Generic Name: Methadone (မီတာဒုန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Methadone (မီတာဒုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Methadone သည် narcotic အုပ်စုဝင် အကိုက်အခဲပျောက်ဆေးဖြစ်ပြီး ပြင်းထန်သော ကာလရှည် နာကျင်ခြင်းများ (ဥပမာ။ ။ကင်ဆာကြောင့် နာကျင်ခြင်း)ကို ကုသရန် အသုံးပြုသည်။၎င်းသည် သင်၏ခန္တာကိုယ်မှ နာကျင် မှုဝေဒနာကို ခံစားခြင်း နှင့် ပြန်လည်တုန့်ပြန်ခြင်းဖြစ်စဉ်တို့အား ပြောင်းလဲစေရန် ဦးနှောက်ကို ခိုင်းစေခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။

methadone ကို သာမန်နာကျင်ခြင်း သို့မဟုတ် ရက်အနည်းငယ်တွင် သက်သာသွားမည့် နာကျင်ခြင်း (ဥပမာ။    ။ ခွဲစိတ်မှုကြောင့် နာကျင်ခြင်း)များတွင် မပေးရပါ။ methadone သည် လိုအပ်လျှင် လိုအပ်သလို အလွယ်တကူ သုံးနိုင်သော ဆေးမျိုးမဟုတ်ပေ။

Methadone (မီတာဒုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

methadone ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပုံမှန်သောက်ရမည်ဖြစ်ပြီး ရုတ်တရက်နာကျင်ခြင်းများအတွက် အလွယ်တကူ မသောက်ရပါ။ဆေးကို အစာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်နိုင်သည်။ အကယ်၍ ဆေးသောက်ပြီး ပျို့ခြင်း၊၊အန်ခြင်း၊မအီမသာဖြစ်ခြင်းများရှိပါက နောက်တကြိမ်သောက်သည့်အခါ အစာရှိသည့် အချိန်တွင် သောက်နိုင်ပါသည်။ပျို့ခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေမည့် အခြားသော နည်းလမ်းများ (ဥပမာ။    ။ ခေါင်းကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ ၁နာရီ၊၂နာရီခန့် လှဲလျောင်းနေခြင်းစသည်)ကို ဆရာဝန်အား မေးမြန်းနိုင်သည်။ဆေးရည်အသုံးပြုပါက ဆေးပမာဏကို မတိုင်းတာမီ ဆေးပုလင်းကို ကောင်းစွာလှုပ်ပါ။။ဆေးနှင့်အတူပါလာသည့် ဇွန်းသို့မဟုတ် ခွက်ကို အသုံးပြုပြီး ဆေးပမာဏကို တိုင်းတာပါ(အိမ်သုံးဇွန်းကို မသုံးရပါ)။ဆေးပမာဏ အနည်းအများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။

ဤဆေးသည် ဆေးဖြတ်ခြင်း လက္ခဏာများကို ဖြစ်စေပါသည် (အထူးသဖြင့် အချိန်ကြာမြင့်စွာ ပုံမှန်သုံးစွဲလျှင်၊ပမာဏများပြားစွာ သုံးစွဲလျှင်)။ သင့်အနေဖြင့် အဆိုပါအခြေအနေမျိုးတွင် ဆေးကို ရုတ်တရက် ဖြတ်လိုက်ပါက ဆေးဖြတ်ဝေဒနာများဖြစ်သည့် ဂဏှာမငြိမ်ဖြစ်ခြင်း၊မျက်ရည်များ အလွန်အကျွံကျခြင်း၊နှာရည်ယိုခြင်း၊ပျို့ခြင်း၊မအီမသာဖြစ်ခြင်း၊ချွေးထွက်များခြင်း၊ကြွက်သားများ နာကျင်ခြင်း တို့ကို ခံစားရပါလိမ့်မည်။၎င်းဝေဒနာများကို ကာကွယ်ရန် သင့်ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့ပေးပါလိမ့်မည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ဆေးသောက်ရင်း အဆိုပါ လက္ခဏာများ ပေါ်ပေါက်လာပါကလည်း ဆရာဝန်ကို ချက်ချင်း အကြောင်းကြားပါ။methadone ကို အချိန်ကြာရှည်စွာ သုံးစွဲပါက ဆေးမတိုးတော့ခြင်း ဖြစ်နိုင်ပါသည်။ထိုသို့ဖြစ်လျှင် သင့်ဆရာဝန်ကို အသိပေးပါ။methadone သည် ရှားရှားပါးပါးဆိုသလို ဆေးစွဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။အကယ်၍ သင်သည် အရက် သို့မဟုတ် ဆေးစွဲဖူးသူဖြစ်ပါက methadone ကို စွဲရန် အခွင့်အလမ်း ပိုများပါသည်။ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာပါ။သင့်ရောဂါ အခြေအနေ မသက်သာလျှင်ဖြစ်စေ၊ ပိုဆိုးလာလျှင်ဖြစ်စေ ဆရာဝန်ကို အသိပေးပါ။

Methadone (မီတာဒုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်]

Methadone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Methadone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Methadone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Methadone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Methadone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methadone (မီတာဒုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

methadone ကို မသောက်သုံးမီ

-methadone ၊ အခြားဆေးများ သို့မဟုတ် methadone တွင်ပါဝင်သည့် ပစ္စည်းများနှင့် မတည့်ပါက ဆရာဝန်ကို ကြိုပြောပါ။methadone ဆေးပြားတွင်ပါဝင်သည့် ပစ္စည်းများကို သိရှိနိုင်စေရန် ဆရာဝန်ကို မေးမြန်းပါ။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

antihistamines; buprenorphine (suboxone, in zubsolv);

butorphanol; calcium channel blocking agents —–> carbamazepine (cabatrol,

equetro, tegretol); fluvoxamine (luvox); HIV အတွက်ဆေးများ —–> abacavir

(ziagen, in trizivir), darunavir (prezista), didanosine (videx), efavirenz (sustiva, in

atripla), lopinavir (in kaletra), nelfinavir (viracept), nevirapine (viramune), ritonavir

(norvir, in kaletra), saquinavir (invirase), stavudine (zerit), telaprevir (incivek),

tipranavir (aptivus), and zidovudine (retrovir, in combivir); ရေတိမ်၊ irritable bowel disease၊ ပါကင်ဆန်ရောဂါ၊အနာများ နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများတွင် အသုံးပြုသော ဆေးများ

; nalbuphine;naloxone (in zubsolv); naltrexone (revia, depade); pentazocine (talwin); phenobarbital;phenytoin (dilantin); rifampin (rifadin, rimactane, in rifamate, in rifater). အောက်ပါဆေးများကို သုံးစွဲနေလျှင် သို့မဟုတ် လွန်ခဲ့သည့် ၂ပတ်အတွင်း ကမှ သုံးစွဲခြင်းကို ရပ်ဆိုင်းခဲ့လျှင်လည်း ဆရာဝန်ကို ပြောပြပါ။

monoamine oxidase (mao) inhibitors —– >isocarboxazid (marplan), phenelzine (nardil), selegiline (eldepryl, emsam, zelpar), tranylcypromine (parnate).

ဆေးအများအပြားသည် methadone နှင့် ဓာတ်ပြုနိုင်သဖြင့် ဤစာရင်းတွင်မပါဝင်သော ဆေးများ သောက်သုံးနေပါကလည်း ဆရာဝန်ကို အသိပေးရမည်ဖြစ်ပါသည်။

သို့မှသာ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ်  ဘေးထွက်ဆိုးကျိုးများကို  ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

-အကယ်၍ သင်သည် သဘာဝအားဖြည့်ပစ္စည်းများ (အထူးသဖြင့် St.John’s wort) ကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

-သင့်တွင် အူပိတ်ခြင်း၊ဆီးသွားရခက်ခြင်း၊ဆီးကြိတ်ကြီးခြင်း၊Addison’s disease (adrenal ဂလင်းမှ ပုံမှန်ထုတ်လုပ်သော ပစ္စည်းများ မထုတ်လုပ်နိုင်ခြင်း)ရှိလျှင်၊အတက် ရောဂါရှိလျှင်၊သိုင်းရွိုက်ဂလင်း၊ပန်ကရိယ၊သည်းခြေအိတ်၊အသည်း သို့မဟုတ် ကျောက်ကပ်ပြဿနာများရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။

-အကယ်၍ ကလေးနို့တိုက်နေပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။ ကလေးနို့တိုက်နေသည့် ကာလတွင် methadone ကို သုံးစွဲပါက methadone ပမာဏ တချို့တဝက်သည်  မိခင်နို့မှ တဆင့် ကလေးထံသို့ရောက်ရှိသွားနိုင်ပါသည်။ထို့ကြောင့် သင်methadone စတင်သုံးစွဲပါက သင့်ကလေး၏ အမူအကျင့် သို့မဟုတ် အသက်ရှုခြင်းများ အပြောင်းအလဲ ရှိမရှိကို သေချာစွာ အနီးကပ် စောင့်ကြည့်ပါ။အောက်ပါ လက္ခဏာများ ပေါ်ပေါက်လာပါက ကလေးဆရာဝန်ထံ အမြန်သွားကာ အရေးပေါ် ဆေးကုသမှု ခံယူပါ။

-ပုံမှန်ထက်ပိုအိပ်ခြင်း၊နို့မစို့တော့ခြင်း၊အသက်ရှုရခက်ခြင်း၊ဒယိမ်းဒယိုင်ဖြစ်ခြင်း။

သင် ဖြည့်စွက်စာစတင်ကျွေးမည့် အချိန်ကို ကလေးဆရာဝန်အား ပြောပြပါ။ methadone ပါဝင်သော မိခင်နို့မစို့ရတော့သည့်အခါ ကလေးတွင် ဆေးဖြတ်ဝေဒနာများ မခံစားရစေရန်အတွက် မိခင်နို့ကို  ဖြည့်စွက်စာဖြင့် ဖြည်းဖြည်းချင်း အစားထိုး ပြောင်းလဲပါ။

-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက methadone သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

-methadone သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။

-methadone သည် မူးဝေခြင်းကို ဖြစ်စေသည့်အပြင် အိပ်နေရာမှ ရုတ်တရက်ထလိုက်လျှင် သတိလစ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် လှဲနေရာမှ ထလျှင် ရုတ်တရက် မတ်တပ်မရပ်ဘဲ ကြမ်းပြင်ပေါ်ခြေချပြီး ကုတင်ပေါ်တွင် ခေတ္တထိုင်နေသင့်ပါသည်။

-methadone သည် ဝမ်းချုပ်စေသဖြင့် methadone သုံးစွဲနေစဉ်ကာလတွင် အစားအသောက်ပုံစံပြောင်းလဲရန် သို့မဟုတ် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသော သို့မဟုတ် ကုသပေးသော ဆေးများ အသုံးပြုနိုင်ရေးအတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methadone (မီတာဒုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Methadone (မီတာဒုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက Methadone သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-အသက်ရှုအားနည်းခြင်း။

-ထင်ယောင်ထင်မှား ဖြစ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း။

-ရင်ဘတ်အောင့်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊သတိလစ်ခြင်း၊နှလုံးခုန်းမြန်ခြင်း။

-အသက်ရှုရခက်ခြင်း၊မူးဝေခြင်း၊သတိလစ်ခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-စိုးရိမ်ပူပန်ခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း။

-အိပ်မပျော်ခြင်း။

-အားနည်းခြင်း၊ငိုက်မျဉ်းခြင်း။

-အာခြောက်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း/ဝမ်းချုပ်ခြင်း၊အစားအသောက်ပျက်ခြင်း။

-လိင်စိတ်နည်းပါးခြင်း၊မြုံခြင်း၊လိင်ဆက်ဆံရာတွင် အထွတ်အထိပ်ရောက်ရန် ခက်ခဲခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Methadone (မီတာဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Methadone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

ငိုက်မျဉ်းစေသော သို့မဟုတ် အသက်ရှုနှေးစေသော အခြားဆေးများနှင့် methadone ကို တွဲဖက်အသုံးပြုပါက အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ထို့ကြောင့် methadone နှင့် အိပ်ဆေးများ၊ narcotic အကိုက်အခဲ ပျောက်ဆေးများ၊ ကြွက်သားပျော့ဆေးများ သို့မဟုတ် စိုးရိမ်ပူပန်ခြင်းအတွက် ဆေးများ၊စိတ်ကျရောဂါအတွက်ဆေးများ၊အတက်ကျဆေးများကို တွဲဖက်အသုံးပြုမည်ဆိုလျင် ဆရာဝန်အား ဦးစွာ မေးမြန်း

အစားအသောက်တွေနဲ့ အရက်က Methadone (မီတာဒုန်း) နဲ့ ဓာတ်ပြုနိုင်သလား

Methadone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Methadone (မီတာဒုန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Methadone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-အရက်စွဲခြင်း။

-ဦးနှောက်အကြိတ်ဖြစ်ခြင်း။

-နာတာရှည် အဆုတ်ရောဂါတမျိုး (COPD – Chronic Obstructive Pulmonary Disease)

-စိတ်ကျရောဂါရှိခြင်း။

-ဆေးစွဲခြင်း (အထူးသဖြင့် narcotic ဆေးများနှင့်)။

-သည်းခြေအိတ်ရောဂါများ သို့မဟုတ် သည်းခြေကျောက်တည်ခြင်း။

-ခေါင်းထိခိုက်ဖူးခြင်း။

-နှလုံးရောဂါရှိခြင်း။

-နှလုံးစည်းချက် မမှန်သည့် ပြဿနာများ။

-သွေးတွင်း ပိုတက်ဆီယမ်ဓာတ်နည်းခြင်း။

-သွေးတွင်း မဂ္ဂနီဆီယမ်ဓာတ် နည်းခြင်း။

-ဦးခေါင်းတွင်း ဖိအားတက်ခြင်း။

-အစာအိမ် နှင့် အူလမ်းကြောင်းပြဿနာများ။

-ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း ——> သတိထားသုံးပါ။ဘေးထွက်ဆိုးကျိုးများ ပိုဆိုးလာစေနိုင်သည်။

-ပန်းနာရင်ကြပ်ရှိခြင်း။

-အူပိတ်ခြင်း။

-အသက်ရှု အလွန်နှေးခြင်း —–> ဤလူနာမျိုးတွင် အသုံးမပြုသင့်ပါ။

-သွေးပေါင်ကျခြင်း။

-ပန်ကရိယ ရောင်ခြင်း။

-အတက်ရောဂါရှိခြင်း ——> သတိထားသုံးပါ။ အခြေအနေကို ပိုဆိုးစေသည်။

-ပြင်းထန်သော ကျောက်ကပ်ရောဂါ။

-အသည်းရောဂါ ——-> သတိဖြင့်အသုံးပြုပါ။ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Methadone (မီတာဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

နာကျင်ခြင်းအတွက်

-သောက်ဆေး : ၂.၅ – ၁၀မီလီဂရမ် ကို ရှစ်နာရီခြား သို့မဟုတ် ၁၂နာရီခြားတခါ သောက်ရမည်။

-အကြောထိုးဆေး၊ အသားထိုးဆေး၊အရေပြားအောက်ထိုးဆေး : ၂.၅ – ၁၀ မီလီဂရမ် ကို ရှစ်နာရီခြား သို့မဟုတ် ၁၂နာရီခြားတခါ ထိုးပေးရမည်။

ဆေးဖြတ်ခြင်းအတွက်

-ကနဦးဆေးပမာဏ : ၁၅ – ၄၀ မီလီဂရမ် ကို တနေ့လျှင် တကြိမ်။တရက် နှစ်ရက်ကြာပြီးနောက် ဆေးပမာဏကို နေ့စဉ် ၂၀%လျှော့ချသွားလျှင် အများအားဖြင့် ခံနိုင်ရည်ရှိပါသည်။မူးယစ်ဆေး၏ အာနိသင်များကို အများအားဖြင့် ၁၀ရက်အတွင်း ဖယ်ရှားပြီး ဖြစ်လေ့ရှိပါသည်။ ဆက်လက်ပေးထားရမည့် ပမာဏမှာ တနေ့လျှင် ၂၀ – ၁၂၀ မီလီဂရမ်ဖြစ်ပါသည်။

ကလေးတွေအတွက် Methadone (မီတာဒုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Neonatal abstinence syndrome အတွက်

-သောက်ဆေး သို့မဟုတ် အကြောထိုးဆေး  :

ကနဦးဆေးပမာဏ : 0.05 – 0.2 mg/kg/dose ကို ၁၂နာရီခြားသို့မဟုတ် ၂၄နာရီခြားတခါ (သို့မဟုတ်) စုစုပေါင်း ဆေးပမာဏ 0.5mg/kg ကို ၈နာရီခြားတခါခွဲပြီး ပေးနိုင်သည်။ ဆေးဖြတ်လက္ခဏာများကို ရှောင်ရှားနိုင်စေရန် ဆေးပမာဏ နှင့် ဆေးပမာဏ လျှော့သွားရမည့် အစီအစဉ်တို့ကို လူနာတဦးချင်းစီအပေါ် မူတည်ပြီး ဆုံးဖြတ်ရပါမည်။အများအားဖြင့် တလမှ တလခွဲအတွင်း ဆေးပမာဏကို ၁၀% မှ၂၀%အထိ အပတ်စဉ် လျှော့ချသွားရမည်။

မှတ်ချက် ။    ။ Methadone သည် သွေးထဲတွင် ကာလကြာမြင့်စွာ ရှိနေနိုင်သဖြင့် ဆေးပမာဏ တဖြည်းဖြည်းလျှော့ချပြီး ရပ်လိုက်ရန်မှာ ခက်ခဲမှုရှိနိုင်သောကြောင့် အခြားဆေးများကို အသုံးပြုသင့်သည်။

 

ကလေးများတွင်  :

အကိုက်အခဲပျောက် အာနိသင်အတွက် :ကနဦးကာလတွင် ဆေးကို၎နာရီခြား မှ ၁၂နာရီခြားအထိ အမျိုးမျိုး သောက်နိုင်သည်။ဆေးသုံးစွဲမှု စတင်ပြီးနောက် သို့မဟုတ်  ဆေးပမာဏတိုးလာပြီးနောက် ၂ရန်မှ ၅ရက်အတွင်း ဆေးပမာဏ သို့မဟုတ်ဆေးသောက်သော အကြိမ်အရေအတွက်ကို လျှော့ချသင့်ပါသည်။

အကြောထိုးဆေး  :  ကနဦးတွင် 0.1 mg/kg/dose ကို ၂ကြိမ်မှ ၃ကြိမ်အထိ ၄နာရီခြားတခါ ပေးရပါသည်။ထို့နောက် အဆင်ပြေလျှင် ၆နာရီခြား မှ၁၂နာရီခြားတခါသို့ လျှော့ရမည်ဖြစ်သည်။ အများဆုံးပေးနိုင်သော ပမာဏမှာ တခါပေးလျှင် ၁၀မီလီဂရမ်ဖြစ်သည်။

သောက်ဆေး၊ အသားထိုးဆေး၊ အရေပြားအောက်ထိုးဆေး : ကနဦးဆေးပမာဏ : 0.1 mg/kg/dose ကို ၂ကြိမ်မှ ၃ကြိမ်အထိ ၄နာရီခြားတခါ ပေးရပါသည်။ထို့နောက် အဆင်ပြေလျှင် ၆နာရီခြား မှ၁၂နာရီခြားတခါသို့ လျှော့ရမည်ဖြစ်သည်။ (သို့မဟုတ်)

0.7 mg/kg/24hour ပမာဏကို၎နာရီခြား မှ ၆နာရီခြားအထိ ပေးနိုင်သည်။အများဆုံးပေးနိုင်သော ပမာဏမှာ တခါပေးလျှင် ၁၀မီလီဂရမ်ဖြစ်သည်။

 

Iatrogenic narcotic dependency အတွက် :

သောက်ဆေး  : စနစ်တကျ လေ့လာထားရခြင်း မရှိသေးပါ။ဆေးရုံဆေးခန်းများတွင် အသုံးပြုကြသော ဆေးပမာဏ အမျိုးမျိုးရှိပါသည်။အသုံးပြုရမည့် ဆေးပမာဏသည် ယခင်က သုံးစွဲဖူးခဲ့သော narcotic ဆေးပမာဏနှင့် ဆေးဖြတ်လက္ခဏာများ၏ ပြင်းထန်မှုတို့အပေါ် မူတည်ပါသည်။narcotic ပမာဏ များများ သုံးစွဲထားလျှင် methadone ပမာဏ များများ လိုအပ်မည်ဖြစ်ပါသည်။

အသုံးပြုလေ့ရှိသော guideline (ဆေးပေးရန် အညွှန်း) :

ကနဦးဆေးပမာဏ : 0.05 – -.1 mg/kg/dose ကို ခြောက်နာရီခြားတခါ ပေးရပါမည်။

ဆေးဖြတ်လက္ခဏာများကို ထိန်းချုပ်နိုင်သည်အထိ 0.05 mg/kg/dose ဖြင့် တိုးသွားပေးပါ။ ၂၄နာရီ – ၄၈ နာရီ ကြာပြီးနောက် ဆေးတကြိမ်နှင့် တကြိမ် အပိုင်းအခြားကို ၁၂နာရီခြား သို့မဟုတ် ၂၄နာရီခြားအဖြစ် ပြောင်းလဲနိုင်သည်။ဆေးကို ဖြည်းဖြည်းချင်း လျှော့ချပြီး ဖြတ်ရန်အတွက် 0.05 mg/kg/day နှုန်းဖြင့်ပေးပါ။ အကယ်၍ ဆေးဖြတ်လက္ခဏာများ ပြန်လည်ပေါ်လာပါက ဆေးကိုပို၍ နှေးနှေးဖြတ်ရမည်ဖြစ်ပါသည်။

Methadone (မီတာဒုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Methadone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၄၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Methadone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ