Generic Name: Meformin (မက်ဖော်မင်) Brand Name(s): Meformin (မက်ဖော်မင်).

အသုံးပြုပုံများ

Meformin (မက်ဖော်မင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Metformin ကို  မှန်ကန်သော စားသောက်နည်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများ၊ အခြားသော ဆေးများ နှင့် ပေါင်းစပ်ပြီး ဆီးချိုထိန်းချုပ်ရန်အတွက် အသုံးပြုသည်။ ၎င်းကို ဆီးချိုအမျိုးအစား အမှတ်(၂) လူနာများတွင် အသုံးပြုသည်။သွေးတွင်း သကြားဓာတ်မြင့်မားခြင်းကို ထိန်းချုပ်ခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးမှုများ၊ မျက်စိကွယ်ခြင်း၊ အာရုံကြောပြဿနာများ၊ ခြေလက်ဆုံးရှုံးမှုများ နှင့် လိင်ဆက်ဆံခြင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးနိုင်သည်။ ဆီးချိုကို စနစ်တကျ ထိန်းချုပ်ထားနိုင်လျှင် ရုတ်တရက် နှလုံးရပ်ခြင်း နှင့် လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ချေ နည်းစေမည်။metformin သည် သဘာဝအတိုင်း ထွက်ရှိသော ကိုယ်တွင်းအင်ဆူလင်ဓာတ်ကို သင့်ခန္တာကိုယ် အနေဖြင့် မှန်ကန်ကောင်းမွန်စွာ တုန့်ပြန်မှုပေးနိုင်စွမ်းကို ပြန်လည်ရရှိစေခြင်းအားဖြင့် ဆီးချိုကို ထိန်းချုပ်ပေးသည်။metformin သည် သင်၏ အသည်းမှ ထုတ်လုပ်သော ဂလူးကို့စ်ပမာဏကို နည်းစေသလို အစာအိမ်/အူတို့မှ စုပ်ယူသော ဂလူးကို့စ်ပမာဏကိုလည်း နည်းစေသည်။

အခြားအသုံးပြုမှုများ။   ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် metformin ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။

metformin ကို ဆီးချိုဖြစ်နိုင်ချေရှိသူများတွင် ဆီးချိုကို ကာကွယ်ရန်အတွက် အစားအသောက်အနေအထိုင် ပြောင်းလဲမှုများနှင့် ပူးတွဲ သုံးစွဲနိုင်သည်။ အမျိုးသမီး သားဥအိမ် ရောဂါတမျိုးဖြစ်သော polycystic ovarian syndrome တွင်လည်း metformin ကို သုံးနိုင်သည်။ metformin သည် အမျိုးသမီးများ၏ ဓမ္မတာကို မှန်စေပြီး မျိုးအောင်နှုန်းကိုလည်း များစေသည်။

 

Meformin (မက်ဖော်မင်) ဘယ်လိုသောက်သုံးသင့်သလဲ

metformin ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း(အများအားဖြင့် တနေ့လျှင် ၁ကြိမ်မှ ၃ကြိမ်) အစာနှင့်နီးသော အချိန်တွင် သောက်ရမည်။ဆရာဝန်မှ အထူးတလည် ညွှန်ကြားထားခြင်းမရှိလျှင် ဆေးကို ရေများများနှင့် သောက်ပါ။ဆေးပမာဏသည် သင်၏ရောဂါအခြေအနေ၊ကျောက်ကပ် အခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုတို့အပေါ် မူတည်ပါသည်။ဗိုက်နာ/အောင့်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှနည်းစေရန် သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို အနည်းငယ်မှ စတင်ပေးပြီး အခြေအနေပေါ်မူတည်ကာ ဖြည်းဖြည်းချင်း တိုးပေးသွားမည်ဖြစ်ပါသည်။သင့်အတွက် အသင့်တော်ဆုံးသော ဆေးပမာဏကို ရရှိနိုင်ရန် သင့်ဆရာဝန်အနေဖြင့် သွေးတွင်းသကြားဓာတ်ကို မူတည်ကာ ဆေးပမာဏကို လိုသလို ချိန်ဆပေးသွားမည်ဖြစ်ပါသည်။ဆရာဝန်၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာပါ။

ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။အကယ်၍ သင်သည် အခြားသော ဆီးချိုကျဆေးတခုခု (ဥပမာ။   ။chlorpropamide)ကို သုံးစွဲနေပါက metformin ကို စတင်သုံးစွဲတော့မည်ဆိုလျှင် မူလဆီးချိုဆေးကို ရပ်ရမည် သို့မဟုတ် ဆက်သောက်ရမည်ကို ဆရာဝန်နှင့် ဆွေးနွေးပါ။

သွေးတွင်းသကြားဓာတ်ကို ဆရာဝန်ညွှန်ကြားထားသည့် အတိုင်း ပုံမှန်တိုင်းပြီး ရလာဒ်များကို မှတ်ထားကာ ဆရာဝန်အား သေချာစွာ ပြသပါ။သွေးတွင်း သကြားဓာတ် အလွန်များလျှင် သို့မဟုတ် အလွန်နည်းနေလျှင် သင့်ဆေးပမာဏကို ပြောင်းလဲရန်လိုကောင်း လိုမည်ဖြစ်၍ ဆရာဝန်ကို အသိပေးပါ။

 

Meformin (မက်ဖော်မင်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Metformin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Metformin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Metformin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Metformin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Metformin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Meformin (မက်ဖော်မင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

metformin ကို မသောက်သုံးမီ

metformin သို့မဟုတ် အခြားဆေးများ သို့မဟုတ် metformin ဆေးပြား နှင့် အရည်တွင်ပါဝင်သည့် ပစ္စည်းများနှင့် မတည့်ပါက ဆရာဝန်ကို ကြိုပြောပါ။metoprolol ဆေးပြား နှင့် ဆေးရည်တွင်ပါဝင်သည့် ပစ္စည်းများကို သိရှိနိုင်စေရန် ဆရာဝန်ကို မေးမြန်းပါ။

သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

acetazolamide(diamox); amiloride (midamor, in moduretic); angiotensin-converting enzyme (ace) inhibitors such as benazepril

(lotensin), captopril (capoten), enalapril (vasotec), fosinopril (monopril), lisinopril

(prinivil, zestril), moexipril (univasc), perindopril (aceon), quinapril (accupril), ramipril

(altace), and trandolapril (mavik); beta-blockers such as atenolol (tenormin), labetalol

(normodyne), metoprolol (lopressor, toprol xl), nadolol (corgard), and propranolol

(inderal); calcium channel blockers such as amlodipine (norvasc), diltiazem (cardizem,

dilacor, tiazac, others), felodipine (plendil), isradipine (dynacirc), nicardipine (cardene),

nifedipine (adalat, procardia), nimodipine (nimotop), nisoldipine (sular), and verapamil

(calan, isoptin, verelan); cimetidine (tagamet); digoxin (lanoxin); diuretics ('water

pills'); furosemide (lasix); hormone replacement therapy; insulin or other medications

for diabetes; isoniazid; medications for asthma and colds; medications for mental

illness and nausea; medications for thyroid disease; morphine (ms contin, others);

niacin; oral contraceptives ('birth control pills'); oral steroids such as dexamethasone

(decadron, dexone), methylprednisolone (medrol), and prednisone (deltasone);

phenytoin (dilantin, phenytek); procainamide (procanbid); quinidine; quinine;

ranitidine (zantac); topiramate (topamax); triamterene (dyazide, maxzide, others);

trimethoprim (primsol); vancomycin (vancocin); or zonisamide (zonegran). သို့မှသာ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကိုဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

အခြားသော ရောဂါများရှိပါက ဆရာဝန်ကို ပြောပြပါ။

ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုပြောပါ။

ပုံမှန်ထက် လျော့ပြီးစားဖြစ်လျှင် သို့မဟုတ် လေ့ကျင့်ခန်းပိုလုပ်ဖြစ်လျှင် ၎င်းတို့သည် သွေးတွင်းသကြားဓာတ်အပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်သဖြင့် ဆရာဝန်ကိုပြောပါ။လိုအပ်သည်များကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Meformin (မက်ဖော်မင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်]

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Meformin (မက်ဖော်မင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

ဤဆေးသည် lactic acidosis ဟုခေါ်သော သွေးတွင်း lactic acid ဓာတ်များပြားခြင်းကို ဖြစ်စေနိုင်ပါသည်။၎င်းသည် တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာပြီး ပို၍ပို၍ဆိုးရွားလာကာ အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပါသည်။ထို့ကြောင့် lactic acidosis ၏ အောက်ဖော်ပြပါ မပြင်းထန်သော လက္ခဏာများ ပြသလျှင်ပင် အရေးပေါ်ကုသမှုကို ခံယူပါ။

  • ကြွက်သားနာခြင်း သို့မဟုတ် အားနည်းခြင်း။
  • ခြေလက်များ အေးစက်ထုံကျဉ်ခြင်း။
  • အသက်ရှုရခက်ခြင်း။
  • မူးဝေထိုင်းမှိုင်းပင်ပန်းနွမ်းနယ်ခြင်း၊မေ့လဲတော့မယောင်ဖြစ်ခြင်း။
  • ဗိုက်နာ/အောင့်ခြင်း၊ပျို့အန်မအီမသာဖြစ်ခြင်း။
  • နှလုံးခုန် နှေးခြင်း၊မမှန်ခြင်း။

 

အောက်ပါဆိုးရွားသော ဘေးထွက်လက္ခဏာများနှင့် ရင်ဆိုင်ရလျှင်လည်း ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

  • အနည်းငယ် လှုပ်ရှားလျှင်ပင် မောပန်းခြင်း။
  • ဖောရောင်ခြင်း၊ကိုယ်အလေးချိန်ရုတ်တရက် တက်ခြင်း။
  • ချမ်းတုန်ဖျားခြင်း၊တုပ်ကွေးလက္ခဏာများ ခံစားရခြင်း၊တကိုယ်လုံးနာကျင် ကိုက်ခဲခြင်း။

 

သာမန်ဘေးထွက်လက္ခဏာများမှာ

  • ခေါင်းကိုက်ခြင်း၊ကြွက်သားနာခြင်း။
  • အားနည်းခြင်း။
  • အနည်းငယ် ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊လေထခြင်း၊ဗိုက်နာ/အောင့်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Meformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Metformin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့်

  • Furosemide (Lasix);
  •  Nifedipine (Adalat, Procardia);
  • Cimetidine (Tagamet) or ranitidine (Zantac);
  •  Amiloride (Midamor) or triamterene (Dyrenium);
  •  Digoxin (Lanoxin);
  •  Morphine (MS Contin, Kadian, Oramorph);
  •  Procainamide (Procan, Pronestyl, Procanbid);
  •  Quinidine (Quin-G) or quinine (Qualaquin);
  •  Trimethoprim (Proloprim, Primsol, Bactrim, Cotrim, Septra); or
  •  Vancomycin (Vancocin, Lyphocin).

 

metformin ကို သွေးတွင်း သကြားဓာတ်တက်စေသော အခြားဆေးဝါးများနှင့် တွဲဖက်သုံးစွဲမိပါက hyperglycemia ဟုခေါ်သော သွေးတွင်းအချိုဓာတ်များသည့် အခြေအနေနှင့် ပို၍ ရင်ဆိုင်ရစေနိုင်ပါသည်။အဆိုပါ ဆေးများမှာ

  •  Isoniazid;
  •  ဆီးဆေးများ
  •  Steroids (prednisone and others);
  •  နှလုံး သို့မဟုတ် သွေးကျဆေးများ (cartia, cardizem, covera, isoptin, verelan, and others);
  •  Niacin (advicor, niaspan, niacor, simcor, slo-niacin, and others);
  •  Phenothiazines (compazine and others);
  •  Thyroid medicine (synthroid and others);
  •  ပဋိသန္ဓေတားဆေး နှင့် အခြား ဟော်မုန်းဆေးများ
  •  အတက်ရောဂါတွင် သုံးသောဆေးများ (dilantin and others); and
  •  ပိန်ဆေးများ သို့မဟုတ် အအေးမိနှာဆေး၊ဓာတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ကို ကုသသော ဆေးများ

 

အစားအသောက်တွေနဲ့ အရက်က Meformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလား

Metformin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Meformin (မက်ဖော်မင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Metformin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အထူးသဖြင့်

  • အရက်အလွန်အကျွံသောက်ခြင်း။
  • adrenal ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း။
  • pituitary ဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း။
  • အာဟာရ မပြည့်ဝခြင်း။
  • ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း။
  • သွေးတွင်းသကြားဓာတ်ကို နည်းစေသော အခြား အခြေအနေများ  ——> အဆိုပါ လူနာများအနေဖြင့် metformin ကို သောက်သုံးနေစဉ်ကာလတွင် သွေးတွင်းသကြားဓာတ် အလွန်အကျွံကျဆင်းခြင်းနှင့် ရင်ဆိုင်ရနိုင်ပါသည်။
  • သွေးအားနည်းရောဂါ။
  • ဗီတာမင် B12 ချို့တဲ့ခြင်း —–> အခြေအနေကို ပိုဆိုးစေသဖြင့် သတိနှင့် သုံးပါ။
  • နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း။
  • ရေဓာတ်ခမ်းခြောက်ခြင်း။
  • ရုတ်တရက် နှလုံးရပ်ခြင်း။
  • သွေးတွင်း အောက်ဆီဂျင် နည်းခြင်း။
  • ကျောက်ကပ် ရောဂါ၊အသည်းရောဂါ။
  • သွေးဆိပ်တက်ခြင်း။
  • ရှော့ခ်ရခြင်း (သွေးပေါင်အလွန်ကျပြီး သွေးလည်ပတ်မှု မလုံလောက်တော့ခြင်း) —–> lactic acidosis ဟုခေါ်သော ရှားပါးသည့် အခြေအနေဖြစ်ပေါ်နိုင်ပါသည်။ဤ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုရှိပါက ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပါ။
  • သွေးထဲတွင် ketone ဓာတ်များခြင်း။
  • ပြင်းထန်သော ကျောက်ကပ်ရောဂါ။
  • အမျိုးအစား-၁ ဆီးချိုရောဂါ —-> အဆိုပါ လူနာများတွင် အသုံးမပြုသင့်ပါ။
  • အဖျားတက်ခြင်း။
  • ပိုးဝင်ခြင်း။
  • ခွဲစိတ်မှုပြုလုပ်ခြင်း။
  • ထိခိုက်ဒါဏ်ရာ ရခြင်း —-> အဆိုပါ အခြေအနေမျိုးတွင် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းနှင့် ပတ်သက်ပြီး ယာယီပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် သင့်ဆရာဝန်အနေနှင့် အင်ဆူလင်သုံးပြီး ကုသကောင်းကုသမည်ဖြစ်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Meformin (မက်ဖော်မင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အမျိုးအစား-၂ ဆီးချိုရောဂါအတွက်

  • လျင်မြန်စွာ အာနိသင်ပြသော ဆေးပုံစံ :

ကနဦးဆေးပမာဏ : ၅၀၀ မီလီဂရမ် ကို တနေ့လျှင်၂ကြိမ် သို့မဟုတ် ၈၅၀မီလီဂရမ်ကို တနေ့လျှင် တကြိမ် သောက်ရမည်။ ထို့နောက် လူနာအခြေအနေပေါ် မူတည်၍ အပတ်စဉ် ၅၀၀မီလီဂရမ်စီ တိုးသွားနိုင်သလို ၂ပတ်တခါ ၈၅၀မီလီဂရမ်တိုးသွားသည့် ပုံစံကိုလည်း အသုံးပြုနိုင်သည်။

ဆက်လက်ပေးရန် ဆေးပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်

အများဆုံးပေးနိုင်သော ပမာဏ : နေ့စဉ် ၂၅၅၀ မီလီဂရမ်

  • ကြာရှည်အာနိသင်ပြသော ဆေးပုံစံ :

ကနဦးဆေးပမာဏ : ၅၀၀ – ၁၀၀၀ မီလီဂရမ် ကို တနေ့လျှင် တကြိမ်။ထို့နောက် လူနာအခြေအနေပေါ် မူတည်၍ အပတ်စဉ် ၅၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။

ဆက်လက်ပေးရန် ဆေးပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်

အများဆုံးပေးနိုင်သော ပမာဏ : နေ့စဉ် ၂၅၀၀ မီလီဂရမ်

 

ကလေးတွေအတွက် Meformin (မက်ဖော်မင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

[ယေဘူယျအသိပေးချက်] – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

 

အမျိုးအစား- ၂ ဆီးချိုရောဂါအတွက် အသက် ဆယ်နှစ် နှင့် အထက် :

  • လျင်မြန်စွာ အာနိသင်ပြသော ဆေးပုံစံ :

ကနဦးဆေးပမာဏ : ၅၀၀ မီလီဂရမ် ကို တနေ့လျှင်၂ကြိမ် သောက်ရမည်။ထို့နောက် လူနာအခြေအနေပေါ် မူတည်၍ အပတ်စဉ် ၅၀၀မီလီဂရမ်စီ တိုးသွားနိုင်သည်။

ဆက်လက်ပေးရန် ဆေးပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်

အများဆုံးပေးနိုင်သော ပမာဏ : နေ့စဉ် ၂၀၀၀ မီလီဂရမ်

 

Meformin (မက်ဖော်မင်) ကိုဘယ်လိုရရှိနိုင်သလဲ

Metformin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ကြာရှည်စွာ အာနိသင်ပြသော ဆေးပြား : ၅၀၀၊ ၁၀၀၀ မီလီဂရမ်။

 

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

 

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Metformin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ