backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Metoprolol (မီတိုပရိုလော)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Metoprolol (မီတိုပရိုလော) ကို ဘာအတွက်အသုံးပြုကြသလဲ

Metoprolol သည် beta-blocker အုပ်စုဝင် ဆေးတမျိုးဖြစ်ပြီး ရင်ဘတ်အောင့်ခြင်း၊နှလုံးကောင်းစွာ အလုပ်မလုပ်တော့ခြင်းနှင့် သွေးတိုးရောဂါတို့ကို ကုသရန် အသုံးပြုသည်။ သွေးတိုးရောဂါကို ထိန်းချုပ်ခြင်းဖြင့် လေဖြတ်ခြင်း၊ရုတ်တရက် နှလုံးရပ်ခြင်း နှင့် ကျောက်ကပ်ပြဿနာများကို ကာကွယ်ပေးနိုင်ပါသည်။ ဤဆေးသည် နှလုံးနှင့် သွေးကြောများအပေါ် အကျိုးသက်ရောက်မှုရှိသည့် ခန္တာကိုယ်အတွင်းရှိ ဓါတုပစ္စည်းများ (ဥပမာ။ ။epinephrine)ကို ပိတ်ဆို့ပေးခြင်းအားဖြင့် အာနိသင်ပြပါသည်။၎င်းသည် နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့ကို ကျစေသည့်အတွက် နှလုံးအပေါ် ဒါဏ်ပိခြင်းကို လျှော့ချပေးနိုင်သည်။

အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် metoprolol ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

metoprolol ကို နှလုံးခုန်မမှန်ခြင်း၊ခေါင်းတခြမ်းကိုက်ရောဂါကို ကာကွယ်ခြင်း နှင့် နှလုံးရုတ်တရက် ရပ်သွားပြီး အသက်သေဆုံးခြင်းကို လျှော့ချပေးရန်တို့အတွက်လည်း အသုံးပြုနိုင်သည်။

Metoprolol (မီတိုပရိုလော) ဘယ်လိုသောက်သုံးသင့်သလဲ

metoprolol ကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တနေ့လျင် ၁ကြိမ် သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း သောက်နိုင်သည်။ ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ကြာရှည်စွာ အာနိသင်ပြသော ဆေးပြားများကို ဝါးမစားရ၊မခြေပစ်ရပါ။ ထိုသို့ပြုလုပ်လျှင် ဆေးပြားတွင်ပါဝင်သော ဆေးပမာဏအားလုံးကို သွေးထဲသို့ တထိုင်တည်း စုပ်ယူသွားစေနိုင်သဖြင့် ဘေးထွက်ဆိုးကျိုးများကို ပိုစေပါသည်။ ထို့အပြင် ဆေးပြား၌ ထက်ပိုင်းချိုးရန် မျဉ်းမပါလျှင် (ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားသည်မှအပ) ဆေးကို မခြမ်းရပါ။ ဆေးတလုံးလုံးကိုဖြစ်စေ၊ ဆေးအခြမ်းကို ဖြစ်စေ ဝါးစားခြင်း၊ခြေပစ်ခြင်း မပြုဘဲ မြိုချရမည်။

ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး လိုအပ်သလို ဖြည်းဖြည်းချင်း တိုးသွားနိုင်သည်။ သင့်ဆရာဝန်၏ ညွှန်ကြားချက်ကို အတိအကျလိုက်နာပါ။ ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးကို ရုတ်တရက် ရပ်လိုက်ခြင်း မပြုရပါ။ ထိုသို့ပြုလုပ်ပါက သင့်ရောဂါအခြေအနေ ပိုဆိုးလာပါလိမ့်မည်။ သွေးတိုးရောဂါအတွက် metoprolol ကို သောက်သုံးသည့် အခါ ဆေး၏ အာနိသင် အပြည့်အဝရရှိစေရန် တပတ်ခန့်အချိန်ယူရလေ့ရှိပါသည်။ ထို့ကြောင့် သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ သွေးတိုးရောဂါရှိသူအများစုမှာ အကောင်းပကတိပင်ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ရန်၊ဒုတိယအကြိမ် ရုတ်တရက် နှလုံးရပ်ခြင်းကို ကာကွယ်ရန် သို့မဟုတ် ခေါင်းတခြမ်းကိုက်ခြင်းကို ကာကွယ်ရန်အတွက် metoprolol ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ လိုက်နာသောက်သုံးရန်လိုအပ်ပါသည်။။metoprolol သည် ရင်ဘတ်အောင့်ပါမှ သို့မဟုတ် ခေါင်းတခြမ်းကိုက်ပါမှ ရုတ်တရက် ထသောက်ရသည့် ဆေးမျိုးမဟုတ်ချေ။ ရုတ်တရက် ရင်ဘတ်အောင့်ခြင်းကို သက်သာစေရန် သင့်ဆရာဝန် ညွှန်ကြားသည့် အတိုင်း အခြားဆေးဝါးများ (ဥပမာ။ ။ ရင်ဘတ်အောင့်ခြင်းအတွက် လျှာအောက်တွင် ငုံရသော nitroglycerin ဆေးပြား၊ ခေါင်းတခြမ်းကိုက်ခြင်းအတွက် sumatriptan ကဲ့သို့သော “triptan’ ဆေးများသင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ (ဥပမာ။ ။ သွေးပေါင်ချိန် တက်မြဲတက်နေဆဲ သို့မဟုတ် ပိုတက်လာခြင်း သို့မဟုတ် ရင်ဘတ်အောင့်သည့် အကြိမ်ရေ စိတ်လာခြင်း) ဆရာဝန်ကို အသိပေးရမည်ဖြစ်သည်။) ကို အသုံးပြုရန် လိုအပ်သည်။ အသေးစိတ်သိရှိရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်နှင့် တိုင်ပ

Metoprolol (မီတိုပရိုလော) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Metoprolol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Metoprolol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Metoprolol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Metoprolol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Metoprolol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Metoprolol (မီတိုပရိုလော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Metoprolol ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

metoprolol ကို မသောက်သုံးမီ

=အောက်ပါဆေးများနှင့် ဓါတ်မတည့်ပါက ဆရာဝန်ကို ကြိုပြောပါ။

metoprolol, acebutolol (Sectral),

atenolol (Tenormin, in Tenoretic), betaxolol (Kerlone), bisoprolol (Zebeta, in Ziac),

carvedilol (Coreg), esmolol (Brevibloc), labetalol (Trandate), nadolol (Corgard, in

Corzide), pindolol, propranolol (Inderal, Inderal LA, Innopran XL, in Inderide), sotalol

(Betapace, Betapace AF, Sorine), timolol (Blocadren, in Timolide),အခြားဆေးများ သို့မဟုတ် metoprolol ဆေးပြားတွင်ပါဝင်သည့် ပစ္စည်းများနှင့် မတည့်ပါကလည်း ဆရာဝန်ကို ကြိုပြောပါ။metoprolol ဆေးပြားတွင်ပါဝင်သည့် ပစ္စည်းများကို သိရှိနိုင်စေရန် ဆရာဝန်ကို မေးမြန်းပါ။

=သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

bupropion (Wellbutrin), cimetidine (Tagamet),

clonidine (Catapres), diphenhydramine (Benadryl), fluoxetine (Prozac, Sarafem),

hydroxychloroquine, paroxetine (Paxil), propafenone (Rythmol), quinidine (Quinaglute,

Quinidex), ranitidine (Zantac), reserpine (Serpalan, Serpasil, Serpatab), ritonavir

(Norvir), terbinafine (Lamisil), and thioridazine (Mellaril). သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်မည်ဖြစ်ပါသည်။

=သင့်တွင် နှလုံးခုန်နှေးခြင်း၊နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း၊သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများရှိခြင်း သို့မဟုတ် pheochromocytoma (ကျောက်ကပ်အနီးရှိ ဂလင်းတခုမှ ဖြစ်ပေါ်လာသော ကင်ဆာဖြစ်ပြီး သွေးတိုးခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့ကို ဖြစ်စေသည့် ရောဂါ) ရှိလျင် ဆရာဝန်ကို ပြောပါ။ သင့်ဆရာဝန်အနေနှင့် metoprolol ကို သုံးစွဲခိုင်းတော့မည်မဟုတ်ပါ။

=သင့်ထံတွင် ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါ၊အခြား အဆုတ်ရောဂါများ၊နှလုံးရောဂါ၊အသည်းရောဂါ၊ဆီးချို၊ပြင်းထန်သော ဓါတ်မတည့်ခြင်းများ သို့မဟုတ် သိုင်းရွိုက်ဂလင်း အလွန်အကျွံ အလုပ်လုပ်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။

=ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုပြောပါ။

=သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက metoprolol သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

=metoprolol သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။ ထို့အပြင် အရက်သည် အဆိုပါ ငိုက်မျဉ်းမှုကို ပို၍ ဆိုးစေသဖြင့် metoprolol သုံးစွဲနေချိန်တွင် အရက်မသောက်ပါနှင့်။

=အကယ်၍ သင်သည် မတူညီသော အရာဝတ္ထုပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းများ ရှိတတ်ပါက metoprolol သုံးစွဲနေချိန်တွင် အဆိုပါ ဓါတ်မတည့်မှုများမှာ ပိုဆိုးမည်ဖြစ်ပြီး ဓါတ်မတည့်ခြင်းများတွင် အသုံးပြုရသော epinephrine ထိုးဆေး၏ ပမာဏမှာလည်း ပုံမှန်ထက် ပိုလာမည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Metoprolol (မီတိုပရိုလော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Metoprolol (မီတိုပရိုလော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Metoprolol သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

=ရင်ဘတ်အောင့်ခြင်း၊ရင်တလှပ်လှပ်တုန်ခြင်း၊နှလုံး အလွန်ခုန်ခြင်း။

=မေ့လဲသွားတော့မည်ဟု ခံစားရခြင်း၊ သတိလစ်ခြင်း။

=အနည်းငယ် လှုပ်ရှားလျှင်ပင် မောခြင်း။

=ခြေလက်များ ဖောယောင်ခြင်း။

=ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်းနာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးအရောင်ရင့်ခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊အသားဝါခြင်း။

=သွေးခြေဥလွယ်ခြင်း၊ (ပါးစပ်၊နှာခေါင်း၊မိန်းမကိုယ်၊စအို စသည်တို့မှ) ပုံမမှန် သွေးယိုစီးခြင်း၊ အရေပြားပေါ်တွင် ခရမ်းရောင်၊အနီရောင်အစက်များ ပေါ်လာခြင်း။

=အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊အသက်ရှုရခက်ခြင်း။

=စိတ်ဓါတ်ကျခြင်း၊စိတ်ရှုပ်ထွေးခြင်း၊မေ့တတ်ခြင်း၊ထင်ယောင်ထင်မှားဖြစ်ခြင်း။

=ခြေလက်များ အေးစက်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

=အာခြောက်ခြင်း၊ဝမ်းချုပ်ခြင်း၊ရင်ပူခြင်း၊အန်ခြင်း၊ဝမ်းလျှောခြင်း။

=လိင်စိတ်အားနည်းခြင်း၊မြုံခြင်း၊လိင်ဆက်ဆံရာတွင် အထွတ်အထိပ် ရောက်ရှိရန် ခက်ခဲခြင်း။

=ခေါင်းကိုက်ခြင်း၊ထိုင်းမှိုင်းလေးလံခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။

=အိပ်မပျော်ခြင်း။

=စိုးရိမ်ပူပန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Metoprolol (မီတိုပရိုလော) နဲ့ ဓါတ်ပြုနိုင်သလဲ

Metoprolol ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

 Prazosin;

 Terbinafine;

 စိတ်ကျရောဂါပျောက်ဆေးများ- bupropion, clomipramine, desipramine, duloxetine, fluoxetine, fluvoxamine, paroxetine, sertraline;

 ergot ပါသောဆေးများ – dihydroergotamine, ergonovine, ergotamine, methylergonovine;

 နှလုံး သို့မဟုတ် သွေးတိုးအတွက်ဆေးများ- amlodipine, clonidine, digoxin, diltiazem,dipyridamole, hydralazine, methyldopa, nifedipine, quinidine, reserpine, verapamil နှင့် အခြားဆေးများ။

 MAO inhibitor ဆေးများ- isocarboxazid, linezolid, phenelzine, rasagiline, selegiline, tranylcypromine; သို့မဟုတ်

 စိတ်ဝေဒနာများ တွင် သုံးစွဲသော ဆေးများ- chlorpromazine, fluphenazine haloperidol,thioridazine.

အစားအသောက်တွေနဲ့ အရက်က Metoprolol (မီတိုပရိုလော) နဲ့ ဓါတ်ပြုနိုင်သလား

Metoprolol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Metoprolol (မီတိုပရိုလော) နဲ့ ဓါတ်ပြုနိုင်သလဲ

Metoprolol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

=ရင်ဘတ်အောင့်ခြင်း။

=သွေးပေါင်ကျခြင်း။

=နှလုံးကို သွေးထောက်ပံ့မှုကောင်းစွာ မပေးနိုင်သော နှလုံးရောဂါတမျိုး။

=pheochromocytoma (ကျောက်ကပ်အနီးရှိ ဂလင်းတခုမှ ဖြစ်ပေါ်လာသော ကင်ဆာ) ——> အခြေအနေကို ပိုဆိုးစေနိုင်သဖြင့် သတိထားသုံးပါ။

=ပြင်းထန်သော သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများ။

=နှလုံးခုန်နှေးခြင်း။

=ရုတ်တရက် နှလုံးရပ်ခြင်းကြောင့် ရှော့ခ်ရခြင်း။

=နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း။

=သွေးကြောများ ပိတ်သော ရောဂါ။

=Sick-sinu Syndrome ဟုခေါ်သော နှလုံးခုန် စည်းချက်မမှန်သည့် ရောဂါတမျိုး။

=ဆီးချို။

=သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်း။

=သွေးတွင်းသကြားဓါတ်နည်းခြင်း —–> ဤရောဂါ၏ လက္ခဏာများ (ဥပမာ။ ။ နှလုံးခုန်မြန်ခြင်း) ကို metoprolol က ဖုံးထားနိုင်သည်။

=အသည်းပြဿနာများ ……………… သတိဖြင့်အသုံးပြုပါ။ ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Metoprolol (မီတိုပရိုလော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ Metoprolol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ရုတ်တရက် ရင်ဘတ်အောင့်ခြင်းကို ကြိုတင်ကာကွယ်ရန်အတွက်

=ကနဦးဆေးပမာဏ : ၁၀၀ မီလီဂရမ်ကို ၁ကြိမ်တည်းပေးနိုင်သလို ၂ကြိမ်လည်း ခွဲပေးနိုင်သည်။

=ဆက်လက်ပေးရမည့်ပမာဏ : တနေ့လျှင် ၁၀၀ – ၄၅၀ မီလီဂရမ်။

=ကြာရှည်စွာ အာနိသင်ပြသော ဆေးများကိုလည်း အထက်ပါ ပမာဏအတိုင်း တနေ့တကြိမ်ပေးရသည်။

သွေးတိုးအတွက်

=ကနဦးဆေးပမာဏ : ၁၀၀ မီလီဂရမ်ကို ၁ကြိမ်တည်းပေးနိုင်သလို ၂ကြိမ်လည်း ခွဲပေးနိုင်သည်။

=ဆက်လက်ပေးရမည့်ပမာဏ : တနေ့လျှင် ၁၀၀ – ၄၅၀ မီလီဂရမ်။

=ကြာရှည်စွာ အာနိသင်ပြသော ဆေးများကိုလည်း အထက်ပါ ပမာဏအတိုင်း တနေ့တကြိမ်ပေးရသည်။

Supraventricular tachycardia (နှလုံးခုန်အလွန်မြန်ခြင်းအတွက်)

=ကနဦးဆေးပမာဏ : ၁၀၀ မီလီဂရမ်ကို ၁ကြိမ်တည်းပေးနိုင်သလို ၂ကြိမ်လည်း ခွဲပေးနိုင်သည်။

=ဆက်လက်ပေးရမည့်ပမာဏ : တနေ့လျှင် ၁၀၀ – ၄၅၀ မီလီဂရမ်။

=ကြာရှည်စွာ အာနိသင်ပြသော ဆေးများကိုလည်း အထက်ပါ ပမာဏအတိုင်း တနေ့တကြိမ်ပေးရသည်။

ရုတ်တရက်ရင်ဘတ်အောင့်ခြင်းအတွက်

=ကနဦးဆေးပမာဏ : ၁၀၀ မီလီဂရမ်ကို ၁ကြိမ်တည်းပေးနိုင်သလို ၂ကြိမ်လည်း ခွဲပေးနိုင်သည်။

=ဆက်လက်ပေးရမည့်ပမာဏ : တနေ့လျှင် ၁၀၀ – ၄၅၀ မီလီဂရမ်။

=ကြာရှည်စွာ အာနိသင်ပြသော ဆေးများကိုလည်း အထက်ပါ ပမာဏအတိုင်း တနေ့တကြိမ်ပေးရသည်။

နှလုံးကြွက်သား ပျက်စီးခြင်းအတွက်

အစောပိုင်းကုသမှုပေးခြင်း

=အကြောထိုးဆေး : တခါထိုးလျှင် ၅မီလီဂရမ်ပမာဏဖြင့် ၂မိနစ်စီခြားကာ ၃ကြိမ်ထိုးရမည်။

=သောက်ဆေး : အကြောထိုးဆေး ပမာဏ စုစုပေါင်း ၁၅မီလီဂရမ် အပြည့်ထိုးပြီး ခံနိုင်ရည်ရှိပါက နောက်ဆုံးအကြောထိုးဆေး ထိုးအပြီး ၁၅မိနစ်ခန့်အကြာတွင် သောက်ဆေးပြား ၅၀မီလီဂရမ်ကို ၆နာရီခြားတခါဖြင့် ၄၈နာရီတိုင်ပေးထားရမည်။ ဆက်လက်ပေးထားရမည့် ပမာဏမှာ ၁၀၀မီလီဂရမ်ကို တနေ့လျှင် ၂ကြိမ်ဖြစ်သည်။

= အကြောထိုးဆေး ပမာဏ စုစုပေါင်း ၁၅မီလီဂရမ် အပြည့်ထိုးခြင်းကို ခံနိုင်ရည်မရှိသော လူနာများအတွက်မူ နောက်ဆုံးအကြောထိုးဆေး ထိုးအပြီး ၁၅မိနစ်ခန့်အကြာ သို့မဟုတ် အခြေအနေကောင်းလာသည့်အချိန်တွင် သောက်ဆေးပြား ၂၅ မီလီဂရမ် သို့မဟုတ် ၅၀မီလီဂရမ်ကို ၆နာရီခြားတခါပေးရမည်။

နှောင်းပိုင်းကုသခြင်း

=သောက်ဆေး ၁၀၀မီလီဂရမ်ကို တနေ့လျှင် ၂ကြိမ်သောက်ရမည်။

=နှလုံးကြွက်သားပျက်စီးခြင်းအတွက် အစောပိုင်းကုသမှု ပြုလုပ်ရန် မသင့်သည့် လူနာများတွင်ဖြစ်စေ၊ အကြောထိုးဆေး ပမာဏ စုစုပေါင်း ၁၅မီလီဂရမ် အပြည့်ထိုးခြင်းကို ခံနိုင်ရည်မရှိသော လူနာများတွင်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်မှ အစောပိုင်းကုသမှုကို နောက်ရွှေ့လိုသည့် လူနာများတွင်ဖြစ်စေ ရောဂါအခြေအနေကောင်းလာသည်နှင့် သောက်ဆေးကို စတင်သုံးစွဲရပါမည်။

Congestive heart failure အတွက်

=ကနဦးဆေးပမာဏ : NYHA class II heart failure လူနာများအတွက် (ကြာရှည်စွာအာနိသင်ပြသော ဆေး) ၂၅မီလီဂရမ် ကို နေ့စဉ်တနေ့လျှင် တကြိမ်ဖြင့် ၂ပတ်တိတိ နှင့် အခြေအနေပိုဆိုးသော လူနာများတွင် ၁၂.၅ မီလီဂရမ်ကို နေ့စဉ် တနေ့တကြိမ် သောက်ရပါမည်။

=ဆက်လက်သောက်ရန်ဆေးပမာဏ : ဆေးကို ခံနိုင်ရည်ရှိသည်အထိ သို့မဟုတ် ၂၀၀ မီလီဂရမ် ပမာဏ ရောက်သည်အထိ ကနဦး ဆေးပမာဏကို ၂ပတ်လျှင်တကြိမ်တိုးသွားရမည်။

ကလေးတွေအတွက် Metoprolol (မီတိုပရိုလော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်တွေမှာ Metoprolol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

သွေးတိုးရောဂါအတွက်

=အလျင်အမြန် အာနိသင်ပြသောဆေး : အသက် ၁နှစ်မှ ၁၇နှစ်အထိ

ကနဦးဆေးပမာဏ : စုစုပေါင်းပမာဏ 1 – 2mg/kg/day ကို နှစ်ကြိမ်ခွဲပေးရမည်။ ဆေးအပေါ်တုန့်ပြန်မှုကို မူတည်ပြီး ပမာဏကို ချိန်ဆနိုင်သည်။

အများဆုံးပေးနိုင်သော ပမာဏ : 6 mg/kg/day ( တနေ့လျှင် ၂၀၀ မီလီဂရမ် သို့မဟုတ် ထို့ထက် နည်းရမည်)။

=ကြာရှည်စွာ အာနိသင်ပြသော ဆေး : အသက် ၆နှစ်မှ ၁၆နှစ်အထိ

ကနဦးဆေးပမာဏ : 1mg/kg ကို နေ့စဉ် တနေ့လျှင် တကြိမ်သောက်ရမည်(တနေ့လျှင် ၅၀မီလီဂရမ်ထက် မပိုရ)။ အနည်းဆုံးရနိုင်သော ဆေးပမာဏမှာ ၂၅မီလီဂရမ်ဆေးပြား၏ တဝက်ဖြစ်သည်။

ဆက်လက်ပေးရမည့်ပမာဏ : သွေးပေါင်ချိန်အပေါ်မူတည်ပြီး ဆေးပမာဏကို ချိန်ဆရမည်။ 2mg/kg (သို့မဟုတ် ၂၀၀မီလီဂရမ်ထက်များသော) ဆေးပမာဏများကို တနေ့လျှင် တကြိမ်သောက်ခြင်းအတွက်မူ လေ့လာမှုများ မပြုလုပ်ရသေးပါ။

Metoprolol (မီတိုပရိုလော) ကိုဘယ်လိုရရှိနိုင်သလဲ

Metoprolol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၂၅၊ ၅၀၊ ၁၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Metoprolol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement