Lopril (လိုပရေးလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Lopril (လိုပရေးလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lopril (လိုပရေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

သွေးတိုးရောဂါ၊နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်သော ရောဂါ၊ဆီးချိုကြောင့် ဖြစ်သော ကျောက်ကပ်ပြဿနာများ နှင့် ရုတ်တရက်နှလုံးရပ်ပြီးနောက် အသက်ဆုံးရှုံးမှုမရှိစေရန် အတွက် Lopril (captopril) ကို အများဆုံးအသုံးပြုကြသည်။

Lopril (လိုပရေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Lopril ကို အစာမစားခင် တနာရီခန့်အလိုတွင် သောက်ရလေ့ရှိပါသည်။Lopril သောက်သုံးနေစဉ်ကာလတွင် နေ့စဉ်ရေများများ သောက်ပေးရပါမည်။

Lopril (လိုပရေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Lopril (captopril) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ lopril (captopril) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ lopril (captopril) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်

ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Lopril (captopril) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Lopril (captopril) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lopril (လိုပရေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကို အသုံးပြုနေစဉ်ကာလတွင် အောက်ပါအချက်များကို သတိပြုသင့်သည်။

  • တောက်လျှောက်အန်နေလျှင် သို့မဟုတ် ဝမ်းလျှောနေလျှင် သို့မဟုတ် ပုံမှန်ထက်ပိုပြီး ချွေးများထွက်နေလျှင် ဆရာဝန်ကို အသိပေးပါ။captopril သောက်နေစဉ်အချိန်တွင် ရေဓါတ်ခမ်းခြောက်လွယ်သဖြင့် သွေးပေါင်အလွန်ကျခြင်း၊electrolyte ဓါတ်များ မမျှမတဖြစ်ခြင်း သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းများအထိ ဦးတည်လာနိုင်ပါသည်။

သင့်သွေးပေါင်ချိန်ကို မကြာခဏ

  • စစ်ဆေးကြည့်ရန်လိုအပ်သလို အခြားသော သွေးစစ်ဆေးမှုများကိုလည်း မကြာခဏ ပြုလုပ်ကောင်းပြုလုပ်ရပါမည်။
  • အချို့သော ကျန်းမာရေးစစ်ဆေးစမ်းသပ်မှုများပြုလုပ်ရာတွင် ဤဆေးကြောင့် လွဲမှားသော အဖြေများ ထွက်လာစေနိုင်သဖြင့် သင့်အနေဖြင့် captopril သုံးစွဲလျက်ရှိကြောင်း သင့်အားကုသပေးသော မည်သည့်ဆရာဝန်ကို မဆို ကြိုပြောထားရမည်။
  • သင့်အနေဖြင့် ခွဲစိတ်ကုသမှုခံယူရန်ရှိလျှင် captopril သုံးစွဲနေရကြောင်း ခွဲစိတ်ဆရာဝန်အား ကြိုပြောပါ။ ဆေးသုံးစွဲခြင်းအား ယာယီရပ်ဆိုင်းထားရန် လိုကောင်းလိုပါလိမ့်မည်။

သင်သည် captopril ကို သွေးတိုးရောဂါအတွက် သုံးစွဲနေရခြင်းဖြစ်ပါက သင့်ကိုယ်သင် ကောင်းသွားပြီဟု ထင်မှတ်စေကာမူ ဆေးကို မှန်မှန်ဆက်သောက်ရန် အရေးကြီးပါသည်။ သွေးတိုးရောဂါရှိသူအများစုမှာ အကောင်းပကတိပင်ဖြစ်ပြီး မည်သည့်ရောဂါလက္ခဏာမှ ပြလေ့မရှိသောကြောင့် ဖြစ်ပါသည်။ သင့်အနေဖြင့် သွေးကျဆေးများကို တသက်လုံးစွဲသောက်သွားရန် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lopril (လိုပရေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်

သင့်တွင်ကိုယ်ဝန်ရှိနေပါက ဤဆေးကို မသုံးစွဲရပါ။ သုံးစွဲရင်းကိုယ်ဝန်ရှိလာလျှင် ဆေးကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အမြန်ဆုံး အကြောင်းကြားရပါမည်။ ကိုယ်ဝန်ဒုတိယနှင့် တတိယသုံးလပတ်တို့တွင် Captopril ကို သုံးစွဲပါက သန္ဓေသားအားထိခိုက်စေပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

ကလေးနို့တိုက်ချိန်Captopril သည် မိခင်နို့တွင်ပါဝင်လာပြီး နို့စို့ကလေးကို ထိခိုက်စေနိုင်သဖြင့် Captopril သုံးစွဲနေလျှင် ကလေးနို့မတိုက်ရပါ။

ဘေးထွက်ဆိုးကျိုးများ

Lopril (လိုပရေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

captopril နှင့် ဓါတ်မတည့်သော အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှုကို အမြန်ဆုံးခံယူရပါမည်။

  • အင်ပျဉ်များ ထွက်ခြင်း။
  • ပြင်းထန်စွာ ဗိုက်အောင့်ခြင်း။
  • အသက်ရှုရခက်ခြင်း။

မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းတို့ ဖောရောင်ခြင်း။

အောက်ပါလက္ခဏာများခံစားရပါက ဆရာဝန်ထံအမြန်ပြသပါ။

  • မူးဝေပြီး မေ့လဲတော့မယောင် ခံစားရခြင်း။
  • ဆီးသွားနည်းခြင်း၊ဆီးလုံးဝမသွားတော့ခြင်း။
  • (အနည်းငယ်လှုပ်ရှားလျှင်ပင်) မောခြင်း။
  • ဖောရောင်ခြင်း။
  • ကိုယ်အလေးချိန် အလျင်အမြန်တက်လာခြင်း။
  • ရင်ဘတ်အောင့်ခြင်း။ ဖိထားသလို ခံစားရခြင်း။
  • ရင်တလှပ်လှပ်တုန်ခြင်း။ နှလုံးခုန်မြန်ခြင်း။

သွေးတွင်းပိုတက်ဆီယမ်ဓါတ်များခြင်း (နှလုံးခုန်နှေးခြင်း၊သွေးခုန်နှုန်းအားနည်းခြင်း၊ကြွက်သားအားနည်းခြင်း၊ထုံနာကျဉ်နာခံစားရခြင်း အစရှိသည့် လက္ခဏာများ)။

  • ရုတ်တရက် အားနည်းခြင်း၊နုံးချိပြီး နေထိုင်မကောင်းခြင်း။
  • ဖျားခြင်း။
  • ချမ်းတုန်ခြင်း။
  • လည်ချောင်းနာခြင်း။
  • ပါးစပ်တွင် အနာများပေါက်ပြီး နာကျင်ခြင်း။
    • အစာမြိုချလျင် နာကျင်ခြင်း။
    • အရေပြားတွင် အနာများ ဖြစ်ခြင်း။

    အအေးမိခြင်း သို့မဟုတ် တုပ်ကွေးလက္ခဏာများ ပေါ်လာခြင်း။captopril ၏ အဖြစ်များသော ဘေးထွက်လက္ခဏာများမှာ

    ချောင်းဆိုးခြင်း။

    • တကိုယ်လုံးပူနွေးနီရဲခြင်း။
    • ခြေလက်များတွင် ထုံနာကျဉ်နာ ခံစားရခြင်း။
    • အရသာခံစားနိုင်စွမ်း မရှိတော့ခြင်း။
    • အရေပြား အနည်းငယ် ယားယံခြင်း၊အနီစက်များထွက်ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lopril (လိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Lopril (captopril) ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးဝါးများမှာ

 Aliskiren

 Everolimus

 Sirolimus

 Lithium

 losartan/valsartan အပါအဝင် ARBs များ။

drospirenone ပါဝင်သော ပဋိသန္ဓေတားဆေးများ။

 Sacubitril

 ACE inhibitor များ (ဥပမာ benazepril, fosinopril, enalapril, lisinopril, moexipril,perindopril, quinapril, ramipril, သို့မဟုတ် trandolapril)

အစားအသောက်တွေနဲ့ အရက်က Lopril (လိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Lopril (captopril) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lopril (လိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Lopril (captopril) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို

အသိပေးဖို့ အရေးကြီးပါတယ်။

အဆိုပါ ကျန်းမာရေးအခြေအနေများမှာ

  • ကျောက်ကပ်ရောဂါ (သို့မဟုတ် ကျောက်ကပ်ဆေးနေရလျှင်)။
  • အသည်းရောဂါရှိလျှင်။
  • ဆီးချိုရှိလျှင်။
  • တွယ်ဆက်တစ်ရှူးဆိုင်ရာရောဂါများ (Marfan syndrome, Sjogren’s syndrome,lupus, scleroderma, or rheumatoid arthritis အစရှိသော ရောဂါများ)။

ကိုယ်အင်္ဂါအစားထိုးခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lopril (လိုပရေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ lopril (captopril) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးတိုးရောဂါအတွက် :

ကနဦးပမာဏ : ၂၅မီလီဂရမ်ကို တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ် (ထမင်းမစားခင် တနာရီအလိုတွင်) သောက်ရမည်။

ဆက်လက်သောက်ရမည့်ဆေးပမာဏ : ဆေးပမာဏ ၅၀ မီလီဂရမ်ရောက်သည်အထိ တပတ်တခါ သို့မဟုတ် နှစ်ပတ်တခါ တိုးသွားနိုင်သည်။ အများဆုံး တနေ့သုံးကြိမ်သောက်နိုင်သည်။ အဆိုပါ ပမာဏအတိုင်း တပတ် သို့မဟုတ် နှစ်ပတ်သောက်ပြီးသည်အထိ သွေးပေါင်တက်ခြင်းကို မထိန်းချုပ်နိုင်သေးလျှင် thiazide အုပ်စုဝင် ဆီးဆေးကိုပါ ပူးတွဲသောက်ရမည် ဖြစ်ပါသည်။

(အကယ်၍ ပြင်းထန်သော ကျောက်ကပ်ရောဂါရှိပါက loop diuretic အမျိုးအစား ဆီးဆေးကို သုံးစွဲရပါမည်)။captopril ပမာဏကို ထပ်မံမတိုးမီ အဆိုပါ thiazide အုပ်စုဝင် ဆီးဆေး၏ ပမာဏကို အမြင့်ဆုံးရောက်သည်အထိ ဦးစွာ တိုးမြှင့်ရပါမည်။

အများဆုံးပေးနိုင်သော ဆေးပမာဏမှာ တနေ့လျှင် ၄၅၀ မီလီဂရမ် ဖြစ်ပါသည်။

နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းအတွက်

ကနဦးဆေးပမာဏ : ၂၅မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်သောက်နိုင်သည် (သွေးပေါင်ကျနေလျှင်၊သွေးတွင်းဆိုဒီယမ်ဓါတ်နည်းလျှင် သို့မဟုတ် သွေးပမာဏနည်းနေလျှင် ၆.၂၅ – ၁၂.၅ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်သောက်ရမည်)။

ထိန်းသိမ်းထားရန် လိုအပ်သည့် ဆေးပမာဏ : လုံလောက်သော တုံ့ပြန်မှုအာနိသင်ရရှိစေရန်အတွက် ၅၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ်ဖြင့် အနည်းဆုံး နှစ်ပတ်သောက်ရမည်။

အများဆုံးပေးနိုင်သောပမာဏ : တနေ့လျှင် ၄၅၀ မီလီဂရမ်။

ဘယ်ဖက်သွေးလွှတ်ခန်း ကောင်းစွာ အလုပ်မလုပ်ခြင်းအတွက်

ကနဦးဆေးပမာဏ : နှလုံးကြွက်သားထိခိုက်မှုခံစားရပြီး သုံးရက်အကြာတွင် ၆.၂၅မီလီဂရမ်ကို တကြိမ်သောက်ရမည်ဖြစ်ပြီး ဆက်လက်၍ ၁၂.၅မီလီဂရမ်ကို တနေ့သုံးကြိမ်သောက်ရမည်ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း ဆေးပမာဏကို ၂၅မီလီဂရမ် တနေ့လျှင်သုံးကြိမ်အထိ တိုးမြှင့်ပေးနိုင်သည်။ ထို့နောက် ရက်သတ္တပတ်အနည်းငယ်အတွင်း သတ်မှတ်ထားသော ဆေးပမာဏရောက်သည်အထိ (လူနာခံနိုင်ရည်ရှိသလောက်) တိုးမြှင့်ပေးရမည်။

လုံလောက်သော တုံ့ပြန်မှုအာနိသင်ရရှိစေရန်အတွက် ၅၀ မီလီဂရမ်ကို တနေ့လျှင် သုံးကြိမ် သောက်ရမည်။

ဆီးချိုကြောင့် ကျောက်ကပ်ပျက်ခြင်းအတွက် :

သတ်မှတ်ထားသော ဆေးပမာဏ : ၂၅မီလီဂရမ်ကို တနေ့သုံးကြိမ် သောက်ရမည်။

သွေးပေါင်အလွန်အကျွံတက်ခြင်းအတွက် :

၂၅ မီလီဂရမ်ကို တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ် ;ဤဆေးကို စသောက်ပြီဆိုလျှင် အခြားသော သွေးကျဆေးများသောက်သုံးခြင်းကို ရပ်ဆိုင်းရမည်ဖြစ်ပြီးဆီးဆေးများကို ဆက်သောက်နိုင်ပါသည်။ လိုအပ်သော သွေးပေါင်ချိန်ရောက်သည်အထိ သို့မဟုတ် အများဆုံးသော ဆေးပမာဏ ရောက်သည်အထိ ၂၄နာရီခြားတခါ (၎င်းထက်လည်း မြန်နိုင်သည်) ဆေးပမာဏကို တိုးနိုင်သည်။

ကလေးငယ်တွေမှာ lopril (captopril) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Lopril (လိုပရေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

lopril (captopril) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား ၂၅မီလီဂရမ်၊၅၀မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lopril (captopril) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။