backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Medrol (မက်ဒရောလ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Medrol (မက်ဒရောလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Medrol® ကို ပြင်းထန်သော ဓါတ်မတည့်မှုများ၊ အဆစ် အမြစ် ရောင်ခြင်း၊ ပန်းနာ ရင်ကြပ်၊ အချို့ သွေးရောဂါများနှင့် အရေပြား ရောဂါများအား ကုသရန်အတွက် သုံးသည်။ သင့် ဆရာဝန် ဆုံးဖြတ်သည့်အတိုင်း အခြား အခြေအနေများ အတွက်လည်း သုံးနိုင်သည်။

Medrol (မက်ဒရောလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Medrol® ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်ပါ။ တိကျသော ဆေးညွှန်းများ ရရန် ဆေးဘူးရှိ စာများကို ဖတ်ပါ။

Medrol® ကို အစာဖြင့် သို့မဟုတ် အစာမပါဘဲ သောက်ပါ။ အစာအိမ် အောင့်ခြင်း ဖြစ်ပါက အစာအိမ် ရောင်ရမ်းခြင်း သက်သာစေရန် အစာဖြင့် သောက်ပါ။ Medrol® ကို ဘယ်လိုသုံးရမလဲနှင့် ပတ်သက်သော မေးခွန်းများကို ဆရာဝန်အား မေးပါ။

Medrol (မက်ဒရောလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Medrol® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Medrol® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Medrol® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Medrol® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Medrol (မက်ဒရောလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Medrol® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
  • သင့်တွင် နှလုံးရောဂါ ရာဇဝင်ရှိပါက ( ဥပမာ congestive heart failure), နှလုံး သွေးကြောကျဉ်း ရောဂါ ရုတ်တရက် ဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ကျောက်ကပ် ရောဂါများ၊ အသည်း ရောဂါများ၊ ဆီးချိုသွေးချို၊ အတက် ရောဂါ၊ နိုးကြားမှု နည်းသော thyroid, adrenal gland ပြဿနာများ သို့မဟုတ် စိတ်ရောဂါ ရာဇဝင် ရှိပါက
  • သင်သည် မကြာသေးမီက မှို၊ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ကူးစက်မှုများ ခံရပါက၊ မျက်လုံးတွင် ရေယုန် ကူးစက်ခြင်း၊ ရေကျောက်၊ ဝက်သက် သို့မဟုတ် shingles.
  • HIV သို့မဟုတ် တီဘီရောဂါ ရှိပါက၊ တီဘီ အရေပြား စစ်ဆေးမှု အပေါင်းရလဒ် ရခဲ့ဖူးပါက
  • သင့်တွင် အစာအိမ် ပြဿနာများ ( ဥပမာ ပြည်တည်နာများ)၊ အူ ပြဿနာများ ( ဥပမာ ပိတ်ခြင်း၊ ပေါက်ခြင်း၊ ရောဂါပိုး ကူးစက်ခြင်း၊ ရှင်းမပြနိုင်သော ဝမ်းလျှောခြင်း၊ diverticulitis, ulcerative colitis)၊ မကြာသေးမီက အူ ခွဲစိတ်ထားခြင်း၊ အစာရေမြို ရောင်ခြင်း စသည်တို့ ရှိပါက
  • သင့်တွင် အရိုးအားနည်းခြင်း ( ဥပမာ အရိုးပွရောဂါ) သို့မဟုတ် ကြွက်သား ပြဿနာများ ( ဥပမာ myasthenia gravis) ရှိပါက
  • သင်သည် မကြာသေးမီက ကာကွယ်ဆေး ထိုးထားပါက ( ဥပမာ ကျောက်ကြီး)

အောက်ပါတို့ ရှိပါက Medrol® မသုံးပါနှင့်။

  • သင်သည် mifepristone သောက်နေပါက
  • သင့်တွင် ခန္ဓါကိုယ်အနှံ့ မှိုကူးစက်မှု ရှိပါက
  • သင်သည် ကျောက်ကြီး ကာကွယ်ဆေးထိုးရန် စီစဉ် ထားပါက

Medrol® သည် သင်၏ ခန္ဓါကိုယ်မှ ရောဂါပိုးအား တိုက်ခိုက်နိုင်စွမ်းကို လျော့ကျစေသည်။ အအေးမိသော သို့မဟုတ် ရောဂါပိုး ကူးစက်နေသော လူများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။ သင်သည် ရောဂါပိုး ကူးစက်ခြင်း၏ လက္ခဏာများကို သတိပြုမိပါက ဆရာဝန်အား ပြောပါ။ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အဖုအပိမ့်များ ထွက်ခြင်း၊ ချမ်းတုန်ခြင်း စသည်တို့ ပါဝင်သည်။ Medrol® (methylprednisolone) ဖြတ်ပြီး ၁၂ လအတွင်း ရောဂါပိုး ကူးစက်ခြင်း၏ လက္ခဏာများ တွေ့ပါက ဆရာဝန်အား အသိပေးပါ။

သင်သည် ရေကျောက်၊ shingles သို့မဟုတ် ဝက်သက် မဖြစ်ဖူးပါက ဖြစ်နေသော လူများနှင့် မထိတွေ့ပါနှင့်။

Medrol® သည် သွေးပေါင်ချိန်ကို အလွန်တက်စေသည်။ ဆားနှင့် ရေကို ဆွဲသည်။ ပိုတက်စီယမ် ဆုံးရှုံးမှုကို များစေသည်။ ဆား စားသုံးမှုကို ကန့်သတ်ရန် လိုသည်။ ပိုတက်စီယမ် ဖြည့်စွက်စာများ လိုအပ်နိုင်သည်။

Medrol® သည် ကယ်စီယမ် ဆုံးရှုံးမှုကို ဖြစ်စေသည်။ အရိုးပွရောဂါ ဖြစ်ပေါ်မှုကို အားပေးသည်။ ကယ်စီယမ် နှင့် ဗီတာမင် ဒီ ဖြည့်စွက်စာများကို လုံလောက်စွာ စားပါ။

သင်သည် ဆေးကုသမှု သို့မဟုတ် သွားကုသမှု၊ အရေးပေါ် ကုသမှု၊ ခွဲစိတ်မှု တစ်ခုခု မခံယူမီ Medrol® သောက်ထား ကြောင်းကို ဆရာဝန် သို့မဟုတ် သွားဆရာဝန်အား ပြောပြပါ။

ဆီးချိုလူနာများ – Medrol® သည် သွေးတွင်းသကြားကို သက်ရောက်နိုင်သည်။ သွေးတွင်းသကြား ပမာဏကို သေချာ စစ်ဆေးပါ။ သင်၏ ဆီးချိုဆေး ပမာဏကို မပြောင်းလဲမီ ဆရာဝန်အား မေးပါ။

ကာကွယ်ဆေး တစ်ခုခု မထိုးမီ ဆရာဝန်အား ပြောပါ။

Medrol® သောက်နေစဉ် ဓါတ်ခွဲခန်း စစ်ဆေးမှုများ ဥပမာ adrenal လုပ်ငန်း စစ်ဆေးမှု၊ သွေးပေါင်ချိန် စောင့်ကြည့်ခြင်း လုပ်ဆောင်နိုင်သည်။ သင်၏ အခြေအနေကို စောင့်ကြည့်ရန်၊ ဘေးထွက်ဆိုးကျိုးများကို စစ်ဆေးရန် ထို စစ်ဆေးမှုများကို သုံးသည်။ ဆရာဝန်နှင့် ဓါတ်ခွဲခန်း ချိန်းဆိုမှု အားလုံးကို သွားပါ။

Corticosteroids သည် အချို့ဖြစ်ရပ်များတွင် ကလေးငယ်များ၊ ဆယ်ကျော်သက်များ၏ ကြီးထွားမှုနှုန်းကို ထိခိုက်စေသည်။ သူတို့သည် Medrol® သုံးနေစဉ်တွင် ကြီးထွားမှုကို ပုံမှန်စစ်ဆေးရန် လိုသည်။

Medrol® ကို ကလေးငယ်များတွင် အထူးသတိထားပြီး သုံးသင့်သည်။ ကလေးငယ်များတွင် ဘေးကင်းမှုနှင့် အကျိုးသက်ရောက်မှုကို အတည်ပြုထားခြင်း မရှိသေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Medrol (မက်ဒရောလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် ဤဆေး သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ ဤဆေး မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Medrol (မက်ဒရောလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးများအားလုံးသည် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ သို့သော် လူများစွာသည် ဘေးထွက်ဆိုးကျိုးကို မခံစားရပါ သို့မဟုတ် အနည်းငယ်သာ ခံစားရသည်။ အောက်ပါ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန် နှင့် ပြသပါ။

  • မူးဝေခြင်း
  • မျက်နှာ နီမြန်းခြင်း
  • ချာချာလည်နေသလို ခံစားရခြင်း
  • ခေါင်းကိုက်ခြင်း
  • ချွေးအလွန်ထွက်ခြင်း

အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ပါက ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်း ရှာဖွေပါ။

  • ပြင်းထန်သော ဓါတ်မတည့်မှု ( အဖုအပိမ့်များ၊ အင်ပျဉ်၊ ယားယံခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ရင်ကြပ်ခြင်း၊ ပါးစပ်၊ မျက်နှာ၊ နှုတ်ခမ်း သို့မဟုတ် လျှာ ရောင်ရမ်းခြင်း)
  • သွေးပါသော၊ မည်းနက်သော ဝမ်းများ သွားခြင်း
  • ခန္ဓါကိုယ်ရှိ အဆီများ ပြောင်းလဲခြင်း
  • ဓမ္မတာ အချိန် ပြောင်းလဲခြင်း
  • ရင်ဘတ် အောင့်ခြင်း
  • မူးလဲခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း
  • အရင်ထက် ပိုပြီး ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ဆီးသွားခြင်း
  • စိတ် ပြောင်းလဲခြင်း
  • ကြွက်သား နာကျင်ခြင်း၊ အားနည်းခြင်း၊ လျော့ရဲခြင်း
  • တက်ခြင်း
  • ပြင်းထန်စွာ မအီမသာ ဖြစ်ခြင်း၊ အော့အန်ခြင်း
  • အနာကျက်ရန် နှေးခြင်း
  • အစာအိမ် အောင့်ခြင်း
  • ရုတ်တရက် ပြင်းထန်စွာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း
  • ခြေထောက် ရောင်ရမ်းခြင်း
  • အရွတ်၊ အရိုး သို့မဟုတ် အဆစ် နာကျင်ခြင်း
  • အရေပြား ပါးခြင်း
  • ပုံမှန်မဟုတ်ဘဲ အညိုမည်းစွဲခြင်း၊ သွေးထွက်ခြင်း
  • ပုံမှန်မဟုတ်သော အရေပြား ခံစားမှု
  • ပုံမှန်မဟုတ်သော ကိုယ်အလေးချိန် တက်ခြင်း
  • အမြင် ပြောင်းလဲခြင်း သို့မဟုတ် အခြား မျက်လုံး ပြဿနာများ
  • ကော်ဖီရောင် အန်ဖတ်များ အန်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Medrol (မက်ဒရောလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Medrol® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • Barbiturates ( ဥပမာ phenobarbital), carbamazepine, hydantoins ( ဥပမာ phenytoin), lithium, သို့မဟုတ် rifampin. အဘယ်ကြောင့်ဆိုသော် သူတို့သည် Medrol® (methylprednisolone) ၏ အကျိုးသက်ရောက်မှုကို နည်းစေသောကြောင့် ဖြစ်သည်။
  • Aprepitant, clarithromycin, cyclosporine, diltiazem, erythromycin, itraconazole, ketoconazole, သို့မဟုတ် troleandomycin အဘယ်ကြောင့်ဆိုသော် ဘေးထွက်ဆိုးကျိုးများ ဥပမာ adrenal gland or အာရုံကြောစနစ် ပြဿနာများ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
  • Aspirin, live vaccines, mifepristone, သို့မဟုတ် ritodrine အဘယ်ကြောင့်ဆိုသော် Medrol® (methylprednisolone) သည် ထိုဆေးများ၏ သက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုး ကို များစေသောကြောင့် ဖြစ်သည်။

အစားအသောက်တွေနဲ့ အရက်က Medrol (မက်ဒရောလ်) နဲ့ ဓါတ်ပြုနိုင်သလား

Medrol® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Medrol (မက်ဒရောလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Medrol® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Medrol (မက်ဒရောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဓါတ်မတည့်သော အခြေအနေများ

နေ့ ၁။ မနက်စာ မစားခင် 8 mg PO, နေ့လယ်စာ စားပြီးနောက် နှင့် ညစာစားပြီးနောက် 4 mg, အိပ်ယာ ဝင်ချိန်တွင် 8 mg

နေ့ ၂။ မနက်စာ မစားခင်၊ နေ့လယ်စာ စားပြီးနောက် နှင့် ညစာ စားပြီးနောက် 4 mg PO, အိပ်ယာ ဝင်ချိန်တွင် 8 mg

နေ့ ၃။ မနက်စာ မစားခင်၊ နေ့လယ်စာ စားပြီးနောက်၊ ညစာ စားပြီးနောက် နှင့် အိပ်ယာဝင်ချိန်တွင် 4 mg PO

နေ့ ၄။ မနက်စာ မစားခင်၊ နေ့လယ်စာ စားပြီးနောက် နှင့် အိပ်ယာဝင်ချိန်တွင် 4 mg PO

နေ့ ၅။ မနက်စာ မစားခင်နှင့် အိပ်ယာဝင်ချိန်တွင် 4 mg PO

နေ့ ၆။ မနက်စာ မစားခင် 4 mg PO

၁၂ ရက်အတွင်း တဖြည်းဖြည်းချင်း လျော့ချ နိုင်သည်။ ( အရေပြားတွင် ရောင်ရမ်းမှုများ ဖြစ်နိုင်ချေ လျော့နည်းစေရန်)

Multiple Sclerosis ရုတ်တရက် ဆိုးရွားခြင်း

နေ့စဉ် 160 mg IV တစ်ပတ်ကြာပေးပါ။ ထို့နောက် 64 mg IV ကို တစ်နေ့ခြားဆီဖြင့် တစ်လ ပေးပါ။

AIDS လူနာများတွင်ဖြစ်သော Pneumocystis (carinii) jiroveci အဆုပ်ရောင်ရောဂါ (ဆေးစာတွင် မပါပါ)

30 mg IV q12hr ကို ငါးရက်ပေးပါ။ ထို့နောက် 30 mg IV q24hr ကို ငါးရက်ပေးပါ။ ထို့နောက် 15 mg IV q24hr ကို 11 ရက်ပေးပါ။

အာရုံကြော နာဗ်ကြိုး ဒဏ်ရာ ( ဆေးစာတွင် မပါပါ)

ပထမ ၁ နာရီ။ 30 mg/kg IV ကို 15 မိနစ်အတွင်း ပေးပါ။

နောက်ထပ် ၂၃ နာရီ။ 5.4 mg/kg/hr IV ကို ဆက်တိုက် ပေးပါ။

Severe Lupus Nephritis ( ဆေးစာတွင် မပါပါ)

0.5-1 g IV ကို တစ်နာရီအတွင်းပေးပါ။ တစ်နေ့ တစ်ကြိမ်ဖြင့် သုံးရက် ပေးပါ။

ကလေးတွေအတွက် Medrol (မက်ဒရောလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ရောင်ရမ်းခြင်း

0.5-1.7 mg/kg/day IV/PO/IM divided q12hr

Status Asthmaticus

အသက် 12 နှစ်အောက်။ 1-2 mg/kg IV/IM ကို နှစ်ခါ ခွဲပေးသည်။ peak expiratory flow 70% ရောက်သည်အထိ ပေးသည်။ တစ်နေ့လျှင် 60 mg ထက် မပိုစေရ။

အသက် 12 နှစ်အထက်။ 40-80 mg/day IM divided q12-24hr ပေးသည်။ peak expiratory flow 70% ရောက်သည်အထိ ပေးသည်။ တစ်နေ့လျှင် 60 mg ထက် မပိုစေရ။

AIDS လူနာများတွင်ဖြစ်သော Pneumocystis (carinii) jiroveci အဆုပ်ရောင်ရောဂါ (ဆေးစာတွင် မပါပါ)

အသက် 13 နှစ်အထက်။ 30 mg IV q12hr ကို ငါးရက်ပေးသည်။ ထို့နောက် 30 mg IV q24hr ကို ငါးရက်ပေးသည်။ ထို့နောက် 15 mg IV q24hr ကို 11 ရက်ပေးသည်။

Severe Lupus Nephritis ( ဆေးစာတွင် မပါပါ)

30 mg/kg IV ကို တစ်နေ့ခြားစီဖြင့် ၆ ခါပေးသည်။

Medrol (မက်ဒရောလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Medrol® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား 4mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Medrol® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement