Liothyronine (လီယိုသိုင်ရိုနင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Liothyronine (လီယိုသိုင်ရိုနင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Liothyronine (လီယိုသိုင်ရိုနင်) ကို ဘာအတွက်အသုံးပြုကြသလဲ

LIOTHYRONINသည်ခန္ဓါကိုယ်ထဲတွင် သဘာဝအတိုင်းဖြစ်သော သိုင်းရွိုက် ဟော်မုန်းကို ဖြည့်စွက်ပေးသော ဟော်မုန်းဆေးဖြစ်သည်။

LIOTHYRONINကိုအများဆုံးအသုံးပြုကြသည်မှာ သိုင်းရွိုက် ဟော်မုန်းနည်းခြင်း၊ လည်ပင်းကြီးခြင်း၊ သိုင်းရွိုက်ကင်ဆာနှင့် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့်ဖောရောင်ခြင်း၊ သတိမေ့မျောသွားခြင်းစသည့် အသက်အန ္တရာယ်ရှိသောရောဂါများကို ကုသရန် အသုံးပြုကြသည်။

ထို့ပြင် သင့်ဆရာဝန်ညွှန်ကြားချက်အတိုင်း အခြားသောရောဂါများကို ကုရန် အသုံးပြုကြပါသည်။

Liothyronine (လီယိုသိုင်ရိုနင်) ဘယ်လိုသောက်သုံးသင့်သလဲ

LIOTHYRONINကို ထိုးဆေး အနေနှင့် အသုံးပြုကြပြီး ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်ရုံးခန်းများတွင် ထိုးပေးပါသည်။

အိမ်တွင် မိမိဖာသာထိုးမည်ဆိုပါက ဆေးအချိုးအဆနှင့် အသုံးပြုပုံကို ဆရာဝန်၊ သူနာပြူနှင့် ကျန်းမားရေးဝန်ထမ်းများကသေချာစွာရှင်းပြသည်ကိုနားထောင်ပြီးမှ အသုံးပြုပါ။ ဆေးမထိုးမီ ဆေးကိုပြင်းအားလျော့ရန် မိုးရေစသည်တို့ဖြင့်ရောစပ်နိုင်သည်။

ဆေးမထိုးမီ ဖျော်ထားသော ဆေးကို ကောင်းစွာလှုပ်ပါ။ ဆေးရည်အရောင်ပြောင်းသွားခြင်း၊ အမှုန်များပါရှိခြင်းတို့ဖြစ်နေပါက ဆေးကို မသုံးပါနှင့်။ ဆေးအညွှန်းအသစ်အတွက်သင့်ဆရာဝန်အားမေးမြန်းပါ။

တခါသုံးဆေးထိုးအပ်များကို သုံးပါ။ ဆေးထိုးအပ်များကို စနစ်တကျစွန့်ပစ်ရမည်။ ဆေးထိုးအပ် နှင့် ချွန်ထက်ပစ္စည်းများကို စွန့်ပစ်သောပုံးများထဲတွင် စနစ်တကျစွန့်ပစ်ပါ။ မသိလျှင်ကျန်းမားရေးဝန်ထမ်းများကို မေးပါ။

Liothyronine (လီယိုသိုင်ရိုနင်) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက်ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

LIOTHYRONINကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ LIOTHYRONINကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

LIOTHYRONINဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

LIOTHYRONINကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

LIOTHYRONINကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Liothyronine (လီယိုသိုင်ရိုနင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • LIOTHYRONINထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ခွဲစိတ်ရန် အစီအစဉ်ရှိလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

အောက်ပါတို့သည် သင့်လုံခြုံမှုအတွက် အရေးကြီးသော အချက်များဖြစ်နိုင်ပါသည်။

  • သင်သည် ကတုန်ကယင်ဖြစ်နေခြင်း၊ လက်တုန်ခြင်း။ စိတ်လှုပ်ရှားခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပြောင်းလဲခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ချွေးပျံခြင်း၊ အပူမခံနိုင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကျပ်ခြင်း စသည်တို့ခံစားရပါက ဆရာဝန်အားပြောပြပါ။ သင့်ဆရာဝန်ကို မပြောဘဲနှင့် liothyronine ဆေးပမာဏကို မိမိသဘောဖြင့် ပြောင်းလဲခြင်း မလုပ်ရပါ။
  • liothyronine သည် သွေးတွင်းသကြားဓါတ်ကို မူမမှန်ဖြစ်စေသည့်အတွက် ဆေးသောက်နေစဉ်တွင် သွေးချိုကို မှန်မှန်စစ်ဆေးပါ။ ဆီးချိုဆေးများကို သင့်ဆရာဝန်ကို မပြောဘဲနှင့် မိမိသဘောဖြင့် ပြောင်းလဲခြင်း မလုပ်ရပါ။
  • liothyronine သောက်နေစဉ်တွင် သင့်အခြေအနေနှင့် ဆေး၏ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်သင့်သည်။ ဆရာဝန်၊ ဓါတ်ခွဲခန်းများနှင့်ရက်ချိန်းများကို မှန်မှန် ပြပါ။
  • liothyronine ကို အသက်ကြီးသူများတွင် သတိနှင့်သောက်သင့်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Liothyronine (လီယိုသိုင်ရိုနင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် A ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

liothyronine သည်နို့ရည်ထဲတွင် ပါသောကြောင့် နို့စို့ကလေးကို အန ္တရာယ်ဖြစ်စေသည်။ ထို့ကြောင့် သင်သည် နို့တိုက်မိခင်ဖြစ်ပါက ဆေးသောက်ခြင်းကို ရပ်လိုက်ပါ။

ဘေးထွက်ဆိုးကျိုးများ

Liothyronine (လီယိုသိုင်ရိုနင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများဖြစ်သောကြောင့် ယင်းတို့ဖြစ်လာလျှင် ဆရာဝန်အားပြသပါ။

  • ဖျားခြင်း
  • ဆေးထိုးသောနေရာတွင် နာခြင်း
  • ရုတ်တရက် အကြောဆွဲခြင်း

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မမှန်ခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Liothyronine (လီယိုသိုင်ရိုနင်) နဲ့ ဓါတ်ပြုနိုင်သလဲ

LIOTHYRONINဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ LIOTHYRONIN ဆေးနှင့် ဓါတ်မတည့်ခြင်း ဖြစ်စေနိုင်သော ဆေးများမှာ

  • Estrogen သို့မဟုတ် သန္ဓေတားဆေးများသည် LIOTHYRONIN ၏အာနိသင်ကို လျော့နည်းစေပါသည်။
  • သွေးကျဲဆေးများ (Wafarin),Ketamine, စိတ်ကျရောဂါသောက်ဆေးများ (Amitriptyline), Epinephrine စသည့်ဆေးများသည် LIOTHYRONIN ၏အာနိသင်ကို ပိုများစေပါသည်။
  • အင်ဆူလင်ထိုးဆေး၊ ဆီးချိုကျဆေးသောက်ဆေး (Glipizide), Digitalis glycosides (Digoxin) စသည့်ဆေးများသည် LIOTHYRONIN ၏အာနိသင်ကို လျော့နည်းစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Liothyronine (လီယိုသိုင်ရိုနင်) နဲ့ ဓါတ်ပြုနိုင်သလား

LIOTHYRONINက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Liothyronine (လီယိုသိုင်ရိုနင်) နဲ့ ဓါတ်ပြုနိုင်သလဲ

LIOTHYRONINဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် သင့်တွင်

  • နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ
  • သွေးတိုးရောဂါ
  • ကြာရှည်စွာ သိုင်းရွိုက်ဟော်မုန်း အလုပ်မလုပ်သောရောဂါ
  • သိုင်းရွိုက်ဟော်မုန်း မြင့်မားမှုကို မကုသဘဲထားခြင်း
  • Adrenal ဂလင်းနှင့် ဆိုင်သောရောဂါများကို မကုဘဲထားခြင်း (ဥပမာ- Addison ရောဂါ)
  • နှလုံးရပ်ခြင်းဖြစ်ဖူးလျှင်

စသည့်အခြေအနေများရှိလျှင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Liothyronine (လီယိုသိုင်ရိုနင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း
  • စသောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 25 mcg ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 25 mcg ထပ်တိုးသောက်နိုင်သည်။ (အများဆုံးသောက်သုံးနိုင်သော ပမာဏ မှာ တနေ့လျှင် 100 mcg)
  • နောက်တွဲအနေဖြင့်သောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 25- 75 mcg ဖြစ်သည်။
  • T 3 10- 12.5 mcg နှင့် T4 ကို တွဲသောက်နိုင်သည်။ (T4 ကို 50 mcg အထိလျှော့နိုင်သည်။)
  • အဆိပ်မဖြစ်စေသော လည်ပင်းကြီးရောဂါ
  • စသောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 5 mcg ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5-10 mcg ထပ်တိုးသောက်နိုင်သည်။(အသက်ကြီးသူများတွင် 5 mcg ထပ်တိုးသောက်နိုင်သည်။)
  • 25 mcg ထိတိုးသောက်ပြီးသောအခါ ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5- 25 mcg ထပ်တိုးသောက်နိုင်သည်။
  • နောက်တွဲအနေဖြင့်သောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 75 mcg ဖြစ်သည်။
  • သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့်ဖောရောင်ခြင်း
  • စသောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 5 mcg ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5-10 mcg ထပ်တိုးသောက်နိုင်သည်။(အသက်ကြီးသူများတွင် 5 mcg ထပ်တိုးသောက်နိုင်သည်။)
  • 25 mcg ထိတိုးသောက်ပြီးသောအခါ ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5- 25 mcg ထပ်တိုးသောက်နိုင်သည်။
  • နောက်တွဲအနေဖြင့်သောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 100 mcg ဖြစ်သည်။
  • သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်းကြောင့်ဖောရောင်ပြီး သတိမေ့မျောသွားခြင်း
  • အကြောထိုးဆေးအနေနှင့် စရမည့်ဆေးပမာဏမှာ တနေ့လျှင် 25-50 mcg ဖြစ်သည်။
  • နှလုံးရောဂါရှိသူများအတွက် အကြောထိုးဆေးအနေနှင့် စရမည့်ဆေးပမာဏမှာ တနေ့လျှင် 10-20 mcg ဖြစ်သည်။
  • တနေ့လျှင်အနည်းဆုံး 10-20 mcg ထိုးခြင်းသည် သေဆုံးမှုကို ဖြစ်နိုင်ချေအနည်းဆုံးဖြစ်သည်။
  • ဆေး တခါနှင့် တခါကြားတွင် ၄-၁၂ နာရီခြားပြီး ထိုးပါ။ ၁၂နာရီထက် မပိုပါစေနှင့်။

ကလေးတွေအတွက် Liothyronine (လီယိုသိုင်ရိုနင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း

စသောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 5mcg ဖြစ်ပြီး ၃-၄ ရက်ကြာလျှင် 5 mcg ထပ်တိုးသောက်နိုင်သည်။

နောက်တွဲအနေဖြင့်သောက်ရမည့်ဆေးပမာဏမှာ

  • ၁ နှစ်အောက် ကလေးများအတွက်- တနေ့လျှင် 20 mcg
  • ၁-၃ နှစ်- တနေ့လျှင် 50 mcg
  • ၃ နှစ်အထက် – တနေ့လျှင် 25- 75 mcg ဖြစ်သည်။
  • အဆိပ်မဖြစ်စေသော လည်ပင်းကြီးရောဂါ
  • စသောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 5 mcg ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5-10 mcg ထပ်တိုးသောက်နိုင်သည်။25 mcg ထိတိုးသောက်ပြီးသောအခါ ဖြစ်ပြီး ၁ -၂ ပတ်ကြာလျှင် 5- 25 mcg ထပ်တိုးသောက်နိုင်သည်။
  • နောက်တွဲအနေဖြင့်သောက်ရမည့်ဆေးပမာဏမှာ တနေ့လျှင် 75 mcg ဖြစ်သည်။

Liothyronine (လီယိုသိုင်ရိုနင်) ကိုဘယ်လိုရရှိနိုင်သလဲ

Bradosol ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံနှင့် အချိုးအစားဖြင့် ရရှိနိုင်ပါတယ်။

LIOTHYRONIN ထိုးဆေး10mcg/mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

LIOTHYRONINကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 13, 2017