Maninil 5 (မက်နင်နေးလ် ဖိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Maninil 5 (မက်နင်နေးလ် ဖိုက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Maninil 5 (မက်နင်နေးလ် ဖိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Maninil® 5 (glibenclamide) ကို အင်ဆူလင် အပေါ် မမှီခိုသော ဆီးချိုသွေးချို ( လူကြီးများတွင် ဖြစ်သော ဆီးချို သွေးချို အမျိုးအစား ၂ ) အတွက် သုံးသည်။ သင်သည် စားသောက်ပုံ၊ ကိုယ်လက် လှုပ်ရှားမှု၊ ခန္ဓါကိုယ် အဆီ လျော့ချခြင်း စသည်ဖြင့် ဆီးချိုကို မထိန်းနိုင်သောအခါ သုံးသည်။

Maninil 5 (မက်နင်နေးလ် ဖိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Maninil® 5 ကို လုံလောက်သော အရည်ဖြင့် သောက်ပါ။ မနက်ပိုင်းတွင် မနက်စာ မစားခင် တစ်ကြိမ်သောက်ပါ။

ဆေးပမာဏသည် ဆေးပြား ၃ ပြား ဖြစ်ပါက မနက်တွင် ၂ ပြားသောက်ပြီး ညတွင် ၁ ပြားသောက်နိုင်သည်။

ဆေးပြားများကို နေ့စဉ် တူညီသော အချိန်တွင် သောက်ရန် အရေးကြီးသည်။ ဆေးသောက်ရန် မေ့ပါက သတ်မှတ်ထားသော အချိန်ထက် ၁-၂ နာရီ နောက်ကျပြီး သောက်မည့်အစား ကျော်လိုက်ပါ။

နောက်ထပ် ပုံမှန် သောက်သုံးမှုသည် သတ်မှတ်ထားသော အချိန်တွင် ဖြစ်သည်။ မေ့သွားသော ဆေးပမာဏအတွက် ဆေးပြားများ ပိုသောက်ခြင်း၊ နောက်ကျပြီးမှ သောက်ခြင်း ဘယ်တော့မှ မလုပ်သင့်ပါ။ ဆေးသောက်နေစဉ်တွင် အစာ စားခြင်းကို မကျော်ရပါ။

Maninil 5 (မက်နင်နေးလ် ဖိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

Maninil® 5 ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Maninil® 5 ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Maninil® 5 တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Maninil® 5 ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Maninil 5 (မက်နင်နေးလ် ဖိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Maninil® 5 သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

Maninil® 5 သည် သွေးတွင်း သကြားကို နည်းစေသည်။ ဤဆေးဖြင့် ကုသမှုသည် ပုံမှန် ဆေးပညာ ညွှန်ကြားမှု လိုအပ်သည်။

Overdose diet errors ( အစာ မစားခြင်း သို့မဟုတ် လုံလောက်စွာ မစားခြင်း)၊ အရက် အလွန်သောက်ခြင်း၊ ပုံမှန် မဟုတ်သော ကိုယ်ခန္ဓါ အားစိုက်ခြင်းသည် သွေးတွင်း သကြား ဓါတ်ကို အလွန်အမင်း ကျစေသည်။ သွေးတွင်း သကြား နည်းခြင်း၏ လက္ခဏာများမှာ ရုတ်တရက် ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ တုန်ရီခြင်း၊ ဆာလောင်ခြင်း၊ ထိတ်လန့်ခြင်း၊ ပါးစပ် ပတ်လည်တွင် တရွရွ ခံစားရခြင်း၊ ဖျော့တော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အိပ်စက်ရာတွင် အနှောင့်အယှက် ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ လှုပ်ရှားမှုများ မမြဲမြံခြင်း၊ စကားနှင့် အမြင် အားနည်းခြင်း၊ အကြောသေခြင်း ၏ လက္ခဏာများ ဖြစ်သည်။ သွေးတွင်း ဂလူးကို့စ် အလွန် နည်းခြင်းသည် ကူညီရာ မရခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်း ကို ဖြစ်စေနိုင်သည်။

ဆီးချို သွေးချို လူနာများသည် သွေးတွင်း သကြားနည်းခြင်းကို သကြား သို့မဟုတ် သကြား ပါသော အစာများ စားခြင်းဖြင့် အနည်းငယ် ထိန်းညှိနိုင်သည်။ ထို့ကြောင့် သင်သည် ဂလူးကို့စ် ၂၀ ဂရမ်ကို အမြဲ သယ်သွားရန် လိုသည်။

သွေးတွင်း သကြား အလွန်ကျပြီး သတိလစ်သွားပါက ဆရာဝန်ကို ချက်ချင်း ခေါ်ရန်လိုအပ်သည်။

အသက်ကြီးသော လူနာများ၊ အသည်း သို့မဟုတ် ကျောက်ကပ် လုပ်ငန်း မကောင်းသော လူနာများ၊ thyroid glands, pituitary သို့မဟုတ် adrenal gland မကောင်းသော လူနာများ၊ မေ့လျော့သော လူနာများ၊ အကြံပြုထားသော စားသောက်ပုံ၊ ဆေးများ ကို မလိုက်နာသော လူနာများတွင် သတိထားရန် လိုသည်။ သူတို့သည် သွေးတွင်း ဂလူးကို့စ် ပမာဏ ကျဆင်းနိုင်ချေ မြင့်သောကြောင့် ဖြစ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Maninil 5 (မက်နင်နေးလ် ဖိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးနို့တိုက်စဉ်တွင် ဤဆေး သုံးခြင်းသည် ဘေးကင်းသလားကို သေချာ မသိရှိပါ။ ဤဆေး မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်များကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Maninil 5 (မက်နင်နေးလ် ဖိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Maninil® 5 ကို များသောအားဖြင့် ကောင်းစွာ ခံနိုင်သည်။ ကုသမှု အစတွင် အမြင် ချို့ယွင်းချက်များ ယာယီ ဖြစ်ပေါ် နိုင်သည်။ အစာအိမ်နှင့် အူ ပြဿနာများ၊ အထူးသဖြင့် အရေပြားတွင် ဓါတ်မတည့်မှုများ (ပြင်းထန် သော ဘေးထွက်ဆိုးကျိုးများ ) သည် ရှားသည်။ သီးခြားပေးသော ဖြစ်စဉ်များတွင် သွေးထွက်နိုင်သည်။

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Maninil 5 (မက်နင်နေးလ် ဖိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Maninil® 5 သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Maninil 5 (မက်နင်နေးလ် ဖိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Maninil® 5 သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Maninil 5 (မက်နင်နေးလ် ဖိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Maninil® 5 သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Maninil 5 (မက်နင်နေးလ် ဖိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးချိုသွေးချိုတွင် ဆရာဝန် သည်သာ ဆေးပမာဏ ပြင်ဆင်ခြင်းကို လုပ်ဆောင်သင့်သည်။ သင့်တင့်သော စားသောက်ပုံ ဖြင့် လုပ်ဆောင်သင့်သည်။ ဆေးပမာဏသည် ဓါတ်ပြောင်းလဲမှု ဖြစ်စဉ် ( သွေးတွင်း နှင့်ဆီးတွင်း သကြား) အား လေ့လာမှု၏ ရလဒ်အပေါ်တွင် မူတည်သည်။

ကုသမှု၏ အစတွင် ဆရာဝန်သည် ဆေးပမာဏကို တိုးရန် အကြံပြုသည်။ ကုသမှုသည် တစ်နေ့လျှင် ဆေးပြား တစ်ခြမ်းဖြင့် စတင်ပြီး ရက် အနည်းငယ် အတွင်း လိုအပ်သော ပမာဏ အထိ တဖြည်းဖြည်း တိုးသွားသည်။

အများဆုံး အကျိုးကျေးဇူးကို တစ်နေ့ ဆေးပြား ၃ ပြားဖြင့် ရနိုင်သည်။

ကလေးတွေအတွက် Maninil 5 (မက်နင်နေးလ် ဖိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိသေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဆေး၏ ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

Maninil 5 (မက်နင်နေးလ် ဖိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Maninil® 5 ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • Maninil® 5 ဆေးပြား ၅ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Maninil® 5 သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 9, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။