Generic Name: Lactic Acid (လက်တစ်အက်ဆစ်) Brand Name(s): Lactic Acid (လက်တစ်အက်ဆစ်).

အသုံးပြုပုံများ

Lactic Acid (လက်တစ်အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Lactic acid ကို  ဆေးပညာ အခေါ်အဝေါ်ဖြင့် keratolytic (keratin ကို ချေဖျက်သော ပစ္စည်း) ဟုလည်း ခေါ်သည်။ Keratin ၏ လုပ်ငန်းတာဝန်မှာ အရေပြားအပေါ်ယံလွှာရှိ ဆဲလ်များကို အတူတကွ ရှိနေစေရန် ထိန်းသိမ်းရသည့် တာဝန်ဖြစ်သည်။ keratin သည် အရေပြားကို မာစေ၊ကြမ်းတမ်းစေသဖြင့် ၎င်းကို ချေဖျက်ပေးခြင်းဖြင့် အရေပြားကို နူးညံ့စေသည်။ ထို့ကြောင့် lactic acid သည်အရေပြားရှိ ဆဲလ်သေဆဲလ်ဟောင်းများကို ကွာကျစေပြီး အရေပြား၏ အစိုဓာတ်ကို ထိန်းပေးကာ နူးညံ့စေသည်။

Lactic Acid (လက်တစ်အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

အချို့သော ဆေးများသည် အသုံးမပြုမီ ကောင်းစွာ လှုပ်ပေးရန် လိုအပ်သည်။ ထို့ကြောင့် လှုပ်ရန်လိုမလို သိရှိနိုင်ရန် ဆေးပုလင်းရှိ အညွှန်းကို သေချာစွာ ဖတ်ပါ။လိမ်းလိုသော အရေပြားနေရာသို့ ဆေးကို တနေ့လျှင် ၁ ကြိမ်မှ ၃ ကြိမ် သို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိမ်းပေးပါ။ပြီးလျှင် အသားထဲ စိမ့်ဝင်အောင် ဖိပွတ်ပေးပါ။ ဆေးတံဆိပ်နှင့် သင့်အရေပြား အခြေအနေပေါ်မူတည်ပြီး ဆေးလိမ်းရမည့် အကြိမ်ရေကွဲပြားနိုင်သည်။

lactic acid သည် လက် သို့မဟုတ် လက်သည်းခြေသည်းများကို လိမ်းရန်သာဖြစ်သည်။(ဆရာဝန် ညွှန်ကြားသည့် အခါမျိုးမှတပါး) မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်အတွင်းပိုင်း၊နှာခေါင်းအတွင်း၊မ အင်္ဂါ နှင့် ပေါင်ခြံတဝိုက်တို့ကို မလိမ်းရပါ။မလိမ်းသင့်သည့်နေရာ နှင့် အသားအရေအမျိုးအစားတို့ကို သေချာစွာ သိရှိစေနိုင်ရန် ဆရာဝန်ကို မေးမြန်းပါ သို့မဟုတ် ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ(ဥပမာ။    ။ မျက်နှာ၊ထိခိုက်ရှနာပွန်းပဲ့ အနာဖြစ်နေသော အရေပြား၊လတ်တလောအမွှေးရိတ်ထားသော အရေပြားနေရာ)။အသေးစိတ်သိလိုလျှင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပုဂ္ဂိုလ်များနှင့် ဆွေးနွေး တိုင်ပင်ပါ။ဆေး၏ အကျိုးအာနိသင် အပြည့်အဝ ရရှိနိုင်စေရန် ဆေးကို မှန်မှန်လိမ်းပါ။ အရေပြားကို နူးညံ့စိုစွတ်စေသည့် အရာအတော်များများသည် အာနိသင်ကောင်းစွာပြရန်အတွက် ရေလိုအပ်ပါသည်။ထို့ကြောင့် ရေချိုးပြီးကာစ အရေပြား စိုစွတ်နေသေးသည့် အချိန်တွင် lactic acid ကို လိမ်းပေးရပါမည်။အလွန်ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အတွက်မူ ဆေးမလိမ်းမီ ဆေးလိမ်းမည့်နေရာကို ရေစိမ်ထားရန် ဆရာဝန်ကို ညွှန်ကြားပါလိမ့်မည်။ အချိန်ကြာမြင့်စွာ ရေချိုးခြင်း၊ရေနွေးပူပူနှင့် ချိုးခြင်း သို့မဟုတ် မကြာခဏ ရေချိုးခြင်း၊ရေဆေးခြင်းတို့က အသားအရေ ခြောက်သွေ့မှုကို ပိုဆိုးစေပါလိမ့်မည်။

ရောဂါအခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အကြောင်းကြားပါ။

Lactic Acid (လက်တစ်အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Lactic acid ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lactic acid ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Lactic acid ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

 

Lactic acid ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Lactic acid ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Latic Acid (လက်တစ်အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

lactic acid ကို အသုံးမပြုမီ အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • lactic acid ခရင်မ်တွင်ပါသော အရာတခုခုနှင့် ဓာတ်မတည့်ခြင်း။
  • ကိုယ်ဝန်ရှိနေလျှင် (အထူးသဖြင့် လ အတော်ရင့်နေလျှင်)၊ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်၊ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ကြိုပြောပါ။
  • သင်လက်ရှိ သုံးစွဲနေသော ဆေးများ သို့မဟုတ် သုံးစွဲရန် အစီအစဉ်ရှိသည့် ဆေးများ (ဆရာဝန်ညွှန်ကြားသည့်ဆေး၊ မိမိဖာသာ သောက်သည့်ဆေး၊ဗီတာမင်အားဆေး၊သဘာဝအားဖြည့်ပစ္စည်းများ အားလုံးပါဝင်သည်)ကို သင့်ဆရာဝန်အား သေချာစွာ ပြောပြပါ။
  • သင့်အနေဖြင့် ဆေးဝါး၊အစားအစာ သို့မဟုတ် အရာတခုခုနှင့် ဓာတ်မတည့်ခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lactic Acid (လက်တစ်အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Lactic Acid (လက်တစ်အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက lactic acid သုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

  • ဆေးလိမ်းထားသည့်နေရာတွင် ပြင်းထန်စွာ ပူလောင်ခြင်း၊နီရဲခြင်း၊စူးပြီးနာနေခြင်း သို့မဟုတ် အရေပြားကွာခြင်း။

သာမန်ဘေးထွက် လက္ခဏာများမှာ

  • အရေပြား အနည်းငယ်ကွာခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း၊ အရေပြား အနည်းငယ် နီရဲခြင်း သို့မဟုတ် အထိမခံနိုင်ခြင်း၊သွေးခြေဥခြင်း သို့မဟုတ် အရောင်ပြောင်းခြင်း၊ အရေပြား မည်းလာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Lactic Acid (လက်တစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Lactic acid ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Lactic Acid (လက်တစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလား

Lactic acid က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Lactic Acid (လက်တစ်အက်ဆစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Lactic acid ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Lactic Acid (လက်တစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရေပြားလိမ်းဆေး :

အသားအရေ ခြောက်ကပ်ခြင်း နှင့် ယားယံခြင်းအတွက် :

အသားချောဆီ/လှဆီ အဖြစ် —->အသုံးပြုလိုသော နေရာသို့ ဆရာဝန်ညွှန်ကြားသည့် အတိုင်း လိမ်းပေးပါ။

ကလေးတွေအတွက် Lactic Acid (လက်တစ်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Lactic Acid (လက်တစ်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

အရေပြားလိမ်းခရင်မ် ။ ၁၀%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ