Melphalan (မယ်ဖလန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Melphalan (မယ်ဖလန်) Brand Name(s): Melphalan (မယ်ဖလန်).

အသုံးပြုပုံများ

Melphalan (မယ်ဖလန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Melphalanကိုတစ်ချို့သောကင်ဆာများ (မာတီပယ်မိုင်လိုမား၊ သားဥအိမ်ကင်ဆာ) တို့တွင် အများဆုံးအသုံးပြုကြပါသည်။ Melphalanသည် Akylating agents ဟုခေါ်သောဆေးအုပ်စုတွင် ပါဝင်ပါသည်။ ၎င်းသည် ကင်ဆာဆဲလ်များကြီးထွားမှု နှေးအောင် သို့မဟုတ် ရပ်အောင်လုပ်ခြင်းဖြင့် အာနိသင်ပြပါသည်။

Melphalan (မယ်ဖလန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန်ညွှန်သည့်အတိုင်းသောက်ပါ။ များသောအားဖြင့် တစ်ရက်တစ်ကြိမ်သာဖြစ်သည်။ ဆရာဝန်မှတခြားမညွှန်ပါက ဆေးကိုရေများများနှင့်သောက်ခြင်းကဘေးထွက်ဆိုးကျိုးများကိုကာကွယ်ပေးနိုင်ပါသည်။

ဆေးအချိန်အဆနှင့် ကုသချိန်မှာသင့်ရောဂါအခြေအနေ၊ ကုသမှုအပေါ်တုန့်ပြန်ခြင်းတို့အပေါ် မူတည်ပါသည်။ ဆေးသောက်ရန် ဆရာဝန်ညွှန်ကြားသမျှကိုအတိအကျ လိုက်နာပေးပါ။

ဆေးကိုညွှန်ထားသည့် ပိုတိုးသောက်ခြင်း၊ အချိန်ပိုတိုးခြင်းများမလုပ်ရပါ။ ရောဂါပိုမြန်မြန် သက်သာမသွာသလိုဘေးထွက်ဆိုးကျိုးများလည်းပိုဖြစ်လာနိုင်ပါသည်။

ဆေးမှအာနိသင်ပြရန် လပေါင်းများစွာလိုအပ်နိုင်ပါသည်။

ဆေးကိုအရေပြား၊ အဆုတ်မှတစ်ဆင့် စုပ်ယူနိုင်သည်ဖြစ်သောကြောင့် မမွေးသေးသောသန္ဓေသားကိုထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များ ဤဆေးကိုကိုင်တွင်ခြင်းဆေးအနံ့ရှူခြင်းများမပြုလုပ်ရပါ။

Melphalan (မယ်ဖလန်) ဘယ်လိုသိမ်းဆည်းရမလဲ

Melphalanကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Melphalanကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Melphalanဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Melphalanအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Melphalan (မယ်ဖလန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Melphalanကိုမသောက်ခင် ဤဆေးနှင့်ရောတခြားchlorambucilနှင့်ရောဓာတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓာတ်မတည့်နိုင်သည့် inactive ဓာတ်ပစ္စည်းများပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇ၀င်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အားပြောပြပေးပါ။ အထူးသဖြင့် သွေးယိုသွေးထွက်ပြဿနာများ၊ ကျောက်ကပ်ပြဿနာများ၊ ဓာတ်ရောင်ခြည်ကုထုံးများ။

Melphalanသည် ရောဂါပိုးကူစက်ခြင်းများဖြစ်စေနိုင်သလိုလက်ရှိကူးစက်ပိုးရောဂါကိုလည်းပိုဆိုးစေနိုင်ပါသည်။ တခြားသူများသို့ ပျံ့နှံနိုင်သောကူးစက်ပိုးရှိသူများ (ဥပမာရေကျောက်၊ ၀က်သက်၊ တုပ်ကွေး) နှင့် မထိတွေ့မိရန်ရှောင်ပါ။ ရောဂါပိုးနှင့်ထိတွေ့မိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဆရာဝန်ခွင့်ပြုချက်မပါပဲကာကွယ်ဆေးထိုးခြင်းများမပြုလုပ်ရပါ။ အကောင်ရှင်ပါသောကာကွယ်ဆေးများသုံးထားသူများ (နှာခေါင်းမှရှူရသောတုပ်ကွေးကာကွယ်ဆေး)နှင့် မထိတွေ့မိစေရန်ရှောင်ပါ။

ပြတ်ရှခြင်း၊ ဒဏ်ဖြစ်ခြင်း၊ ထိခိုက်မိခြင်းမျာမဖြစ်စေရန် မုတ်ဆိတ်ရိတ်ဓားနှင့် လက်သည်းညှပ်များကိုသတိနှင့်သုံးပါ။ အထိအခိုက်များသည့် အားကစားများကိုရှောင်ပါ။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲသောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ရှိလျှင် သို့မဟုတ် ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် ဆရာဝန်ကိုပြောပါ။ Melphalanကိုသုံးနေစဉ် ကိုယ်ဝန်ဆောင်လို့မဖြစ်ပါ။ Melphalanသည် မမွေးလာသေးသောကလေးကို အန္တရာယ်ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ရှိလာပါက ဖြစ်လာနိုင်သည့်အကျိုးအပြစ်များကို ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ နို့စို့ကလေးတွင် အန္တရာယ်ရှိလာနိုင်သောကြောင့် နို့တိုက်စဉ် ဆေးမသောက်ရပါ။ နို့မတိုက်ခင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Melphalan (မယ်ဖလန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Dရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Melphalan (မယ်ဖလန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ အန်ခြင်း၊ ၀မ်းလျှောခြင်း၊ နှုတ်ခမ်းပါးစပ်တို့တွင် အနာပေါက်ခြင်း၊ အစားအသောက်ပျက်ခြင်းများ ဖြစ်နိုင်ပါသည်။ ပျို့ခြင်းအန်ခြင်းမှာ ဆိုးဝါးနိုင်သည်။ တစ်ချို့တွင် ဆရာဝန်က အပျို့အအန်သက်သာစေမည့် ဆေးများကိုပေးပါလိမ့်မည်။ အစာကိုနည်းနည်းနှင့် ခဏခဏစားပေးခြင်း၊ ဆေးမသောက်ခင်မစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကန့်သတ်ခြင်းတို့ကဘေးထွက်ဆိုးကျိုးတစ်ချို့ကိုလျော့ပါစေပါလိမ့်မည်။ ထိုဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုချက်ချင်းပြောပါ။

ဆံပင်ကျွတ်တတ်ပါသည်။ ဆေးရပ်ပြီးနောက် ပုံမှန်ဆံပင်ပြန်ပေါက်လာပါလိမ့်မည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ပါသည်။ သို့သော် ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးကပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်းသိထားပါ။ ဆရာဝန်နှင့်သေချာစောင့်ကြည့်ခြင်းက အန္တရာယ်ကိုလျော့ချပေးနိုင်ပါသည်။

ပြင်းထန်သောဘေးထွက်ဆိုးကျိုးများဖြစ်သည့် အသက်ရှူမ၀ခြင်း၊ ရာသီထိန်ခြင်း၊ အသည်းပြဿနာများ(ဥပမာ – ဗိုက်နာခြင်း၊ မျက်လုံးအရေပြားများ ၀ါခြင်း၊ ဆီးအရောင်ရင့်ခြင်း) များဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓာတ်မတည့်ဖြစ်ခြင်းမှာရှား၏။ သို့သော် အောက်ပါပြင်းထန်ဓာတ်မတည့် လက္ခဏာများဖြစ်လာပါကအရေးပေါ်ကုသမှုများခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Melphalan (မယ်ဖလန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Melphalan နှင့်ဓာတ်ပြုနိုင်သောဆေးကုန်မှာNalidixic acid ဖြစ်သည်။

Melphalanသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓာတ်ပြုမှုများမဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Melphalan (မယ်ဖလန်) နဲ့ ဓာတ်ပြုနိုင်သလား

Melphalan က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓာတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓာတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Melphalan (မယ်ဖလန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Melphalanသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓာတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Melphalan (မယ်ဖလန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Multiple Myelomaအတွက် ပုံမှန်ပမာဏ

အကြောဆေးပမာဏ – 16 mg/m2

ဆေးကိုတစ်ကြိမ်ထည်းထိုးဆေးအဖြစ် ၁၅-၂၀ မိနစ်ကြာအောင် အချိန်ဆွဲပြီးသွင်းရပါမည်။ Melphalanငို ၂ ပတ်ခြားတစ်ခါနှင့် ၄ ကြိမ်ထိုးရပါမည်။ ထို့နောက် ဆေးအဆိပ်သင့်ခြင်းမှ ပြန်ကောင်းလာပြီဆိုပါက ၄ ပတ်ခြားတစ်ခါပြောင်းရမည်။

ပုံမှန်သောက်ဆေးပမာဏ – တစ်ရက်လျှင် 6 mg တစ်ကြိမ်။ ၂-၃ ပတ်ခန့် သောက်ပြီးသွားလျှင် ဆေးကို ၄ ပတ်အထိရပ်ထားရမည်။ ထိုအချိန်တွင် သွေးဆဲလ်ရေတွက်စစ်ဆေးခြင်းသေချာလုပ်ရမည်။ သွေးဆဲလ်များနှင့် သွေးမွှားဆဲလ်များပမာဏများလာပြီဆိုပါကထိန်းညှိပမာဏအဖြစ် တစ်ရက်လျှင် 2 mg သောက်ရမည်။ သောက်ဆေးmelphalan ၏ သွေးတွင်းလယ်ဗယ်မှာတစ်ဦးနှင့်တစ်ဦးမတူသောကြောင့် myelosuppressionရသည်အထိဆေးပမာဏကိုချိန်နိုင်ရန် စစ်ဆေးမှုများစွာ ပြုလုပ်ရန်လိုအပ်ပါသည်။

Melphalanသောက်ဆေးအတွေ့အကြုံအရဆေးမှာလကြာလာသည်နှင့် အာနိသင်လျော့လာသောကြောင့် ဆေးကိုထပ်ခါထပ်ခါထပ်ပေးရမည်။ အချိန်မတိုင်ခင်ဆေးရပ်လိုက်ခြင်းကဆေး၏အကောင်းဆုံးအာနိသင်ကိုပျောက်သွားစေပါလိမ့်မည်။

တခြားသောဆေးနည်းများကိုလည်းစစ်ဆေးမှုအမျိုးမျိုးနှင့် သုံးလေ့ရှိပါသည်။ Osserman နှင့် Takatsuki က ကနဦးပမာဏကို10 mg/day နှုန်းနှင့် ၇-၁၀ ရက်အထိသုံး၏။ သူတို့တင်ပြရာတွင် လူကိုဆိုက်နှင့်သွေးမွှားဥပမာဏဖိနှိပ်နိုင်ခြင်းမှာ ၃-၅ ပတ်အတွင်းအကောင်းဆုံးဖြစ်လာပြီး ၄-၈ ပတ်အတွင်းသက်သာကြောင်းဆိုသည်။ သွေးဆဲလ်အရေအတွက် 4000 cells/mcL နှင့် သွေးမွှားဥအရေအတွက် 100,000 cells/mcLထက်များလာလျှင် ထိန်းညှိပမာဏကို2 mg/day နှင့်ပေးရသည်။ သွေးဆဲလ်တုန့်ပြန်မှုပေါ် မူုတည်ကာဆေးပမာဏကို 1-3 mg/day နှုန်းနှင့် ချိန်ညှိရသည်။ ရိုတွင်းချဉ်ဆီဖိနှိပ်ခြင်းအာနိသင်ကိုလူကိုဆိုက်အရေအတွက် 3000 to 3500 cells/mcLကိုကြည့်ပြီးထိန်းရပါသည်။

Hoogstraten et alကတော့ တစ်ရက်လျှင် 0.15 mg/kg နှုန်းနှင့် ၇ ရက်စပေးပါသည်။ ထို့နောက် ၁၄ ရက်နားလိုက်သည်။ သို့သော် ၅- ပတ်အထိကြအောင်လည်းနားနိုင်သည်။ ထိန်းညှိပမာဏကိုသွေးဖြူဥနှင့်သွေးမွှားဥပမာဏစတက်လာမှသာစပေး၏။ ထိန်းညှိပမာဏမှာတစ်ရက်လျှင် 0.05 mg/kg နှုန်းဖြစ်ပြီးသွေးဆဲလ်အရေအတွက်ပေါ်မူတည်ကာထိုထက်လည်းနည်းနိုင်သည်။

Alexanian et al ၏ လေ့လာချက်တစ်ခုတွင်လည်းmelphalanကိုprednisone နှင့်တွဲပေးခြင်းကmultiple myelomaလူနာများတွင် သက်သာနှုန်းပိုများကြောင်းသက်သေပြထားသည်။ ကုသမှုပုံစံတစ်ခုတွင် melphalanကိုတစ်ရက်လျှင် 0.25 mg/kg နှုန်းနှင့် ၄ ရက်ဆက်တိုက် (သို့မဟုတ် 0.20 mg/kg နှုန်းနှင့် ၅ ရက်ဆက်တိုက်) ကိုစုစုပေါင်းပမာဏ1 mg/kgရအောင်ပေးရသည်။ granulocyte နှင့် သွေးမွှားဥအရည်အတွက် ပုံမှန်ပြန်ဖြစ်လျှင် ထို ၄-၅ ရက်ကုသပုံကို ၄-၆ ပတ်ခြားတိုင်းတစ်ခါပြန်ပေးရသည်။

သက်သေပြချက်များအရmultiple myelomaရောဂါရှင်များ၏ သုံးပုံတစ်ပုံသို့မဟုတ် တစ်ဝက်လောက်ထိ ဆေးကိုတုန့်ပြန်ကြောင်းတွေ့ရပါသည်။

သားဥအိမ်ကင်ဆာအတွက် ပုံမှန်ပမာဏ

Epithelialသားဥအိမ်ကင်ဆာအတွက်

ပုံမှန်ဆေးကုသမှုပုံစံ – 0.2 mg/kgကို ၅ ရက်ကြာတစ်ခါတည်းပေးရမည်။

သွေးအရေအတွက်တုန့်ပြန်မှုပေါ်မူတည်ကာ ၄-၅ ပတ်ကြာတိုင်းတစ်ခါပြန်ကျော့ရပါမည်။

ကျောက်ကပ်အတွက်ပမာဏချိန်ညှိခြင်း

အပျော့စားမှ အလတ်စားကျောက်ကပ်မကောင်းလျှင် လက်ရှိနည်းလမ်းများအရဆေးလျော့ချရန် မညွှန်းဆိုထားပါ။

သို့သော် ကနဦးပမာဏကိုနည်းနည်းလျော့ပေးခြင်းကသင့်တော်ပါသည်။ ထိုးဆေးထိုးသောလူနာများတွင် ကျောက်ကပ်မကောင်းပါက(BUN greater than or equal to 30 mg/dL) ၅၀%ထိအောင် လျော့နိုင်ပါသည်။

အောက်ပါ ဂိုက်လိုင်းများကတော့ တစ်ချို့ဆရာဝန်များ သုံးနေသောနည်းဖြစ်သည်။

CrCl 10 to 50 mL/minute: 75% of dose

CrCl Less than 10 mL/minute: 50% of dose

အချိန်အဆချိန်ညှိခြင်း

သွေးဆဲလ်အရေအတွက်ပေါ်မူတည်ကာဆေးပမာဏချိန်ညှိခြင်းရက်ညှိခြင်းများ ပြုလုပ်ရမည်။ သောက်ဆေးသောက်ပါကသွေးဆဲလ်စစ်ခြင်းကိုအပတ်စဉ်ပြုလုပ်ရမည်။ သွေးဖြူဥ 3000/mm3 အောက်နည်းလျှင် သို့မဟုတ် သွေးမွှားဥ 100,000/mm3အောက်နည်းလျှင် ပြန်ကောင်းလာသည်အထိကုသမှုကိုရပ်ထားရမည်။

ကလေးတွေအတွက် Melphalan (မယ်ဖလန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Melphalan (မယ်ဖလန်) ကိုဘယ်လိုရရှိနိုင်သလဲ

Melphalanကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • ထိုးဆေးအမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Melphalanကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 10, 2019