Lomustine (လိုမက်စ်တင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Lomustine (လိုမက်စ်တင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lomustine (လိုမက်စ်တင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Lomustine ကိုများသောအားဖြထင့် ကင်ဆာရောဂါများတွင် အသုံးများပါသည်။

  • ဦးနှောက်အကြိတ်ကင်ဆာ
  • Hodgkin အကြိတ်ကင်ဆာ
  • အဆုတ်ကင်ဆာ
  • Melanoma အရေပြား ကင်ဆာ
  • အစာအိမ်ကင်ဆာ
  • ကျောက်ကပ် ကင်ဆာ
  • မျိုးဥအိမ် ကင်ဆာ
  • Non Hodgkin အကြိတ်ကင်ဆာ
  • ရိုးတွင် ချဉ်ဆီ ကင်ဆာ
  • ကပ်ပယ်အိတ် ကင်ဆာ
  • သားအိမ်ခေါင်းကင်ဆာ
  • ရင်သားကင်ဆာ

စသည့် ကင်ဆာများနှင့် အခြားသော ရောဂါများအတွက် အသုံးပြုကြပါသည်။

သင်သိလိုသော သတင်းအချက်အလက်များကို ဆရာဝန် အားမေးမြန်းပါ။

Lomustine (လိုမက်စ်တင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Lomustine ကို အစာနှင့် ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေ သောက်နိုင်ပါသည်။ အစာမရှိဘဲသောက်ခြင်းက ပျို့ခြင်း၊ အန်ခြင်းကို ဖြစ်နိုင်ချေပိုနည်းစေပါသည်။ ဆေးကို အလုံးလိုက်မြိုချပါ။ မဝါးရ၊ မချေရ။

ဆေးကို အရေပြားနှင့် အခြားသော ပစ္စည်းများနှင့် မထိအောင် လက်အိပ်ဖြင့်ကိုင်တွယ်ပါ။ အရေပြားနျင့် ထိမိပါက လည်း သန့်စင်အောင်ဆေးကြောပါ။

ဆေးကို ၆ ပတ်ကြာမှ တကြိမ်သောက်သုံးရမည်ဖြစ်ပြီး ဆေးတောင့်များကို အရောင် ၂ မျိုးနှင့် အထက် တွေ့ရှိနိုင်ပါသည်။ သင်သည် ဆေးသောက်ခြင်းနှင့် ပက်သက်သည်များကို ကောင်းစွာနားလည်သင့်သည်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Lomustine (လိုမက်စ်တင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Lomustine ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lomustine ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Lomustine ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Lomustine ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Lomustine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lomustine (လိုမက်စ်တင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Lomustine တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်
  • Lomustine ကို ပြီးခဲ့သည့် ၆ ပတ်အတွင်းသောက်ထားလျှင်
  • Lomustine သို့မဟုတ် အလားတူဆေးများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ဓါတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ ခံစားရလျှင်

(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

  • ကိုယ်ဝန်ရှိခြင်း၊ နို့တိုက်နေခြင်း၊ ကလေးယူရန်စီစဉ်နေခြင်း များရှိလျှင်

အောက်ပါအကြောင်းအရာများသည် သင် သတိပြုသင့်သော အရေးကြီးသည့်အချက်များဖြစ်ပါသည်။

  • lomustine ကို ဆရာဝန်ညွှန်ကြားထားသော ပမာဏထက်ပိုသောက်ခြင်း၊ သင့်ဆရာဝန်ညွှန်ကြားချက်မပါဘဲ ၆ လအတွင်း အကြိမ်ပိုသောက်ခြင်းများ မပြုလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် သင့်ကို ရိုးတွင်းချဉ်ဆီနှင့် ပတ်သက်သည့် သေစေလောက်သော ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။
  • lomustine သည် ပျို့ခြင်း၊ အန်ခြင်း၊ ခံတွင်းပျက်ခြင်းတို့ အများဆုံးဖြစ်စေနိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ဆရာဝန် အားမေးမြန်းပါ။ များသောအားဖြင့် ပျို့ခြင်း၊ အန်ခြင်းများသည် ၂၄ နာရီအတွင်းပျောက်သွားတတ်ကြသည်။ သို့သော် ခံတွင်းပျက်ခြင်းသည် ရက်အတော်ကြာအထိဖြစ်နေတတ်သည်။
  • lomustine သည် သင့်ကိုယ်ခန္ဓါတွင် ရောဂါပိုးများကို တိုက်ဖျက်နိုင်စွမ်းများကို လျော့နည်းစေသည်။ ထို့ကြောင့် ထိုဆေးသောက်ထားလျှင် အအေးမိနေသူများ၊ ရောဂါဖြစ်နေသူများနှင့် ဝေးဝေးရှောင်ပါ။ သင့်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနီစက်များထွက်ခြင်း၊ ချမ်းတုန်ခြင်းများရှိပါက သင့်ဆရာဝန်အားပြောပြပါ။
  • lomustine သည် သွေးမွှားဥ အရေအတွက် ကို လျော့ကျစေသည့်အတွက် သင့်ကို အနာတရဖြစ်လွယ်စေခြင်း၊ သွေးခြေဥစေခြင်းများဖြစ်စေပါသည်။ ထို့ကြောင့် ဆေးသောက်နေရင်း သွေးခြေဥခြင်း၊သွေးထွက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းမဲမဲသွားခြင်းများရှိပါက သင့်ဆရာဝန်အားပြောပါ။
  • lomustine သောက်နေစဉ် ကာကွယ်ဆေးများထိုးမည်ဆိုပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။ သိလိုသည်များကို ဆွေးနွေးမေးမြန်းပါ။
  • lomustine သည် အဆုတ်ကိုဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဆေးသောက်နေရင်း အသက်ရှုကျပ်ခြင်း၊ ချောင်းဆိုးခြင်းများဆိုးရွားစွာ ဖြစ်ပေါ်လာပါက သင့်ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။
  • lomustine သောက်နေစဉ်နှင့် ဆေးသောက်ပြီး ၆ ပတ်အကြာအထိ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့်သွေးစစ်ခြင်း စသည့် လိုအပ်သော ဓါတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်မှသာ ဆေးနှင့် ပတ်သက်သည့် ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကို ဆရာဝန်က ချိန်ဆနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဆေးခန်းကို ရက်ချိန်းမှန်မှန်ပြပြီး လိုအပ်သော ဓါတ်ခွဲစစ်ဆေးမှုများကို ခံယူပါ။
  • ကလေးများတွင် lomustine ကို သတိနှင့် သောက်သုံးရန်လိုအပ်သည်။ ထိုဆေးသည် ကလေးများတွင် အာနိသင်ပိုပြင်းပြီး အထူးသဖြင့် အဆုတ်အသားများကျုံ့ခြင်းကို ဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lomustine (လိုမက်စ်တင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

(ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Lomustine (လိုမက်စ်တင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးတွင် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း လူအားလုံးသည် ထိုဆိုးကျိုးများကို ခံစားရချင်မှ ခံစားရမည်ဖြစ်သည်။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ

  • ဆံပင်ကျွတ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း တို့ဖြစ်ပြီး ထိုသို့ ကြာရှည်စွာ ခံစားနေရပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • စိတ်အာရုံ ရှုပ်ထွေးခြင်း၊
  • ကယောင်ကတမ်းဖြစ်ခြင်း
  • ချမ်းတုန်ဖျားခြင်း၊ လည်ချောင်းနာ မပျောက်ခြင်း
  • စကားလေးခြင်း
  • ခြေထောက်အောက်ပိုင်းရောင်ရမ်းခြင်း
  • အသည်းရောဂါ လက္ခဏာများဖြစ်ခြင်း (ဆီးမဲမဲသွားခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ညာဘက်ဗိုက်အောင့်ခြင်း၊ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ မောပန်းခြင်း၊ အရေပြားနှင့် မျက်လုံးများဝါခြင်း)
  • စကားကောင်းစွာ ပြောမထွက်ခြင်း
  • သွေးထွက်လွယ်ခြင်၊ သွေးခြေဥခြင်း
  • ပုံမှန်ထက်ပိုပြီး မောပန်းခြင်း၊ အားနည်းခြင်း
  • မျက်လုံးကွယ်ခြင်း၊ မျက်လုံးအမြင်အာရုံများ မကောင်းတော့ခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lomustine (လိုမက်စ်တင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lomustine ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Lomustine (လိုမက်စ်တင်း) နဲ့ ဓါတ်ပြုနိုင်သလား

Lomustine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lomustine (လိုမက်စ်တင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Lomustine ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့် သင့်မှာ

  • ရိုးတွင်း ချဉ်ဆီရောဂါ၊ ကျောက်ကပ်၊ နှလုံး အသည်း ၊ အဆုတ် ရောဂါများရှိလျှင်
  • ဘက်တီးရီးယား၊ မှိုရောဂါ နှင့် ဗိုင်းရပ်စ်ပိုးဝင်ရောဂါများရှိလျှင် (ဥပမာ- ရေကျောက်ပေါက်ခြင်း၊ ခါးပတ်ရေယုန်ဖြစ်ခြင်း)
  • ဓါတ်ရောင်ခြည်နှင့် ကုသမှုများ ခံယူနေလျှင်သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lomustine (လိုမက်စ်တင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • lomustine ကို သတ်မှတ်ထားသော ပမာဏမှာ ယခင်က ကုသမှုမခံယူဖူးသောသူများတွင် lomustine 1 30 mg /m2 ကို ၆ ပတ်လျှင် တကြိမ်သောက်သုံးရမည်ဖြစ်သည်။
  • ရိုးတွင်းချဉ်ဆီ မကောင်းသောသူများတွင်မူ lomustine 100 mg /m2 ကို ၆ ပတ်လျှင် တကြိမ်သောက်သုံးရမည်ဖြစ်သည်။
  • lomustine ကို အခြားသော ရိုးတွင်းချဉ်ဆီဆေးများနှင့် တွဲပေးနိုင်ပြီး ဆေးပမာဏကို ဆရာဝန်က သင့်တော်သလို ညှိပေးပါလိမ့်မည်။ ဆေးညွှန်ကြားသူသည် ဆေးပမာဏ 10 mg ခန့်ကို အတိုးအလျှော့လုပ်နိုင်ပါသည်။

ကလေးတွေအတွက် Lomustine (လိုမက်စ်တင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • lomustine ကို သတ်မှတ်ထားသော ပမာဏမှာ ယခင်က ကုသမှုမခံယူဖူးသောသူများတွင် lomustine 1 30 mg /m2 ကို ၆ ပတ်လျှင် တကြိမ်သောက်သုံးရမည်ဖြစ်သည်။
  • ရိုးတွင်းချဉ်ဆီ မကောင်းသောသူများတွင်မူ lomustine 100 mg /m2 ကို ၆ ပတ်လျှင် တကြိမ်သောက်သုံးရမည်ဖြစ်သည်။
  • lomustine ကို အခြားသော ရိုးတွင်းချဉ်ဆီဆေးများနှင့် တွဲပေးနိုင်ပြီး ဆေးပမာဏကို ဆရာဝန်က သင့်တော်သလို ညှိပေးပါလိမ့်မည်။ ဆေးညွှန်ကြားသူသည် ဆေးပမာဏ 10 mg ခန့်ကို အတိုးအလျှော့လုပ်နိုင်ပါသည်။

Lomustine (လိုမက်စ်တင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Lomustine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် ရရှိနိုင်ပါတယ်။

  • 100 mg ဆေးတောင့်
  • 40 mg ဆေးတောင့်
  • 10 mg ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lomustine ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 13, 2017