Generic Name: Klion (ကလီရွန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Klion (ကလီရွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Klion ကို ရောဂါပိုးတွေကို ကုသဖို့ သုံးပါတယ်။ Klion ဟာ Nitrimidazole အုပ်စုဝင် ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဆေးက ဘက်တီးရီးယားတွေ၊ ပရိုတိုဇိုးဝါးတွေရဲ့ ကြီးထွားမှုကို ရပ်တန့်စေပါတယ်။

ဒီဆေးကို ဘက်တီးရီးယားတွေ၊ ပရိုတိုဇိုးဝါးတွေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကူဖို့အတွက်ပဲ သုံးနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို မသေစေပါဘူး။( ဥပမာ- အအေးမိခြင်း၊ တုပ်ကွေး)၊ ဆေးကိုမလိုအပ်ပဲသုံးခြင်းနှင့် အများအပြားသောက်သုံးခြင်းက ဆေးအာနိသင်ကို လျော့ကျစေပါတယ်။

Klion ဆေးကို အနာပျောက်စေတဲ့ Klionဆေးတွေနဲ့ပေါင်းပြီး တချို့သော အစာအိမ်အနာတွေကို ကုသနိုင်ပါတယ်။

Klion (ကလီရွန်) ဘယ်လိုသောက်သုံးသင့်သလဲ

ပါးစပ်ကနေပဲ သောက်လို့ရပါတယ်။သင်ဟာ

  • ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့ ပမာဏ နှင့် အချိန်အတိုင်းသောက်သင့်ပါတယ်။
  • ဆေးမသောက်ခင် အညွှန်းကိုသေချာဖတ်ပါ။
  • အညွန်းမှာပါတဲ့ စာတွေကို နားမလည်ပါက ဆရာဝန်ကိုမေးမြန်းပါ။

Klion (ကလီရွန်) ဘယ်လိုသိမ်းဆည်းရမလဲ

Klion ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။

သိမ်းရမယ့်နေရာတွေမတူတဲ့ Klion ဆေးအမျိုးပေါင်းများစွာရှိနေနိုင်ပါတယ်။ သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။

ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Klion (ကလီရွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Klion ကိုမသုံးခင် သင့်ဆရာဝန်ကို ဒါတွေပြောပြထားသင့်ပါတယ်။

  • Klion နှင့် ဓါတ်မတည့်ခြင်း။ Klion ပါတဲ့ ဆေးတွေနဲ့ ဓါတ်မတည့်ခြင်း။ ဒီအချက်အလက်တွေကို လက်ကမ်းစာစောင်တွေမှာ သေချာရေးထားပါတယ်။
  • တခြား ဆေးများ၊ အစားအသောက်များ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း။
  • ကလေးများ
  • သက်ကြီးရွယ်အိုများ
  • Klion နဲ့ ဓါတ်ပြုနိုင်တဲ့ ကျန်းမာရေးအခြေအနေကြောင့် သောက်နေရသော ဆေးများကို အောက်တွင်ဖော်ပြထားတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Klion (ကလီရွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ Klionဆေးသောက်တာနဲ့ ပတ်သတ်ပြီး လုပ်ထားတဲ့ လုံလောက်တဲ့လေ့လာမှုမရှိပါဘူး။ Klion  ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆဖို့အတွက် ဆေးမသောက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်မှုဌာန ( FDA) က ဖော်ပြထားချက်အရ Klion ဆေးဟာ ကိုယ်ဝန်ဆောင်တွေမှာ ဘေးဖြစ်နိုင်တဲ့ အဆင့် ( B )နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။

FDA သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးဖြစ်စေတဲ့ သတ်မှတ်ချက်တွေကတော့

  • A =ဘေးမဖြစ်
  • B =လေ့လာမှုအနည်းငယ်အရ ဘေးမဖြစ်
  • C =ဘေးအနည်းငယ်ဖြစ်စေနိုင်
  • D =ဘေးဖြစ်စေနိုင်
  • X =ရှောင်ကြဉ်သင့်
  • N =မသိရ

ဘေးထွက်ဆိုးကျိုးများ

Klion (ကလီရွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးတွေလိုပဲ Klion ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။

တချို့သောဘေးထွက်ဆိုးကျိုးများကို ဖော်ပြထားပါတယ်။

  • Klion ဆေးကို သောက်တဲ့အခါ အနည်းငယ် ပူနေသလို ၊ စူးနေသလို ခံစာရနိုင်တယ်။
  • ခြေ၊လက်တွေ ထုံကျဉ်တာမျိုး ဖြစ်တတ်ပါတယ်။
  • ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း နှင့် အအေးမိတဲ့ လက္ခဏာတွေတွေ့ရတတ်ပါတယ်။
  • မိန်းမကိုယ်ယားခြင်း ၊ အဖြူဆင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • အသားအရည် ခြောက်ပြီး ကွဲခြင်း၊ ယားယံခြင်း
  • အော်ကလီဆန်ခြင်း
  • ပါးစပ်ခါးခြင်း

လူတိုင်းက ဒီဘေးထွက်ဆိုးကျိုးတွေကို မခံစားရပါဘူး။ ဒီထဲမှာမပါတဲ့ အချက်တွေလည်း ရှိနေနိုင်ပါတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် မေးမြန်းပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Klion (ကလီရွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Klion ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို  ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့၊ ဥပမာ

  • Cimetidime ( Tagamet)
  • Seizure Klion such as phenytoin (Dilantin) or phenobarbital (Luminal, Solfoton);
  • သွေးကျဲဆေး warfarin (Coumadin, Jantoven);
  • Lithium (Lithobid, Eskalith, others);
  • Disulfiram (Antabuse).

အစားအသောက်တွေနဲ့ အရက်က Klion (ကလီရွန်) နဲ့ ဓာတ်ပြုနိုင်သလား

Klion ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Klion (ကလီရွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Klion ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။ဥပမာ –

  • သွေးနှင့် ရိုးတွင်းခြင်ဆီပြဿနာများ
  • ဦးနှောက်အာရုံကြောရောဂါ( ဥပမာ- ဦးနှောက်အမြှေးယောင်ခြင်း၊ ဦးနှောက်ပိုးဝင်ခြင်း)
  • သွေးဖြူဥနည်းနေခြင်း
  • မျက်စိနှင့် အာရုံကြောရောဂါများ (အမြင်အာရုံပြောင်းလဲမှုဖြစ်စေတဲ့ မျက်လုံးရောဂါ)
  • ပါးစပ်ထဲ အဖြူအဖက်များဖြစ်ခြင်း ( မှိုရောဂါ)
  • အာရုံကြောရောဂါ ( ခြေလက် နာခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း)
  • အတက်ရောဂါ
  • မိန်းမကိုယ်မှိုစွဲခြင်း
  • ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်
  • ပြင်းထန်သော အသည်းရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Klion (ကလီရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဘက်တီးရီးယားပိုးများဝင်ခြင်း(လူကြီး) – ပြင်းထန်သော အောက်ဆီဂျင်နဲ့ ဓါတ်မပြုတဲ့ ဘက်တီးရီးယား

  • -၇.၅မီလီဂရမ် ကို kg နဲ့ တွက်ပြီး ၆နာရီခြားဆီသောက်နိုင်ပါတယ်။
  • အူလမ်းကြောင်းပိုးဝင်ခြင်း (၀မ်းကိုက်ခြင်း)-၇၅၀ မီလီဂရမ် ကို တနေ့လျှင် ၃ကြိမ်၊ ၅ရက် သို့မဟုတ် ၁၀ရက်သောက်ပါ။
  • အသည်းတွင် ပြည်တည်ခြင်း – ၅၀၀-၇၅၀မီလီဂရမ်ကို တနေ့၃ကြိမ်၊ ၅ရက် သို့မဟုတ် ၁၀ရက်သောက်ပါ။

ဘက်တီးရီးယား (Pseudomembranous) ကြောင့် အူယောင်ခြင်း

  • အပျော့စားနဲ့ အလည်အလတ်ပိုးဝင်ခြင်းအတွက် – ၅၀၀မီလီဂရမ်ကို တနေ့ ၃ကြိမ်သောက်ပါ။

ခွဲခန်းမ၀င်ခင်ကြိုပြီး ဆေးတိုက်ထားခြင်း။

  • စစခြင်းတိုက်ရန် – ၁၅မီလီဂရမ်ကို kg အလိုက် မိနစ် ၃၀-၆၀ ကြာအောင် အကြောဆေးသွင်းပေးရပါမယ်။ မခွဲစိတ်ခင် ၁နာရီကြိုပြီးအောင် ပေးထားရပါမယ်။
  • ခွဲခန်းကထွက်ပြီးနောက် ၇.၅မီလီဂရမ်ကို kg အလိုက် မိနစ် ၃၀-၆၀ ကြာအောင် ၆နာရီနှင့် ၁၂နာရီတို့မှာ စစခြင်း ပေးရပါမယ်။

ဘက်တီးရီးယား (Trichomoniasia ) အတွက်

  • ၁နေ့စာသောက်ရန်- ၂ဂရမ်ကို တကြိမ်ထဲသောက်ရန် (သို့မဟုတ် ၁ဂရမ်ကို ၂ကြိမ်ခွဲသောက်ရန်)
  • ၇ရက်သောက်ရန်- ၂၅၀ မီလီဂရမ်ဆေးပြားကို တနေ့၃ကြိမ် ၇ရက်ဆက်တိုက်သောက်ရန်

ဘက်တီးရီးယား ( H.Pyori infection) အတွက်

  • Bismuth quadruple therapy- ၂၅၀မီလီဂရမ်ကို တနေ့ ၄ကြိမ်
  • Clarithromycin-based triple therapy -၅၀၀မီလီဂရမ်ကို တနေ့ ၂ကြိမ်
  • ဆေးသောက်ရန်ကြာချိန် ၁၀-၁၄ရက်

ဝမ်းဗိုက်တွင်းပိုးဝင်ယောင်ယမ်းခြင်း(လူကြီး)

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

မိန်းမကိုယ်တွင်းပိုးဝင်ခြင်းအတွက် – ၇၅၀မီလီဂရမ် တနေ့တကြိမ်နဲ့ ၇ရက်ဆက်တိုက်

ရောဂါပိုးပါတဲ့ အရည်တွေဝင်ပြီး အဆုတ်ယောင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ဘက်တီးရီးယား ( Bacteremia) အတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ဦးနှောက်အမြှေးယောင်ရောဂါအတွက်-

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ရင်ဝမ်းတားကြွက်သားယောင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ဝမ်းဗိုက်အတွင်းပိုးဝင်ခြင်းများအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ဝမ်းဗိုက်ရှိအမြှေးပါးယောင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

နှလုံးပိုးဝင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

အရိုးအဆစ်များပိုးဝင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

အရိုးအတွင်းပိုးဝင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

အဆုတ်ယောင်ရောဂါအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ကြွက်သားများ ၊တစ်ရှူးများပိုးဝင်ခြင်းအတွက်

  • ၇.၅မီလီဂရမ်ကို Kg နဲ့တွက်ပြီး ၆နာရီခြားတစ်ကြိမ်

ဘက်တီးရီးယား ( Giardiasis) ရောဂါအတွက်- ကျွမ်းကျင်သူတွေကတော့ ၂၅၀မီလီဂရမ်ကို တနေ့၃ကြိမ်၊ ၅-၇ရက်ဆက်တိုက်သောက်သင့်တယ်လို့ဆိုပါတယ်။

လိင်မှတစ်ဆင့်ကူးဆက်တဲ့ရောဂါကို ကာကွယ်ရန်အတွက် – CDC ကညွန်းထားသည်မှာ-

လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်- CDC ကညွန်းထားသည်မှာ-

လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။

ထပ်တလဲလဲဖြစ်နေသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်-

လိင်ဆက်ဆံပြီးနောက် ကြိုတင်ကာကွယ်ခြင်း- ၂ဂရမ်ကိုတကြိမ်သောက်နိုင်ပါတယ်။

ဘက်တီးရီးယား (Balantidium Coli) အတွက် – တချို့သော ကျွမ်းကျင်သူတွေက ညွှန်းထားသည်မှာ ၅၀၀-၇၅၀မီလီဂရမ်ကို တနေ့ ၃ကြိမ်ကို ၅ရက်သောက်ရပါမယ်။

ဘက်တီးရီးယား (Dientamoeba fragilis)- တချို့သော ကျွမ်းကျင်သူတွေက ညွှန်းထားသည်မှာ ၅၀၀-၇၅၀မီလီဂရမ်ကို တနေ့ ၃ကြိမ်ကို ၁၀ရက်သောက်ရပါမယ်။

ကလေးတွေအတွက် Klion (ကလီရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးသောက်ဖို့ လိုတဲ့ပမာဏကိုသိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးညွှန်းအချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

  • ကလေး ၁လသားနှင့် အထက်
  • ၃၀-၅၀ mg/kg/day ကို တနေ့ ၃ခါ ခွဲသောက်ပါ။

ဝမ်းကိုက်ပိုးအတွက် ကလေးတစ်ယောက်သောက်ရန်အညွှန်းမှာ – ၃၅-၅၀ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၁၀ရက်ခွဲသောက်ပါ။ Pseudomembranous ပိုးကြောင့် အူယောင်ခြင်းအတွက် AAP ကညွှန်းဆိုထားသည်မှာ- ၃၀ mg/kg/day ကို တနေ့၎ခါ ခွဲသောက်ပါ။

ဘက်တီးရီးယား (Trichomoniasis) အတွက် ၄၅kg အောက် အရွယ်မတိုင်မီ မိန်းမကိုယ်တွင်းယားယံမှုကို ခံစားနေရသည့် ကလေးများတွင် (လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများနှင့်ဆက်စပ်သည်) ၁၅ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၇ရက်သောက်ပါ။

ဘက်တီးရီးယား ( Bacteria Vaginosis) အတွက် ၄၅kg အောက် အရွယ်မတိုင်မီ မိန်းမကိုယ်တွင်းယားယံမှုကို ခံစားနေရသည့် ကလေးများတွင် (လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများနှင့် ဆက်စပ်သည်) ၁၅ mg/kg/day ကို တနေ့ ၃ခါ ခွဲပြီး ၇ရက်သောက်ပါ။

လိင်မှတစ်ဆင့်ကူးဆက်တဲ့ရောဂါကို ကာကွယ်ရန်အတွက် – လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရပြီးနောက်သောက်ရန် (အရွယ်မရောက်သေးသူများအတွက် AAP က ညွှန်းထားသည်မှာ) ၄၅Kg အောက်- ၁၅ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၇ရက်သောက်ပါ။

ဘက်တီးရီးယား (Balantidium Coli) အတွက် ကျွမ်းကျင်သူများ(AAPအပါအ၀င်) ကညွှန်းဆိုထားသည်မှာ-၃၅-၅၀ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၅ရက်သောက်ပါ။

ဘက်တီးရီးယား (Dientamoeba fragilis)- ကျွမ်းကျင်သူများ(AAPအပါအ၀င်) ကညွှန်းဆိုထားသည်မှာ-၃၅-၅၀ mg/kg/day ကို တနေ့၃ခါ ခွဲပြီး ၁၀ရက်သောက်ပါ။

Klion (ကလီရွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Klion ဆေးကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။

ဆေးပြားပုံစံ – ၂၅၀ မီလီဂရမ်၊ ၅၀၀မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက်  အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂လုံးဆက် မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ