Generic Name: Lithium (လစ်သီယမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lithium (လစ်သီယမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lithium သည် ခန္တာကိုယ်အတွင်းရှိ အာရုံကြောနှင့် ကြွက်သားဆဲလ်များတွင် ဆိုဒီယမ်ဖြတ်သန်းသွားမှုကို အကျိုးသက်ရောက်စေသည်။ ဆိုဒီယမ်သည် စိတ်လှုပ်ရှားတက်ကြွမှုအပေါ် အကျိုးသက်ရောက်စေသည်။ lithium ကို စိတ်အတက်အကျမြန်ရောဂါထခြင်းကို ကုသရန် အသုံးပြုပါသည်။ရောဂါလက္ခဏာများမှာ အလွန်တက်ကြွခြင်း၊ စကားကို ဒရောသောပါးပြောခြင်း၊ ချင့်ချိန်ဆင်ခြင်နိုင်စွမ်းအားနည်းခြင်း၊အိပ်စက်ချိန်အနည်းငယ်သာလိုခြင်း၊စိတ်တိုစိတ်ဆတ်ရန်လိုဒေါသထွက်ခြင်း တို့ဖြစ်ကြပါသည်။ ၎င်းသည် စိတ်အတက်အကျမြန်ရောဂါထခြင်းကို ကာကွယ်ပေးနိုင်သလို ရောဂါ၏ပြင်းထန်မှုကိုလည်း လျော့ပါးစေပါသည်။

အထက်ပါ စာရင်းတွင် မပါသော ရည်ရွယ်ချက်များအတွက်လည်း lithium ကို အသုံးပြုကြပါသေးသည်။

Lithium (လစ်သီယမ်) ဘယ်လိုသောက်သုံးသင့်သလဲ

lithium ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျသောက်ပါ။ ညွှန်ကြားထားသည်ထက် ပမာဏ ပိုသောက်ခြင်း သို့မဟုတ် အချိန်ကာလ ပိုသောက်ခြင်းမျိုး မပြုလုပ်ရပါ။ဆေးညွှန်းအတိုင်း လိုက်နာပါ။ lithium ၏ အာနိသင်အပြည့်အဝ ရရှိရန် သင့်ဆရာဝန်အနေဖြင့် ဆေးပမာဏကို အခါအားလျော်စွာ ပြောင်းလဲပါလိမ့်မည်။ကြာရှည်စွာ အာနိသင်ပြသော lithium ဆေးပြားသည် ခန္တာကိုယ်ထဲတွင် ဆေးများ ဖြည်းညင်းစွာ ထွက်လာပြီး ဆေးစွမ်းပြရန် ရည်ရွယ်ထားခြင်းဖြစ်သဖြင့်အဆိုပါဆေးပြားများကို ဝါးစားခြင်း၊ချိုးခြင်း၊ခြေပစ်ခြင်းများ မပြုလုပ်ဘဲ တပြားလုံး မြိုချရပါမည်။ဆေးပြားကို ချိုးလိုက်ခြင်းအားဖြင့် ဆေးများ တကြိမ်တည်းနှင့် ပမာဏများပြားစွာ ထွက်လာမည်ဖြစ်ပါသည်။
ဆေးရည်အသုံးပြုပါက ဆေးပမာဏကို မတိုင်းတာမီ ဆေးပုလင်းကို ကောင်းစွာလှုပ်ပါ။။ဆေးနှင့်အတူပါလာသည့် ဇွန်းသို့မဟုတ် ခွက်ကို အသုံးပြုပြီး ဆေးပမာဏကို တိုင်းတာပါ(အိမ်သုံးဇွန်းကို မသုံးရပါ)။ တိုင်းတာရန် ပစ္စည်းမရှိပါက ဆေးဆိုင်တွင် တောင်းယူပါ။
lithium သည် သင့်အားရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေမည် (အထူးသဖြင့် အန်ခြင်း၊ဝမ်းလျှောခြင်း၊နေပူထဲတွင် သွားလာရခြင်း၊ကိုယ်လက်လှုပ်ရှားမှုပြင်းထန်စွာလုပ်ခြင်း သို့မဟုတ် ပုံမှန်ထက်ချွေးပိုထွက်ခြင်း စသည့် အခြေအနေများတွင် ဖြစ်ပါသည်)။ရေဓာတ်ဆုံးရှုံးခြင်းသည် lithium ၏ဘေးထွက်ဆိုးကျိုးများကို ပိုလာစေမည်။lithium ကြောင့် ဆိုးရွားသော ဘေးထွက်ပြဿနာများ ဖြစ်မဖြစ်သိရှိနိုင်စေရန် သင်၏ကျောက်ကပ်ကို ပုံမှန်စစ်ဆေးရန်လိုအပ်သဖြင့် သင်၏ဆရာဝန် ချိန်းဆိုသော ရက်ချိန်းများကို မပျက်မကွက် ပုံမှန်သွားရောက်ရန် လိုအပ်ပါသည်။
အကယ်၍ သင့်အနေဖြင့် ခွဲစိတ်ကုသမှု ခံယူရန်ရှိပါက lithium သုံးစွဲနေကြောင်း ဆရာဝန်ကို ပြောပြပါ။

Lithium (လစ်သီယမ်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Lithium ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lithium ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Lithium ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Lithium ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Lithium ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lithium (လစ်သီယမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

lithium ကို မသောက်သုံးမီ
• lithium သို့မဟုတ် အခြားဆေးများနှင့် ဓာတ်မတည့်ခြင်းများရှိပါက ဆရာဝန်ကို ကြိုပြောပါ။
• ဆီးဆေးများ သောက်နေရပါက ဆရာဝန်ကို ကြိုပြောပါ။ဆီးဆေးများ သောက်နေရပါက သင့်ဆရာဝန်အနေဖြင့် သင့်အား lithium ဆေးကို မသုံးစွဲရန် ပြောပါလိမ့်မည် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက် စောင့်ကြည့်ပါလိမ့်မည်။
• သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။အောက်ပါ ဆေးများကို သုံးစွဲနေပါက ဆရာဝန်ကို မမေ့မလျော့ ပြောပြပါ။
• acetazolamide (diamox); aminophylline;
• angiotensin-converting enzyme (ace) inhibitors such as benazepril (lotensin), captopril
• (capoten), enalapril (vasotec), fosinopril, lisinopril (prinivil, zestril), moexipril
• (univasc), perindopril (aceon), quinapril (accupril), ramipril (altace), and trandolapril
• (mavik); angiotensin ii receptor antagonists such as candesartan (atacand), eprosartan
• (teveten), irbesartan (avapro), losartan (cozaar), olmesartan (benicar), telmisartan
• (micardis); and valsartan (diovan); antacids such as sodium bicarbonate; caffeine
• (found in certain medications to treat drowsiness and headaches); calcium channel
• blockers such as amlodipine (norvasc), diltiazem (cardizem, dilacor, tiazac, others),
• felodipine (plendil), isradipine (dynacirc), nicardipine (cardene), nifedipine (adalat,
• procardia), nimodipine (nymalize), nisoldipine (sular), and verapamil (calan, covera,

• verelan); carbamazepine (tegretol); medications for mental illness such as haloperidol
• (haldol); methyldopa (aldomet); metronidazole (flagyl); nonsteroidal anti-
• inflammatory drugs (nsaids) such as celecoxib (celebrex), indomethacin (indocin), and
• piroxicam (feldene); potassium iodide; selective serotonin reuptake inhibitors (ssris)
• such as citalopram (celexa), duloxetine (cymbalta), escitalopram (lexapro), fluoxetine
• (prozac, sarafem), fluvoxamine (luvox), paroxetine (paxil), and sertraline (zoloft); and
• theophylline (theolair, theochron).

သို့မှသာ သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက်စောင့်ကြည့်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
• နှလုံး သို့မဟုတ် ကျောက်ကပ်ရောဂါများ ရှိပါက ဆရာဝန်ကို ကြိုပြောပါ။ထို့အပြင် ဆေးသုံးစွဲရင်းပြင်းထန်စွာ ဝမ်းလျှောခြင်း၊ချွေးအလွန်ထွက်ခြင်း သို့မဟုတ် အဖျားတက်ခြင်းများရှိပါက ဆရာဝန်ကို အသိပေးပါ။သင့်ဆရာဝန်အနေဖြင့် သင့်အား lithium ဆေးကို မသုံးစွဲရန် ပြောပါလိမ့်မည် သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက် စောင့်ကြည့်ပါလိမ့်မည်။
• သင့်တွင် organic brain syndrome (ဦးနှောက်အလုပ်လုပ်ခြင်းကို ထိခိုက်စေမည့် အခြေအနေတခု) ရှိပါက သို့မဟုတ် သိုင်းရွိုက်ဂလင်းရောဂါရှိပါက သို့မဟုတ် သင်သည် အကြောင်းထူးထူးထွေထွေ မရှိဘဲ သတိလစ်ဖူးပါက ဆရာဝန်ကို ပြောပြပါ။ထို့အပြင် သင် သို့မဟုတ် သင့်မိသားစုဝင်များတွင် brugada syndrome (နှလုံးစည်းချက်မမှန်ခြင်းကို ဖြစ်စေသော အသက်အန္တရာယ်ရှိသည့် အခြေအနေတခု) ရှိပါက သို့မဟုတ် သင့်မိသားစုဝင် တဦးဦးအနေဖြင့် ထူးထူးခြားခြားမည်သည့် ရောဂါမှမရှိဘဲ အသက် ၄၅နှစ်မတိုင်ခင် ဆုံးပါးသွားခြင်းများရှိပါက ဆရာဝန်ကို ပြောပြပါ။
• ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုပြောပါ။lithium သည် သန္ဓေသားကို ထိခိုက်စေပါသည်။
• သွားနှုတ်ခြင်းအပါအဝင် အခြားသော ခွဲစိတ်ကုသမှုများ ခံယူရန်ရှိပါက lithium သောက်သုံးလျက်ရှိကြောင်း ဆရာဝန်ကို ကြိုပြောပါ။
• lithium သည် ငိုက်မျဉ်းစေသဖြင့် ဆေး၏ အကျိုးသက်ရောက်မှုကို သေချာစွာ မသိရှိသေးလျှင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာအကြီးစားများ မောင်းနှင်ကိုင်တွယ်ခြင်း မပြုလုပ်ပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lithium (လစ်သီယမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Lithium (လစ်သီယမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက lithium သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
• ရေအလွန်ငတ်ခြင်း၊ ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမသွားတော့ခြင်း။
• အားနည်းခြင်း၊ဖျားခြင်း၊ဂဏှာမငြိမ်ဖြစ်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊မျက်စိအောင့်ခြင်း၊အမြင်အာရုံဆိုင်ရာ ပြဿနာများ။
• မျက်လုံး၊လျှာ၊မေးရိုး နှင့် လည်ပင်းရှိကြွက်သားများ အကြောဆွဲခြင်း။
• ခြေချောင်း၊လက်ချောင်းလေးများတွင် နာကျင်ခြင်း၊အေးစက်ခြင်း သို့မဟုတ် အရောင်မည်းခြင်း။
• မေ့လဲသွားတော့မယောင်မူးဝေခြင်း၊သတိလစ်ခြင်း၊နှလုံးခုန်နှေးခြင်း။
• ထင်ယောင်ထင်မှားဖြစ်ခြင်း၊တက်ခြင်း။
• ဖျားခြင်း၊ကြွက်သားများ တောင့်တင်းခြင်း၊ချွေးထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း သို့မဟုတ် မမှန်ခြင်း။
• lithium အဆိပ်သင့်ခြင်း၏ ကနဦးလက္ခဏာများ —-> ပျို့အန်ဝမ်းလျှောခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊ကြွက်သားများ အားနည်းခြင်း၊ခြေလက်များ တုန်ခြင်း၊ခန္တာကိုယ် အစိတ်အပိုင်းများ ဟန်ချက်ညီညီအလုပ်လုပ်နိုင်စွမ်း မရှိတော့ခြင်း၊အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် နားထဲတွင် အသံစူးစူးများ ကြားနေရခြင်း။
သာမန်ဘေးထွက်လက္ခဏာများမှာ
• ခြေလက်များ အနည်းငယ်တုန်ခြင်း၊အားနည်းခြင်း၊ခန္တာကိုယ် အစိတ်အပိုင်းများ ဟန်ချက်ညီညီအလုပ်လုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အနည်းငယ်ပျို့ခြင်း၊အန်ခြင်း၊အစားအသောက်ပျက်ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ဆံပင်များ ပါးသွားခြင်း၊ခြောက်ခြင်း သို့မဟုတ် အရေပြားယားခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lithium (လစ်သီယမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Lithium ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့်

• Acetazolamide (Diamox);
• Aminophylline (Truphylline) or theophylline (Elixophyllin, Respbid, Theo-Bid, Theo-
• Dur, Uniphyl);
• Sodium bicarbonate (Alka-Seltzer, Bicitra, Polycitra, or baking soda home remedy
• antacid);
• Carbamazepine (Carbatrol, Tegretol);
• Fluoxetine (Prozac);
• Metronidazole (Flagyl);
• Potassium iodide thyroid lithium (Pima);
• An ACE inhibitor such as benazepril (Lotensin), captopril (Capoten), fosinopril
• (Monopril), enalapril (Vasotec), lisinopril (Prinivil, Zestril), moexipril (Univasc),
• perindopril (Aceon), quinapril (Accupril), ramipril (Altace), or trandolapril (Mavik);
• A calcium channel blocker such as diltiazem (Tiazac, Cartia, Cardizem) or verapamil
• (Calan, Covera, Isoptin, Verelan);
• ဆီးဆေးများ —-> amiloride (Midamor, Moduretic), bumetanide (Bumex),
• chlorthalidone (Hygroton, Thalitone), ethacrynic acid (Edecrin), furosemide (Lasix),
• hydrochlorothiazide (HCTZ, hydrodiuril, Hyzaar, Vasoretic,Zestoretic), indapamide
• (Lozol), metolazone (Mykrox, Zaroxolyn), spironolactone (Aldactazide, Aldactone),
• triamterene (Dyrenium, Maxzide, Dyazide), torsemide (Demadex), and others;
• စိတ်ဝေဒနာများအတွက် အသုံးပြုသော ဆေးများ —-> haloperidol (Haldol), aripiprazole
• (Abilify), chlorpromazine (Thorazine), clozapine (Clozaril, Fazaclo), olanzapine
• (Zyprexa), quetiapine (Seroquel), pimozide (Orap), risperidone (Risperdal), or
• ziprasidone (Geodon); or
• Celecoxib (Celebrex) or an NSAID (non-steroidal anti-inflammatory drugs) such as
• ibuprofen (Motrin, Advil), naproxen (Aleve, Naprosyn), diclofenac (Voltaren), diflunisal
• (Dolobid), etodolac (Lodine), flurbiprofen (Ansaid), indomethacin (Indocin), ketoprofen
• (Orudis), ketorolac (Toradol), mefenamic acid (Ponstel), meloxicam (Mobic),
• nabumetone (Relafen), piroxicam (Feldene)

အစားအသောက်တွေနဲ့ အရက်က Lithium (လစ်သီယမ်) နဲ့ ဓာတ်ပြုနိုင်သလား

Lithium က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lithium (လစ်သီယမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Lithium ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• သင့်တွင် သို့မဟုတ် သင့်မိသားစုတွင် Brugada syndrome ရောဂါရှိခြင်း။
• ဆီးအသွားနည်းခြင်း။
• ကာလကြာရှည် ဝမ်းလျှောခြင်း။
• ပြင်းထန်စွာ ပိုးဝင်ပြီး ဖျားခြင်း။
• ကျောက်ကပ်ရောဂါ။
• ကြာရှည်စွာ ချွေးထွက်ခြင်း။
• ကြာရှည်စွာ အန်ခြင်း —-> ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။
• နှလုံး သို့မဟုတ် သွေးကြောရောဂါများ။
• သွေးတွင်း ဆိုဒီယမ်ဓာတ်များခြင်း။
• ပြင်းထန်သော ကျောက်ကပ်ရောဂါ။
• ကြွက်သားများ အလွန်အားနည်းခြင်း။
• ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း —-> အဆိုပါ လူနာများတွင် အသုံးမပြုသင့်ပါ။
• Encephalopathic syndrome (ဦးနှောက်ရောဂါတမျိုး)။
• လည်ပင်းကြီးခြင်း သို့မဟုတ် သိုင်းရွိုက်ပြဿနာများ။
• အာရုံကြောဆိုင်ရာ ပြဿနာများ —> အခြေအနေကို ပိုဆိုးစေသဖြင့် သတိထားသုံးပါ။
• ကျောက်ကပ်ရောဂါ —–> သတိဖြင့်အသုံးပြုပါ။ခန္တာကိုယ်ထဲမှ ဆေးစွန့်ပစ်မှုကို နှေးစေသဖြင့် ဆေး၏အာနိသင်မှာ ခန့်မှန်းထားသည်ထက် များလာနိုင်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lithium (လစ်သီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Mania စိတ္တဇ ရောဂါအတွက်
• ဆေးပမာဏ : တနေ့လျှင် ၁၈၀၀ မီလီဂရမ်။
• ကြာရှည်စွာ အာနိသင်ပြသော ဆေးပမာဏ : ၉၀၀ မီလီဂရမ်ကို မနက်တကြိမ် ၊ညတကြိမ်စီ သို့မဟုတ် ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ပုံမှန်ဆေးပမာဏ : ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ဆက်လက်ပေးရမည့် ဆေးပမာဏ :တနေ့လျှင် ၉၀၀ – ၁၂၀၀ မီလီဂရမ်။
• ကြာရှည်စွာ အာနိသင်ပြသော ဆေးပမာဏ : ၄၅၀ မီလီဂရမ်ကို မနက်တကြိမ် ၊ညတကြိမ်စီ သို့မဟုတ် ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ပုံမှန်ဆေး ပမာဏ : ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သို့မဟုတ် တနေ့လေးကြိမ် သောက်နိုင်သည်။

စိတ်အတက်အကျမြန် ရောဂါအတွက်
• ဆေးပမာဏ : တနေ့လျှင် ၁၈၀၀ မီလီဂရမ်။
• ကြာရှည်စွာ အာနိသင်ပြသော ဆေးပမာဏ : ၉၀၀ မီလီဂရမ်ကို မနက်တကြိမ် ၊ညတကြိမ်စီ သို့မဟုတ် ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ပုံမှန်ဆေးပမာဏ : ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ဆက်လက်ပေးရမည့် ဆေးပမာဏ :တနေ့လျှင် ၉၀၀ – ၁၂၀၀ မီလီဂရမ်။
• ကြာရှည်စွာ အာနိသင်ပြသော ဆေးပမာဏ : ၄၅၀ မီလီဂရမ်ကို မနက်တကြိမ် ၊ညတကြိမ်စီ သို့မဟုတ် ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သောက်နိုင်သည်။
• ပုံမှန်ဆေး ပမာဏ : ၆၀၀ မီလီဂရမ်ကို မနက်၊နေ့လည်၊ည တကြိမ်စီ သို့မဟုတ် တနေ့လေးကြိမ် သောက်နိုင်သည်။

ကလေးတွေအတွက် Lithium (လစ်သီယမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Mania စိတ္တဇ ရောဂါအတွက်
-အသက် ၆နှစ် မှ ၁၂နှစ် အထိ :15 – 60 mg/kg/day ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်ခွဲပေးနိုင်သည်။

စိတ်အတက်အကျမြန် ရောဂါအတွက်
-အသက် ၆နှစ် မှ ၁၂နှစ် အထိ :15 – 60 mg/kg/day ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်ခွဲပေးနိုင်သည်။

Lithium (လစ်သီယမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Lithium ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား : ၃၀၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Lithium ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ