Generic Name: Lomexin (လိုမီဇင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lomexin (လိုမီဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Candida albicans သို့မဟုတ် အခြားသော yeasts မှို၊ fungi မှိုစွဲခြင်းကြောင့် မိန်းမကိုယ် (ယောနိ) ရောင်ရမ်းခြင်းအတွက် Lomexin® (Fenticonazole nitrate) ကို အများဆုံးအသုံးပြုကြသည်။

Lomexin (လိုမီဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

မိန်းမကိုယ်တွင်းထည့်ဆေးတောင့် :

ညအိပ်ယာဝင်ချိန်တွင် ဆေးတောင့်တတောင့်ကို မိန်းမကိုယ်ထဲ အသာအယာ ထည့်ပေးရမည်။သင့်လက်ချောင်းကို အသုံးပြုပြီး ဆေးတောင့်ကို အထဲဝင်နိုင်သမျှ ဝင်အောင်ထည့်ပါ။တညတည်းသာ ထည့်ရန်လိုသလား သို့မဟုတ် သုံးညဆက်တိုက်ထည့်ရန်လိုသလား ဆိုသည်ကို သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။အဆိုပါဆေးတောင့်များသည် မိန်းမကိုယ်ထဲ ထည့်ရန်သာဖြစ်ပြီး မြိုမချရပါ။

ခရင်မ်ပုံစံ :

ခရင်မ်ကို တနေ့နှစ်ကြိမ်နှုန်းဖြင့် (မနက်တခါ ညနေတခါ) သုံးရက်တိတိ လိမ်းရမည် ဖြစ်ပါသည်။ဆေးဗူးနှင့်အတူတကွ ပါဝင်လာသော ဆေးထည့်ကိရိယာလေးကို အသုံးပြုပြီး ခရင်မ်၅ဂရမ်ခန့်ကို မိန်းမကိုယ်ထဲသို့ တတ်နိုင်သမျှ မြင့်မြင့်ရောက်အောင် လိမ်းပါ။

ဦးစွာ ဆေးထည့်ကိရိယာလေးကို ဆေးဗူးပြွန်နှင့် ဆက်ပါ။ထို့နောက် ဆေးထည့်ကိရိယာလေးထဲ ပြည့်သွားသည်အထိ ခရင်မ်ကို ညှစ်ထည့်ပါ။ပြီးလျှင် ဆေးထည့်ကိရိယာကို ဆေးဗူးပြွန်မှ ဖယ်ရှားပြီး ကိရိယာ၏ ခရင်မ်နှင့်ပြည့်နေသော အစွန်းဖက်ကို ယောနိထဲသို့ တတ်နိုင်သမျှ မြင့်မြင့်ထည့်သွင်းပါ(သင့်အနေဖြင့် အဆင်ပြေသည့် နေရာအထိ)။

ထို့နောက် ခရင်မ်များ ယောနိထဲဝင်သွားစေရန် ခလုတ်လေးကို ဖိချလိုက်ပါ။ခရင်မ်များအားလုံး ဝင်သွားပြီးလျှင် ဆေးထည့်ကိရိယာလေးကို ယောနိအတွင်းမှ ထုတ်ယူပြီး ရေနွေးနှင့်ဆပ်ပြာတို့ကို အသုံးပြုကာ ပြောင်စင်အောင် ဆေးကြောထားခြင်းအားဖြင့် နောက်တကြိမ်ဆေးထည့်ရန် အဆင်သင့် ဖြစ်နေစေမည်။

Lomexin (လိုမီဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

PasteTextHere

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Lomexin® (Fenticonazole nitrate) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lomexin® (Fenticonazole nitrate) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Lomexin® (Fenticonazole nitrate) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Lomexin® (Fenticonazole nitrate) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

Lomexin® (Fenticonazole nitrate) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lomexin (လိုမီဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆေးမသောက်ခင် ဆရာဝန်အား ကြိုတင်အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင်။
  • အသက် ၁၈နှစ်အောက်ဖြစ်လျှင်။
  • အခြားသော ဆေးဝါးများ သုံးစွဲနေလျှင် (ဆရာဝန်ဆေးစာမပါဘဲ ဝယ်ယူ၍ရသော ဖြည့်စွက်အားဆေးများ၊သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ၊တိုင်းရင်းဆေးများ စသည်တို့ပါဝင်သည်)။

ဆေးတမျိုးမျိုးနှင့် ဓာတ်မတည့်ခြင်းများ ရှိလျှင်။

ထို့အပြင် အောက်ပါအချက်များကိုလည်း သတိပြုရပါမည်။

သင့်အိမ်ထောင်ဖက်/လိင်ဆက်ဆံဖော်တွင် မှိုရောဂါ၏ လက္ခဏာများ (လိင်အင်္ဂါတွင် နီရဲနာကျင်နေခြင်း၊လိင်တံထိပ်နားတွင် တင်းကြပ်နေခြင်း သို့မဟုတ် အနံ့မရှိသော အဖြူရောင် အရည်များ လိင်တံထဲမှ ထွက်လာခြင်း)ပေါ်ပေါက်လာလျှင်

  • သင့်အိမ်ထောင်ဖက်ကိုပါ ခရင်မ အသုံးပြု၍ တပါတည်း ကုသရန်အရေးကြီးပါသည်။သို့မှသာ နောက်တကြိမ် ရောဂါထပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။အသေးစိတ်သိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ယားယံခြင်း သို့မဟုတ် အဖြူဆင်းခြင်းများ သက်သာသွားပြီး ပိုးမွှားကူးစက်ခြင်း ပျောက်ကင်းသွားပြီဟု သင့်အနေဖြင့် ထင်မြင်ယူဆသည့်တိုင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်သည်အထိ အပြည့်အဝသောက်ရန် အထူးအရေးကြီးပါသည်။သို့မှသာ ကူးစက်ပိုးမွှားများ ကျိန်းသေ ပပျောက်သွားပြီး နောက်တကြိမ် ထပ်ဖြစ်နိုင်ချေကို လျော့နည်းစေမည် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lomexin (လိုမီဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

  • သင့်အိမ်ထောင်ဖက်ကိုပါ ခရင်မ အသုံးပြု၍ တပါတည်း ကုသရန်အရေးကြီးပါသည်။သို့မှသာ နောက်တကြိမ် ရောဂါထပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။အသေးစိတ်သိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ယားယံခြင်း သို့မဟုတ် အဖြူဆင်းခြင်းများ သက်သာသွားပြီး ပိုးမွှားကူးစက်ခြင်း ပျောက်ကင်းသွားပြီဟု သင့်အနေဖြင့် ထင်မြင်ယူဆသည့်တိုင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်သည်အထိ အပြည့်အဝသောက်ရန် အထူးအရေးကြီးပါသည်။သို့မှသာ ကူးစက်ပိုးမွှားများ ကျိန်းသေ ပပျောက်သွားပြီး နောက်တကြိမ် ထပ်ဖြစ်နိုင်ချေကို လျော့နည်းစေမည် ဖြစ်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Lomexin (လိုမီဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတောင့်ထည့်သွင်းပြီးနောက် သို့မဟုတ် ခရင်မ်လိမ်းပြီးနောက် ယောနိထဲတွင် အနည်းငယ်ပူနေသလို ခံစားရမည်ဖြစ်သော်လည်း ချက်ချင်းသက်သာသွားမည် ဖြစ်ပါသည်။ထို့အပြင် ဆေးကို ကာလကြာရှည်အသုံးပြုပါက ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lomexin (လိုမီဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Lomexin® (Fenticonazole nitrate) ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Clotrimazole ဆေးနှင့် ဆေးဝါးဓာတ်ပြုနိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Lomexin (လိုမီဇင်း) နဲ့ ဓာတ်ပြုနိုင်သလား

Lomexin® (Fenticonazole nitrate) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lomexin (လိုမီဇင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Lomexin® (Fenticonazole nitrate) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lomexin (လိုမီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေမှာ  Lomexin® (Fenticonazole nitrate) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ညအိပ်ယာဝင်ချိန်တွင် ၂၀၀မီလီဂရမ် ပမာဏဖြင့် သုံးညဆက်တိုက် သို့မဟုတ် ညအိပ်ယာဝင်ချိန်တွင် ၆၀၀မီလီဂရမ် ပမာဏဖြင့် တညတည်း သုံးစွဲနိုင်သည်။

ကလေးတွေအတွက် Lomexin (လိုမီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ

စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Lomexin (လိုမီဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Lomexin® (Fenticonazole nitrate) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ခရင်မ် ၃၀ဂရမ် (Lomexin® 2%) နှင့် မိန်းမကိုယ်တွင်းထည့်ဆေးတောင့် ၁၀၀၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lomexin® (Fenticonazole nitrate) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ