Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ကို ဘာအတွက်အသုံးပြုကြသလဲ

Levonogestral သည် Progestin ဟော်မုန်းအမျိုးအစားဖြစ်ပြီး ကလေးမရစေရန် တားပေးသောဆေးဖြစ်သည်။ ယင်းသည် သုတ်ကောင်များနှင့် မျိုးဥများကို မလှုပ်ရှားနိုင်အောင်ပြုလုပ်ပေးခြင်းဖြင့် သားအိမ်တွင် သန္ဓေတည်ခြင်းကို တားပေးသောဆေးဖြစ်ပါသည်။

အထူးသဖြင့် Levonogestral ကို အကာကွယ်မဲ့သော လိင်ဆက်ဆံမှုများပြုလုပ်ပြီးချိန်နှင့် မိမိသုံးနေသော ကိုယ်ဝန်တားဆေးများထိရောက်မှုမရှိတော့ကြောင်း ယူဆရသော အချိန်များတွင် အများဆုံးအသုံးပြုပါသည်။

Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ဘယ်လိုသောက်သုံးသင့်သလဲ

Levonogestral သည် မိန်းမကိုယ်မှတဆင့် သားအိမ်ထဲသို့ ထည့်သွင်းရသော ဆေးဖြစ်ပါသည်။ ထိုသို့ထည့်ခြင်းကို တတ်ကျွမ်းပညာရှင် သို့မဟုတ်ဆရာဝန်က လုပ်ပေးရခြင်းဖြစ်ပြီး အကာကွယ်မဲ့သော လိင်ဆက်ဆံမှုများပြုလုပ်ပြီးချိန်နှင့် မိမိသုံးနေသော ကိုယ်ဝန်တားဆေးများထိရောက်မှုမရှိတော့ကြောင်း ယူဆရသော အချိန်များတွင် ချက်ချင်းထည့်သွင်းရခြင်းမျိုးဖြစ်ပါသည်။

အကယ်၍ Levonogestral သောက်ဆေးကို သောက်ပြီး တစ်နာရီအတွင်း အန်ထုတ်မိပါက ထပ်သောက်ရန် လိုမလို ဆရာဝန်နှင့်တိုင်ပင်ရမည်ဖြစ်ပါသည်။

Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Levonogestral ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Levonogestral ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Levonogestral ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Levonogestral ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Levonogestral ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  X ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓာတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • တုပ်ကွေး လက္ခဏာများ ခံစားရခြင်း
  • လိင်အင်္ဂါတွင် အနာများပေါက်ခြင်း
  • သွေးပေါင်ချိန်တက်ခြင်း
  • ဆေးသုံးနေစဉ် ၆ ပတ်အတွင်း ရာသီမလာခြင်း
  • ခြေထောက်များ ဖောရောင်ခြင်း၊ ပူခြင်း၊ နာခြင်း
  • ခါးအောက်ပိုင်း နာကျင်ခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • ဗိုက်ရစ်ခြင်း
  • ရုတ်တရက် အမောဖောက်လာခြင်း
  • စကားပြောခြင်း၊ လမ်းလျှောက်ခြင်းတို့ပြုလုပ်ရာတွင် ဟန်ချက် မထိန်းနိုင်ခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ အဖြူများဆင်းခြင်း
  • မျက်လုံးများနှင့် အသားများဝါခြင်း

သို့သော် အချို့သော ဆိုးကျိုးများသည် မပြင်းထန်သောကြောင့် သင့်ကို ဆိုးရွားစွာသက်ရောက်မှုများရှိမှသာလျှင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ယင်းတို့မှာ

  • ၀က်ခြံပေါက်ခြင်း
  • ရင်သားများနာကျင်ခြင်း
  • ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်ခြင်း
  • မိန်းမကိုယ်ထဲ ဆေးထဲ့လိုက်သောအခါ အနည်းငယ်နာကျင်ခြင်း၊ မူးဝေခြင်း
  • ခေါင်းကိုက်ခြင်း
  • ဆေးထည့်ပြီး ၃ လ မှ ၆ လအတွင်း ရာသီမမှန်ခြင်း
  • ပျို့ခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) နဲ့ ဓာတ်ပြုနိုင်သလဲ

Levonogestral ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ Levonogestralနှင့် ဓာတ်ပြုနိုင်သောဆေးများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • Amprenavir
  • Bosentan
  • Fosamprenavir
  • Aprepitant
  • Barbiturate
  • Bexarotene
  • Griseofulvin
  • carbamazepine, ethotoin, felbamate, oxcarbazepine, phenytoin, topiramate စသည့် အတက်ပျောက်ဆေးများ
  • Modafinil
  • Pioglitazone
  • Rifabutin
  • Rifampin
  • Rifapentine
  • atazanavir, indinavir, lopinavir, nelfinavir, tipranavir, ritonavir စသည့် HIV ဆေးများ
  • John’s wort
  • Warfarin

အစားအသောက်တွေနဲ့ အရက်က Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) နဲ့ ဓာတ်ပြုနိုင်သလား

Levonogestral က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) နဲ့ ဓာတ်ပြုနိုင်သလဲ

Levonogestral ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် သင့်မှာ

  • သားအိမ်ချွဲမြေးစစ်ဆေးခြင်းတွင် ရောဂါ တစုံတရာ တွေ့ခြင်း
  • ရင်သား၊ သားအိမ်နှင့် သားအိမ်ခေါင်းကင်ဆာများ
  • ဆီးချိုရောဂါ
  • သားအိမ်ရောင်ခြင်း
  • လိင်အင်္ဂါနှင့် တင်ပါးဆုံပိုင်းတွင် ကူးစက်ရောဂါများဖြစ်ဖူးခြင်း
  • နှလုံးရောဂါ
  • နေရာမှား သန္ဓေတည်ခြင်း၊ သားဥပြွန်သန္ဓေတည်ခြင်းများ ဖြစ်ဖူးခြင်း
  • ကိုယ်ခံအားနှင့် ပတ်သက်သော ရောဂါများရှိခြင်း
  • သားအိမ်ထဲတွင် ထီးကဲ့သို့ သန္ဓေတားပစ္စည်း ထဲ့ထားခြင်း
  • အသည်းရောဂါ
  • သွေးခဲခြင်း၊ သွေးကျဲခြင်းရောဂါများ
  • သားအိမ်ပုံစံ မူမမှန်ခြင်း
  • အကြောင်းရင်းတစုံတရာမရှိဘဲ မိန်းမကိုယ်မှ သွေးထွက်ခြင်း တို့ရှိလျှင် သင့်အတွက် စိတ်ချရမှုရှိစေရန် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းပါ။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • Levonogestral ကို ပထမဦးဆုံးအနေနှင့် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း ထည့်သင့်ပြီး ဒုတိယဆေးပြားကို ပထမဆေးပြားထည့်ပြီး ၁၂ နာရီအတွင်း ထည့်သင့်ပါသည်။
  • Levonogestral ကို ရာသီစက်ဝန်းပတ်လည် မည်သည့် အချိန်တွင် မဆို အသုံးပြုနိုင်ပါသည်။
  • သို့သော် သင့်ဆရာဝန်က မိန်းမကိုယ်ထဲထည့်သော ပုံစံမျိုးမဟုတ်ဘဲ အခြားသော နည်းလမ်းများဖြင့် အသုံးပြုရန် ညွှန်ကြားပါက ဆရာဝန်ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

ကလေးတွေအတွက် Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်များအတွက် Levonogestral နှင့် ပတ်သက်ပြီး တိကျစိတ်ချရသောဆေးပမာဏများကို ဖော်ပြထားခြင်းမရှိသည့်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှသာ Levonogestralကို အသုံးပြု သင့်ပါသည်။

Levonorgestrel (Intravaginal) (လီဗိုနိုဂတ်စ်ထရေးလ် (မိန်းမကိုယ်ထဲထည့်သော ဆေးအမျိုးအစား)) ကိုဘယ်လိုရရှိနိုင်သလဲ

Levonogestral ကို 20 microgram အားနှင့် ရရှိနိုင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Levonogestral ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 24, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 24, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ