Meptazinol (မပ်တဇီိနိုးလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Meptazinol (မပ်တဇီိနိုးလ်) Brand Name(s): Meptazinol (မပ်တဇီိနိုးလ်).

အသုံးပြုပုံများ

Meptazinol (မပ်တဇီိနိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Meptazinolကိုခွဲစိတ်ပြီးနောက်နာခြင်း၊ ကလေးမွေးစဉ်နာခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်သောကြောင့် ဆီးလမ်းကြောင်းနာခြင်းတို့အပါအ၀င် အလတ်စားမှ အပြင်းစားနာကျင်ခြင်းတို့အားကုသာရာတွင် အသုံးပြုပါသည်။

ဆေးပြားပုံစံနှင့်ဆိုပါကအလတ်စားနာကျင်ခြင်းများကိုရေတိုကုသရန်အတွက် အသုံးပြုပါသည်။

Meptazinolကိုတခြားအသုံးများအတွက်လည်းပေးနိုင်ပါသည်။ အချက်အလက်များထပ်မံသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

Meptazinol (မပ်တဇီိနိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ညွှန်ထားသောပမာဏထက်ပို၍ဖြစ်စေ၊ အချိန်တိုး၍ဖြစ်စေမသုံးပါနှင့်။

ထိုးဆေးပုံစံဆိုပါကဆေးခန်း၊ ဆေးရုံတို့တွင် ထိုးပေးပါလိမ့်မည်။ ဆေးကိုလိုအပ်သလို ၂-၄ နာရီတိုင်းထိုးရနိုင်ပါသည်။ မေးလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

သောက်ဆေးဆိုပါကရေနှင့်သောက်ပါ။ ၀ါးမစားရ။ မကြိတ်ချေရ။ ဆေးပြားတစ်ခုလုံးကိုမျိုချပါ။

Meptazinol (မပ်တဇီိနိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Meptazinolကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Meptazinolကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Meptazinolဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Meptazinolအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Meptazinol (မပ်တဇီိနိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ၀ယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Meptazinolတွင်ပါသော active agent များ inactive agent များနှင့် ဓာတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • Monoamine-oxidase inhibitors (MOAIs)ဆိုသောဆေးများကိုသုံးနေလျှင်၊ သို့မဟုတ် ပြီးခဲ့သည့် ၁၄ ရက်အတွင်းရပ်ထားလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Meptazinol (မပ်တဇီိနိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Meptazinol (မပ်တဇီိနိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Meptazinolကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။

  • ပျို့အန်ချင်သလိုဖြစ်ခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာခြင်း
  • ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း
  • ၀မ်းလျှောခြင်း
  • ၀မ်းချုပ်ခြင်း
  • ချွေးထွက်ခြင်း
  • အကွက်ထခြင်း
  • ခေါင်းကိုက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Meptazinol (မပ်တဇီိနိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Meptazinolသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသောဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

ဤဆေးနှင့်ဓာတ်ပြုနိုင်သောဆေးကုန်များမှာ

  • Monoamine-oxidase inhibitors
  • Tricyclic antidepressants
  • Antipsychotics such as chlorpromazine
  • Ritonavir
  • Quinolones (e.g. Ciprofloxacin)
  • Anxiolytics
  • Diazepam
  • Nitrazepam
  • Metoclopramide
  • Ciprofloxacin
  • Domperidone
  • Cimetidine

အစားအသောက်တွေနဲ့ အရက်က Meptazinol (မပ်တဇီိနိုးလ်) နဲ့ ဓာတ်ပြုနိုင်သလား

Meptazinol က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Meptazinol (မပ်တဇီိနိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Meptazinolသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

ဤဆေးနှင့်ဓာတ်ပြုနိုင်သောကျန်းမာရေးအခြေအနေများမှာ

  • အက်ဒရီနယ်ဂလင်းတွင် အကျိတ်ဖြစ်ခြင်း (phaeochromocytoma)
  • အရက်နှင့်ဆက်စပ်သော ပြဿနာများ
  • paralytic ileusဟုခေါ်သောအူလေဖြတ်ခြင်းဖြစ်လာနိုင်ချေများခြင်း
  • ခေါင်းထိခိုက်ထားခြင်း၊ သို့မဟုတ် ဦးခေါင်းတွင်းဖိအားများခြင်း
  • အသက်ရှူခြင်းဆိုင်ရာပြဿနာများ
  • ပန်းနာရင်ကြပ်ဖောက်ခြင်း
  • အသက်ရှူလမ်းကြောင်းပြဿနများ
  • ကျောက်ကပ်ပြဿနာများ
  • အသည်းပြဿနာများ
  • သွေးပေါင်ကျခြင်း
  • Hypothyroidism
  • သိုင်းရွိုက်ဂလင်းတက်ကြွမှုမရှိခြင်း(hypothyroidism)
  • ဆီးကျိတ်ဂလင်းကြီးခြင်း
  • တက်ခြင်း (အတက်ရောဂါ)
  • နှလုံးကြွက်သားပုပ်ခြင်းကြောင့် အောင့်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Meptazinol (မပ်တဇီိနိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများနှင့်အသက်ကြီးသူများ

သတ်မှတ်ထားသောပမာဏမှာ200mgကို ၂-၆ နာရီခြားတိုင်းတစ်ခါသောက်ရန်။ များသောအားဖြင့် ၄ နာရီခြားတစ်ကြိမ်။

ကလေးတွေအတွက် Meptazinol (မပ်တဇီိနိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Meptazinol (မပ်တဇီိနိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Meptazinolကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • 200mg Film-Coated ဆေးပြား
  • 100mg/ml ထိုးရန်ဆေးရည်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Meptazinolကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇှနျ 3, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 3, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ