Generic Name: Miacalcic (မီရာကာလ်ဆစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Miacalcic (မီရာကာလ်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Miacalcic® ကို အများဆုံးအသုံးပြုကြသည်မှာ

  • မလှုပ်ရှားမှုကြောင့် အရိုးဆုံးရှုံးခြင်း
  • Paget’s disease
  • ကင်ဆာကြောင့်ဖြစ်တဲ့ သွေးအတွင်း ကယ်လ်ဆီရမ် များခြင်း တွေမှာပဲ ဖြစ်ပါတယ်။

Miacalcic (မီရာကာလ်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

Miacalcic® ဟာ အစာအိမ်အတွင်းမှာ အလွန်မြန်ဆန်စွာ ကျေပျက်တာကြောင့် သူ့ကို ပါးစပ်က မသောက်သင့်ပဲ ထိုးဆေးပဲ အသုံးပြုသင့်ပါတယ်။ သူ့ကို သွေးပြန်ကြောထဲ (သို့) ကြွက်သားထဲကို ထိုးနိုင်ပါတယ်။ အရေပြားအောက်ကိုလဲ ထိုးနိုင်ပါတယ်။ အရေပြားအောက်မှာရှိတဲ့ အဆီအလွှာကို ဆိုလိုတာဖြစ်ပါတယ်။

တကယ်လို့ ကိုယ်တိုင် အရေပြားအောက်ကို ထိုးသွင်းမယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဆရာဝန်က သင်ကြားပေးပါလိမ့်မယ်။ သိချင်တာရှိရင်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Miacalcic (မီရာကာလ်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Miacalcic® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Miacalcic® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Miacalcic® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Miacalcic (မီရာကာလ်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအရာတွေနဲ့ ဓါတ်မတည့်ရင် Miacalcic® ကို မသုံးသင့်ပါဘူး

  • Salactonin
  • အခြားပါဝင်ပစ္စည်းများ

အရေပြားယားယံခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်းရောင်ရမ်းခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်းနဲ့ အသက်ရှူ ခက်ခဲခြင်း၊ နှလုံးခုန် မြန်ခြင်း၊ မေ့လဲခြင်းနဲ့ အခြားလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒီဆေးမပေးခင် ဆရာဝန်က ဆေးတည့်မတည့် အရေပြား စစ်ဆေးမှု ပြုလုပ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Miacalcic (မီရာကာလ်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Miacalcic (မီရာကာလ်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ဆေးထိုးထားတဲ့နေရာမှာ နီလာခြင်း၊ ရောင်လာခြင်း၊ နာကျင်လာခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်နာခြင်း
  • မျက်နှာ ရုတ်တရက် နီရဲလာခြင်း
  • ခေါင်းမူးခြင်း
  • ဆီးခဏခဏ သွားခြင်း (သို့) ပမာဏ အများကြီး သွားခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • အဆစ်နာကျင်ခြင်း
  • လက်၊ခြေ ထုံကျင်ခြင်း
  • လက်ဖဝါး ယားလာခြင်း
  • ပုံမှန် မဟုတ်သော အရသာ ရခြင်း
  • ပင်ပန်းလွယ်ခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • တုန်ခြင်း

အောက်ဖေါ်ပြပါ အချက်တွေ ရှိရင် ဆေးရပ်ပြီး ဆရာဝန် (သို့) နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။

  • ဆေးထိုးထားတဲ့နေရာမှာ ပြင်းထန်သောတုန့် ပြန်မှု ဖြစ်ခြင်း
  • မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း ရောင်ရမ်းခြင်း
  • အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများ ရောင်ရမ်းခြင်း (လက်၊ ခြေထောက်)
  • ရင်ဘတ်တင်းကျပ်ခြင်း၊ အသက်ရှူစဉ် အသံကြားရခြင်း၊ အသက်ရှူရ ခက်ခဲခြင်း
  • တစ်ကိုယ်လုံး အကွက်ထခြင်း
  • နှလုံးခုန်မြန်ခြင်း
  • မေ့လဲခြင်း

Miacalcic® ကို ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း ဖြစ်တာ ဖြစ်နိုင်ပါတယ်။ ဆေးရုံ (သို့) ကျန်းမာရေးဌာနရဲ့ အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ဓါတ်မတည့်မှုတွေကတော့ ရှားပါးတတ်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Miacalcic (မီရာကာလ်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက်Miacalcic® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ပါဆေးတွေနဲ့ ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။

  • Calcitonin
  • Cardiac glycosides or calcium channel blocking agents
  • Bisphosphonates
  • Lithium

အစားအသောက်တွေနဲ့ အရက်က Miacalcic (မီရာကာလ်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Miacalcic® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Miacalcic (မီရာကာလ်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Miacalcic® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ကျောက်ကပ်ရောဂါရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Miacalcic (မီရာကာလ်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Miacalcic® ပမာဏဟာ ရောဂါပေါ်မူတည်ပါတယ်။

ရုတ်တရက် အရိုးဆုံးရှုံးခြင်း

ပုံမှန် ညွှန်းနေကျ ပမာဏကတော့ 100 IU သို့ 50 IU ကို နေ့စဉ် အရေပြားအောက် (သို့) ကြွက်သားအတွင်း ထိုးပေးရမှာဖြစ်ပါတယ်။ ပြန်လှုပ်ရှားလာပြီဆိုရင် 50 IU ကို လျှော့ချပေးရမှာ ဖြစ်ပါတယ်။ ကာလတော့ နှစ်ပတ်ဖြစ်ပြီး လေးပတ်ထက်ပို မပေးသင့်ပါဘူး။ ကင်ဆာရောဂါတွေနဲ့ calcitonin အသုံးပြုမှု ကြာရှည်မှုတွေ ပိုမိုဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။

Paget’s disease

ပုံမှန် ညွှန်းနေကျ ပမာဏကတော့ 80 IU ကနေ  100 IU ကို နေ့စဉ် (သို့) နှစ်ရက်တစ်ခါ အသုံးပြုရမှာ ဖြစ်ပါတယ်။ အရေပြားအောက် (သို့) ကြွက်သားအတွင်း ထိုးပေးရမှာဖြစ်ပါတယ်။ ဆေးပမာဏကတော့ ဆေးတုန့်ပြန်ပုံကို ကြည့်ပြီး ညှိပေးရမှာဖြစ်ပါတယ်။ ဒီဆေးကို လအနည်းငယ်ကနေ နှစ်အနည်းငယ်အထိ လိုကောင်းလိုနိုင်ပါတယ်။

သွေးအတွင်း ကယ်လ်ဆီရမ် များခြင်းအတွက်

ပုံမှန် ညွှန်းနေကျ ပမာဏကတော့ 5 IU ကနေ  10 IU ကို နေ့စဉ် အသုံးပြုရမှာ ဖြစ်ပါတယ်။ အရေပြားအောက် (သို့) ကြွက်သားအတွင်း ထိုးပေးရမှာဖြစ်ပါတယ်။

ကလေးတွေအတွက် Miacalcic (မီရာကာလ်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Miacalcic (မီရာကာလ်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

Miacalcic® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Miacalcic® ဆေးထုတ်ပိုးမှုတစ်ခုမှာ  salactonin ငါးဗူးပါဝင်ပါတယ်။
  • Miacalcic® ၁ ဗူးစီမှာ salcatonin 50 IU ကနေ 100 IU ပါဝင်ပါတယ်။ ဒီတစ်ဗူးစီမှာတော့ glacial acetic acid, sodium acetate, sodium chloride နဲ့ ထိုးဖို့ ရေပါဝင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

နောက်တစ်ကြိမ်ထိုးဖို့ လေးနာရီကျော်လိုသေးတယ်ဆိုရင် သတိရရချင်းထိုးပြီး ပုံမှန်အတိုင်းဆက်ထိုးပါ။

နောက်တစ်ကြိမ်ထိုးဖို့ လေးနာရီတောင် မလိုတော့ဘူးဆိုရင် စောင့်ပြီး ပုံမှန်အတိုင်းသာ ထိုးပါ။

မေ့သွားတဲ့တစ်ကြိမ်ကို ကျေအောင် ဆေးကိုနှစ်ဆတစ်ပြိုင်နက် ထိုးခြင်း မပြုလုပ်ပါနဲ့။

ဆေးတစ်ကြိမ်ထိုးဖို့ မေ့ရုံနဲ့ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် ဆေးပတ်ပြန်မလည်မချင်း အချို့ လက္ခဏာတွေတော့ ပေါ်ကောင်း ပေါ်လာနိုင်ပါတယ်။

ဆေးကိုဘယ်လိုသုံးရမလဲဆိုတာ မမှတ်မိဘူးဆိုရင် ဆေးဝါးကျွမ်းကျင်သူ (သို့) ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ရင်သားကင်ဆာ နှင့် Paget ရောဂါ 
ရင်သားကင်ဆာ နှင့် Paget ရောဂါ