Generic Name: Mobic® (မိုဘစ်ခ်) Brand Name(s): .

အသုံးပြုပုံများ

Mobic® (မိုဘစ်ခ်) ကို ဘာအတွက်အသုံးပြုကြသလဲ

အဆစ်ရောင်လေးဘက်နာရောဂါနဲ့ အရိုးအဆစ်ရောင်ရောဂါတွေအတွက် သုံးနိုင်ပါတယ။် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်များတောင့်ခြင်းကို သက်သာစေပါတယ်။ စတီးရွိုက်အမျိုးအစားမဟုတ်တဲ့ အရောင်ကျဆေးအမျိုးအစားဖြစ်ပါတယ်။ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ဟော်မုန်းတွေကို လျှော့ချပေးပါတယ်။

Mobic® (မိုဘစ်ခ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အစာမပါဘဲသို့ အစာနဲ့တွဲပြီးအသုံးပြုနိုင်ပါတယ်။ တစ်နေ့တစ်ကြိမ်၊ ရေတစ်ခွက်အပြည့်နဲ့သောက်ပေးရမှာဖြစ်ပါတယ်။ ဆဆရာဝန်မပြောမချင်းသောက်ပေးနိုင်ပါတယ်။ ဆေးသောက်ပြိးပြီးချင်း အနည်းဆုံး၁၀အတွင်း လှဲလျောင်းခြင်းမျိုးရှောင်သင့်ပါတယ်။

အမှုန့်ပါအရည်ပုံစံဆေးကိုမတိုင်းခင်မှာ သေချာခါပေးသင့်ပါတယ်။

ဗိုက်အောင့်ခြင်းဖြစ်ခဲ့မယ်ဆိုရင် အစာ၊နို့၊ အက်ဆစ်ဆန့်ကျင်ဆေးတွေနဲ့တွဲသောက်နိုင်ပါတယ်။ သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး

Mobic® (မိုဘစ်ခ်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို  ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Mobic® (မိုဘစ်ခ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရ၇င်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Mobic®   သို့ အခြားသောဆေးများနဲ့ ဓာတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး

သေစေနိုင်တဲ့အစာအိမ်အူသွေးယိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသုံးပြုနေစဉ်အတွင်း အထူးသဖြင့်းလူကြိးတွေမှာ သတိပေးလက္ခဏာတွေမပေါ်ဘဲ ဖြစ်လာနိုင်ပါတယ်။ အခြားအအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ အနာကျဆေးတွေအသုံးမပြုခင်မျာ ဆရာဝန်သို့ဆေးဝါးကျွမ်းကျင်သူတွေကို မေးသင့်ပါတယ်။  meloxicamအလားတူဆေးတွေကို ပေါင်းစပ်ဆေးတွေအနေနဲ့တွေ့ရပါတယ်။

NSAID (non-steroidal anti-inflammatory drug)ပါဝင်တဲ့ aspirin, ibuprofen, ketoprofen, or naproxenကဲ့သို့သောဆေးတွေကို ဆေးညွှန်းစာမှာသေချာကြည့်သင့်ပါတယ်။

သေစေနိုင်တဲ့နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေကို ဖြစ်နိုင်ချေများစေပါတယ်။ အထူးသဖြင့် ဆေးပမာဏအများကြီးကို အချိန်အကြာကြီးအသုံးပြုနေမယ် သို့ နှလုံးရောဂါရှိတယ်ဆိုရင် ဖြစ်ပါတယ်။ နှလုံးရောဂါမရှိတဲ့လူတွေမှာတောင် ဒီဆေးအသုံးပြုနေစဉ်မှာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖောက်ခြင်းတွေဖြစ်နိုင်ပါတယ်။

နှလုံးခွဲစိတ်မှုတွေမပြုလုပ်ခင်နဲ့ ပြုလုပ်ပြိးမှာ ဒီဆေးကိုအသုံးမပြုပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mobic® (မိုဘစ်ခ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Mobic® (မိုဘစ်ခ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

  • ဗိုက်အောင့်ခြင်း၊ မအိမသာဖြစ်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊
  • ၀မ်းလျှောခြင်း၊ ၀မ်းချုပ်ခြင်း၊ လေ
  • မူးဝေခြင်း
  • အအေးမိလက္ခဏာများ၊ တုပ်ကွေးမိလက္ခဏာများ
  • အောက်ပါလက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဆေးရပ်လိုက်ပြိး ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။ အရေပြားအဖိမ့်ထခြင်း၊ စဖြစ်ချင်းချင်းဘယ်လောက်ပျော့ပျော့ပြောသင့်ပါတယ်။
  • အသက်ရှူမ၀ခြင်း
  • ရောင်ခြင်း၊ ကိုယ်အလေးချိန်ရုတ်ချည်းကျခြင်း
  • အစာအိမ်သွေးယိုခြင်းလက္ခဏာများ – သွေးဝမ်းအနက်ရောင်ဝမ်းသွားခြင်း၊ သွေးချောင်းဆိုးခြင်း၊ သွေးအန်ခြင်း(ကော်ဖီစေ့ရောင်)
  • အသည်းပြဿနာများ-မအီမသာဖြစ်ခြင်း၊ ဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ယားခြင်း၊ မောပန်းခြင်း၊ တုပ်ကွေးလက္ခဏာများ၊ အစားစားလိုစိတ်မရှိခြင်း၊ ဆီးရောင်ရင့်ခြင်း၊ ၀မ်းအရောင်ဖျော့ခြင်း၊ အသားဝါခြင်း
  • ကျောက်ကပ်ပြဿနာများ- ဆီးနည်းနည်းသွားခြင်းသို့ လုံးဝမသွားခြင်း၊ ဆီးသွားလျှင်နာခြင်းဆီးသွားရခက်ခြင်း၊ ခြေထောက်ခြေချင်းဝတ်ရောင်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူမ၀ခြင်း
  • သွေးနီဥဆဲလ်နည်းခြင်း- အေ၇ပြားဖျော့တော့ခြင်း၊ လစ်ဟာဟာဖြစ်ခြင်း၊ အသက်ရှူမ၀ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာရုံစိုက်ခက်ခြင်း
  • ပြင်းထန်တဲ့အရေပြားပြဿနာများ- ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာလျှာရောင်ခြင်း၊ မျက်လုံးပူခြင်း၊ အေ၇ပြားနာခြင်းပြီးနောက် အနီရောင်အပြာရောင်အဖိမ့်များထွက်လာခြင်း ( အထူးသဖြင့်မျက်နှာနဲ့ကိုယ်အပေါ်ပိုင်း) အေ၇ပြားပေါက်ပြဲခြင်းကွာကျခြင်း

ပြင်းထန်တဲ့ဓာတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာေ၇ာင်ခြင်း၊  လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

နှလုံးဖောက်ခြင်းသို့လေဖြတ်ခြင်း ၊ မေးရိုးပုခုံးတွေထိပါအောင့်လောက်အောင် ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်ထုံခြင်း ခန္ဓာကိုယ်တစ်ခြမ်းအားနည်းခြင်း၊ စကားဝါးခြင်း၊ အသက်ရှူမ၀ခြင်းစတဲ့းလက္ခဏာတွေ ရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းယူသင့်ပါတယ်။

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Mobic® (မိုဘစ်ခ်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အပြန်အလှန်သက်ေ၇ာက်နိုင်တဲ့ဆေးတွေကတော့

  • Aliskiren, ACE inhibitors: captopril, lisinopril, etc
  • Angiotensin II receptor blockers: losartan, valsartan, etc
  • Cidofovir, lithium, methotrexate (high-dose treatment)
  • “ Water pills” (diuretics such as furosemide)

 

အစားအသောက်တွေနဲ့ အရက်က Mobic® (မိုဘစ်ခ်) နဲ့ ဓာတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Mobic® (မိုဘစ်ခ်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

အပြန်အလှန်သက်ေ၇ာက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

  • ပန်းနာရင်ကျပ်ရောဂါ
  • အရည်များစွန့်မထုတ်နိုင်ဘဲကျန်နေခြင်း
  • အစာချေလမ်းကြောင်းအဆိပ်သင့်ခြင်း
  • အဖိမ့်ထခြင်း
  • ကျောက်ကပ်အဆိပ်သင့်ခြင်း
  • သွေးခဲခြင်း
  • သွေးအားနည်းခြင်း
  • နှလုံးကြွက်သားအားနည်းမညှစ်နိုင်ခြင်း
  • အသည်းအဆိပ်သင့်ခြင်း
  • ပိုတက်ဆီယမ်သွေးတွင်းများနေခြင်း
  • သွေးတိုးခြင်း
  • သွေးခဲခြင်းကိုဖြစ်စေသည့်ကလာပ်စည်းများစုပံခြင်းကို တားမြစ်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Mobic® (မိုဘစ်ခ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရိုးအဆစ်ရောင်ခြင်းအတွက်

အစောပိုင်းပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်

ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်

လေးဘက်နာအဆစ်ရောင်ခြင်းအတွက်

အစောပိုင်းပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်

ရောဂါထိန်းသိမ်းရန်ဆက်အသုံးပြုသင့်သည့်ပမာဏ- 7.5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်

အများဆုံးအသုံးပြုနိုငိသည့်ပမာဏ- 15 mgသောက်ဆေး တစ်နေ့တစ်ကြိမ်

 

Mobic® (မိုဘစ်ခ်) ကိုဘယ်လိုရရှိနိုင်သလဲ

အမှုန့်ပါအရည်သောက်ဆေးပုံစံ- meloxicam 7.5mg in 5Ml

ဆေးပြားများနှင့် အမှုန့်ပါအရည်သောက်ဆေးပုံစံ- meloxicam 7.5mg

 

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 11, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 11, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ