ ပလပ်စတစ်အိတ် နှစ်ခုကို တစ်ပြိုင်နက် (သို့) တစ်ခုပြီးတစ်ခု သွင်းမယ်ဆိုရင် Y ပုံစံ infusion set ကို အသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Morihepamin (မော်ရီဟက်ပါမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Morihepamin (မော်ရီဟက်ပါမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

  • အနီကွက်ထခြင်း
  • ပျို့ခြင်း
  • ရင်ဘတ်ထဲ နေမကောင်းခြင်း (နှလုံးခုန်သံကို သိနေခြင်း)
  • လက်တုန်ခြင်း (သွေးတွင်းသကြားဓါတ်လျော့နည်းခြင်း လက္ခဏာများ)
  • တုန်ခြင်း
  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • သွေးကြောဆိုင်ရာ နာကျင်မှုများ
  • ချွေးထွက်ခြင်း
  • အရေပြား အကွက်ထခြင်း

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Morihepamin (မော်ရီဟက်ပါမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Morihepamin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Morihepamin (မော်ရီဟက်ပါမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Morihepamin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Morihepamin (မော်ရီဟက်ပါမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Morihepamin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Morihepamin (မော်ရီဟက်ပါမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Morihepamin ကို အရွယ်ရောက်ပြီးသူတွေမှာ ၅၀၀ ml ပမာဏ ကို တစ်ကြိမ်တည်း သွေးပြန်ကြောအတွင်းကို ဖြည်းညင်းစွာ သွင်းစေသင့်ပါတယ်။

ပုံမှန် သွင်းနှုန်းကတော့ 500 ml ကို သုံးနာရီကျော် ကြာအောင် ဖြစ်ပါတယ်။

ဆေးပမာဏကို လူနာရဲ့ အသက်၊ လက္ခဏာတွေနဲ့ ကိုယ်အလေးချိန်တို့အပေါ် မူတည်ပြီး ညှိပေးနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာ သုံးတဲ့ ပမာဏ။ ယေဘုယျအားဖြင့် အသက်ကြီးတဲ့လူတွေမှာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေဟာ နှေးကွေးတာကြောင့် ဆေးကို သေချာစွာ ဂရုတစိုက်သွင်းသင့်ပါတယ်။ ပမာဏ လျှော့ချခြင်းမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ကလေးတွေအတွက် Morihepamin (မော်ရီဟက်ပါမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Morihepamin (မော်ရီဟက်ပါမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Morihepamin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Infusion 200 mL x 30’s.
  • Infusion 500 mL x 20’s.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Morihepamin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement