Lipofundin (လိုင်ပိုဖန်ဒင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Lipofundin (လိုင်ပိုဖန်ဒင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Lipofundin (လိုင်ပိုဖန်ဒင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lipofundin® ကို အဓိက fatty acids တွေအပါအဝင် အဆီတွေကို အစာမစားနိုင်တဲ့ (သို့) ပုံမှန်စားသောက်ခြင်းနဲ့ မလုံလောက်တဲ့ လူနာတွေကို ပေးဖို့အတွက် အသုံးပြုပါတယ်။ Lipofundin® မှာ ပါဝင်တဲ့အဆီတွေဟာ essential fatty acids တွေဖြစ်ပြီး သူတို့ဟာ မရှိမဖြစ်တဲ့ အာဟာရနဲ့ စွမ်းအင်တွေကို ပေးစွမ်းတဲ့ အရာတွေဖြစ်ပါတယ်။

Lipofundin (လိုင်ပိုဖန်ဒင်) ဘယ်လိုသောက်သုံးသင့်သလဲ

Lipofundin® ကို သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ Lipofundin® infusions တွေကို တစ်မျိုးတည်းမပေးပဲ amino acid ပမာဏ လုံလောက်စွာနဲ့ carbohydrate infusions တွေနဲ့ တွဲပြီး ပေးလေ့ရှိပါတယ်။

Lipofundin (လိုင်ပိုဖန်ဒင်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Lipofundin® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lipofundin® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Lipofundin® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Lipofundin® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Lipofundin® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Lipofundin (လိုင်ပိုဖန်ဒင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

တကယ်လို့ အောက်ပါအချက်တွေ ရှိတယ်ဆိုရင် Lipofundin® ကို အသုံးမပြုပါနဲ့။

  • ကြက်ဥ (သို့) soya-bean မှာ ပါတဲ့ပရိုတင်း (သို့) emulsion မှာ ပါတဲ့ ပါဝင်ပစ္စည်း တစ်ခုခုနဲ့ ဓါတ်မတည့်ခြင်း
  • သွေးအတွင်း အဆီများခြင်း
  • သွေးကောင်းကောင်း မတိတ်နိုင်သော အခြေအနေများ
  • Bile စီးဆင်းမှု မကောင်းသော အခြေအနေ
  • ပြင်းထန်သော အသည်းရောဂါ
  • သွေးလဲမှု မယူနေသော ပြင်းထန်သော ကျောက်ကပ်ရောဂါ
  • ရုတ်တရက် နှလုံးဖေါက်ခြင်း (သို့) လေဖြတ်ခြင်း
  • သွေးခဲ (သို့) အဆီခဲတွေကြောင့် သွေးကြော ပိတ်ဆို့ခြင်း
  • သွေးလှည့်ပတ်မှု မကောင်းခြင်း (နှလုံး၊ အသက်ရှူခြင်း၊ ကျောက်ကပ်၊ အသည်း လုပ်ငန်းဆောင်တာများ မကောင်းသောကြောင့်)
  • ရှော့ခ်ရခြင်း
  • ပြင်းထန်စွာ ရောဂါရရှိခြင်း၊ ဆီးချို၊ သွေးဆိပ်တက်ခြင်း၊ acidosis တို့ကြောင့် metabolism မတည်ငြိမ်ခြင်း
  • ကိုမာဝင်ခြင်း (keto-acidosis)
  • အကြောင်းရင်းရှာမတွေ့သော ကိုမာဝင်ခြင်း
  • ကိုယ်ခန္ဓါအတွင်း ရေဓါတ်ရော ဆားဓါတ်ပါနည်းခြင်း (hypotonic dehydration)
  • သွေးအတွင်း potassium နည်းခြင်း

အောက်ပါ အခြေအနေများမှ တစ်ခု (သို့) တစ်ခုထက်ပိုပြီး ရှိမယ်ဆိုရင် Lipofundin® ကို သွင်းသင့်ပါတယ်။

  • Acute pulmonary edema ( အဆုတ်အတွင်း အရည်စုခြင်း)
  • ကိုယ်ခန္ဓါအတွင်း ရေများပြားခြင်း
  • နှလုံးရောဂါ ပြင်းထန်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lipofundin (လိုင်ပိုဖန်ဒင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

Lipofundin® ကုသမှုယူနေစဉ်မှာ ကလေးနို့တိုက်ကျွေးခြင်းကို ခဏတာ ရပ်နားထားသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Lipofundin (လိုင်ပိုဖန်ဒင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေဟာ အလွန်နည်းပါးမှာ ဖြစ်ပါတယ်။ fat emulsions တွေ ပေးပြီးရင် အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ထိခိုက်ရာ ကိုယ်အင်္ဂါတစ်ခု (သို့) စနစ်တစ်ခုမှာ တွေ့ရှိနိုင်ပါတယ်။

  • သွေး၊ ပြန်ရည်ကြောစနစ်က သွေးခဲခြင်းကို မြင့်တက်စေပါတယ်။
  • ကိုယ်ခံအားစနစ်မှာ အဖျားတက်ခြင်း၊ တုန်ခြင်း၊ အနီကွက်ထခြင်း၊ မောခြင်း တွေပါဝင်နိုင်ပါတယ်။
  • Metabolism မှာတော့ သွေးအတွင်းအဆီဓါတ်များခြင်း နဲ့ သကြားဓါတ်များခြင်းတွေ၊ acidosis တွေ ပါဝင်ပါတယ်။
  • အာရုံကြောစနစ်မှာတော့ ခေါင်းမူးခြင်းကိုဖြစ်စေပါတယ်။
  • သွေးလှည်ပတ်မှုနဲ့ ပတ်သက်ပြီး သွေးပေါင်တက်ခြင်း (သို့) ကျခြင်း တွေ ဖြစ်နိုင်ပါတယ်။
  • အဆုတ်နဲ့ ပတ်သက်ပြီး အသက်ရှူမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေနဲ့ အသားပြာခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • အစာအိမ်အတွက်ကတော့ ဖျားနာခြင်းနဲ့ အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • ယေဘုယျအားဖြင့် ခေါင်းကိုက်ခြင်း၊ ရုတ်တရက် သွေးဖြန်းခြင်း၊ ဖျားခြင်း၊ ချွေးထွက်ခြင်း၊ တုန်ခြင်း၊ ရင်ဘတ်နဲ့ ကျောနာခြင်းတွေ ဖြစ်နိုင်ပါတယ်။

ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Lipofundin (လိုင်ပိုဖန်ဒင်) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Lipofundin® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Lipofundin (လိုင်ပိုဖန်ဒင်) နဲ့ ဓါတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Lipofundin® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lipofundin (လိုင်ပိုဖန်ဒင်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဒီဆေးကို အသုံးမပြုခင်မှာ သင့်မှာအောက်ပါ အခြေအနေတွေ ရှိမရှိ ဆရာဝန်က စစ်ဆေးပါလိမ့်မယ်။

  • ဆီးချို
  • Pancreas ရောင်ခြင်း
  • အသည်း (သို့) ကျောက်ကပ် မကောင်းခြင်း
  • အဆုတ်ရောဂါ
  • ပိုးဝင်ခြင်း
  • Hypothyroidism

ဒီအခြေအနေတွေရှိနေခဲ့ရင် သင့်ကျန်းမာရေးကို မထိခိုက်စေဖို့ Lipofundin® ကို သေချာပေါက်လိုအပ်ပြီး စနစ်တကျ ဂရုစိုက်မှု ပေးနိုင်မှသာ အသုံးပြုသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lipofundin (လိုင်ပိုဖန်ဒင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Lipofundin® ကို သွေးပြန်ကြောကတစ်ဆင့်ပေးနိုင်ပါတယ်။ ပမာဏနဲ့ သွင်းနှုန်းကိုတော့ ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ တစ်နေ့တာပမာဏဟာ လိုအပ်ချက်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်။

Lipofundin® ကို ပုံမှန်အားဖြင့် တစ်ပတ်လောက် ပေးတတ်ပါတယ်။

Lipofundin® ကို ဆရာဝန်က လိုအပ်တယ်ထင်မှသာ အချိန်အကြာကြီး ပေးမှာပါ။ ဒီအခြေအနေတွေမှာလည်း သေချာ စောင့်ကြည့်စစ်ဆေး သင့်ပါတယ်။

ကလေးငယ်တွေမှာ Lipofundin® ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Lipofundin (လိုင်ပိုဖန်ဒင်) ကိုဘယ်လိုရရှိနိုင်သလဲ

Lipofundin® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Lipofundin®, 100 ml, 250 ml or 500 ml ပါတဲ့ ဖန်ပုလင်းလေးတွေနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Lipofundin® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။