backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mesna (မက်စ်နာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Mesna (မက်စ်နာ) ကို ဘာအတွက်အသုံးပြုကြသလဲ

Mesnaကိုifosfamideဟုခေါ်သောကင်ဆာဓါတုဆေးများနှင့်ကုသရာမှ ဖြစ်လာရသည့် ဆီးအိမ်သွေးယိုခြင်း (သွေးယိုပြီးဆီးအိမ်ရောင်ခြင်း) ဖြစ်နိုင်ချေကိုလျော့ချရာတွင် အသုံးပြုပါသည်။ Mesnaသည် ifosfamideကြောင့်ပျက်စီးရသည့် ဆီးအိမ်နံရံလိုင်နင်းများကိုကူညီကာကွယ်ပေး၏။ ခန္ဓါကိုယ်မှ ifosfamideကိုဖြိုခွဲသည့်အခါ ဆီးအိမ်ကို အန္တရာယ်ဖြစ်စေသည့်ပစ္စည်းကိုထုတ်သည်။ ဤဆေးကအဆိုပါပစ္စည်းကို အန္တရာယ်နည်းအောင် လုပ်ပေးနိုင်ပါသည်။ သို့ပေမည့် Mesna က ifosfamide ၏ကင်ဆာပျောက်အာနိသင်ကိုလျော့ချစေမည်မဟုတ်ပါ။

Mesna (မက်စ်နာ) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးဆိုပါက

  • ဆေးကို ဆရာဝန်ညွှန်သည့် ပမာဏ၊ အချိန်အပိုင်းအခြားအတိုင်းသောက်ပါ။
  • ရေကိုနေ့စဉ် အနည်းဆုံး ၁ လီတာထိသောက်ရမည်။
  • ထိုးဆေးပုံစံဆိုပါကMesnaကို ဆရာဝန်ရုံးခန်း၊ ဆေးရုံ၊ ဆေးခန်းတို့၌ ထိုးနိုင်ပါသည်။

    အချက်အလက်များကိုမရှင်းလင်းပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးမြန်းနိုင်ပါသည်။

    Mesna (မက်စ်နာ) ဘယ်လိုသိမ်းဆည်းရမလဲ

    Mesnaကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Mesnaကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Mesnaဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

    Mesnaအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Mesna (မက်စ်နာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    Mesnaကိုမသုံးခင် ဤဆေးနှင့်ရောတခြားchlorambucilနှင့်ရောဓါတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

    ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့်Mesna နှင့် ဓါတ်မတည့်မှုဖြစ်စေနိုင်သည့် ကိုယ်ခံအားစနစ် တက်ကြွလွန်ခြင်း (ဥပမာသွေးလေးဖက်နာ၊ လူးပတ်စ်၊ nephritis)။

    ဤဆေးသည် ခေါင်းမူးစေတတ်၏။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကိုကောင်းကောင်းမသိရသေးမချင်းကား၊ စက်မောင်းခြင်းများမပြုလုပ်ပါနှင့်။ အရက်ပါသည့် အချိုရည်များကိုရှောင်ပါ။

    ကျောက်ကပ်လုပ်ငန်းလုပ်နိုင်စွမ်းမှာအသက်ကြီးလာသည်နှင့် လျော့ကျသွားသည်။ ဤဆေးကိုကျောက်ကပ်မှစွန့်ထုတ်ပေးပါသည်။ အသက်ကြီးသူများတွင် ဤဆေးဒဏ်ကိုမခံနိုင်ခြင်းများ ဖြစ်တတ်ပါသည်။

    ကိုယ်ဝန်ဆောင်စဉ်၌ အမှန်တကယ်လိုအပ်မှသာဤဆေးကိုအသုံးပြုပါ။ ကောင်းကျိုးဆိုးကျိုးများအတွက် ဆရာဝန်နှင့်တိုင်ပင်ကြည့်ပါ။

    ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ ကင်ဆာဓါတုဆေးအဖြစ် ပေးရသောကြောင့် Mesnaသုံးနေစဉ်ကာလပတ်လုံး နို့တိုက်၍မဖြစ်ပါ။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Mesna (မက်စ်နာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟုသတ်မှတ်ထားသည်။

    အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကိုမသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Mesna (မက်စ်နာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ခေါင်းကိုက်ခြင်း၊ မျက်နှာပူခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ အရေပြား sensitive ဖြစ်ခြင်း၊ တုပ်ကွေးလက္ခဏာများ (လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း) များ ဖြစ်တတ်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

    ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

    ပြင်းထန်သောဘေးထွက်ဆိုးကျိုးများဥပမာ နှလုံးခုန်မြန်ခြင်း၊ ခြေကျင်းဝတ်၊ ခြေဖဝါးတို့၌ ဖောရောင်ခြင်း၊ ကြွက်သားအားနည်းခြင်းများခံစားရပါက ဆရာဝန်ကိုချက်ချင်းပြောပါ။

    ရင်ဘတ်အောင့်ခြင်းဖြစ်လာလျှင် ဆေးကုသမှု ချက်ချင်းခံယူရပါမည်။

    ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Mesna (မက်စ်နာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    ဤဆေးသည် တစ်ချို့သောဓါတ်ခွဲစစ်ဆေးမှုများ (urinary ketones)အားအနှောက်အယှက်ဖြစ်စေနိုင်ပြီးအဖြေမှားထွက်နိုင်ပါသည်။ ဤဆေးသုံးနေပါကသုံးနေကြောင်း ဆရာဝန်များ ဓါတ်ခွဲဝန်ထမ်းများ သိအောင်ပြောပါ။

    Mesnaသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

    အစားအသောက်တွေနဲ့ အရက်က Mesna (မက်စ်နာ) နဲ့ ဓါတ်ပြုနိုင်သလား

    Mesna က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Mesna (မက်စ်နာ) နဲ့ ဓါတ်ပြုနိုင်သလဲ

    Mesnaသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Mesna (မက်စ်နာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Mesnaကိုခွဲခြမ်းစိတ်ဖြာပေးရပြီး bolus အကြောဆေး ၃ ကြိမ် သို့မဟုတ် တစ်ကြိမ်သာထိုးပြီး ၂ ကြိမ်ကိုသောက်ဆေးလိုက်ခြင်းဖြင့် ပေးနိုင်ပါသည်။ အကြောဆေးကိုifosfamideပမာဏ၏ 20% နှင့်ပေးရပြီးသောက်ဆေးကိုတော့ ifosfamideပမာဏ၏ 40% နှင့်ပေးရပါသည်။

    Mesnaကိုအထက်ပါနှုန်းအတိုင်းifosfamideပေးချိန်တွင်တစ်ကြိမ်ပေးရပြီးifosfamideတစ်ခါပေးပြီးတိုင်း ၄နာရီနှင့် ၈ နာရီအကြာတွင် ifosfamideပမာဏ၏ 20%လိုက်ပေးရ၏။ (ဥပမာifosfamide1.2 g/m2ပေးလျှင် Mesnaပမာဏမှာ240 mg/m2 ဖြစ်ပြီးifosfamideစပေးချိန်၊ ပေးပြီး ၄ နာရီအကြာ၊ ၈ နာရီအကြာတို့တွင် ပေးရပါသည်။)

    သောက်ဆေး (Mesnaပထမအကြိမ်ထိုးပြီးနောက် ပေးရသည်):ifosfamideပမာဏ၏ 40%အတိုင်းifosfamideပေးပြီးတိုင်း ၂ နာရီအကြာနှင့် ၆ နာရီအကြာတို့တွင် ပေးရ၏။ (ဥပမာifosfamide1.2 g/m2ပေးလျှင် Mesnaပမာဏမှာ240 mg/m2 ဖြစ်ပြီးifosfamideစပေးချိန်တွင်ပေးရပြီးနောက်သောက်ဆေးပမာဏကို480 mg/m2 နှင့် ifosfamideပေးပြီးတိုင်း ၂ နာရီအကြာနှင့် ၆ နာရီအကြာတို့တွင် ပေးရ၏။)

    မှတ်ချက်:

    – လုံလောက်သောကာကွယ်မှုရနိုင်ရန်အတွက် ifosfamideပေးတိုင်းသတ်မှတ်ထားသောဆေးအသုံးကိုထပ်ပေးသင့်ပါသည်။

    – ifosfamide ၏ပမာဏကိုချိန်သည့်အခါ Mesnaပမာဏနှင့် သက်ဆိုင်ရာပမာဏအလိုက် ပြောင်းရပါမည်။

    – ရေဓါတ်ကောင်းကောင်းဖြည့်ခြင်း၊ ဆီးကောင်းကောင်းသွားခြင်းတို့ဖြစ်စေရန် ထိန်းရပါမည်။ ifosfamideပေးရာတွင် ဆီး၌ သွေးပါမပါသိရန် စောင့်ကြည့်ရမည်။ သတ်မှတ်ထားသောဆေးအသုံးအတိုင်းMesnaကိုပေးသည့်တိုင် ဆီးတွင်သွေးပါလာပါကifosfamideကိုပမာဏလျော့ခြင်းရပ်ခြင်းများ ပြုလုပ်ရပါမည်။

    အသုံး: ifosfamideကြောင့်ဖြစ်သည့် သွေးယိုဆီးအိမ်ရောင်ခြင်းအားကာကွယ်ရန်အတွက် သုံးပါသည်။

    ပမာဏချိန်ညှိခြင်း

    Mesnaကိုoxazaphosphorineများ၏ ဆီးအိမ်အဆိပ်သင့်မှုအားကာကွယ်ရန်အတွက် ပေးရသည်။

    Mesnaပေးရန်ကြာချိန်မှာoxazaphosphorineပေးရန်ကြာချိန်အပြင် oxazaphosphorineစွန့်ပစ်ပစ္စည်းများကိုစွန့်ထုတ်ရန်အတွက် ကြာချိန် နှစ်ခုပေါင်းပြီးတွက်ရသည်။ ထိုမှသာအဆိပ်သင့်လယ်ဗယ်ကိုလျော့ချနိုင်ပါမည်။ ပုံအားဖြင့် oxazaphosphorineကုသမှုပေးပြီး ၈-၁၂ နာရီခြားတွင် ဖြစ်ပြီးoxazaphosphorineပမာဏအလိုက် ပြောင်းလဲမှုရှိပါသည်။ ဆီးထွက်နှုန်းကို100 mL/hrတွင်ထိန်းရမည်။ ဆီးကိုသွေး၊ ပရိုတင်ပါမပါ စောင့်ကြည့်နေရမည်ဖြစ်သည်။

    တခြားမှတ်ချက်များ

    Stability:

    – ဆေးပုလင်းများကိုပထမအကြိမ် စုပ်ယူပြီးနောက် ၈ ရက်အထိသုံးနိုင်ပါသည်။

    – ဆေးမဖျော်ရသေးသောအရည်များကို25°C (77°F)တွင်သိမ်းပြီး ၂၄ နာရီအတွင်းသုံးရပါမည်။

    General:

    – Meschaထိုးဆေးကိုepirubicin, cyclophosphamide, cisplatin, carboplatin နှင့် nitrogen mustard တို့နှင့်မရောရပါ။

    – Mesnaဆေးပုလင်းများတွင်ပါသောbenzyl alcoholမှာifosfamide ၏ တည်ငြိမ်မှုကိုလျော့ကျစေနိုင်ပါသည်။ Ifosfamide နှင့်mesnaကိုရောနိုင်ပြီး50 mg/mLထက်မကျော်သောIfosfamideနောက်ဆုံးဖျော်ထားသောဆေးအိတ်တွင် ထည့်နိုင်ပါသည်။ Ifosfamide ပြင်းအားထိုထက်ပိုများပါကMesna နှင့် မကိုက်ပဲIfosfamide ၏ တည်ငြိမ်မှုကိုလျော့ကျစေပါသည်။

    – ထိုးဆေးကုန်များကိုအမှုန်များပါမပါ၊ အရောင်ပြောင်းခြင်းရှိမရှိအရင်စစ်ဆေးပါ။ အရောင်ပြောင်းခြင်း၊ မှုန်ခြင်းသို့မဟုတ် အမှုန်ပါခြင်းရှိနေသည့် မည်သည့်ဆေးကိုမဆိုမသုံးသင့်ပါ။

    လူနာများသိထားရန်

    – ဓါတ်မတည့်သည့်လက္ခဏာများပေါ်လာလျှင် Mesnaကိုရပ်ပြီးဆေးကုသမှုချက်ချင်းခံယူရမည်။

    – Mesnaကိုဆေးအသုံးအချိန်ပမာဏအတိုင်းတိတိကျကျသုံးစွဲရမည်။

    – Mesnaသောက်ဆေးသောက်ပြီးနောက် ၂ နာရီအတွင်းအန်လျှင် သို့မဟုတ် သောက်ရန်လွတ်သွားလျှင် ဆေးဝန်ထမ်းနှင့် ချက်ချင်းဆက်သွယ်ရမည်။

    – Mesnaမှာသွေးယိုဆီးအိမ်ရောင်ခြင်းကိုလူတိုင်းအတွက် ကာကွယ်ပေးနိုင်မည်မဟုတ်ပါ။ သို့မဟုတ် ifosfamide ၏ ဘေးထွက်ဆိုးကျိုးများကိုကာကွယ်မပေးသလိုသက်သာအောင် လုပ်ပေးမည်လည်းမဟုတ်ပါ။

    – ဆီးအရောင်မှာပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်လာလျှင် ဆေးဝန်ထမ်းကို ချက်ချင်းတင်ပြရန် သိထားရမည်။

    – Mesnaသုံးနေစဉ် ရေကိုတစ်ရက်လျှင် ၁-၂ လီတာအနည်းဆုံးသောက်ရမည်။

    – Stevens-Johnson syndrome, toxic epidermal necrolysis, and drug rash with eosinophilia and systemic symptoms and bullous and ulcerative skin and mucosal reactionsစသည်များဖြလာနိုင်သည်။ လက္ခဏာအသစ်များပေါ်လာပါက ဆရာဝန်ကို ဆက်သွယ်ရမည်။

    ကလေးတွေအတွက် Mesna (မက်စ်နာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

    Mesna (မက်စ်နာ) ကိုဘယ်လိုရရှိနိုင်သလဲ

    Mesnaကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • အကြောဆေး kit
    • ထိုးဆေးရည်
    • သောက်ဆေးပြား

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Mesnaကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement