Labetalol Hydrochloride (လာဗီတလော) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Labetalol Hydrochloride (လာဗီတလော) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Labetalol Hydrochloride (လာဗီတလော) ကို ဘာအတွက်အသုံးပြုကြသလဲ

Labetalol hydrochloride ကို အဓိကအားဖြင့် သွေးတိုးရောဂါ ကို ကုသရာတွင်အသုံးပြုပါသည်။
Labetalol hydrochloride ကို အခြားနေရာများတွင်လဲသုံးနိုင်ပါသည်။

ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်အား မေးမြန်းပါ။

labetalol hydrochloride ကိုဘယ်လို သောက်/ ထိုး သင့်ပါသလဲ။

Labetalol hydrochloride ကို အများအားဖြင့် ဆရာဝန်၏ ရုံးခန်း ဆေးရုံ ဆေးခန်းတို့တွင် ထိုးဆေးအနေဖြင့်ပေးပါသည်။
သင်၏အိမ်တွင် မှီဝဲချင်ပါက ဆေးဝါးကျွမ်းကျင် ပညာရှင်က အသုံးပြုပုံကို သင်ကြားပေးလိမ့်မည်။
အသုံးပြုနည်းကို သေချာစွာသဘောပေါက်ပါစေ။
ဆေးထိုးသောအခါ သင်ကြားပေးထားသော အဆင့်များကို သေချာစွာလိုက်နာပါ။
သိလိုသည်များရှိပါက ဆေးဝါးကျွမ်းကျင် ပညာရှင်ကို မေးပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ဆေးအရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။ ပြန်အသုံးမပြုပါနှင့်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

labetalol hydrochloride ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

labetalol hydrochloride ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင် ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့ နည်းပဲ ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထား ပျက်ယွင်းမှုတွေမဖြစ်အောင်လို့ labetalol hydrochloride ကိုရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

labetalol hydrochloride ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Labetalol hydrochloride ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Labetalol Hydrochloride (လာဗီတလော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးကိုမသုံးခင် အောက်ပါ အရေးကြီးသောအချက်များကို သတိပြုပါ။

  • Labetalol hydrochloride နှင့် ဓါတ်မတည့်လျှင် မသုံးသင့်ပါ။
  • Labetalol hydrochloride သည် အတွင်းတိမ်ခွဲစိတ်နေစဉ် သူငယ်အိမ်ပေါ်တွင် အာနိသင်သက်ရောက်နိုင်၍ ဆေးသောက်နေကြောင်း မခွဲစိတ်ခင် မျက်စိဆရာဝန်အားပြောပြပါ။
  • ခွဲစိတ်ရန်လိုအပ်ပါက labetalol hydrochloride သောက်နေကြောင်း မခွဲစိတ်ခင် ဆရာဝန်အားပြောပြပါ။
  • သွေးပေါင်ချိန်ကို မကြာခဏတိုင်းရန်နှင့် ဆေးခန်းတွင် လိုအပ်သော ဆေးစစ်ချက်များပြုလုပ်ရန်လိုအပ်နိုင်ပါသည်။
  • labetalol hydrochloride သည် ဗိုက်ထဲရှိကလေးကို အန္တရာယ် ဖြစ်နိုင်ခြင်းရှိမရှိ မသိပါ။
  • ကိုယ်ဝန်ဆောင်ချိန်တွင် အမေသည် labetalol hydrochloride ကို သောက်ပါက မွေးလာသောကလေးတွင် နှလုံးနှင့် အဆုတ် ပြဿနာ များဖြစ်နိုင်ပါသည်။ ထို့ကြောင့် labetalol hydrochloride သောက်နေစဉ်တွင် ကိုယ်ဝန်ရှိပါက ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
  • ဆရာဝန်နှင့် မတိုင်ပင်ပဲ labetalol hydrochloride ကို အကြိမ်ကျော်သောက်ခြင်း သို့ ဖြတ်ခြင်းမလုပ်ပါနှင့်။ ရုတ်တရက်ဆေးရပ်ခြင်းက သင့်အခြေအနေကိုပိုဆိုးစေနိုင်ပါသည်။
  • labetalol hydrochloride သည် ဆီးစစ်ချက်များ မှားယွင်းထွက်ပေါ်စေနိုင်သောကြောင့် ကုသနေသောဆရာဝန်ကို labetalol သောက်နေကြောင်းပြောပြပါ။
  • labetalol hydrochloride သောက်နေပါက သွေးတွင်းသကြားဓါတ်ကျလျှင် ပြောရခက်ပါလိမ့်မည်။ ထို့ကြောင့် ဆီးချိုရောဂါရှိပါက သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ပါ။
  • သင်နေကောင်းသော်လဲ ဆေးက ိုညွှန်ကြားထားသည့်အတိုင်း ဆက်သောက်ပါ။ တခါတရံ သွေးတိုးနေသော်လဲ လက္ခဏာမပြတတ်ပါ။ သွေးတိုးကျဆေးများကို ဘဝတစ်လျှောက်လုံးသောက်ရ နိုင်ပါသည်။
  • labetalol hydrochloride သည် အစာနှင့်ထိန်းခြင်း လေ့ကျင့်ခန်းလုပ်ခြင်း ကိုယ်အလေးချိန်လျှော့ခြင်း နှင့် အခြားဆေးဝါးများ ပါဝင်သော သွေးတိုးရောဂါကုသခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပါသည်။ ထို့ကြောင့် အစားအစာဖြင့်ထိန်းခြင်း၊ ဆေးသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ပုံမှန်လိုက်နာပါ။
  • labetalol hydrochloride ကို အသက် ၁၈ နှစ်အောက်များတွင် မပေးသင့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာသောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမထိုးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စ ုအစားအသောက်နဲ့

ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟ ုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ယခုဆေးသည် နို့ရည်တွင် အနည်းပါဝင်နိုင်သောကြောင့် နို့တိုက်မိခင်များ ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Labetalol Hydrochloride (လာဗီတလော) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ

  • ခေါင်းမူးခြင်း
  • ပျို့ခြင်း
  • ဗိုက်နာခြင်း
  • နှာခေါင်းပိတ်ခြင်း
  • ဦးရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

အောက်ပါတို့ခံစားရလျှင် ဆရာဝန်နှင့်ပြပါ။

  • သတိမေ့မတတ်မူးခြင်း
  • သွေးခုန်နှုန်း အားနည်းခြင်း
  • မူးလဲခြင်း
  • ယောင်ယမ်းခြင်း
  • ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း
  • အသည်းမကောင်းခြင်း ( ပျို့ခြင်း၊ ဗိုက် အပေါ်ပိုင်းနာခြင်း၊ ယားခြင်း၊ ပင်ပန်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အသားနှင့်မျက်လုံးဝါခြင်း)
  • အန္တရာယ်ရှိလောက်အောင်သွေးတိုးခြင်း (ဥပမာ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ လည်ပင်းနှင့် နားတို့တွင် တဒုန်းဒုန်းသွေးတိုးနေခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ စိတ်ပူခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊ ပြင်းထန်စွာရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း)

ပြင်းထန်သော ဓါတ်မတည့်ခြင်း (အင်ပြင်များထွက်လာခြင်း အသက်ရှုရခက်ခဲခြင်း မျက်နှာ နှုတ်ခမ်း လျှာနှင့် လည်ချောင်းများဖောင်းခြင်း) ဖြစ်ပါက အရေးပေါ်ကုသမှုခံယူပါ။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Labetalol Hydrochloride (လာဗီတလော) နဲ့ ဓါတ်ပြုနိုင်သလဲ

Labetalol hydrochloride ဟာ သင်အခ ုလောလောဆယ်သောက်သုံးနေတဲ့ တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။

  • Cimetidine
  • Nitroglycerin
  • အင်ဆူလင် နှင့် အခြား ဆီးချို သောက်ဆေးများ
  • amitriptyline, doxepin, desipramine, imipramine, nortriptyline တို့ကဲ့သို့ စိတ်ကျရောဂါ အတွက် သုံးသောဆေးများ
  • ရင်ကြပ်ရောဂါ အတွက်ဆေးများ (albuterol, formoterol, salmeterol)
  • amlodipine, digitalis, digoxin, verapamil တို့ကဲ့သို့ နှလုံး နှင့် သွေးတိုးရောဂါ အတွက်ဆေးများ

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက labetalol hydrochloride နဲ့ ဓါတ်ပြုနိုင်ပါသလား။

labetalol hydrochloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက labetalol hydrochloride

နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
labetalol hydrochloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေက ိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတေ ွဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့်သင့်မှာ

  • အသည်းရောဂါ
  • ကျောက်ကပ်ရောဂါ
  • ကျောက်ကပ်၏အပေါ်၌ရှိသော ဂလင်း ကျူမာ
  • နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း
  • ဆီးချိုရောဂါ
  • ဓါတ်မတည့်မှုများ
  • ရင်ကြပ်ခြင်း
  • နာတာရှည် အသက်ရှုလမ်းကြောင်းပိတ်သည့်ရောဂါ
  • ဆိုးရွားသောနှလုံးရောဂါများ ( ပြင်းထန်သော နှလုံးမကောင်းခြင်း၊ နှလုံးခုန်အလွန်နှေးခြင်း)
  • သွေးပေါင်အလွန်ကျစေသော အခြေအနေများ ရှိလျှင်

အစားအသောက်တွေနဲ့ အရက်က Labetalol Hydrochloride (လာဗီတလော) နဲ့ ဓါတ်ပြုနိုင်သလား

PasteTextHere

ဘယ်ရောဂါအခြေအနေတွေက Labetalol Hydrochloride (လာဗီတလော) နဲ့ ဓါတ်ပြုနိုင်သလဲ

PasteTextHere

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Labetalol Hydrochloride (လာဗီတလော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သောက်ဆေး :
သတ်မှတ်ထားသော ဆေးပမာဏ – ပထမဆုံးအကြိမ် သောက်ဆေး 100mg ကို ၁နေ့ ၂ကြိမ်သောက်ရန် (၁မျိုးထဲ သို့ ဆီးဆေးနှင့်ရော၍)

Titration : ဆေးပမာဏကို 100mg တိုး၍ ၁နေ့ ၂ကြိမ်, ၂ရက် ၃ရက်တိုင်း တိုးသောက်ရန်

ပုံမှန်ဆက်သောက်ရမည့် ပမာဏ – 200mg – 400mg ကို ၁နေ့ ၂ ကြိမ်သောက်ရန်
အချို့လူနာများတွင် အများဆုံးသောက်ဆေးပမာဏ ၁နေ့လျှင် 1200 mg – 2400 mg လိုအပ်နိုင်ပါသည်။
(တိုးသောက်သည့်ဆေးပမာဏသည် ၁ရက်လျှင် ၂ ကြိမ၊် 200mg ထက်မကျော်ရပါ။)

အကြောဆေး ထပ်ခါထပ်ခါထိုးခြင်း
ဆေးအာနိသင်ကို သိနိုင်ရန်အတွက် ဆေးမထိုးခင်နှင့် ဆေးထိုးပြီး ၅ – ၁၀ မိနစ်တွင် လှဲလျက်သွေးပေါင်ချိန် သင့်ပါသည်။
ပထမအကြိမ်ပမာဏ – 20mg ကို အကြောထဲသို့ ၂မိနစ်ကျော်ကြာဖြည်းဖြည်းခြင်းထိုးပါ။
မျှော်မှန်းထားသော လှဲလျှက် သွေးပေါင်ချိန်ကို ရရန်အတွက် ၁၀မိနစ်ခြားပြီး 40 -80 mg ထပ်ထိုးနိုင်ပါသည်။
သို့မဟုတ် အားလုံးပေါင်း 300mg ထိထိုးနိုင်ပါသည်။
ဆေးအာနိသင်အကောင်းဆုံးမှာ အများအားဖြင့် ဆေးထိုးပြီး ၅မိနစ် အတွင်းဖြစ်ပါသည်။

အကြောဆေးကို ဖြည်းဖြည်းခြင်း မပြတ်သွင်းထားခြင်း
သွင်းရမည့်ဆေးကို ပြင်ဆင်ရာတွင် သွင်းရမည့်ဆေးရည်သည် 1mg/ml သို့ 2mg/3ml ပေါ်မူတည်၍ အညွှန်းအတိုင်းပြင်ဆင်သင့်ပါသည်။

  • 1mg/ml အတွက် – ၁မိနစ်တွင် 2mg ဝင်ရန်အတွက် ဆေးရည်ကို ၁မိနစ် လျှင် 2ml နှုန်းဖြင့် သွင်းပါ။
  • 2mg/3ml အတွက် – ၁မိနစ်တွင် 2mg လောက်ဝင်ရန်အတွက် ဆေးရည်ကို ၁မိနစ် လျှင် 3ml နှုန်းဖြင့် သွင်းပါ။

သွင်းရမည့်နှုန်း : သင်၏သွေးပေါင်ချိန်ပေါ်မူတည် ၍ ဖျော်ထားသောဆေး သွင်းရမည့်နှုန်းကို ဆရာဝန်က ဆုံးဖြတ်ပေးပါမည်။
ဆေးကို လိုအပ်သောနှုန်းအတိုင်းသွင်းနိုင်စေရန် နှုန်းကိုထိန်းချုပ်၍ရသော ကိရိယာများ (ဥပမာ – ပြွန်၊ ဆေးသွင်းစက်) တို့ကို အသုံးပြုပါသည်။
ဆေး၏ half-life သည် ၅-၈နာရီ ဖြစ်သောကြောင့် ပုံမှန်ဆေးသွင်းနေသော အချိန်ပမာဏအတွင်း သွေးထဲတွင် ပုံမှန်ဆေးပမာဏရှိမည် မဟုတ်ပါ။
ထို့ကြောင့် ကျေနပ်လောက်သော ရလဒ်ရသည်အထိ ဆေးကို ဆက်သွင်းပြီး ဆေးသွင်းတာရပ်လျှင် သောက်ဆေးကို စသင့်ပါသည်။
အကြောဆေးအတွက် ထိရောက်သော ဆေးပမာဏမှာ 50 -200 mg ဖြစ်သည်။
အချို့လူနာများတွင် အကြောဆေးပမာဏ အားလုံးပေါင်း 300mg ထိလိုအပ်တတ်ပါသည်။

ကလေးငယ်တွေမှာ labetalol hydrochloride ကိုသောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။

Labetalol Hydrochloride ကိုသင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

labetalol hydrochloride ကိုဘယ်လိုပုံစံမျိုးတွေနဲ့ရရှိနိုင်မလဲ။

labetalol hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။

  • ဆေးရည် 5 mg/ml
  • ဆေးပြား 100 mg
  • ဆေးပြား 200 mg
  • ဆေးပြား 300 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်/ထိုးဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Labetalol hydrochloride ကိုသောက်/ထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရ ရခြင်း သောက်/ထိုးပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်/ထိုးရမည့်အချိန်နှင့် ကပ်နေပြီဆိုပါက လွတ်သွားသော အကြိမ်ကို မသောက်/မထိုးပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာ ဆက်သောက်/ထိုးပါ။ နှစ်ကြိမ်စာ တစ်ခါထဲ မသောက်/မထိုးပါနှင့်။ တစ်နေ့ တစ်ခါထပ်ပို မသောက်/မထိုး ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 29, 2018

ရင်းမြစ်များ