Lovastatin (လိုဗာစတက်တင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Lovastatin (လိုဗာစတက်တင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lovastatin (လိုဗာစတက်တင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lovastatin ကို သွေးတွင်း မကောင်းသော ကိုလက်စထရောများ (LDL, triglycerides)များ လျော့ကျစေရန်၊ ကောင်းသော ကိုလက်စထရော များ(HDL) များလာစေရန်အတွက် အစားအသောက်မှန်ကန်မျှတစွာ စားသုံးခြင်းနှင့် တွဲဖက်ပြီး အသုံးပြုကြသည်။၎င်းသည် “ statin” ဟုခေါ်သော ဆေးအုပ်စုဝင် အမျိုးအစား ဆေးတမျိုးဖြစ်ပါသည်။၎င်းသည် အသည်းမှ ကိုလက်စထရောများ ထုတ်လုပ်ခြင်းကို လျော့နည်းစေသည်။ သွေးတွင်း မကောင်းသော ကိုလက်စထရောများ (LDL, triglycerides)များ လျော့ကျပြီး ကောင်းသော ကိုလက်စထရော များ(HDL) များလာစေခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည့်အတွက် လေဖြတ်ခြင်းနှင့် ရုတ်တရက် နှလုံးရပ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

အစားအသောက်မှန်ကန်မျှတစွာ စားသုံးခြင်း(အဆီလျှော့စားခြင်း) အပြင် အခြားသော နေထိုင်သွားလာလှုပ်ရှားမှုများကို ပြောင်းလဲခြင်း (ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အဝလွန်နေပါက ကိုယ်အလေးချိန်လျှော့ချခြင်း၊ဆေးလိပ်ဖြတ်ခြင်း စသည်)အားဖြင့် lovastatin ၏ အာနိသင်ကို ပို၍ ထက်မြက်စေမည်ဖြစ်ပါသည်။ အသေးစိတ် ထပ်မံသိရှိလိုပါက သင့်ဆရာဝန်ကို မေးမြန်းပါ။

Lovastatin (လိုဗာစတက်တင်) ဘယ်လိုသောက်သုံးသင့်သလဲ

lovastatin ကိုဆရာဝန် ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် ညနေစာစားချိန်တွင် တနေ့တကြိမ်) သောက်ရသည်။ အချို့လူနာများတွင် ၂ကြိမ်သောက်ရန် ညွှန်ကြားလေ့ရှိသည်။

ဆေးပမာဏသည် သင်၏ ကျန်းမာရေးအခြေအနေ၊ဆေးကို တုန့်ပြန်မှု၊အသက် နှင့် အခြားသော statin ဆေးများသုံးစွဲနေမှုတို့အပေါ် မူတည်ပါသည်။ သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။

သင့်ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားခြင်း မရှိလျှင် lovastatin သုံးစွဲနေစဉ်ကာလအတွင်း ဂရိတ်ဖရုသီးစားခြင်း သို့မဟုတ် ဂရိတ်ဖရုဖျော်ရည်သောက်ခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။

အကယ်၍ သင်သည် ကိုလက်စထရော ကျရန်အတွက် အခြားသော ဆေးများ (ဥပမာ။ ။cholestyramine သို့မဟုတ် colestipol တို့ကဲ့သို့သော bile acid binding resins)ကိုပါ သုံးစွဲနေပါက အဆိုပါ ဆေးများမသောက်သုံးမီ တစ်နာရီအလို သို့မဟုတ် အဆိုပါဆေးများ သောက်သုံးပြီး အနည်းဆုံး လေးနာရီအကြာတွင် lovastatin ကို သောက်ရပါမည်။ ၎င်းတို့သည် lovastatin နှင့် ဓါတ်ပြုကာ lovastatin ကို သွေးတွင်းသို့စုပ်ယူမှုကို လျော့ကျစေသောကြောင့်ဖြစ်ပါသည်။

ဆေးအာနိသင် အများဆုံးနှင့် အကောင်းဆုံး ရစေရန် ဆေးကို အချိန်မှန်မှန် သောက်သုံးပါ။ နေ့စဉ်နေ့တိုင်း တူညီသော အချိန်တခုတည်းတွင် သောက်ပါက အကောင်းဆုံးဖြစ်သည်။ သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ သွေးတွင်း အဆီများသူအများစုမှာ အကောင်းပကတိပင်ဖြစ်သည်။ နေ့စဉ်စားသောက်ရမည့် ပုံစံ သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ရမည့် အစီအစဉ်များ နှင့် ပတ်သက်၍ သင့်ဆရာဝန်၏ အကြံပေးချက်များကို အတိအကျလိုက်နာရန် အထူးအရေးကြီးပါသည်။ lovastatin ၏ အာနိသင် အပြည့်အဝရရန် ရက်သတ္တပတ် လေးပတ်ခန့်အထိ စောင့်ကောင်းစောင့်ရမည်ဖြစ်ပါသည်။

Lovastatin (လိုဗာစတက်တင်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Lovastatin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ lovastatin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ lovastatin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Lovastatin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Lovastatin ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lovastatin (လိုဗာစတက်တင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

lovastatin ကို မသောက်သုံးမီ

-သင်သည် lovastatin သို့မဟုတ် အခြားဆေးဝါးများ သို့မဟုတ် lovastatin ဆေးပြားနှင့် ကြာရှည်စွာအာနိသင်ပြသော ဆေးပြားများ တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းများ ရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။ lovastatin ၏ ပါဝင်ပစ္စည်းများကို သိရှိနိုင်ရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။

-အောက်ပါဆေးများ သုံးစွဲနေပါက ဆရာဝန်ကို ကြိုပြောပါ။

antifungals such as

itraconazole (Sporanox), ketoconazole (Nizoral), posaconazole (Noxafil), and voriconazole

(Vfend); boceprevir (Victrelis); clarithromycin (Biaxin); cobicistat-containing Lovastatin

(Stribild); erythromycin (E.E.S.,eryc); nefazodone; certain HIV protease inhibitors including

atazanavir (Reyataz), darunavir (Prezista), fosamprenavir (Lexiva), indinavir (Crixivan),

lopinavir (in Kaletra), nelfinavir (Viracept), ritonavir (Norvir, in Kaletra), saquinavir (Invirase),

and tipranavir (Aptivus); telaprevir (Incivek); and telithromycin (Ketek).

အဆိုပါဆေးများ သုံးစွဲနေပါက သင့်ဆရာဝန်အနေဖြင့် သင့်အား lovastatin ဆေးကို သုံးစွဲစေမည်မဟုတ်ပါ။

-သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။ အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။

amiodarone (Cordarone, Pacerone); anticoagulants ('blood

thinners') such as warfarin (Coumadin); cimetidine (Tagamet); colchicine (Colcrys);

cyclosporine (Neoral, Sandimmune); danazol (Danocrine); diltiazem (Cardizem, Dilacor,

Tiazac); dronedarone (Multaq); other cholesterol-lowering Lovastatin such as fenofibrate

(Tricor), gemfibrozil (Lopid), and niacin (nicotinic acid, Niacor, Niaspan); spironolactone

(Aldactone); ranolazine (Ranexa); and verapamil (Calan, Covera, Isoptin, Verelan)

ဤစာရင်းတွင်မပါဝင်သော အခြားဆေးများ သောက်သုံးနေပါကလည်း ဆရာဝန်ကို ပြောပြပါ။ သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို ချင့်ချိန်ခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများ ပြုလုပ်ပေလိမ့်မည်။

-သင့်တွင် အသည်းရောဂါရှိပါက ဆရာဝန်ကို ကြိုပြောပါ။ သင့်တွင် အသည်းရောဂါမရှိဟု မိမိဖာသာ ယူဆသည့်တိုင် သင့်ဆရာဝန် အနေဖြင့် အသည်းကောင်းမကောင်း သိနိုင်စေရန် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပါသည်။ အကယ်၍ သင့်တွင် အသည်းရောဂါ ရှိလျှင် သို့မဟုတ် စစ်ဆေးချက်များ အရ အသည်းရောဂါရှိလာနိုင်လျှင် သင့်ဆရာဝန်အနေဖြင့် သင့်အား lovastatin ဆေးကို သုံးစွဲစေမည်မဟုတ်ပါ။

-သင်သည် တနေ့လျှင် အရက်နှစ်ပက်ထက် ပိုသောက်လျှင်၊သင့်အသက်မှာ ၆၅နှစ်ထက်ကြီးနေလျှင်၊ သင့်တွင်အသည်းရောဂါရှိလျှင်၊ သင့်တွင်အတက်ရောဂါရှိလျှင်၊ကြွက်သားနာခြင်း၊အားနည်းခြင်း၊သွေးပေါင်ကျခြင်း၊ဆီးချို သို့မဟုတ် ကျောက်ကပ်ရောဂါများ ရှိလျှင် ဆရာဝန်ကို ပြောပြပါ။

-ကိုယ်ဝန်ရှိနေလျှင်၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင် ဆရာဝန်ကို ပြောပြပါ။ lovastatin သောက်နေစဉ်ကာလအတွင်း ကိုယ်ဝန်မဆောင်သင့်ပါ။ ထို့ကြောင့် သားဆက်ခြားနည်းလမ်းများ အသုံးပြုခြင်းနှင့် စပ်လျဉ်းပြီး ဆရာဝန်နှင့်ဆွေးနွေးပါ။ အကယ်၍ lovastatin သောက်နေစဉ်ကာလအတွင်း ကိုယ်ဝန်ရှိခဲ့လျှင် ဆေးသောက်ခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အမြန်အကြောင်းကြားပါ။ lovastatin သည် သန္ဓေသားကို ထိခိုက်စေနိုင်ပါသည်။

-lovastatin သုံးစွဲနေစဉ် မိခင်နို့မတိုက်ရ။

-သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက lovastatin သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။ အကယ်၍ သင်သည် ပြင်းထန်စွာထိခိုက်မှု သို့မဟုတ် ကူးစက်ရောဂါပိုးဝင်ခြင်းကြောင့် ဆေးရုံတက်ရပါက သင် lovastatin သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။

-အရက်သည် lovastatin၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုများစေသဖြင့် lovastatin သောက်နေစဉ်ကာလအတွင်း အရက်သေစာသောက်စားခြင်းများနှင့် ပတ်သက်၍ ဆရာဝန်နှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lovastatin (လိုဗာစတက်တင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Lovastatin (လိုဗာစတက်တင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက lovastatin သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-အကြောင်းမရှိဘဲ ကြွက်သားများ နာခြင်း၊တင်းခြင်း၊အားနည်းခြင်း။-

-ဖျားခြင်း၊ပုံမှန်မဟုတ်ဘဲ ပင်ပန်းနွမ်းနယ်ခြင်း၊ဆီးမည်းခြင်း။

-ရင်ဘတ်အောင့်ခြင်း။

-စိတ်ရှုပ်ထွေးခြင်း၊ မေ့တတ်ခြင်း။

-ဖောရောင်ခြင်း၊ကိုယ်အလေးချိန်တက်ခြင်း၊ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝမသွားတော့ခြင်း။

-သွေးတွင်း သကြားဓါတ်များခြင်း ( ရေအလွန်ငတ်ခြင်း၊ဆီးများခြင်း၊ဗိုက်ခဏခဏ ဆာခြင်း၊အာခြောက်ခြင်း၊ပါးစပ်မှ ချဉ်စူးစူးအနံ့ရခြင်း၊ထိုင်းမှိုင်းလေးလံခြင်း၊အသားအရေခြောက်ခြင်း၊အမြင်ဝါးခြင်း၊ပိန်သွားခြင်း)

-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်းနာ/အောင့်ခြင်း၊ယားခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊အသားဝါခြင်း။

သာမန်ဘေးထွက်လက္ခဏာများမှာ

-ခေါင်းကိုက်ခြင်း၊ကြွက်သားများ အနည်းငယ်နာခြင်း၊အဆစ်အမြစ်ကိုက်ခြင်း၊ကျောအောင့်ခြင်း၊အနည်းငယ်ပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊အစာမကြေခြင်း၊ဝမ်းချုပ်ခြင်း၊အိပ်မပျော်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lovastatin (လိုဗာစတက်တင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Lovastatin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

-Delavirdine

-Fenofibrate

-Fluconazole

အစားအသောက်တွေနဲ့ အရက်က Lovastatin (လိုဗာစတက်တင်) နဲ့ ဓါတ်ပြုနိုင်သလား

Lovastatin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ အထူးသဖြင့် ဂရိတ်ဖရုသီး ဖျော်ရည်။

ဘယ်ရောဂါအခြေအနေတွေက Lovastatin (လိုဗာစတက်တင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Lovastatin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

-အရက်စွဲခြင်း။

-ကောင်းစွာ မထိန်းချုပ်ထားနိုင်သော ဆီးချို။

-သိုင်းရွိုက်ဂလင်းကောင်းစွာ အလုပ်မလုပ်ခြင်း။

-အသည်းရောဂါ —–> ဘေးထွက်ဆိုးကျိုးများ ပိုလာနိုင်၍ သတိထားသုံးပါ။

-ဓါတ်ဆားဓါတ်များ ပုံမှန်ပမာဏ မရှိခြင်း။

-ဟော်မုန်းဆိုင်ရာ ပြင်းထန်သော ပြဿနာများ။

-ကောင်းစွာ မထိန်းချုပ်ထားနိုင်သော အတက်ရောဂါ။

-သွေးပေါင်ကျခြင်း။

-ပြင်းထန်သော ကျောက်ကပ်ရောဂါ။

-ပြင်းထန်သော ပိုးဝင်ခြင်း ——> အဆိုပါ လူနာများအနေဖြင့် ကြွက်သား သို့မဟုတ် ကျောက်ကပ်ပြဿနာများ နှင့် ရင်ဆိုင်ရပါမည်။

-(မျိုးရိုးကြောင့်) သွေးတွင်းကိုလက်စထရောဓါတ်များခြင်း —-> အဆိုပါလူနာများတွင် ဆေးအာနိသင် ထက်မြက်မှု သိပ်မရှိပါ။

-အသည်းရောဂါ။

-အသည်းအင်မ်ဇိုင်းများ တက်နေခြင်း —–> အဆိုပါလူနာများတွင် အသုံးမပြုသင့်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lovastatin (လိုဗာစတက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတွင်း အဆီများခြင်းအတွက်

-လျင်မြန်စွာအာနိသင်ပြသော ဆေးပုံစံ :

ကနဦးဆေးပမာဏ : ၂၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ် ညနေစာနှင့်အတူ သောက်ရမည်။

ဆက်လက်ပေးရန်ပမာဏ : ၁၀ – ၈၀ မီလီဂရမ် ကို တနေ့လျှင်တကြိမ် သို့မဟုတ် ၂ကြိမ်ခွဲပေးနိုင်သည်။

-ကြာရှည်စွာ အာနိသင်ပြသော ဆေးပုံစံ :

ကနဦးဆေးပမာဏ : ၂၀၊၄၀၊၆၀ မီလီဂရမ် ကို ညအိပ်ယာဝင်ချိန်တွင် တနေ့တကြိမ်သောက်ရမည်။ သွေးတွင်းအဆီပမာဏ အနည်းငယ်သာတက်သူများအဖို့ ၁၀မီလီဂရမ် ကို ညအိပ်ယာဝင်ချိန်တွင် တနေ့တကြိမ်သောက်ရမည်။

ဆက်လက်ပေးရန် ပမာဏ : ၁၀ – ၆၀ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင် တနေ့တကြိမ်သောက်ရမည်။

ကလေးတွေအတွက် Lovastatin (လိုဗာစတက်တင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

(မျိုးရိုးလိုက်သော) သွေးတွင်းကိုလက်စထရော များခြင်းအတွက်

-လျင်မြန်စွာ အာနိသင်ပြသောဆေးပုံစံ :

ကနဦးဆေးပမာဏ : အသက် ၁၀နှစ် မှ ၁၇နှစ် အထိ : ၁၀ မီလီဂရမ် တနေ့လျှင် တကြိမ် သောက်ရမည်။

ဆက်လက်ပေးရန် ပမာဏ : အသက် ၁၀နှစ် မှ ၁၇နှစ် အထိ : ၁၀ – ၄၀ မီလီဂရမ် တနေ့လျှင် တကြိမ် သောက်ရမည်။

မှတ်ချက်။ ။ ဆေးပမာဏ ပြောင်းလဲခြင်းကို ၄ပတ်ထက်စော၍ မပြုလုပ်ရပါ။ တခါတိုးလျှင် ၁၀ မီလီဂရမ်ထက် ပိုမတိုးရပါ။

-ကြာရှည်စွာ အာနိသင်ပြသော ဆေးပုံစံ : ဤဆေးပုံစံကို ကလေးများအတွက် အသုံးမပြုသင့်ပါ။

Lovastatin (လိုဗာစတက်တင်) ကိုဘယ်လိုရရှိနိုင်သလဲ

lovastatin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား : ၁၀၊ ၂၀၊ ၄၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lovastatin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။