Meropenem (မီရိုပီနမ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Meropenem (မီရိုပီနမ်) Brand Name(s): Meropenem (မီရိုပီနမ်).

အသုံးပြုပုံများ

Meropenem (မီရိုပီနမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Meropenem ကို ဘက်တီးရီးယားပိုးရောဂါ အမျိုးမျိုးအတွက် အသုံးပြုပါသည်။ ဤဆေးကို carbapenem အမျိုးအစား ပဋိဇီဝဆေးဟုလည်း ခေါ်ပါသည်။ ဘက်တီးရီးယားများကြီးထွားခြင်းကို တားပေးခြင်းဖြင့် အာနိသင်ပြပါသည်။

Meropenem (မီရိုပီနမ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း  အကြောဆေးအဖြစ် ထိုးရပါသည်။ များသောအားဖြင့် ၈ နာရီခြားလျှင် တစ်ကြိမ်ထိုးရသည်။

ဆေးကိုအိမ်တွင်ထိုးမည်ဆိုပါက ကျန်းမာရေးဝန်ထမ်းဆီမှ ဆေးထိုးပုံ၊ ပြင်ဆင်ပုံများကို သေချာသင်ယူပါ။ ဆေးကိုမသုံးခင် ဆေး၌ အမှုန်များ သို့မဟုတ် အရောင်ပြောင်းခြင်းများရှိမရှိစစ်ပါ။ ရှိနေ ပြောင်းနေလျှင် ဆေးရည်ကိုမသုံးပါနှင့်။ ဆေးကုန်အား သိုလှောင်ပုံနှင့်စွန့်ပစ်ပုံများကို သေချာလေ့လာပါ။

ဆေးပမာဏမှာ သင့်ကျန်းမာရေးအခြေအနေနှင့် ကုသမှုအား တုန့်ပြန်မှုတွင် မူတည်ပါသည်။

ကလေးများတွင် ဆေးပမာဏမှာ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ်တွင်မူတည်ပါသည်။

အကောင်းဆုံးအာနိသင်ရရန်အတွက် ပဋိဇီဝဆေးများကို တိကျသောအချိန်အပိုင်းအခြားနှင့် သုံးစွဲပါ။ ဆေးသုံးစွဲဖို့မှတ်မိနေစေရန် နေ့စဉ် တူညီသောအချိန်တွင်သာ သုံးပါ။

လက္ခဏာများ ရက်ပိုင်းအတွင်း သက်သာလာလျှင်တောင်မှ ဆေးကိုရက်ပြည့်သောက်ရမည်။ ဆေးကို စောစောရပ်လိုက်ခြင်းက ရောဂါပြန်ဖြစ်စေနိုင်၏။

ရောဂါပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကိုပြောပါ။

Meropenem (မီရိုပီနမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Meropenemကို အခုဖျော် အခုဆေးထိုးလုပ်သင့်ပါသည်။ သို့သော် ဖျော်ထားသော Meropenem ဆေးရည်များမှာ အောက်ပါအခြေအနေများတွင် ကျေနပ်မှုရလောက်အောင် ထိန်းသိမ်းထားနိုင်ပါသည်။

Meropenem အကြောဆေးများကို အေးခဲအောင် မလုပ်သင့်ပါ။

Meropenem Bolus အကြောဆေးမှုန့်များကို ဆေးဖျော်ရေနှင့်ဖျော်ပြီး (50mg/mL လောက်အထိ) 25°C (77°F) တွင် ၃ နာရီအကြာ သို့မဟုတ်  5°C (41°F) တွင် ၁၃ နာရီအကြာ ထိန်းသိမ်းထားနိုင်ပါသည်။

ဆေးချိတ်ရန်အတွက် ပြင်ဆင်ထားသော Meropenem အကြောဆေးပြင်းအား 1mg/mL -20 mg/mL အထိအား 0.9% ဆိုဒီယမ်ဂလိုရိုက်ပျော်ရည်နှင့် ဖျော်ထားပါက 25°C (77°F) တွင် ၁ နာရီအကြာ သို့မဟုတ်  5°C (41°F) တွင် ၁၅ နာရီအကြာထိ ထိန်းသိမ်းထားနိုင်ပါသည်။ 5% Dextrose နှင့်ဖျော်ထားသည်ဆိုပါက ချက်ချင်းသုံးမှသာ အကောင်းဆုံးဖြစ်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Meropenem (မီရိုပီနမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Meropenem ကိုမသုံးခင် ဤဆေးနှင့်ရော တခြား penicillins or cephalosporinsနှင့်ရော ဓာတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများ ပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် ဦးနှောက်ရောဂါများ (အတက်ရောဂါ၊ ဦးခေါင်းထိခိုက်မိခြင်း၊ အကျိတ်)၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ (အူမကြီးရောင်ခြင်း)။

ဆေးကြောင့် ရှားရှားပါးပါးဖြစ်တတ်သည်များမှာ ခေါင်းကိုက်ခြင်း၊ အရေပြားထုံခြင်း၊ ယားခြင်း သို့မဟုတ် တက်ခြင်းတို့ဖြစ်သည်။ ဆေးမှ မိမိအပေါ်အကျိုးသက်ရောက်မှုကို ကောင်းကောင်းမသိရသေးမချင်း နိုးကြားမှု၊ အမြင်အာရုံ ကြည်လင်မှုတို့ကိုလိုအပ်သော ကား၊ စက်မောင်းခြင်းများ မပြုလုပ်ပါနှင့်။

ဤဆေး၏တစ်ချို့သောပုံစံများတွင် ဆိုဒီယမ်ပါတတ်သည်။ ဆားလျော့နေရသောအစားအသောက်များစားနေရပါက သို့မဟုတ် ဆားများမိသည်နှင့် ဆိုးဝါးသွားနိုင်သော အခြေအနေများ (ဥပမာ နှလုံးညှစ်အားမကောင်းခြင်း)တို့ ရှိနေပါက ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်တို့နှင့်တိုင်ပင်ပါ။

Meropenem သည် အသက်ရှိသောကာကွယ်ဆေးများ (တိုက်ဖွိုက်ကာကွယ်ဆေးများ)ကို အာနိသင်ပြယ်စေနိုင်၏။ ဆရာဝန်မှမညွှန်ကြားလျှင် ဤဆေးကိုသုံးနေစဉ် ကာကွယ်ဆေးထိုးခြင်းများ မပြုလုပ်ရပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ရှိနေပါက ဆေးကိုမသုံးခင် ဆရာဝန်ကိုပြောပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်ပါသည်။ နို့တိုက်ကျွေးမှုမစခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Meropenem (မီရိုပီနမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ Bကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Meropenem (မီရိုပီနမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးထိုးသည့်နေရာတွင်ဖောရောင်ခြင်း၊ နီမြန်းခြင်း၊ နာခြင်း၊ အနာဖြစ်ခြင်းများ ဖြစ်လာနိုင်၏။ အစာအိမ်နာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ၀မ်းချုပ်ခြင်း သို့မဟုတ် ၀မ်းလျှောခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဥပမာ အညိုအမည်းစွဲလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ အကြားအာရုံပြောင်းခြင်း (အကြာအာရုံကျခြင်း၊ နားထဲ၌ တစီစီမြည်နေခြင်း)၊ စိတ်အခြေအနေများပြောင်းခြင်း (စိတ်ရှုပ်ထွေးခြင်း)၊ အရေပြားထုံခြင်း၊ စူးခြင်း၊ ခြေကျင်းဝတ် ခြေဖ၀ါးတို့၌ ဖောရောင်ခြင်း၊ ပုံမှန်မဟုတ်ပဲ ၀ိတ်တက်ခြင်း၊ ပုံမှန်မဟုတ်ပဲ မောပန်းလွယ်ခြင်း စသည်တို့မှ တစ်ခုခုဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောရမည်။

တက်ခြင်း၊ ပုံမှန်မဟုတ်ပဲ နှုံးနေခြင်းများရှိလာပါက ဆေးကုသမှုချက်ချင်းခံယူရမည်။

ဤဆေးကြောင့် အလွန်းရှားပြီး ပြင်းထန်သည့် အူပိုင်းဆိုင်ရာအခြေအနေ (Clostridium difficile-associated diarrhea) ဖြစ်တတ်ပါသည်။ ဤအခြေအနေသည် ဆေးယဉ်ပါးသော ဘက်တီးရီးတစ်မျိုးကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဆေးသောက်နေစဉ် သို့မဟုတ် ဆေးရပ်ပြီးနောက်ရက်သတ္တပတ်များစွာ လများစွာ ကြာပြီးမှဖြစ်တတ်ပါသည်။ သင့်တွင် မရပ်နိုင်သော ၀မ်းလျှောခြင်း၊ ဗိုက်နာခြင်း အောင့်ခြင်း၊ ၀မ်းတွင် သွေးနှင့်အကျိအချွဲများပါခြင်းတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

အဆိုပါလက္ခဏာများပြလာပါက ၀မ်းပိတ်ဆေးများ နာကိုတစ်အကိုက်အခဲပျောက်ဆေးများ မသုံးပါနှင့်။ ရောဂါကိုပိုဆိုးစေပါလိမ့်မည်။

ဤဆေးကိုအချိန်အကြာကြီးအသုံးပြုခြင်း၊ ခဏခဏအသုံးပြုခြင်းက ခံတွင်းမှက်ခရုနာများ ဖြစ်တတ်ပါသည်။ ခံတွင်းထဲ၌ အဖြူရောင်အဖက်များ၊ မိန်းမကိုယ်တွင် အရည်ဆင်းခြင်း သို့မဟုတ် လက္ခဏာအသစ်များပေါ်လာသည်နှင့် ဆရာဝန်ကို ဆက်သွယ်ပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Meropenem (မီရိုပီနမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓာတ်ပြုနိုင်သော ဆေးကုန်တစ်ချို့မှာ valproic acid နှင့် ဆက်စပ်သောဆေးများ (ဥပမာ divalproex sodium, sodium valproate) ဖြစ်သည်။

ပဋိဇီဝဆေးအများစုမှာ သန္ဓေတားဟော်မုန်းဆေးများ ဖြစ်သော သောက်ဆေး၊ ကပ်ခွာ၊ ကွင်း စသည်တို့နှင့် ဓာတ်ပြုမှုမရှိသော်လည်း တစ်ချို့ပဋိဇီဝဆေးများ (ဥပမာ rifampin, rifabutin) တို့က ထိုဆေးများ၏အာနိသင်ကို ကျစေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရသွားတတ်သည်။ ဟော်မုန်းတားဆေးများ သောက်နေသူဆိုပါက အသေးစိတ်အချက်အလက်များကို ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Meropenem သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Meropenem (မီရိုပီနမ်) နဲ့ ဓာတ်ပြုနိုင်သလား

Meropenem က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Meropenem (မီရိုပီနမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Meropenem သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Meropenem (မီရိုပီနမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားနှင့်ဖွဲ့စည်းစနစ်ကူးစက်ရောဂါများအတွက် ပုံမှန်ပမာဏ

၈ နာရီခြားတိုင်း အကြောဆေး 500 mg ထိုးရန်။

– Pseudomonas aeruginosa ဖြစ်သော ရှုပ်ထွေးသည့် ကူးစက်ရောဂါများ: ၈ နာရီခြားတိုင်း အကြောဆေး 1 g ထိုးရန်။

အသုံး: အရေပြားနှင့်အရေပြားဖွဲစည်းစနစ်များတွင် Staphylococcus aureus (methicillin နှင့်သတ်နိုင်သော အုပ်စုများသာ), Streptococcus pyogenes, S agalactiae, viridans group streptococci, Enterococcus faecalis (vancomycin နှင်သတ်နိုင်သော အုပ်စုများသာ), P aeruginosa, Escherichia coli, Proteus mirabilis, Bacteroides fragilis, Peptostreptococcus မျိုးစိတ်များကြောင့်ဖြစ်ရသည့် ရှုပ်ထွေးသောကူးစက်ရောဂါများ၌ တစ်မျိုးတည်းသာသုံးပြီး ကုသနိုင်ပါသည်။

ဝမ်းခေါင်းတွင်းကူးစက်ရောဂါအတွက် ပုံမှန်ပမာဏ

၈ နာရီခြားတိုင်း အကြောဆေး 1 g ထိုးရန်။

အသုံး: ၀မ်းခေါင်းတွင်း၌ viridans group streptococci, E coli, Klebsiella pneumoniae, P aeruginosa, B fragilis, B thetaiotaomicron, Peptostreptococcus မျိုးစိတ်များကြောင့်ဖြစ်သော (အူအတက်ရောင်ခြင်းနှင့် ၀မ်းခေါင်းဖုံးအမြှေးပါးရောင်ခြင်း အပါအ၀င်) ရှုပ်ထွေးသော ကူးစက်ရောဂါများအား တစ်မျိုးတည်းသာသုံးပြီး ကုသနိုင်ပါသည်။

ဦးနှောက်အမြှေးရောင်းခြင်းအတွက် ပုံမှန်ပမာဏ

Infectious Diseases Society of America (IDSA) မှ သတ်မှတ်ချက် : ၈ နာရီခြားတိုင်း အကြောဆေး 2 g ထိုးရန်။ 7-21 ရက်ထိ ထိုးရနိုင်သည်။

မှတ်ချက်:

-အစားထိုးကုထုံးအဖြစ်သာ သတ်မှတ်ပါသည်။

Nosocomial Pneumonia အတွက် ပုံမှန်ပမာဏ

Infectious Diseases Society of America (IDSA) မှ သတ်မှတ်ချက် : ၈ နာရီခြားတိုင်း အကြောဆေး 1g ထိုးရန်။ ဖြစ်စေသောအကောင်မှာ P aeruginosa မဟုတ်ပဲ လူနာကလည်း တုန့်ပြုမှုကောင်းနေလျှင် ကုသမှုကို ၇ ရက်အထိသာသုံးရမည်။ (ပုံမှန် ၁၄-၂၁ ရက်မှ လျော့ချခြင်းဖြစ်သည်။)

မှတ်ချက်:

– ဆေးရုံမှကူးသော နမိုးနီးယား (အသက်ရှူစက်မှ ကူးသောနမိုးနီးယား) နှင့် ကျန်းမာရေးဝန်းထမ်းမှကူးသော နမိုးနီးယားတို့တွင် ခန့်မှန်းပေးသောပဋိဇီဝဆေးအဖြစ် သုံးရန် သတ်မှတ်ထားပါသည်။

– ဆေးများစွာယဉ်ပါးသောအကောင်များကို သံသယဖြစ်ပါက ကနဦးဆုံးခန့်မှန်းဆေးကို broad-spectrum များနှင့်စရန် သတ်မှတ်ထားပါသည်။

– ဆေးပေးချိန်ရက်ကိုနည်းနိုင်သလောက်နည်းခြင်းက ဆေးယဉ်ပါးအကောင်များကြောင့်ဖြစ်သော စူပါကူးစက်ရောဂါများဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။

ကျောက်ကပ်အတွက်ပမာဏချိန်ညှိခြင်း

အရွယ်ရောက်ပြီးသူများ:

50 mL/min ထက်များပါက : သတ်မှတ်ပမာဏအတိုင်း

၈ နာရီခြားတိုင်းပေးရမည်။

CrCl greater than 25 to 50 mL/min : သတ်မှတ်ပမာဏအတိုင်း

၁၂ နာရီခြားတိုင်းပေးရမည်။

CrCl 10 to 25 mL/min  : သတ်မှတ်ပမာဏ၏တစ်ဝက်ကို

၁၂ နာရီခြားတိုင်းပေးရမည်။

CrCl less than 10 mL/min : သတ်မှတ်ပမာဏ၏တစ်ဝက်ကို

၂၄ နာရီခြားတိုင်းပေးရမည်။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

သတ်မှတ်ချက်များမရှိပါ။

တခြားမှတ်ချက်များ:

Administration advice:

အရွယ်ရောက်ပြီးသူများ: အကြောဆေးကို ၁၅-၃၀ မိနစ်ကြာအောင် သွင်းရမည်။ ထိုအစား 1g ကို အကြောဆေး bolus အနေနှင့် ၃-၅ မိနစ်ကြာအောင် အချိန်ဆွဲထိုးနိုင်သည်။

– အသက်သုံးလနှင့်အထက်ကလေးလူနာများ: အကြောဆေးကို ၁၅-၃၀ မိနစ်ကြာအောင် သွင်းရမည်။ ထိုအစား 1g ကို အကြောဆေး bolus အနေနှင့် ၃-၅ မိနစ်ကြာအောင် အချိန်ဆွဲထိုးနိုင်သည်။ စိတ်ချရသော ပမာဏကန့်သတ်ချက်မှာ 40 mg/kg (maximum of 2 g) bolus ပမာဏဖြစ်သည်။

– အသက် ၃ လအောက်ကလေးလူနာများ: အကြောဆေးကို ၃၀ မိနစ်ကြာအောင် သွင်းရမည်။

General:

– ပိုးမွေးဆေးစမ်းခြင်းမှရသောအချက်အလက်များကို ကုသရာတွင်ထည့်သွင်းစဉ်းစားရမည်။ အချက်အလက်များမရနိုင်ပါက ဒေသအလိုက် အဖြစ်များသောအကောင်များ၊ သံသယရှိရသည့်ပုံစံများအတိုက် ခန်းမှန်းပဋိဇီဝဆေးကို ရွေးချယ်နိုင်သည်။

– ဤဆေးတွင် ပိုးများစွာကိုနိုင်သည့်အာနိသင်ရှိသောကြောင့် အထက်ဖော်ပြပါ အခြေအနေများ၌ ခန့်မှန်းရွေးချယ်ရာတွင် အသုံးဝင်ပါသည်။

– Bolus အကြောဆေးအတွက် ပြင်အားမှာ 50mg/mL အထိဖြစ်သည်။

– အကြောဆေးအတွက်ပြင်းအားမှာ – 1-20 mg/mL အထိ အမျိုးမျိုးဖြစ်သည်။

စောင့်ကြည့်ခြင်း:

– ခြုံကြည့်ရန်: အင်္ဂါစနစ်များ၏လုပ်ငန်းစဉ်များ (ရေရှည်ပေးရပါက အချိန်အလိုက်စောင့်ကြည့်မည်)

– သွေးဗေဒဆိုင်ရာ: သွေးထုတ်ပေးသည့်အင်္ဂါစနစ်များ၏ လုပ်ငန်းစဉ်များ (ရေရှည်ပေးရပါက အချိန်အလိုက်စောင့်ကြည့်မည်)

– အသည်းဗေဒ: အသည်း၏ လုပ်ငန်းစဉ်များ

(ရေရှည်ပေးရပါက အချိန်အလိုက်စောင့်ကြည့်မည်)

-ကျောက်ကပ်ဗေဒ: ကျောက်ကပ်၏လုပ်ငန်းစဉ်များ

(ရေရှည်ပေးရပါက အချိန်အလိုက်စောင့်ကြည့်မည်)။ အသက်ကြီးသူများတွင် သတိပိုထားရမည်။

လူနာများအတွက်အကြံပြုချက်

– ဆေးမလွတ်စေရန်ဂရုစိုက်ပါ။ ကုသမှုကိုရက်ပြည့် ပြီးအောင်လိုက်နာပါ။

– ဆေးဒဏ်ကို ကောင်းကောင်းမခံနိုင်မချင်း စက်မောင်းခြင်း၊ စက်တပ်ယာဉ်မောင်းခြင်းများကို မပြုလုပ်ပါနှင့်။

ကလေးတွေအတွက် Meropenem (မီရိုပီနမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၃ လနှင့်အထက် : ၈ နာရီခြားတိုင်း အကြောဆေး 10 mg/kg ထိုးရန်။

အများဆုံးပမာဏ: 500 mg/dose

– Pseudomonas aeruginosa ဖြစ်သော ရှုပ်ထွေးသည့် ကူးစက်ရောဂါများ: ၈ နာရီခြားတိုင်း အကြောဆေး 20 mg/kg ထိုးရန်။

အများဆုံးပမာဏ: 1 g/dose

အသုံး: အရေပြားနှင့်အရေပြားဖွဲစည်းစနစ်များတွင် Staphylococcus aureus (methicillin နှင့်သတ်နိုင်သော အုပ်စုများသာ), Streptococcus pyogenes, S agalactiae, viridans group streptococci, Enterococcus faecalis (vancomycin နှင်သတ်နိုင်သော အုပ်စုများသာ), P aeruginosa, Escherichia coli, Proteus mirabilis, Bacteroides fragilis, Peptostreptococcus မျိုးစိတ်များကြောင့်ဖြစ်ရသည့် ရှုပ်ထွေးသောကူးစက်ရောဂါများ၌ တစ်မျိုးတည်းသာသုံးပြီး ကုသနိုင်ပါသည်။

ဝမ်းခေါင်းတွင်းကူးစက်ရောဂါအတွက် ပုံမှန်ပမာဏ

၃ လအောက်များ:

– ၃၂ ပတ်ကိုယ်ဝန်လအောက်လျော့မွေးပြီး ၂ ပတ်အောက်အသက်သာရှိသေးသောကလေးများ: ၁၂ နာရီခြားတိုင်း 20 mg/kg ထိုးရန်။

– ၃၂ ပတ်ကိုယ်ဝန်လအောက်လျော့မွေးပြီး ၂ ပတ်နှင့်အထက်အသက်သာရှိသေးသောကလေးများ: ၈ နာရီခြားတိုင်း 20 mg/kg ထိုးရန်။

– ၃၂ ပတ်ကိုယ်ဝန်လနှင့်အထက်တွင်မွေးပြီး ၂ ပတ်အောက်အသက်သာရှိသေးသောကလေးများ: ၈ နာရီခြားတိုင်း 30 mg/kg ထိုးရန်။

– ၃၂ ပတ်ကိုယ်ဝန်လနှင့်အထက်တါင်မွေးပြီး ၂ ပတ်နှင့်အထက်အသက်သာရှိသေးသောကလေးများ: ၈ နာရီခြားတိုင်း 20 mg/kg ထိုးရန်။

အများဆုံးပမာဏ: 1 g/dose

အသုံး: ၀မ်းခေါင်းတွင်း၌ viridans group streptococci, E coli, Klebsiella pneumoniae, P aeruginosa, B fragilis, B thetaiotaomicron, Peptostreptococcus မျိုးစိတ်များကြောင့်ဖြစ်သော (အူအတက်ရောင်ခြင်းနှင့် ၀မ်းခေါင်းဖုံးအမြှေးပါးရောင်ခြင်း အပါအ၀င်) ရှုပ်ထွေးသော ကူးစက်ရောဂါများအား တစ်မျိုးတည်းသာသုံးပြီး ကုသနိုင်ပါသည်။

ဦးနှောက်အမြှေးရောင်းခြင်းအတွက် ပုံမှန်ပမာဏ

၃ လနှင့်အထက်: ၈ နာရီခြားတိုင်း အကြောဆေး 40 mg/kg ထိုးရန်။

အများဆုံးပမာဏ: 2 g/dose

မှတ်ချက်:

– ဘက်တီးရီးယားကြောင့် ဦးနှောက်အမြှေးရောင်ခြင်းနှင့် ဆက်စပ်သော သွေးတွင်းဘက်တီးရီးယားများခြင်းအား ရှင်းထုတ်ရာတွင် အာနိသင်ကောင်းခြင်း။

– penicillin နှင့် မတိုးသော S pneumonia ကြောင့်ဖြစ်သည့် ဦးနှောက်အမြှေးရောင်ခြင်းများတွင် တစ်မျိုးတည်းကုသမှုအနေနှင့် အာနိသင်ကောင်းခြင်း။

အသုံး: S pneumoniae, Haemophilus influenzae, Neisseria meningitides ပိုများကြောင့်ဖြစ်သော ဘက်တီးရီးယားဦးနှောက်အမြှေးရောင်ခြင်းအား ကုသရန်။

IDSA recommendations:

နို့စို့အရွယ်နှင့်ကလေးကြီးများ: ၈ နာရီခြားတိုင်း အကြောဆေး 40 mg/kg ထိုးရန်။

အများဆုံးပမာဏ: 2 g/dose

မှတ်ချက်:

-အစားထိုးကုထုံးအဖြစ်သာ သတ်မှတ်ပါသည်။

Meropenem (မီရိုပီနမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Meropenem ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ထိုးဆေးရည်
  • ဖျော်ထိုးရန် အမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Meropenem ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကိုကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မေ 28, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မေ 28, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။