backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်)

Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ဗဟိုအာရုံကြောအဖွဲ့အစည်းကို လှုံဆော်ပေးပါတယ်။

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

အစာနဲ့တွဲပြီး သို့ အစာမပါဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာဖြစ်ပါတယ်။ ဝါးစားရင်ခါးတဲ့အရသာရနိုင်တာကြောင့် မဝါးဘဲဆေးပြားတစ်ပြားလုံးကို မျိုချလိုက်ပါ။

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆေးပမာဏကိုတိုးပေးရမှာဖြစ်ပါတယ်။ သင့်အတွက်အကောင်းဆုံးဆေးပမာဏကိုရဖို့ နဲ့ အကျိုးကျေးဇူးအပြည့်အဝရနိုင်ဖို့ သီတင်းပတ်တွေလတွေအများကြီး ကြာနိုင်ပါတယ်။ အကျိုးကျေးဇူးအကောင်းဆုံးရရှိေအောင် ပုံမှန်မှီဝဲသင့်ပါတယ်။ မှတ်မိဖို့အတွက်ဆိုရင် တစ်နေ့စီမှာ အချိန်တူတူအသုံးပြုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ခြင်းမရှိဘဲ ဆေးကိုမရပ်လိုက်သင့်ပါဘူး။ ဆေးကိုရုတ်တရက်ကြီးရပ်လိုက်တဲ့အခါမှာ တချို့အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ဆေးပမာဏကိုလျှော့သွားဖို့လိုပါတယ်။ ရပ်လိုက်ပြီးတဲ့အခါမှာလည်း ဆရာဝန်နဲ့မတိုင်ပင်ဘဲ ပြန်မသုံးသင့်ပါဘူး။

အခြေအနေမသက်သာဘူးဆိုရင် သို့ ပိုဆိုးလာတယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • methylphenidate သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

Pimozide သို့ methylene blue injection အသုံးပြုကုသမှုခံယူနေရရင် အသုံးမပြုသင့်ပါဘူး။

isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် မသုံးသင့်ပါဘူး။

အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သို့ methylphenidateဆေးဓါတ်မတည့်တာရှိမယ်ဆိုရင် မသုံးသင့်ပါဘူး။

ရေတိမ်

ကြွက်သားတွန့်ခြင်း သို့ Tourette’s syndromeမျိုးရိုးထဲမှာ ရှိဘူးမယ်ဆိုရင်

အလွန်အမင်းစိုးရိမ်ခြင်း၊ တင်းအားများခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းများ (စိတ်ကိုလှုံ့ဆော်ပေးတဲ့ဆေးတွေဟာ ဒီလက္ခဏာတွေကိုပိုဆိုးစေပါတယ်။ )

အချို့သောလှုံ့ဆော်ဆေးတွေဟာ ရုတ်တရက်သေဆုံးမှုကိုတချို့လူတွေမှာ တွေ့ရပါတယ်။ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။

နှလုံးပြဿနာများ သို့ မွေးရာပါနှလုံးချို့ယွင်းခြင်း

သွေးတိုးရောဂါ

နှလုံးရောဂါရာဇဝင်ရှိဖူးခြင်း သို့ ရုတ်တရက်သေဆုံးနိုင်ချေရှိဖူးခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆေးကိုရပ်လိုက်ပြီး ဆရာဝန်ကိုချက်ချင်းခေါ်သင့်ပါတယ်။

နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း၊ မညီခြင်း

လစ်ဟာဟာဖြစ်ခြင်း

ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း ၊ အရေပြားပြင်းပြင်းထန်ထန်ပေါက်ပြဲခြင်း၊ ကွာကျခြင်း ၊ အနီရောင်အဖိမ့်များထခြင်း

ရန်လိုခြင်း၊ ကနာမငြိမ်ဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ပုံမှန်မဟုတ်တဲ့အပြုအမူများ၊ ကြွက်သားများတွန့်ခြင်း

အလွယ်တကုူပေါက်ပြဲလွယ်ခြင်း၊ အရာပြားပေါ်တွင် အပြာရောင်အစက်များပေါ်ခြင်း

အသက်အန္တရာယ်ပေးနိုင်လောက်အောင်သွေးတိုးခြင်း ( အပြင်းအထန်ခေါင်းကိုက်ခြင်း၊ အမြင်ေဝဝါးခြင်း၊ နားအူခြင်း၊ စိုးရိမ်ခြင်း၊ မေရေမရာဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ တက်ြခ်ငး

သိပ်မပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေအနေနဲ့

ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ အစားစားလိုစိတ်မရှိခြင်း

အမြင်ဆိုင်ရာပြဿနာများ၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း

ချွေးထွက်ခြင်း ၊ အရေပြားအဖိမ့်ထခြင်း

ထုံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ လက်ခြေအေးခြင်း

တုန်လှုပ်ကြောက်ရွံ့ခြင်း၊ အိပ်မပျော်ခြင်း

ကိုယ်အလေးချိန်ကျခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

စိတ်ကျခြင်းနဲ့စိတ်ဝေဒနာကိုကုသတဲ့ဆေးများ

သွေးပေါင်ချိန်ထိန်းဆေးများ

warfarin (Coumadin, Jantoven)ကဲ့သို့သောသွေးကျဲဆေးများ

စိတ်ကိုပြောင်းလဲစေသောဆေးများ(opioid)

pseudoephedrine or phenylephrineစတဲ့ရင်ကျပ်ပျောက်ဆေးတွေပါဝင်တဲ့ အအေးမိဓါတ်မတည့်ခြင်းဆေးများ

အတက်ရောဂါဆေးများ

အစားအသောက်တွေနဲ့ အရက်က Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

စိတ်ကျခြင်း၊ စိတ်မကျန်းမာခြင်း၊ စိတ်ကျစိတ်ကြွခြင်း၊ ရူးခြင်း၊ သတ်သေလိုသည့်အတွေးများကြိုးပမ်းမှုများ

ကြွက်သားတွန့်ခြင်း သို့ Tourette’s syndrome

လက်ခြေများတွင် သွေးစီးဆင်းမှုဆိုင်ရာပြဿနာများ

အစာရေမျိုပြွန်၊ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာပြဿနာများ

အတက်ရောဂါ

ဦးနှောက်လှိုင်းများစစ်ဆေးရာတွင်မူမမှန်ခြင်း (EEG)

ဆေး သို့ အရက်စွဲဖူးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြိးသူများ အာရုံစူးစိုက်မရခြင်းပြဿနာအတွက်

ဝါးစားရနိုင်တဲ့ဆေးပြားများ(Ritalin, Methylin, methylphenidate)အပါအဝင် ချက်ချင်းထုတ်ပေးနိုင်သောဆေးပြားများ

အစောပိုင်းပမာဏ – 10 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်သုံးကြိမ် နေ့စဉ်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ- အပတ်စဉ် 5 to 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။

တဖြည်းဖြည်းထုတ်လွှင့်ပေးသောဆေးပြားပုံစံ(Ritalin SR, Metadate ER)

အစောပိုင်းပမာဏ- အချိန်၈နာရီလောက်အကျိုးသက်ရောက်မှုပေးတဲ့ 10 mg and 20 mgဆေးပြားတွေအနေနဲ့ ရနိုင်ပါတယ်။

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ မနက်စာမစားခင်ပထမဆုံးဆေးပမာဏကို သောက်ရမှာဖြစ်ပါတယ်။

ထုတ်လွှင့်မှုချဲ့ပေးတဲ့ဆေးတောင့်ပုံစံ (Metadate CD):

အစောပိုင်းပမာဏ- 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 20mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ထုတ်ပေးမှုချဲ့ထားတဲ့အမှုန်များပါအရည်သောက်ဆေး (Quillivant XR)

ထုတ်ပေးမှုချဲ့ထားတဲ့ဆေးပြားပုံစံ (Concerta)

အစောပိုင်းပမာဏ- (Methylphenidate- naive patients) 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 18mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ72 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

အောက်ပါသတ်မှတ်ဇယားပေါ်အခြေခံပြီး ဆေးပမာဏကိုအတိုးအလျှော့လုပ်ပေးသင့်ပါတယ်။

ပထမအပတ်10 mg/9 hour patchနေ့စဉ်

ဒုတိယအပတ်15 mg/9 hour patch dailyနေ့စဉ်

တတိယအပတ်20 mg/9 hour patch dailyနေ့စဉ်

စတုတ္ထအပတ်30 mg/9 hour patch dailyနေ့စဉ်

အရွယ်ရောက်ပြီးသူများထိုင်းမှိုင်းခြင်းအတွက်

ချက်ချင်းထုတ်ပေးနိုင်သောဆေးပြားများ

အစောပိုင်းပမာဏ – 10 mg သောက်ဆေး တစ်နေ့နှစ်ကြိမ်သုံးကြိမ် နေ့စဉ် အထူးသဖြင့် အစားမစားခင် မိနစ်၃၀မှ၄၅အတွင်း

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ- အပတ်စဉ် 5 to 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ အချို့သောလူနာတွေမှာ 10 to 15 mgနေ့စဉ်ပေးခြင်းက လုံလောက်စေပါတယ်။

တဖြည်းဖြည်းထုတ်လွှင့်ပေးသောဆေးပြားပုံစံ(Ritalin SR, Metadate ER)

အစောပိုင်းပမာဏ- အချိန်၈နာရီလောက်အကျိုးသက်ရောက်မှုပေးတဲ့ 10 mg and 20 mgဆေးပြားတွေအနေနဲ့ ရနိုင်ပါတယ်။

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ မနက်စာမစားခင်ပထမဆုံးဆေးပမာဏကို သောက်ရမှာဖြစ်ပါတယ်။

ထုတ်လွှင့်မှုချဲ့ပေးတဲ့ဆေးတောင့်ပုံစံ (Metadate CD):

အစောပိုင်းပမာဏ- 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 20mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ထုတ်ပေးမှုချဲ့ထားတဲ့ဆေးပြားပုံစံ (Concerta)

အစောပိုင်းပမာဏ- (Methylphenidate- naive patients) 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 18mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ72 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ကလေးတွေအတွက် Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ အာရုံစူးစိုက်မရခြင်းပြဿနာအတွက်

၆နှစ်နှင့်၆နှစ်အထက်

ဝါးစားရနိုင်တဲ့ဆေးပြားများ(Ritalin, Methylin, methylphenidate)အပါအဝင် ချက်ချင်းထုတ်ပေးနိုင်သောဆေးပြားများ

အစောပိုင်းပမာဏ – 2.5 to 5 mg သောက်ဆေး တစ်နေ့နှစ်ကြိမ် နေ့စဉ် နေ့လည်စာနေ့ခင်းစာအစားမစားခင် မိနစ်၃၀မှ၄၅အတွင်း

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ- အပတ်စဉ် 5 to 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နှစ်ကြိမ်သုံးကြိမ်ခွဲပေးနိုင်ပါတယ်။

တဖြည်းဖြည်းထုတ်လွှင့်ပေးသောဆေးပြားပုံစံ(Ritalin SR, Metadate ER)

အစောပိုင်းပမာဏ- အချိန်၈နာရီလောက်အကျိုးသက်ရောက်မှုပေးတဲ့ 10 mg and 20 mgဆေးပြားတွေအနေနဲ့ ရနိုင်ပါတယ်။ ပုံမှန်ဆေးပြားတွေချိန်ညှိထားတဲ့ပမာဏနဲ့ တဖြည်းဖြည်းထုတ်ပေးတဲ့ဆေးပြားတွေပမာဏချင်းတူနေမယ် (၈နာရီထက်ပိုမကြာဘူးဆိုရင်) ပုံမှန်ဆေးပြားတွေ အစားတဖြည်းဖြည်းထုတ်ပေးတဲ့ဆေးပြားတွေကို အစားထိုးသုံးပေးနိုင်ပါတယ်။

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 10 mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ မနက်စာမစားခင်ပ ထမဆုံးဆေးပမာဏကို သောက်ရမှာဖြစ်ပါတယ်။

ထုတ်လွှင့်မှုချဲ့ပေးတဲ့ဆေးတောင့်ပုံစံ (Metadate CD):

အစောပိုင်းပမာဏ- 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 20mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ထုတ်ပေးမှုချဲ့ထားတဲ့အမှုန်များပါအရည်သောက်ဆေး (Quillivant XR)

အစောပိုင်းပမာဏ- 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 10 mg to 20mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ60 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ထုတ်ပေးမှုချဲ့ထားတဲ့ဆေးပြားပုံစံ (Concerta)

အစောပိုင်းပမာဏ- (Methylphenidate- naive patients) 20 mgသောက်ဆေး၊ တစ်နေ့တစ်ကြိမ် မနက်ပိုင်းမနက်စာမစားခင်

အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- အသက်၆နှစ်မှ၁၂နှစ်အထိ : 54 mg/day,အသက်၁၂နှစ်အထက် : 72 mg/day၊ 2 mg/kg/day.ထက်မပိုသင့်ပါဘူး

ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ-အပတ်စဉ် 18mgထိတိုးပေးပြီး အများဆုံးတစ်နေ့ပမာဏ72 mg ရောက်တဲ့အထိ တိုးပေးနိုင်ပါတယ်။ နေ့စဉ် မနက်ပိုင်းတွေမှာ အသုံးပြုရမှာဖြစ်ပါတယ်။

အောက်ပါသတ်မှတ်ဇယားပေါ်အခြေခံပြီး ဆေးပမာဏကိုအတိုးအလျှော့လုပ်ပေးသင့်ပါတယ်။

ပထမအပတ်10 mg/9 hour patchနေ့စဉ်

ဒုတိယအပတ်15 mg/9 hour patch dailyနေ့စဉ်

တတိယအပတ်20 mg/9 hour patch dailyနေ့စဉ်

စတုတ္ထအပတ်30 mg/9 hour patch dailyနေ့စဉ်

Methylphenidate (မီသိုင်းလ်ဖန်နီဒိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးတောင့် ထုတ်ပေးမှုချဲ့ထားသောပုံစံ သောက်ဆေး : 10 mg, 20 mg, 30 mg, 40 mg, 50 mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement