Megestrol (မဂ်ဂျက်စ်စထရောလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Megestrol (မဂ်ဂျက်စ်စထရောလ်) Brand Name(s): Megestrol (မဂ်ဂျက်စ်စထရောလ်).

အသုံးပြုပုံများ

Megestrol (မဂ်ဂျက်စ်စထရောလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Megestrol ကို ရင်သားကင်ဆာ သို့မဟုတ် သားအိမ် ကင်ဆာ ကုသရန်အတွက် သုံးသည်။ Megestrol သည် progesterone ဟုခေါ်သော သင်၏ ခန္ဓာကိုယ်မှ ထုတ်လုပ်သော သဘာဝပစ္စည်းနှင့် ဆင်တူသည်။

Megestrol (မဂ်ဂျက်စ်စထရောလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ ဆေးတစ်ခါသောက် ပမာဏနှင့် သောက်ရမည့် အကြိမ်ရေ သည် သင်၏ ကျန်းမာရေး အခြေအနေနှင့် ကုသမှု အား တုံ့ပြန်ချက်အပေါ် မူတည်သည်။ ဆရာဝန်၏ လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာပါ။ ဆေးစွမ်း အပြည့် ရရန် ဤဆေးကို ပုံမှန်သုံးပါ။ ဆေးသောက်ဖို့ သတိရစေရန် နေ့စဉ် တူညီသော အချိန်တွင်သောက်ပါ။

ညွှန်ကြားထားသည်ထက် ဆေးကို ပမာဏ ပိုများစွာ သို့မဟုတ် အချိန် ပိုကြာစွာ မသောက်ပါနှင့်။ သင့် အခြေအနေ သည် ပို၍ လျင်မြန်စွာ သက်သာမလာပါ။ ဘေးထွက်ဆိုးကျိုးများသာ ပိုများလာမည်။

ဤဆေးကို အရေပြားနှင့် အဆုတ်မှ စုပ်ယူနိုင်ပြီး ဆေးသည် မမွေးသေးသော ရင်သွေးငယ်ကို ထိခိုက်စေနိုင် သောကြောင့် ကိုယ်ဝန်ရှိသော သို့မဟုတ် ကိုယ်ဝန် ယူမည် ဖြစ်သော အမျိုးသမီးများသည် ဤဆေးကို မကိုင်တွယ် သင့်ပါ။ ဆေးပြားမှ အမှုန်များကို မရှူသင့်ပါ။

Megestrol (မဂ်ဂျက်စ်စထရောလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Megestrol ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Megestrol ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Megestrol တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Megestrol ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Megestrol (မဂ်ဂျက်စ်စထရောလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေး မသုံးမီ သင်၏ ရောဂါ ရာဇဝင် ကို ဆရာဝန် သို့မဟုတ် ဆေးဝါး ပညာရှင်အား ပြောပြပါ။ အထူးသဖြင့် adrenal gland ပြဿနာများ ( ဥပမာ Cushing’s syndrome), သွေးခဲများ၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ ( ဥပမာ congestive heart failure), သွေးတိုးခြင်း၊ ကျောက်ကပ် ရောဂါ၊ အစာအိမ် သို့မဟုတ် ဝမ်းဗိုက် ပြဿနာများ၊ ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးထွက်ခြင်း တို့ကို ပြောပြပါ။

သင့်တွင် ဆီးချိုသွေးချို ရှိပါက ဤဆေးသည် သင်၏ သွေးတွင်း သကြားကို ထိခိုက်စေနိုင်သည်။ သွေးတွင်း သကြားကို ညွှန်ကြားထားသည့်အတိုင်း ပုံမှန် စစ်ဆေးပါ။ ရလဒ်ကို ဆရာဝန်အား ပြပါ။ သွေးတွင်း သကြားများခြင်း၏ လက္ခဏာများ ရပါက ဆရာဝန်အား ချက်ချင်းပြောပါ။ ဆရာဝန်သည် သင်၏ ဆီးချိုဆေးများ၊ လေ့ကျင့်ခန်း သို့မဟုတ် စားသောက်ပုံကို ချိန်ညှိ ပေးနိုင်သည်။

Megestrol ကို အချိန်ကြာစွာ သုံးခြင်းသည် သင့်ခန္ဓာကိုယ် မှ ဖိစီးမှုများကို တုံ့ပြန်ရန် ပိုပြီးခက်ခဲစေသည်။ ခွဲစိတ်မှု သို့မဟုတ် အရေးပေါ် ကုသမှု မခံယူမီ သို့မဟုတ် သင်သည် ပြင်းထန်သော ဖျားနာမှု/ ဒဏ်ရာ ရပါက သင်သည် ဤဆေးကို သုံးနေကြောင်း၊ မကြာသေးမီကမှ ဆေးကို ဖြတ်ထားကြောင်း ဆရာဝန်/ သွားဆရာဝန်အား ပြောပါ။ သင်သည် ပုံမှန် မဟုတ်သော/ အလွန်အမင်း မောပန်းခြင်း၊ မူးဝေခြင်း၊ မအီမသာ ဖြစ်ခြင်း သို့မဟုတ် အော့အန်ခြင်း ဖြစ်ပါက ဆရာဝန်အား ချက်ချင်းပြောပါ။

လူကြီးများသည် ဤဆေး၏ ဘေးထွက်ဆိုးကျိုးများ အထူးသဖြင့် သွေးခဲ ဖြစ်နိုင်ချေ ကို ပိုပြီး ခံစားရသည်။

ဤဆေးကို ကိုယ်ဝန်ဆောင်စဉ်အတွင်း သုံးခြင်းအား မထောက်ခံပါ။ ၎င်းသည် မမွေးသေးသော ကလေးကို ထိခိုက် စေနိုင်သည်။ ကလေးမွေးနိုင်သော အရွယ် အမျိုးသမီးများသည် ဤဆေး သောက်နေစဉ်တွင် ထိရောက်သော ကိုယ်ဝန်တားခြင်း ကို သုံးသင့်သည်။ အသေးစိတ် အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဤဆေးကို အရေပြားနှင့် အဆုတ်မှ စုပ်ယူနိုင်ပြီး ဆေးသည် မမွေးသေးသော ရင်သွေးငယ်ကို ထိခိုက်စေနိုင်သောကြောင့် ကိုယ်ဝန်ရှိသော သို့မဟုတ် ကိုယ်ဝန် ယူမည် ဖြစ်သော အမျိုးသမီးများသည် ဤဆေးကို မကိုင်တွယ် သင့်ပါ။ ဆေးပြားမှ အမှုန်များကို မရှူသင့်ပါ။

ဤဆေးသည် မိခင်နို့မှ ဖြတ်သလားကို မသိရှိပါ။ ကလေး နို့မတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Megestrol (မဂ်ဂျက်စ်စထရောလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Megestrol သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Megestrol မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Megestrol သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Megestrol (မဂ်ဂျက်စ်စထရောလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အိပ်စက်ရ ခက်ခြင်း၊ ဖျားခြင်း၊ လေပွခြင်း၊ လိင် ဆက်ဆံ နိုင်စွမ်း/ ဆန္ဒ လျော့ကျခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ အစာ စားချင်စိတ် ပြောင်းလဲခြင်း၊ အစာအိမ် အောင့်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ အမျိုးသမီးများတွင် ဓမ္မတာ အချိန်များ ပြောင်းလဲ နိုင်သည်။ မမျှော်လင့်ဘဲ သွေးထွက်ခြင်း ဖြစ်နိုင်သည်။ ထို သက်ရောက်မှုများ ဆက်လက် ဖြစ်နေပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား အမြန် ပြောပြပါ။

သင့်အတွက် အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေထက် ပိုများသည်ဟု ဆရာဝန်က ဆုံးဖြတ်သောကြောင့် ဤဆေးကို ပေးခြင်း ဖြစ်သည်။ ဤဆေး သုံးနေသော လူများစွာသည် ပြင်းထန်သော ဘေးထွက် ဆိုးကျိုးများ မခံစားရပါ။

သင်သည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုး တစ်ခုခု ခံစားရပါက ဆရာဝန်အား ချက်ချင်းပြောပါ။ ဥပမာ နှလုံးခုန်သံ မြန်ခြင်း/ တဒိန်းဒိန်း မြည်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လက်/ ခြေထောက် ရောင်ရမ်းခြင်း စသည်တို့ ပါဝင်သည်။

ဤဆေးသည် သွေးတွင်း သကြားကို များစေပြီး ဆီးချိုသွေးချိုကို ဖြစ်စေသည် သို့မဟုတ် ပိုဆိုးစေသည်။ သို့သော် ဖြစ်ပွားမှု ရှားသည်။ သင်သည် သွေးတွင်း သကြားများခြင်း၏ လက္ခဏာများ ဥပမာ ရေငတ်ခြင်း/ ဆီးပိုသွားခြင်း တို့ ခံစားရပါက ဆရာဝန်အား ချက်ချင်း ပြောပါ။ သင့်တွင် ဆီးချိုသွေးချို ရှိပြီးပါက သွေးတွင်းသကြားကို ညွှန်ကြားထားသည့်အတိုင်း ပုံမှန် စစ်ဆေးပါ။ အဖြေကို ဆရာဝန်အား ပြပါ။ ဆရာဝန်သည် သင်၏ ဆီးချိုဆေး၊ လေ့ကျင့်ခန်း သို့မဟုတ် စားသောက်ပုံကို ချိန်ညိ ပေးနိုင်သည်။ သင်သည် အလွန်ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ ဥပမာ သွေးခဲပိတ်ခြင်း၏ လက္ခဏာများ ( ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူ ခက်ခြင်း၊ ခြေ၊ လက်များ နာကျင်ခြင်း/ နီရဲခြင်း/ ရောင်ရမ်းခြင်း)၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ် ပြောင်းလဲမှုများ၊ ခန္ဓာကိုယ် တစ်ခြမ်း အားနည်းခြင်း/ ထုံကျဉ်ခြင်း၊ စကားပြောရ ခက်ခဲခြင်း၊ အမြင် ပြောင်းလဲမှုများ စသည်တို့ ဖြစ်သည်။

ဤဆေးနှင့် အလွန်ဆိုးရွားစွာ ဓာတ်မတည့်မှုသည် ရှားသည်။ သို့သော်လည်း သင်သည် ပြင်းထန်သော ဓာတ်မတည့်မှု၏ လက္ခဏာများကို သတိပြုမိပါက ကျန်းမာရေး အကူအညီ ချက်ချင်း ရယူပါ။ ဥပမာ အဖုအပိမ့်များ၊ ယားယံခြင်း/ ရောင်ရမ်းခြင်း ( အထူးသဖြင့် မျက်နှာ၊ လျှာ၊ လည်ချောင်းတွင်)၊ ပြင်းထန်သော မူးဝေခြင်း၊ အသက်ရှူရ ခက်ခြင်း စသည်တို့ ပါဝင်သည်။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Megestrol (မဂ်ဂျက်စ်စထရောလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ဤဆေးနှင့် ဓာတ်ပြုနိုင်သော ဆေးမှာ dofetilide ဖြစ်သည်။

Megestrol သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို  ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Megestrol (မဂ်ဂျက်စ်စထရောလ်) နဲ့ ဓာတ်ပြုနိုင်သလား

Megestrol သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို  ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Megestrol (မဂ်ဂျက်စ်စထရောလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Megestrol သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Megestrol (မဂ်ဂျက်စ်စထရောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရင်သားကင်ဆာ အတွက် ပုံမှန် လူကြီးပမာဏ – သက်သာစေရန်

ဆိုးရွားသော ရင်သားကင်ဆာကို သက်သာစေရန် အတွက် Megestrol ဆေးပြားများကို ပေးသည်။ တစ်နေ့လျှင် ၁၆၀ မီလီ ဂရမ် ( သောက်ဆေးပြား ၄၀ မီလီဂရမ် တစ်နေ့ လေးကြိမ်)

သားအိမ် အတွင်းမြှေးကင်ဆာ အတွက် ပုံမှန် လူကြီးပမာဏ

ဆိုးရွားသော သားအိမ် အတွင်းမြှေးကင်ဆာကို သက်သာစေရန် Megestrol ဆေးပြားများကို ပေးသည်။ တစ်နေ့လျှင် သောက်ဆေးပြား ၄၀ မှ ၃၂၀ မီလီဂရမ်၊ ခွဲပေးသည်။

အစာစားချင်စိတ် မရှိခြင်းအတွက် ပုံမှန်လူကြီးပမာဏ

အစာစားချင်စိတ် မရှိခြင်းကို ကုသရန်အတွက် Megestrol သောက် ဆေးရည်ကို တစ်နေ့လျှင် ၈၀၀ မီလီဂရမ် ပေးနိုင်သည်။ အခြားတစ်နည်းမှာ ပြင်းအားမြင့် ဖော်မြူလာ ( Megace ES formula) 625 mg/5 mL ကို ပေးနိုင်သည်။

မှတ်ချက်။ ပုံမှန် ဖော်မြူလာ 800 mg/ 20 mL သည် ပြင်းအားမြင့် ဖော်မြူလာ 625 mg/5 mL နှင့် ညီမျှသည်။

Cachexia ( နာတာရှည်ရောဂါကြောင့် စိတ်စွမ်း ကိုယ်စွမ်း လျော့ကျခြင်း) အတွက် ပုံမှန် လူကြီးပမာဏ

Cachexia ကို ကုသရန်အတွက် Megestrol သောက် ဆေးရည်ကို တစ်နေ့လျှင် ၈၀၀ မီလီဂရမ် ပေးနိုင်သည်။

အခြားတစ်နည်းမှာ ပြင်းအားမြင့် ဖော်မြူလာ ( Megace ES formula) 625 mg/5 mL ကို ပေးနိုင်သည်။

မှတ်ချက်။ ပုံမှန် ဖော်မြူလာ 800 mg/ 20 mL သည် ပြင်းအားမြင့် ဖော်မြူလာ 625 mg/5 mL နှင့် ညီမျှသည်။

ကိုယ်အလေးချိန် ကျခြင်းအတွက် ပုံမှန်လူကြီးပမာဏ

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဖြစ်သော လူနာများတွင် ရှင်းမပြနိုင်ဘဲ သိသိသာသာ ကိုယ်အလေးချိန် ကျခြင်းကို ကုသရန်အတွက် Megestrol သောက် ဆေးရည်ကို ပေးနိုင်သည်။ တစ်နေ့လျှင် ၈၀၀ မီလီဂရမ် ပေးနိုင်သည်။

အခြားတစ်နည်းမှာ ပြင်းအားမြင့် ဖော်မြူလာ ( Megace ES formula) 625 mg/5 mL ကို ပေးနိုင်သည်။

မှတ်ချက်။ ပုံမှန် ဖော်မြူလာ 800 mg/ 20 mL သည် ပြင်းအားမြင့် ဖော်မြူလာ 625 mg/5 mL နှင့် ညီမျှသည်။

ပုံမှန်မဟုတ်သော သားအိမ်မှ သွေးထွက်ခြင်းအတွက် ပုံမှန် လူကြီးပမာဏ

တစ်နေ့လျှင် ၅-၁၀ မီလီဂရမ်။ ၅-၁၀ ရက်အထိ။

အခြားမှတ်ချက်များ

အနည်းဆုံး ၂ လလောက် ဆက်တိုက်ကုသခြင်းသည် megestrol ဆေးပြားများ၏ အကျိုး သက်ရောက်မှုကို ဆုံးဖြတ်ရန် လုံလောက်သော အချိန် ဖြစ်သည်။

ကလေးတွေအတွက် Megestrol (မဂ်ဂျက်စ်စထရောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Megestrol (မဂ်ဂျက်စ်စထရောလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Megestrol ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • သောက်ဆေးရည်
  • သောက် ဆေးပြား
  • ပေါင်းစပ်ထားသော အမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Megestrol သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 9, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။